By
Nyein Ko Ko Soe, On
တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ တတိယပတ်)
Post By Nyein Ko Ko Soe, On December 23, 2020

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ (ဒီဇင်ဘာ တတိယပတ်) ကာလအတွင်း ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။
တပ်မတော်နှင့် AA အဖွဲ့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀ဒေသများတွင် တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်သွားသည်မှာ နှစ်လကြာ ရှိခဲ့ပြီဖြစ်ပါသည်။ သို့ရာတွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တပ်မတော် နှင့် KNU တပ်မဟာ ၅ တို့ စစ်ရေးတင်းမာနေ၍ ဒေသခံ ရာနှင့် ချီ တိမ်းရှောင်နေရပါသည်။ ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်တွင်လည်း တပ်မတော်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု
ဒီဇင်ဘာလဆန်းမှစပြီး ရှမ်းမြောက် နမ္မတူဒေသတွင် RCSS နှင့် TNLA အဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်နှင့် TNLA တို့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့၍ အရပ်သားလေးရာကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း 7 Day Daily သတင်းစာက ဖော်ပြခဲ့ပါသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့် တအာင်းအဖွဲ့(PSLF/TNLA)တို့သည် နမ္မတူမြို့နယ်အတွင်း ဒီဇင်ဘာ ၇ ရက်ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒီဇင်ဘာ ၁၁ ရက်နောက်ပိုင်းတွင် တိုက်ပွဲများ ငြိမ်သက်သွားခဲ့သည်။ သို့ရာတွင် ဒီဇင်ဘာ ၁၇ ရက်၌ တပ်မတော်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့၍ ဒေသခံ ၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။
နယ်မြေ အငြင်းပွားမှုကြောင့် RCSS နှင့် SSPP ၊ TNLA တို့အကြား နမ္မတူဒေသအတွင်း စစ်ရေးတင်းမာနေခြင်းဖြစ်သည်။
ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု
ဖာပွန်မြို့နယ် မဲဝိုင်ဒေသတွင် စစ်ရေးတင်းမာမှုဖြစ်နေသော တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့အကြား ဒီဇင်ဘာ ၁၇ ရက်က တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း VOA သတင်းဌာန၏ ဖော်ပြမှုအရ သိရပါသည်။
မဲဝိုင်ဒေသတွင် တပ်မတော်နှင့် KNU တပ်မဟာ ၅ တပ်ရင်း ၁၀၂ တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဖာပွန်ခရိုင် KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက VOA ကို ပြောကြားခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်ကလည်း ဖာပွန်မြို့နယ် ထော်မဲထာကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက အတည်ပြုခဲ့ပါသည်။
နှစ်ဖက်အပြန်အလှန်စွပ်စွဲပြောကြားမှုများနှင့်အတူ ဖြစ်ပွားနေသည့် ယခုတိုက်ပွဲများကြောင့် ဒေသခံရွာသား ၃၀၀ ခန့် တိမ်းရှောင်နေရကြောင်းလည်း VOA သတင်းတွင် ဖော်ပြထားပါသည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။
ဆက်စပ် ဆောင်းပါးများ
By
Nyein Ko Ko Soe, On
By
Nyein Ko Ko Soe, On
ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ နောက်ဆုံးပတ်)
By
Nyein Ko Ko Soe, On