ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ နောက်ဆုံးပတ်)

Posted on

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို အခြေခံ၍ အာဏာသိမ်းမှု ဆောင်ရွက်နိုင်သည့်အခြေအနေ ရှိကြောင်း တပ်မတော်က နှစ်ရက်အတွင်း နှစ်ကြိမ်တိုင် အရိပ်အမြွက်ပြောကြားခဲ့ခြင်းနှင့် ဆက်စပ်သည့် သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ (ဇန်နဝါရီ နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။ ထို့အပြင် နိုင်ငံတဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ဖေဖော်ဝါရီလကုန်အထိ ရပ်ဆိုင်းထားမည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့ခြင်း၊ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့ တွေ့ဆုံမည့်နေရာ ညှိနှိုင်း၍ မရသေးခြင်း စသည့်သတင်းများလည်း ရှိနေပါသည်။   NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု... […]

တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ စတုတ္ထပတ်) Round-Up

တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ စတုတ္ထပတ်)

Posted on

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ(ဇန်နဝါရီ စတုတ္ထပတ်) ကာလအတွင်း ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပိုင်မြို့နယ်တွင် တိုက်ပွဲ တကြိမ် ဖြစ်ပွားခဲ့ပြီး သီပေါမြို့နယ်တွင် SSPP/SSA အဖွဲ့၏ ဖမ်းဆီးမှုကြောင့် အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ရှမ်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သော်လည်း ကျောက်မဲ၊ မူဆယ်မြို့နယ်များတွင် လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ... […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ တတိယပတ်) Round-Up

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ တတိယပတ်)

Posted on

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ ပြုလုပ်ရန် ညှိနှိုင်းနေသည့် သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်အထိ (ဇန်နဝါရီ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။ ထို့အပြင် တပ်မတော်နှင့် KNU တို့အကြား တိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ နှစ်ဖက် စွပ်စွဲနေကြခြင်း၊ စစ်ရေးတင်းမာနေသည့် RCSS နှင့် TNLA တို့ ... […]

တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ တတိယပတ်)

Posted on

 ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ(ဇန်နဝါရီ တတိယပတ်)ကာလအတွင်း ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲ ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားလေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည် […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ ဒုတိယပတ်)

Posted on

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့အကြား စစ်ရေးတင်းမာနေမှုနှင့် ပတ်သက်သည့် သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်အထိ (ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အာရုံစိုက်စရာ ဖြစ်နေပါသည်။   ထို့အပြင် ULA/AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ရေးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့ခြင်း၊  NLD ပါတီအစိုးရ၏ လာမည့်သက်တမ်းတွင် ငြိမ်းချမ်းရေး ပိုမိုအောင်မြင်နိုင်ဟု KNU/KNLA-PC ဥက္ကဋ္ဌက မှတ်ချက်ပြုခဲ့ခြင်းစသည့်သတင်းများလည်း ရှိနေပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ ဒုတိယပတ်)

Posted on

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၁၃ ရက်အထိ(ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် တိုက်ပွဲ လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရှမ်း(မြောက်)နှင့် ရခိုင်ပြည်နယ်တို့တွင် ပစ်ခတ်မှု၊ ပေါက်ကွဲမှုများကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ ပထမပတ်)

Posted on

ကျိုင်းတုံ (သို့မဟုတ်) မြစ်ကြီးနား၌ တွေ့ဆုံ၍ အပစ်ရပ်စဲရေး ဆွေးနွေးရန် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့အား အစိုးရက အဆိုပြုထားသည့်သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ (ဇန်နဝါရီ ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။ ထို့အပြင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့က အပစ်ရပ်ကြေညာမှုများ သက်တမ်းတိုးခဲ့ခြင်း၊ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ခရီးရောက်စေရန် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ PPST စုဖွဲ့မှုကို ပြုပြင်ပြောင်းလဲမည်ဟု သိရခြင်း စသည့်သတင်းများလည်း ရှိခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ (ဇန်နဝါရီ ပထမပတ်) ကာလအတွင်း ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိုက်ပွဲ ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀ဒေသတို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲမဖြစ်ပွားသည်မှာ နှစ်လကျော်လာခဲ့ပြီဖြစ်သော်လည်း ကျောက်တော်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ ဒေသခံတဦး ထိခိုက်ခဲ့သည်။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ(၃)တို့ စစ်ရေးတင်းမာနေသကဲ့သို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့အနီးတွင်လည်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ၊ သီပေါနှင့် နမ္မတူမြို့နယ်များတွင် RCSS/SSA နှင့် PSLF/TNLA အဖွဲ့တို့ တိုက်ပွဲများရက်ဆက်ဖြစ်ပွားနေ၍ အရပ်သားရာနှင့်ချီ တိမ်းရှောင်နေရပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ (ဒီဇင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးခဲ့ကြောင်း တရားဝင် သတင်းဖော်ပြချက်များအရ သိရပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် RCSS/SSA အဖွဲ့နှင့် PSLF/TNLA အဖွဲ့တို့ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေ၍ အရပ်သား ရာနှင့် ချီ တိမ်းရှောင်နေရပါသည်။ အလားတူ နမ့်ဆန်မြို့နယ်တွင်လည်း မိုင်းပေါက်ကွဲမှု ကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ထို့အပြင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် တပ်မတော် နှင့် KNU တပ်မဟာ(၁)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်မှ ၂၃ ရက်အထိ (ဒီဇင်ဘာ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ မဖြစ်ရေးအတွက် ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပါတီများမှ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည့် သတင်းများက လွှမ်းမိုးနေပါသည်။ ထို့အပြင် အရပ်သားများကို ပြန်ပေးဆွဲခဲ့သည့် TNLA ၏ လုပ်ရပ်သည် ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်ကြောင်း တပ်မတော်က ပြောကြားခဲ့ခြင်း၊ ကလေးစစ်သား အသုံးပြုခြင်း လုံးဝမပြုလုပ်ရန် စစ်သည်ခေါင်းဆောင်များကို DKBA စစ်ဦးစီးချုပ်က မှာကြားခဲ့ခြင်းစသည့် သတင်းများလည်း ရှိခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ (ဒီဇင်ဘာ တတိယပတ်) ကာလအတွင်း ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ တပ်မတော်နှင့် AA အဖွဲ့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀ဒေသများတွင် တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်သွားသည်မှာ နှစ်လကြာ ရှိခဲ့ပြီဖြစ်ပါသည်။ သို့ရာတွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တပ်မတော် နှင့် KNU တပ်မဟာ ၅ တို့ စစ်ရေးတင်းမာနေ၍ ဒေသခံ ရာနှင့် ချီ တိမ်းရှောင်နေရပါသည်။ ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်တွင်လည်း တပ်မတော်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ (ဒီဇင်ဘာ ဒုတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် ဖာပွန်ခရိုင်အတွင်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ နှစ်ဖက်အပြန်အလှန်စွပ်စွဲပြောကြားသည့်သတင်းများက လွှမ်းမိုးနေပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ (ဒီဇင်ဘာ ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ (ဒီဇင်ဘာ ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် တပ်မတော်နှင့် ULA/AA အဖွဲ့တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံ၍ ရွေးကောက်ပွဲကျင်းပရေး၊ အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်များ ဆွေးနွေးခဲ့သည့် သတင်းများက လွှမ်းမိုးနေပါသည်။ ထို့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်စရန် အပစ်ရပ် ၁၀ ဖွဲ့အား အစိုးရက ကမ်းလှမ်းခဲ့ခြင်း၊ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့ ဒီဇင်ဘာကုန်ပိုင်းတွင် တွေ့ဆုံနိုင်မည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်ပြောခွင့်ရပုဂ္ဂိုလ် ဦးလမိုင်ဂွန်ဂျာက ပြောဆိုခဲ့ခြင်းစသည့်သတင်းများလည်း ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း တပ်မတော်နှင့် ULA/AA အဖွဲ့တို့ အွန်လိုင်းမှ တဆင့် ဆွေးနွေးခဲ့မှုနှင့် ဆက်စပ်သည့်သတင်းများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။ ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရေးအတွက် အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်းခဲ့ခြင်း၊ ဖာပွန်ဒေသရှိ တပ်မတော်စခန်းများကို ယခုနှစ်အကုန်တွင် အပြီးရုပ်သိမ်းပေးရန် KNU ၏ လက်အောက်ခံလက်နက်ကိုင်တပ်ဖွဲ့ KNLA က တောင်းဆိုခဲ့ခြင်းစသည့်သတင်းများလည်း ရှိခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် တိုက်ပွဲ ဖြစ်ပွားမှု လုံး၀မရှိသကဲ့သို့ အရပ်သား ထိခိုက် ဒဏ်ရာရမှုလည်း မရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ရခိုင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲအလားအလာ

