Contexts

Contexts (ဆက်စပ်အခြေအနေ)

မြန်မာနိုင်ငံရှိ ပြည်တွင်းစစ် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို နားလည်လိုပါက ထိုကိစ္စရပ်များနှင့် ဆက်စပ်နေသော အခြေအနေများကို သိရှိထားသင့်ပါသည်။ ထို့ကြောင့် ယခု စာမျက်နှာတွင် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဆက်စပ်နေသော –

(၁) သမိုင်းအတွေ့အကြုံ
(၂) လူမှုစီးပွား နောက်ခံအခြေအနေ (စစ်စီးပွားရေးအပါအဝင်)
(၃) နိုင်ငံရေး အလှည့်အပြောင်း
(၄) နိုင်ငံတော်၏ အုပ်ချုပ်မှု အရည်အသွေး
(၅) ပထဝီ နိုင်ငံရေး
(၆) နိုင်ငံရေး ဓလေ့
(၇) ဥပဒေ/ စည်းမျဉ်း စည်းကမ်းများ

အစရှိသည်တို့နှင့် ပတ်သက်သည့် အချက်အလက်၊ မှတ်တမ်း၊ အထောက်အထားများကို ဖော်ပြပါမည်။


ယခုစာမျက်နှာတွင် လွတ်လပ်ရေး ရပြီးချိန်မှစ၍ လက်ရှိအချိန်အထိ ဆက်စပ်အခြေအနေများကို  ISP-Myanmar Peace Desk က ခေတ်အလိုက် စုစည်းဖော်ပြထားခြင်း ဖြစ်ပါသည်။ ခေတ်များကို ဖဆပလ၊ အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ အစိုးရ၊ ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရ ၊ န၀တ/နအဖအစိုးရ၊ ပြည်ခိုင်ဖြိုးအစိုးရ၊ NLD အစိုးရ ဟူ၍ ခွဲခြမ်းပြထားပါသည်။ ခေတ်အလိုက်အခြေအနေများနှင့် ပတ်သက်သည့် အချက်အလက်၊ မှတ်တမ်း၊ အထောက်အထားများကို ရရှိပါက ထပ်မံထည့်သွင်း ဖော်ပြသွားမည် ဖြစ်ပါသည်။
 

ဆက်စပ်အခြေအနေများ

1948
January 4

ဖဆပလခေတ်

ဖဆပလခေတ်
သမိုင်းအတွေ့အကြုံ ၁၉၄၈ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရခဲ့ပြီးနောက် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်မှာ သမ္မတစဝ်ရွှေသိုက်နှင့် ဝန်ကြီးချုပ် ဦးနု တို့ ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်  အာဏာရဖဆပလအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးအကွဲအပြဲများစွာ ကြုံတွေ့ခဲ့ရပြီး ၁၉၄၈ မတ် ၂၈ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)  တောခိုခဲ့သည်။ ဗကပပါတီ တောခိုမှုနှင့်အတူ ရဲဘော်ဖြူအဖွဲ့လည်း တောခိုခဲ့ပြီး ဖဆပလအစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်၊ ကချင်၊ ကယား၊ မွန်၊ ပအို့ဝ်၊ ရခိုင်တို့၏တော်လှန်မှုများသာမက ရခိုင်ပြည်နယ်တွင်လည်း မူဂျာဟစ်တို့၏ ပုန်ကန်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။ ကရင်အမျိုးသားအစည်းအရုံး..Read More
1958
October 28

အိမ်စောင့်အစိုးရခေတ်

အိမ်စောင့်အစိုးရခေတ်
သမိုင်းအတွေ့အကြုံ ၁၉၅၈ အောက်တိုဘာ ၂၈ ရက်တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပ၍ ဝန်ကြီးချုပ်ဦးနုအပါအဝင် အစိုးရတဖွဲ့လုံး ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြု တင်မြှောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဗိုလ်ချုပ်နေဝင်းက အိမ်စောင့်အစိုးရအဖွဲ့ဝင် ၁၄ ဦးစာရင်းကို တင်သွင်းဖတ်ကြားခဲ့ရာ အရပ်သားအများစုကို ရွေးချယ်ခဲ့သည်။ အိမ်စောင့်အစိုးရဖွဲ့သည် လုပ်ငန်းစဉ် လေးချက် ချမှတ်ခဲ့ရာ (၁)တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး (၂)တရားဥပဒေစိုးမိုးလာပြီး နိုင်ငံရေးပါတီများကလည်း ကူညီဆောင်ရွက်မည်ဆိုလျှင် ၆လအတွင်း လွတ်လပ်၍ တရားမျှတသောပါလီမန် ရွေးကောက်ပွဲ ကျင်းပရေး၊ (၃) နေထိုင်စားသောက်မှု စရိတ်များ လျှော့ချပေးရေး..Read More
1962
March 2

