Land and Natural Resource

  • Home
  • Land and Natural Resource

Land and Natural Resource (မြေယာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ)

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံတွင် ကဏ္ဍကြီးငါးခုကို ဆွေးနွေး အတည်ပြုသည်များအနက် မြေယာ၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းပျက်ဆိုင်ရာကဏ္ဍနှင့် သက်ဆိုင်သော အကြောင်းအရာများကို ဖော်ပြပါမည်။ ထိုသို့ဖော်ပြရာတွင် သက်ဆိုင်ရာ Stakeholder များ၏ တရားဝင် ဆွေးနွေးချက်များ၊ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ထွက်လာသော အချက်အလက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ တရားဝင် ထုတ်ပြန်ချက်များအား အခြေပြု၍ ဖော်ပြမည် ဖြစ်ပါသည်။ထို့အပြင် နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနေသော သတင်းများကိုလည်း ယခုစာမျက်နှာတွင် ဖော်ပြသွားပါမည်။

တနိုင်ငံလုံးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) အရ ပြုလုပ်နေသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံတွင် မြေယာ၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍနှင့် ပတ်သက်၍ အောက်ဖော်ပြပါ အချက်များကို ပြည်ထောင်စု သဘောတူစာချုပ်၌ ထည့်သွင်းရန် သဘောတူထားပြီး ဖြစ်ပါသည်။


သဘောတူထားပြီးဖြစ်သည့် အချက်အလက်များ :

မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ သဘောတူညီချက် (၆) ချက် နောက်ဆက်တွဲ (ဃ)

၂၀၁၇ ခုနှစ် မေလ ၂၉ ရက်

၁။ နိုင်ငံလုံးဆိုင်ရာ ဘက်ညီမျှတသည့် ရေရှည်တည်တံ့သော အထောက်အကူဖြစ်စေသည့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု မြေယာမူဝါဒဖြစ်စေရန်။

၂။ သင့်တော်မျှတ၍ တရားနည်းလမ်းကျမှု့ကို အခြေခံရန်

၃။ ဗဟိုထိန်းချုပ်မှု လျော့ချသည့်မူဝါဒများဖြစ်စေရန်

၄။ မြေယာမူဝါဒရေးဆွဲရာတွင် လူအခွင့်အရေးစံနှုန်းများ၊ နိုင်ငံတကာစံနှုန်းများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စံနှုန်းများကို ထည့်သွင်းရေးဆွဲရန်

၅။ မြေယာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုနှင့် ရှင်းလင်းသည့် မူဝါဒများရှိစေရန်

၆။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် မူဝါဒများချမှတ်ဆောင်ရွက်ရာတွင် ဒေသခံများ၏ လိုလားချက်များကို ဦးစားပေး၍ တောင်သူလယ်သမားများ၏ အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်

မြေယာနှင်သဘာဝပတ်ဝန်းကျင် အခြေခံမူသဘောတူညီချက် (၂) ချက် နောက်ဆက်တွဲ (ဃ)

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်

အကာအကွယ်ပြုရေးဆိုင်ရာအစီအမံများ

၁။ နိုင်ငံအတွင်းရှိ မြေယာများကိုနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားနှင့်တရားမဝင်နေထိုင်သူများအား တိုက်ရိုက်ဖြစ်စေ၊သွယ်ဝှိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့် မရှိစေရ။

၂။ မြေယာကိုအသုံးပြု၍ စီမံကိန်းလုပ်ငန်းအမျိုးမျိုးဖော်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ လူမှု့ရေးဆိုင်ရာ ထိခိုက်မှု့ဆန်းစစ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှု့ဆန်းစစ်ခြင်း နှင့် ဒေသခံပြည်သူလုထုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ကြိုတင်ပြုလုပ်ရမည်။

Loading...