Posted on

မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းပဋိပက္ခအခြေအနေအရ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀ဒေသတို့မှာ စစ်ရေး လှုပ်ရှားမှု အမြင့်ဆုံးနယ်မြေများ ဖြစ်သည်။ ထိုကဲ့သို့ စစ်ဘောင်ကျယ်နေသော ရခိုင်ပြည်နယ်တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို တစိတ်တပိုင်းသာ ကျင်းပနိုင်ခြင်းက နိုင်ငံရေးဘောင် ပိုကျဉ်းသွားစေနိုင်သည့်ထိုးနှက်မှုတရပ် ဖြစ်ခဲ့သည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ စတုတ္ထပတ်)

Posted on

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ (နိုဝင်ဘာ စတုတ္ထပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်နှင့် ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို အပစ်ရပ် ၁၀ ဖွဲ့ ခေါင်းဆောင်များ၊ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)နှင့် ULA/AA အဖွဲ့တို့၏ ဂုဏ်ပြုမှုနှင့် ဆက်စပ်သည့် သတင်းများက လွှမ်းမိုးနေပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ (နိုဝင်ဘာ တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲ မရှိခဲ့သော်လည်း မိုင်းပေါက်ကွဲ၍ အရပ်သားတဦး ဒဏ်ရာရခဲ့ပြီး မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ (နိုဝင်ဘာ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်  NCA လက်မှတ်ထိုးရန် “၀”အဖွဲ့ (UWSP/UWSA) ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းခဲ့ခြင်းနှင့် ဆက်စပ်သည့်သတင်းများက လွှမ်းမိုးနေပါသည်။ ထို့အပြင် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကိုယ်စားလှယ်များက ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်းနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် “၀” ဒေသသို့ လာရောက်ရေး မျှော်လင့်ကြောင်း “၀” အဖွဲ့တာဝန်ရှိသူက ပြောကြားခဲ့ခြင်းစသည့်သတင်းများလည်း ရှိခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ (နိုဝင်ဘာ ဒုတိယပတ်) ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ပေါက်ကွဲမှုတို့ကြောင့် ကလေးငယ်များအပါအဝင် အရပ်သား လေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ (နိုဝင်ဘာ ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်တွင် ယခုနှစ်မကုန်မီ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် ULA/AA အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ထိုထုတ်ပြန်မှုကို တပ်မတော်က ကြိုဆိုခဲ့သည့်သတင်းများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။ ထို့အပြင် တနိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေးရရှိသည်အထိ ဆွေးနွေးရန် ဒုတိယဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် အမြဲတမ်းကော်မတီ တရပ်ကို တပ်မတော်က ဖွဲ့စည်းခဲ့ခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရခဲ့သည့်ရလဒ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အသိအမှတ် ပြုခဲ့ခြင်းစသည့် သတင်းများလည်း ရှိခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ (နိုဝင်ဘာ ပထမပတ်) ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ကျရောက်မှုတို့ကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ (နိုဝင်ဘာ ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်များအနက် တပ်မတော်၏ ထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပြောဆိုချက်များနှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်အကြား အပြန်အလှန်ပြောကြားခဲ့သည့်သတင်းများက အများဆုံး ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ (အောက်တိုဘာ နောက်ဆုံးပတ်) ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း ပစ်ခတ်မှုများကြောင့် အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (အောက်တိုဘာ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အထိ (အောက်တိုဘာ နောက်ဆုံးပတ်) ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့မှာ NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကြောင်း တပ်မတော်က စွပ်စွဲပြောကြားခဲ့သည့်သတင်းများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ရပ်ဆိုင်းနေသော်လည်း အလွတ်သဘောညှိနှိုင်းမှုများ ရှိကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်း၊ KIO/KIA အဖွဲ့ ဖွဲ့စည်း တည်ထောင်ခြင်း နှစ် (၆၀) ပြည့် အခမ်းအနားကို လိုင်ဇာ၌ ကျင်းပခဲ့ခြင်းစသည့်သတင်းများလည်း ရှိခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ စတုတ္ထပတ်)