တော်လှန်ရေးကောင်စီအစိုးရခေတ်

တော်လှန်ရေးကောင်စီအစိုးရခေတ်
သမိုင်းအတွေ့အကြုံ အိမ်စောင့်အစိုးရ ဦးဆောင်ပြုလုပ်ပေးခဲ့သည့် ၁၉၆၀ ဧပြီ ရွေးကောက်ပွဲတွင် ဦးနု၏ ပြည်ထောင်စုပါတီက ဆန္ဒမဲအားလုံး၏ ၅၂ ဒသမ ၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်နေရာ ၂၅၀ အနက် ၁၅၇ နေရာအထိ အနိုင်ရရှိခဲ့သည်။ တည်မြဲဖဆပလမှာ အမတ်နေရာ ၄၂ နေရာသာ အနိုင်ရရှိခဲ့ပြီး ကျန်နေရာများကို ပါတီငယ် များ၊ ရှမ်းနှင့် ရခိုင်တိုင်းရင်းသားပါတီများက ရရှိခဲ့သည်။ ဦးနု ဦးဆောင်သည့် ပြည်ထောင်စုပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်နယ်များ ဖွဲ့စည်းရေးနှင့်..Read More
1974
January 3

ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ်

ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ်
သမိုင်းအတွေ့အကြုံ တော်လှန်ရေးကောင်စီအစိုးရသည် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ၁၉၇၄ ဇန်နဝါရီ ၃ ရက်၌ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ကျင်းပကာ အတည်ပြုခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဖွဲ့ဝင် ၂၈ ဦးပါဝင်သည့် နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအလိုက် နိုင်ငံတော်ကောင်စီဝင် ၁၄ ဦးကိုလည်း ခန့်အပ်ခဲ့သည်။ ပြည်သူ့လွှတ်တော်အတွက်လည်း လွှတ်တော်ကိုယ်စားလှယ် ၄၅၁ ဦးကို ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ရွေးချယ်ခဲ့ပြီး တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းအပါအဝင် တပ်မတော်အရာရှိကြီးအချို့ သည် တပ်မတော်မှ အနားယူခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့သည်။ ယင်းနောက်..Read More
1988
September 18

နဝတ/နအဖအစိုးရခေတ်

နဝတ/နအဖအစိုးရခေတ်
သမိုင်းအတွေ့အကြုံ ၁၉၈၈ ဇွန်လအတွင်း နိုင်ငံတဝန်း ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီး ဇူလိုင် ၂၃ ရက်၌ ပြုလုပ်ခဲ့သည့် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(BBSP)၏ အရေးပေါ်ပါတီညီလာခံ၌ ပါတီဥက္ကဋ္ဌဦးနေဝင်းနှင့် သမ္မတဦးစန်းယုတို့သည် ရာထူးမှ အသီးသီး နုတ်ထွက်ခဲ့ကြသည်။ ယင်းနောက် သမ္မတနှင့် ပါတီဥက္ကဋ္ဌနေရာ ဆက်ခံသူအဖြစ် ဦးစိန်လွင်ကို ခန့်အပ်ခဲ့သည်။ ၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ လူထောင်ပေါင်းများစွာ ပါဝင်သည့် ဆန္ဒပြပွဲကြီး ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြပွဲများသည် မြန်မာနိုင်ငံတဝန်း ဖြစ်ပွားခဲ့သည်။ အဆိုပါဆန္ဒပြမှုများကို တပ်မတော်က ပစ်ခတ်နှိမ်နင်းခဲ့ခြင်းကြောင့် ရာနှင့်ချီ..Read More
2010
November 7

ပြည်ခိုင်ဖြိုးအစိုးရခေတ်

ပြည်ခိုင်ဖြိုးအစိုးရခေတ်
သမိုင်းအတွေ့အကြုံ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို ၂၀၁၀ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပါတီပြောင်းဖွဲ့စည်းခဲ့သည့် ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ် ၁၁၅၄ နေရာတွင် ၈၈၃ နေရာအနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့သည်။ ယင်းရွေးကောက်ပွဲကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တို့ ဝင်ရောက်မယှဉ်ပြိုင်ခဲ့သော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)တို့ ယှဉ်ပြိုင်ခဲ့ပြီး အမတ်နေရာအချို့ အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာသည့် အစိုးရတွင် သမ္မတအဖြစ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖြစ်သူ..Read More
2015
November 8

NLD အစိုးရခေတ်

NLD အစိုးရခေတ်
 (၁)သမိုင်းအတွေ့အကြုံ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အပြတ်အသက်အနိုင်ရခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ၊ SNLD ပါတီနှင့် ANP ပါတီတို့မှာလည်း အမတ်နေရာ အနည်းငယ် ရရှိခဲ့သည်။ ၂၀၁၆ မတ် ၁၅  ရက်တွင် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သမ္မတရွေးချယ်မှုကို မဲခွဲဆုံးဖြတ်ခဲ့ရာ သမ္မတအဖြစ် ဦးထင်ကျော် ရွေးကောက်တင်မြှောက်ခံရပြီး ဒုတိယသမ္မတများအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗင်ထီးယူတို့ တင်မြှောက်ခံရသည်။ ၂၀၁၆ မတ် ၃၀ ရက်တွင်..Read More