ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ နောက်ဆုံးပတ်)
Posted onရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို အခြေခံ၍ အာဏာသိမ်းမှု ဆောင်ရွက်နိုင်သည့်အခြေအနေ ရှိကြောင်း တပ်မတော်က နှစ်ရက်အတွင်း နှစ်ကြိမ်တိုင် အရိပ်အမြွက်ပြောကြားခဲ့ခြင်းနှင့် ဆက်စပ်သည့် သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ (ဇန်နဝါရီ နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။ ထို့အပြင် နိုင်ငံတဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ဖေဖော်ဝါရီလကုန်အထိ ရပ်ဆိုင်းထားမည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့ခြင်း၊ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့ တွေ့ဆုံမည့်နေရာ ညှိနှိုင်း၍ မရသေးခြင်း စသည့်သတင်းများလည်း ရှိနေပါသည်။ NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု... […]