Posted on

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ (အောက်တိုဘာ စတုတ္ထပတ်) ကာလအတွင်း မြန်မာ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှု ရှိနေသော်လည်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်း ပြည်နယ် ပလက်၀မြို့နယ်တို့တွင် တိုက်ပွဲ ၁၄ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး ကလေးငယ်တဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (အောက်တိုဘာ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အထိ (အောက်တိုဘာ တတိယပတ်) ကာလအတွင်း တောင်ကုတ်မြို့နယ် NLD ပါတီ ကိုယ်စားလှယ်လောင်းသုံးဦးကို ULA/AA အဖွဲ့က ဖမ်းဆီးထားခြင်းနှင့် ဆက်စပ်သည့်သတင်းများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် “၀” အဖွဲ့(UWSP/UWSA)က ငြိမ်းချမ်းရေးကော်မရှင်သို့ ကျပ်သိန်း ၂,၀၀၀ လှူဒါန်းခဲ့ခြင်း၊ ရွေးကောက်ပွဲ ကျင်းပချိန် နီးကပ်နေ၍ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိစေရေး အတတ်နိုင်ဆုံး ရှောင်ရှားမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ပြောကြားခဲ့ခြင်းစသည့်သတင်းများလည်း ရှိခဲ့ပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် “၀” အဖွဲ့(UWSP/UWSA)က ငြိမ်းချမ်းရေးကော်မရှင်သို့ ကျပ်သိန်း ၂,၀၀၀ လှူဒါန်းခဲ့ခြင်း၊ ရွေးကောက်ပွဲ ကျင်းပချိန် နီးကပ်နေ၍ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိစေရေး အတတ်နိုင်ဆုံး ရှောင်ရှားမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ပြောကြားခဲ့ခြင်းစသည့်သတင်းများလည်း ရှိခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ (အောက်တိုဘာ တတိယပတ်) ကာလအတွင်း မြန်မာနိုင်ငံတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသော်လည်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် တိုက်ပွဲ ရှစ်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး ကလေးငယ်တဦးအပါအဝင် အရပ်သားလေးဦးသေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (အောက်တိုဘာ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်အထိ (အောက်တိုဘာ တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများ၊ ကျောင်းသားသမဂ္ဂနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၃၂ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (အောက်တိုဘာ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်အထိ (အောက်တိုဘာ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခမ်းအနား မလုပ်နိုင်ခဲ့သော NCA လက်မှတ်ရေးထိုးမှု ငါးနှစ်မြောက် နှစ်ပတ်လည်နေ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က သဝဏ်လွှာပေးပို့ခဲ့ပြီး NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည့်သတင်းများမှာ အများဆုံး ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ ဒုတိယပတ်)

Posted on

၀၂၀ ပြည့်နှစ် အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ (အောက်တိုဘာ ဒုတိယပတ်) ကာလအတွင်း မြန်မာနိုင်ငံတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသော်လည်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲ ၁၃ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တဦးနှင့် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (အောက်တိုဘာ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိ (အောက်တိုဘာ ပထမပတ်) ကာလ အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ခြိမ်းခြောက်မှုအန္တရာယ်ရှိနေသော်လည်း တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)အဖွဲ့များအကြား အငြင်းပွားမှုများ ရှိနေသည့်သတင်းများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် KIO/KIA အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့က ၎င်းတို့၏နယ်မြေများအတွင်း ကန့်သတ်မှုများပြုလုပ်ခဲ့သည့်သတင်းများလည်း ရှိခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (အောက်တိုဘာ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်အထိ (အောက်တိုဘာ ပထမပတ်) ကာလ အတွင်း မြန်မာနိုင်ငံတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသော်လည်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် တိုက်ပွဲ ၂၅ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်အထိ (စက်တင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်က အပစ်ရပ်ကြေညာမှု တလသက်တမ်း တိုးမြှင့်ခဲ့သည့်သတင်းမှာ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်တခုအဖြစ် ရှိခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ (စက်တင်ဘာ တတိယပတ်) ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသော်လည်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တိုက်ပွဲများ၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံထောင်နှင့်ချီ၍ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ စတုတ္ထပတ်)

Posted on

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ (စက်တင်ဘာ စတုတ္ထပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအကြား ရောဂါကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် သတင်းများမှာ အများဆုံး ဖြစ်ခဲ့ပါသည်။ ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအစည်းအဝေးများမှ ရရှိထားသည့် သဘောတူညီချက်များအပေါ် NCA လက်မှတ်မထိုးရသေးသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က မေးခွန်းထုတ်ခဲ့သည့်သတင်းလည်း ရှိခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ (စက်တင်ဘာ တတိယပတ်) ကာလအတွင်း ရခိုင်ပြည် နယ် (မြောက်ပိုင်း) ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် တိုက်ပွဲ သုံးကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ် ပလက်၀မြို့နယ်နှင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတို့ကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ (စက်တင်ဘာ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား လက်နက်ကိုင်လမ်းစဉ် စွန့်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်မှာ လက်နက်ချခိုင်းခြင်း မဟုတ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းခဲ့သည့်သတင်း၊ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့အကြား အွန်လိုင်းမှတဆင့် ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည့် သတင်းများ ရှိခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ (စက်တင်ဘာ ဒုတိယပတ်) ကာလအတွင်း ချင်းပြည်နယ် ပလက်၀မြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ တာယန်းမြို့နယ်များတွင် တိုက်ပွဲ ခုနစ်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်လည်း တပ်မတော်နှင့် KIO/KIA၊ PSLF/TNLA ၊ MNTJP/MNDAA အဖွဲ့တို့အကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်မှ ၁၀ ရက်အထိ (စက်တင်ဘာ ဒုတိယပတ်) ကာလအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ကိုယ်စားလှယ်တို့ တွေ့ဆုံမှုတွင် နှစ်နိုင်ငံနယ်စပ်ရှိ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ NCA လက်မှတ်ထိုးရေး ထည့်သွင်းဆွေးနွေးခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ခြင်းများ မလုပ်ရန် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အာရုံစိုက်စရာသတင်းများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂ ရက်မှ ၈ ရက်အထိ (စက်တင်ဘာ ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြား၊ ကျောက်တော်မြို့နယ်များနှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တို့တွင် တိုက်ပွဲ ခုနစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား ခုနစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု စိုးရိမ်နေရသော်လည်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။ ထို့အပြင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင်လည်း တပ်မတော်နှင့် DKBA ခွဲထွက်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့သည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ (စက်တင်ဘာ ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့ကို အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ၌ လက်ခံဆွေးနွေးခြင်း ပြု၊ မပြုမှာ NRPC အပေါ် မူတည်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး တရုတ်နိုင်ငံက ဆက်လက်ကူညီပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထုတ်ပြန်ချက် ထုတ်၍ တောင်းဆိုခဲ့ခြင်းတို့မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဩဂုတ် နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ (ဩဂုတ် နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်မြို့နယ်များတွင် တိုက်ပွဲ နှစ်ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့ အကြား ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုမြင့်မားနေချိန်တွင် စစ်ရေးတင်းမာမှုများ ဆက်ဖြစ်ပေါ် နေပါသည်။ ထို့အပြင် ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီကားလမ်းဟောင်းရှိ ဆက်သွယ်ရေးစခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သား အချို့ တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဩဂုတ် နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၁ ရက်မှ ၂၇ ရက်အထိ (ဩဂုတ် နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် NCA စာချုပ်တွင် လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရနှင့် “၀”အဖွဲ့ (UWSP/ UWSA) တို့အကြား MoU လက်မှတ်ထိုးမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်း၊ ၂၀၂၀ အလွန် တွင် ငြိမ်းချမ်းရေးအလားအလာကောင်းကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက သုံးသပ်ခဲ့ခြင်းတို့မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဩဂုတ် စတုတ္ထပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ (ဩဂုတ် စတုတ္ထပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ မင်းပြားနှင့် အမ်းမြို့နယ်များတွင် တိုက်ပွဲ နှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ ( ဩဂုတ် တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၄ ရက်မှ ၂၀ ရက်အထိ (ဩဂုတ် တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာထားသည့် ULA/AA အဖွဲ့ အပါအဝင် မြောက်ပိုင်းလေးဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေးနိုင်ရေး အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်း၊ ငြိမ်းချမ်းရေးအပေါ် အစိုးရနှင့် တပ်မတော် သဘောထားမတူကြောင်း တိုင်းရင်းသားခေါင်းဆောင်များက သုံးသပ်ခဲ့ခြင်းတို့မှာ အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဩဂုတ် တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ (ဩဂုတ် တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြားနှင့် အမ်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်း ဖော်ပြ ချက်များအရ သိရပါသည်။ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခဲ့သည့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် အကြမ်းဖက်အုပ်စုနှင့် မတရား အသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ယခု ရက်သတ္တပတ်အတွင်း တိုက်ပွဲ မဖြစ်ခဲ့သကဲ့သို့ ရှမ်းပြည်နယ်တွင်လည်း တိုက်ပွဲ ဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့ပေ။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဩဂုတ် ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၇ ရက်မှ ၁၃ ရက်အထိ (ဩဂုတ် ဒုတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် ၂၁ ရာစုပင်လုံညီလာခံသို့ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး မတက်ရောက်ဖြစ်ခြင်း၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေးကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)၌ ထည့်သွင်းချုပ်ဆိုရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သဘောတူညီမှု ရရှိခဲ့ခြင်းတို့မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဩဂုတ် ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၅ ရက်မှ ၁၁ ရက်အထိ (ဩဂုတ် ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်မြို့နယ်များတွင် တိုက်ပွဲ ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အရပ်သား ရာနှင့်ချီ၍ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဩဂုတ် ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၆ ရက်အထိ (ဩဂုတ် ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ် ၁၉ ရက်စ၍ သုံးရက်ကြာ ကျင်းပရန် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ အစည်းအဝေးတွင် သဘောတူညီခဲ့ခြင်း၊ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့အား ပင်လုံညီလာခံကို ဖိတ်ကြားမည် မဟုတ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ခြင်းတို့မှာ အာရုံစိုက်စရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဩဂုတ် ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၄ ရက်အထိ (ဩဂုတ် ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း၊ မြေပုံမြို့နယ်များနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်များတွင် တိုက်ပွဲ ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား ရှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။။ ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇူလိုင် နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၄ ရက်မှ ဇူလိုင် ၃၀ ရက်အထိ (ဇူလိုင် နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အစိုးရက ဖိတ်ကြားလာပါက ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ကြရန် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအား တရုတ်အစိုးရမှ တိုက်တွန်းခဲ့ခြင်း၊ အစိုးရနှင့် NCA လက်မှတ်ထိုး အဖွဲ့များအကြား ဆွေးနွေးမှုတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စအပါအဝင် အရေးကြီးသော အချက်အချို့ ညှိနှိုင်းရန် ကျန်နေ၍ ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ခြင်းတို့မှာ သတိပြုစရာဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဇူလိုင် နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အထိ (ဇူလိုင် နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြားမြို့နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တို့တွင် တိုက်ပွဲ သုံးကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့ အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်လည်း တပ်မတော်နှင့် SSPP/SSA အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇူလိုင် တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၃ ရက်အထိ (ဇူလိုင် တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်များအနက် ရပ်တန့်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်စလိုပြီး ၂၁-ရာစု ပင်လုံညီလာကိုလည်း တက်ရောက်လိုကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း၊ ၂၁-ရာစုပင်လုံ ညီလာခံတွင် NCA လက်မှတ်ထိုးအဖွဲ့များမှ ထိပ်သီးခေါင်းဆောင်နှစ်ဦးစီ ဖိတ်ကြားသွားမည်ဖြစ်ပြီး လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့များ ဖိတ်ကြားရေး ညှိနှိုင်းဆောင်ရွက်နေသည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းတို့မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဇူလိုင် တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ (ဇူလိုင် တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြားမြို့နယ်များ၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲ ၁၁ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇူလိုင် ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၀ ရက်မှ ဇူလိုင် ၁၆ ရက်အထိ (ဇူလိုင် ဒုတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်း ခံထားရသည့် ULA/AA အဖွဲ့အား ချင်းပြည်နယ်အတွင်းမှ ဆုတ်ခွာရန် ချင်းအမျိုးသားတပ်ဦး(CNF)က သတိပေးခဲ့ခြင်း၊ ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အရပ်သားသေဆုံးမှုကို သွားရောက်စစ်ဆေးသည့် တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ပစ်ခတ်ခဲ့သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့ခြင်းတို့မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဇူလိုင် ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ (ဇူလိုင် ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲ နှစ်ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား လေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော် တို့အကြား ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင် မြို့နယ်တွင်လည်း မိုင်းပေါက်ကွဲ၍ အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ […]

JMC-U အစည်းအဝေး ရလဒ်များကို ချဉ်းကပ်ခြင်း

Posted on

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ ၁၉ ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်၌ ဇူလိုင် ၇ ရက်နှင့် ၈ ရက်တို့တွင် ကျင်းပခဲ့သည်။ JMC ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခဲ့ပြီးနောက် တပ်မတော်နှင့် လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက် မဖြစ်ပွားစေရန်နှင့် ဖြစ်ပွားလာပါက ပူးပေါင်းညှိနှိုင်းဖြေရှင်းရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မူလက နှစ်လ‌ တကြိမ် ကျင်းပရန် သတ်မှတ်ထားသော JMC-U အစည်းအဝေးကို ၂၀၁၈ စက်တင်ဘာက ကျင်းပခဲ့သည့် (၁၈) ကြိမ်မြောက် အစည်းအဝေး နောက်ပိုင်း တနှစ်နှင့် ၁၀ လကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇူလိုင် ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၉ ရက်အထိ (ဇူလိုင် ပထမပပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေး၌ တပ်နေရာချထားရေး၊ တိုက်ပွဲမဖြစ်ပွားရေး ကိစ္စများတွင် တိကျသည့်သဘောတူညီချက် မရခဲ့ခြင်း၊ “ဝ” အဖွဲ့(UWSP/UWSA) ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ရွေးကောက်ပွဲကော်မရှင်နှင့် UWSA ခေါင်းဆောင်များအကြား ဆွေးနွေးညှိနှိုင်းရန် လိုအပ်နေသေးကြောင်း ယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်းတို့မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇူလိုင် ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှ ၇ ရက်အထိ (ဇူလိုင် ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့အပါအဝင် ယခင်တိုက်ပွဲဖြစ်ပွားရာဒေသများတွင် တိုက်ပွဲ မဖြစ်ပွားခဲ့သကဲ့သို့ အရပ်သား ထိခိုက်သေဆုံးမှုလည်း မရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များ အရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော် တို့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သော်လည်း တပ်မတော်က နယ်မြေ ရှင်းလင်းမည့်သတင်းများကြောင့် ကျောက်တော်၊ မြောက်ဦးနှင့် အမ်းမြို့နယ်များမှ ဒေသခံထောင်နှင့် ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇွန် ၂၆ ရက်မှ ဇူလိုင် ၂ ရက်အထိ (ဇွန် နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် အပစ်ရပ်ဆွေးနွေးပွဲ ကျင်းပရန် အစိုးရမှ အဆိုပြုထားသည့် နည်းလမ်းနှစ်ရပ်စလုံးတွင် အခက်အခဲများရှိကြောင်း မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့က တုံ့ပြန်ခဲ့ခြင်း၊ ၂၁ ရာစုပင်လုံညီလာခံသို့ NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များအား ဖိတ်ကြားရန် အပစ်ရပ် ၁၀ ဖွဲ့က အစိုးရထံ အဆိုပြုခဲ့ခြင်းတို့မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။ ထို့ပြင် တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ အကြား တိုက်ပွဲများ မဖြစ်ပွားရေး နှစ်ဖက်တပ် လှုပ်ရှားမှုများကို အပြန်အလှန် ညှိနှိုင်း နားလည်မှု ရယူရန်လိုအပ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူရှိသူက ပြောကြားခဲ့မှု၊ COVID-19 ကာလအတွင်း ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးများက ဆွေးနွေးခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇွန် နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ (ဇွန် နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ စစ်တွေ၊ မြေပုံ၊ ကျောက်ဖြူမြို့နယ်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်နှင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တို့တွင် တိုက်ပွဲ ၁၃ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား လေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အဖွဲ့တို့ ငါးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်တွင်လည်း KIO/KIA အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် စတုတ္ထပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇွန် ၁၉ ရက်မှ ၂၅ ရက်အထိ (ဇွန် စတုတ္ထပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် ၂၁ ရာစု ပင်လုံညီလာခံကို ဩဂုတ်လ ဒုတိယပတ်တွင် ကျင်းပရန် သုံးပွင့်ဆိုင် သဘောတူခဲ့ခြင်း၊ အွန်လိုင်းမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရ၏ကမ်းလှမ်းချက်ကို မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့က ပယ်ချလိုက်ပြီး COVID-19 ကပ်ရောဂါအလွန်မှသာ ဆွေးနွေးတော့မည်ဟု တုန့်ပြန်ထားခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဇွန် တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ (ဇွန် တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်များနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲ ရှစ်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်လည်း တပ်မတော်နှင့် KIO/KIA အဖွဲ့၊ PSLF/TNLA အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇွန် ၁၂ ရက်မှ ၁၈ ရက်အထိ (ဇွန် တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် KIO/KIA အဖွဲ့ အနေဖြင့် အပစ်ရပ်စဲရေးကို မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့နှင့် အတူ လုပ်ဆောင်ရန် ခက်ခဲနေပါက တစ်ဖွဲ့တည်း ခွဲ၍ လုပ်ဆောင်ရန် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက တိုက်တွန်းခဲ့မှု၊ ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းအာဏာပိုင်များက လာရောက်သတိပေးခဲ့မှုတို့မှာ သတိပြုစရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇွန် ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ (ဇွန် ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ စစ်တွေမြို့နယ်များနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်တို့တွင် တိုက်ပွဲ ခြောက်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ယခုရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇွန် ၅ ရက်မှ ၁၁ ရက်အထိ (ဇွန် ဒုတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသော ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နှင့် အွန်လိုင်းမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ရန် အစိုးရဘက်မှ ကမ်းလှမ်းထားခြင်း၊ KIO/KIA အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ဖြစ်လာနိုင်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာ ကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇွန် ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇွန် ၂ ရက်မှ ၉ ရက်အထိ (ဇွန် ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံမြို့နယ်များနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်တို့တွင် တိုက်ပွဲ ရှစ်ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲ၍ အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဇွန် ပထမပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲ မရှိခဲ့ဘဲ မောင်တောမြို့နယ်တွင် ARSA အဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ တိုက်ပွဲ တကြိမ် ဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မေ ၂၉ ရက်မှ ဇွန် ၄ ရက်အထိ (ဇွန် ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခံထားရသည့် ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့၏ အပစ်ရပ်ကမ်းလှမ်းမှုကို တပ်မတော်က ပယ်ချခဲ့ခြင်း၊ အစိုးရနှင့် တပ်မတော်၌ အပြောင်းအလဲများ ရှိလာမည် ဖြစ်၍ ၂၁ ရာစု ပင်လုံညီလာခံကို ရွေးကောက်ပွဲ မတိုင်မီ ကျင်းပနိုင်ရန် အရေးကြီးကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းတို့မှာ သတိပြုစရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။ ထို့ပြင် AA အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆက်လုပ်ပါက သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင်ရေး ဆက်လုပ်သွားမည်ဖြစ်သကဲ့သို့ ဆွေးနွေးပွဲလမ်းကြောင်းကိုလည်း ဖွင့်ထားမည်ဟု အစိုးရက ပြောကြားခဲ့မှု၊ COVID-19 အရေး အစိုးရ၏ ကမ်းလှမ်းမှုအပေါ် မူတည်၍ ပူးပေါင်းဆောင်ရွက်ခြင်း ပြု၊ မပြုဆုံးဖြတ်မည်ဟု TNLA အဖွဲ့က ပြောကြားခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (မေ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ (မေ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်၊ မူဆယ်မြို့နယ်များနှင့် ကရင်ပြည်နယ် ကမမောင်းမြို့နယ်ခွဲတို့တွင် တိုက်ပွဲ ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား မေ နောက်ဆုံးပတ်အတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် KNU အဖွဲ့တို့ ကရင်ပြည်နယ် ကမမောင်းမြို့နယ်ခွဲတွင် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မေ ၂၂ ရက်မှ ၂၈ ရက်အထိ (မေ နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် COVID-19 ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို မကျင်းပနိုင်ပါက အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ထိပ်သီးအစည်းအဝေးတစ်ရပ်ခေါ်ယူရန် စီစဉ်ထားမှု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် “ဝ” ဒေသသို့ သွားရောက်လိုသည့်သဘောထား ရှိကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့မှုတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။ ထို့ပြင် COVID-19 ကာကွယ် တားဆီးရေးအတွက် စစ်ဆေးသည့်စစ်ဆေးရေးဂိတ် (Screening Point) များတွင် လက်နက်မပါဘဲ အရပ်ဝတ်ဖြင့် ဗိုင်းရပ်စ်ကာကွယ်ရေး စစ်ဆေးမှုပြုလုပ်ရန် ကရင် အမျိုးသားအစည်းအရုံး (KNU) နှင့် အစိုးရတို့ကြား သဘောတူခဲ့ခြင်း၊ ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်ခဲ့သည့် KNU/KNLA PC အဖွဲ့အနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)အတိုင်းသာ ဆက်သွားမည်ဟု ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်းတို့မှာလည်း အာရုံစိုက်စရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(မေ စတုတ္ထပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မေ ၂၀ ရက်မှ ၂၆ ရက်အထိ (မေ စတုတ္ထပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မြောက်ဦး၊ ကျောက်တော်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကရင်ပြည်နယ် ကမမောင်းမြို့နယ်ခွဲတို့တွင် တိုက်ပွဲ ငါးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့ အကြား မေ စတုတ္ထပတ်အတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်ပလက်ဝဒေသတို့တွင် တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် KNU အဖွဲ့တို့ ကရင် ပြည်နယ် ကမမောင်းမြို့နယ်ခွဲတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (မေ စတုတ္ထပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မေ ၁၉ ရက်မှ ၂၅ ရက်အထိ (မေ စတုတ္ထပတ်) ကာလအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း ၁၃ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ အဆိုပါထုတ်ပြန်ကြေညာချက်များတွင် တပ်မတော်မှ ခြောက်ခုအထိ ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်မှ တခု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ နှစ်ခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လေးခု အသီးသီး ထုတ်ပြန်ခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက်မှ ၂၁ ရက်အထိ (မေ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို “ဝ” ဒေသသို့ လာရောက်ရန် UWSP/UWSA ဥက္ကဋ္ဌ ဦးပေါက်ယိုချန်းက ဖိတ်ခေါ်ခဲ့ခြင်း၊ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသော ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် တံခါးဖွင့်ထားဆဲဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။ ထို့ပြင် တပ်မတော်က KIO/KIA အဖွဲ့ထံ COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခဲ့မှု၊ လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များကို ချိုးဖောက်နေကြောင်း တပ်မတော်က ဝေဖန်ခဲ့မှုတို့မှာလည်း သတိပြုစရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (မေ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မေ ၁၄ ရက်မှ ၁၉ ရက်အထိ (မေ တတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မြောက်ဦးမြို့နယ်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် ကယားပြည်နယ် ရှားတောမြို့နယ်တို့တွင် တိုက်ပွဲ လေးကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း တရားဝင် သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား မေ တတိယပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သည်။ သို့ရာတွင် NCA လက်မှတ်ရေးထိုးထားသည့် KNU နှင့် တပ်မတော်တို့ ကရင်ပြည်နယ်တွင် ပစ်ခတ်မှုများရှိခဲ့ပြီး ကယားပြည်နယ် ရှားတောမြို့နယ်တွင် KNPP နှင့် တပ်မတော်အကြား ပစ်ခတ်မှုတကြိမ် ဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မေ ၈ ရက်မှ ၁၄ ရက်အထိ (မေ ဒုတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် “ဝ” အဖွဲ့(UWSP/UWSA)၊ မိုင်းလားအဖွဲ့(NDAA) ခေါင်းဆောင်များ သီးခြားစီ တွေ့ဆုံ၍ COVID-19 ကာကွယ်ရေးဆွေးနွေးခဲ့ခြင်း၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ကြောင့် အစိုးရနှင့် COVID-19 အရေး မြေပြင်တွင် လက်တွဲလုပ်ဆောင်ရန် အဆင်ပြေမည်မဟုတ်ဟု KIO/KIA အဖွဲ့က ပြောကြားခဲ့ခြင်းတို့မှာ သတိပြုစရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။ ထို့ပြင် နှစ်ဖက်စစ်ရေးတင်းမာမှုကိစ္စများကို အစိုးရကော်မတီနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ ညှိနှိုင်းဆွေးနွေးခဲ့မှု၊ တပ်မတော်အနေဖြင့် အပစ်ရပ်စဲရေးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တစ်ပြိုင်နက်တည်း ကြေညာရန် မြောက်ပိုင်းသုံးဖွဲ့က တိုက်တွန်းခဲ့မှုတို့မှာလည်း အာရုံစိုက်စရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (မေ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မေ ၇ ရက်မှ ၁၃ ရက်အထိ (မေ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မင်းပြား၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ငါးကြိမ်ထက် မနည်းရှိခဲ့ပြီး ဘူးသီးတောင်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မေ ဒုတိယပတ်အတွင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများအတွင်း လက်နက်ကြီးကျည် ကျရောက်မှု၊ မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိသကဲ့သို့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်တွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မေ ၁ ရက်မှ ၇ ရက်အထိ (မေ ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် COVID-19 ကာကွယ်ရေးအတွက် အစိုးရကော်မတီနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့မှ ကိုယ်စားလှယ်များ အလွတ်သဘောဆွေးနွေးခဲ့ခြင်း၊ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အား COVID-19 ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အစိုးရက ဖိတ်ခေါ်ခဲ့ခြင်းတို့မှာ အာရုံစိုက်စရာ ကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။ ထို့ပြင် ကမ္ဘာ့ကပ်ရောဂါကို အတူရင်ဆိုင်မည်ဆိုပါက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ဟု အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံခဲ့ရသည့် AAအဖွဲ့က ပြောကြားခဲ့မှု၊ ရွေးကောက်ပွဲရှိ၍ ၂၁ ရာစုပင်လုံညီလာခံကို ဇူလိုင် နောက်ဆုံးထားကျင်းပမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့မှုတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (မေ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၉ ရက်မှ မေ ၆ ရက်အထိ (မေ ပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တော၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ တွင် တိုက်ပွဲဖြစ်ပွားမှု သုံးကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မေ ပထမပတ်အတွင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သော်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ARSA အဖွဲ့က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိ (ဧပြီ နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် COVID-19 ကပ်ရောဂါကို အတူတကွပူးပေါင်းရင်ဆိုင်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အထောက်အကူဖြစ်စေနိုင်ကြောင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်အချို့က ပြောကြားခဲ့ခြင်း၊ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရေး ဆက်သွယ်မှုများ မရှိသေးခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ ထို့ပြင် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ မေလဆန်းတွင် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားမှု၊ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံခဲ့ရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားနေမှုကို စေ့စပ်ညှိနှိုင်းပေးရန် ခက်ခဲကြောင်း ALP/ALA အဖွဲ့က ပြောကြားခဲ့မှုတို့မှာလည်း ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ (ဧပြီ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မြောက်ဦး၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သား ကိုးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဧပြီ နောက်ဆုံးပတ်အတွင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ် မူဆယ်မြို့တွင်လည်း ပြည်သူ့စစ်အဖွဲ့ပိုင်ဟိုတယ်ကို လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဧပြီ ၁၇ ရက်မှ ဧပြီ ၂၂ ရက်အထိ (ဧပြီ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် COVID-19 ကပ်ရောဂါ အခြေအနေကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို မလွဲမသွေ ရွှေ့ဆိုင်းရပြီဟု NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့ခြင်း၊ COVID - 19 ရောဂါကို ရင်ဆိုင်နေရချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း၊ ထိုးစစ်ဆင်ခြင်းများ မလုပ်သင့်ကြောင်း KIO/KIA အဖွဲ့က ပြောကြားခဲ့ခြင်းတို့မှာ စိတ်ဝင်စားစရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ လက်နက်ကိုင်ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်၍ ထုတ်ပြန်မှုတွင် ULA/AA အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန် အသက်စွန့်ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်နေသောတပ်မတော်သား အရာရှိ စစ်သည်အားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့မှုမှာလည်း ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ကိစ္စတခု ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဧပြီ ၁၆ ရက်မှ ၂၁ ရက်အထိ (ဧပြီ တတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြား၊ ကျောက်တော်မြို့နယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ခုနစ်ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားလေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဧပြီ တတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တပ်မတော်နှင့် အကြမ်းဖက် အုပ်စုနှင့် မတရား အသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကိုင်းတိုင်း တွင်လည်း တပ်မတော်နှင့် ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) တို့ တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်ပွားခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဧပြီ ၈ ရက်မှ ၁၅ ရက်အထိ (ဧပြီ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ပုဏ္ဏားကျွန်း၊ မောင်တောနှင့် အမ်းမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်တို့တွင် တိုက်ပွဲ ခုနစ်ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု ကိုးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဧပြီ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး မောင်တောမြို့နယ်တွင်လည်း တပ်မတော်နှင့် ARSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါသည်။ ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နုယ်တွင် တပ်မတော်နှင့် NCA လက်မှတ်ထိုးထား သည့် RCSS/SSA အဖွဲ့အကြား တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်မှ ဧပြီ ၉ ရက်အထိ (ဧပြီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် COVID-19 ကာကွယ်ရန် တနိုင်ငံလုံး အပစ်ရပ်စဲနိုင်ရေး အစိုးရနှင့် ဆွေးနွေးမည်ဟု NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့ခြင်း၊ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်း လက်နက်ကိုင်သုံးဖွဲ့က COVID-19 ကူးစက်ရောဂါ ဖြစ်နေချိန်တွင် တပ်မတော်နှင့် တိုက်ပွဲ မဖြစ်ပွားအောင် ထိန်းသိမ်းမည်ဟု ကြေညာခဲ့ခြင်းတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့ပြင် COVID – 19 ကပ်ရောဂါ ထိန်းချုပ်နိုင်ခဲ့ပါက ၂၁ ရာစုပင်လုံညီလာခံကို ဇူလိုင်လကုန်(သို့မဟုတ်) သြဂုတ်လဆန်းတွင် ကျင်းပမည်ဟု PNLO အဖွဲ့ဒုဥက္ကဋ္ဌက ပြောကြားခဲ့မှု၊ အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့တို့ မေလဆန်းတွင် နှစ်ဖက်တွေ့ဆုံနိုင်ရန် ခက်ပါက အွန်လိုင်းမှ ဆွေးနွေးရန် စီစဉ်ထားမှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဧပြီ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှ ၇ ရက်အထိ (ဧပြီ ပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များ၊ ရခိုင်ပြည်နယ်(တောင်ပိုင်း) ဂွမြို့နယ်၊ ချင်းပြည်နယ် ပလက်၀မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားမှု ဆယ်ကြိမ်ထက် မနည်း ရှိခဲ့ပြီး အရပ်သားသေဆုံးမှု ၁၃ ဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဧပြီ ပထမပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ (တောင်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်လည်း တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါသည်။ ထို့ပြင် ကရင်ပြည်နယ် ဖာပွန်မြို့နုယ်တွင် တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် KNU အဖွဲ့တို့အကြား တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မတ်၂၇ ရက်မှ ဧပြီ ၂ ရက်အထိ (ဧပြီ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် COVID – 19 ကပ်ရောဂါအခြေအနေကြောင့် အစိုးရနှင့် တပ်မတော်အနေဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့က တောင်းဆိုခဲ့ကြခြင်း၊ COVID - 19 ထိန်းချုပ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် မလိုအပ်ဟု တပ်မတော်ဘက်မှ တုံ့ပြန်ပြောကြားခဲ့ခြင်းတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့ပြင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA တပ်ဖွဲ့များကို လိုင်ဇာတွင် လက်ခံမထားရန် တပ်မတော်က ပြောကြားမှုကို KIO/KIA အဖွဲ့မှ ပယ်ချခဲ့မှုနှင့် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဗိုလ်မှူးကြီးဟောင်း ထိန်လင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကြံပြုနိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်မှ မတ် ၃၁ ရက်အထိ (မတ်လ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တော၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ဆယ်ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သား သေဆုံးမှု ကိုးဦးရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မတ်လ နောက်ဆုံးပတ်ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ARSA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ မောင်တောတွင် အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ် အနီးတွင်လည်း တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် RCSS/SSA အဖွဲ့အကြား တိုက်ပွဲတကြိမ် ဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှ ၂၆ ရက်အထိ (မတ်လ နောက်ဆုံးပတ်)ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် ULA/AA အဖွဲ့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာခဲ့မှု၊ အစိုးရ၏ ကြေညာချက်မှာ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖျက်ဆီးခြင်းဖြစ်သည်ဟု AA အဖွဲ့က ပြန်လည်တုံ့ပြန်ခဲ့မှုတို့သည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို လှုပ်ခတ်စေခဲ့သည့် အကြောင်းအရာများ ဖြစ်ခဲ့ သည်။ ထို့ပြင် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ခြင်းမှာ ဆွေးနွေးနေသည့် ပဏာမအပစ်ရပ်စာချုပ် (Bilateral) ဆွေးနွေးနေမှုများကို အဟန့်အတား ဖြစ်စေနိုင်သည်ဟု မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ က ပြောကြားခဲ့ခြင်း၊ AA အဖွဲ့အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် စစ်ရေးအရ အခြေချ လှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုရန် ချင်းအမျိုးသားတပ်ဦး(CNF)က တောင်းဆိုခဲ့ခြင်း တို့မှာလည်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ စတုတ္ထပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်မှ မတ် ၂၄ ရက်အထိ (မတ်လ စတုတ္ထပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ ကျောက်ဖြူမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မတ်လ စတုတ္ထပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၉ ဦးအထိ ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်မှ ၁၉ ရက်အထိ (မတ်လ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အပစ်ရပ်စဲရေးဆွေးနွေးမှုကို မြစ်ကြီးနား (သို့မဟုတ်) ကျိုင်းတုံမြို့၌ ပြုလုပ်ရန် မြောက်ပိုင်းလေးဖွဲ့ထံ အစိုးရက အဆိုပြုခဲ့မှု၊ နှစ်ဖက်တပ်များ ထိတွေ့မှုရှောင်ရှားနိုင်ရန်အတွက် နယ်မြေ သတ်မှတ်ရေးဆွေးနွေးရန် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့ သဘောတူခဲ့မှုတို့မှာ စိတ်ဝင်စားစရာအကြောင်းအရာများ ဖြစ်ခဲ့သည်။ ထို့ပြင် COVID-19 ကပ်ရောဂါကြောင့် အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဆွေးနွေးပွဲ၊ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများရွှေ့ဆိုင်းခဲ့ရခြင်း၊ ၂၁ ရာစုပင်လုံညီလာခံကိုလည်း သတ်မှတ်ရက်ထက် နောက်ဆုတ်ကျင်းပရဖွယ်ရှိနေခြင်းတို့မှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သတိပြုစရာကိစ္စများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်မှ မတ် ၁၇ ရက်အထိ (မတ်လ တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မတ်လ တတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများကြောင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၆၅ ဦးအထိ ရှိခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ပန်ဆန်းဒေသတွင် TNLA အဖွဲ့ က ပြည်သူ့စစ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့၍ တပ်မတော်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မတ် ၆ ရက်မှ ၁၂ ရက်အထိ ( မတ်လ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် COVID-19 ကပ်ရောဂါ နိုင်ငံတွင်း မဖြစ်ပါက ၂၁ ရာစုပင်လုံညီလာခံကို ဧပြီမကုန်မီ ကျင်းပနိုင်မည်ဖြစ်သော်လည်း ရောဂါဖြစ်ပွားလာပါက ရွှေ့ဆိုင်းမည်ဟု သိရခြင်း၊ ကယားပြည်နယ်အစိုးရအနေဖြင့် Bilateral Agreement ပါ သဘောတူညီချက်များကို လေးစားလိုက်နာရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က တောင်းဆိုခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သတိပြုစရာကိစ္စများ ဖြစ်ခဲ့ သည်။ ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အဆိုပြုသည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းခွင့်ကို အစိုးရနှင့် တပ်မတော်က လက်ခံခဲ့မှု၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေနွေးပွဲများကို နေရာပြောင်းကျင်းပရန် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသောအဖွဲ့များက သဘောတူခဲ့မှုတို့မှာလည်း အာရုံစိုက်စရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (မတ်လ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်မှ မတ် ၁၀ ရက်အထိ (မတ်လ ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ စစ်တွေ၊ အမ်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်းရှိခဲ့ပြီး တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မတ်လ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၆ ဦးအထိ ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၅ ရက်အထိ(မတ်လ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ‘ဝ’ဒေသသို့ လာရောက်ပါက NCA လက်မှတ်ထိုးရေးကိစ္စ အထောက်အကူဖြစ်စေမည်ဟု ‘ဝ’အဖွဲ့ (UWSP/UWSA)က ပြောဆိုခဲ့ခြင်း၊ အပစ်ရပ်ခိုင်မာရေးထက် လမ်းဖောက်လုပ်ရေးက ပိုမိုအရေးကြီးသလားဟု တပ်မတော်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ မေးခွန်း ထုတ်ခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့ပြင် တအာင်းအဖွဲ့(PSLF/TNLA )၊ ရခိုင်အဖွဲ့(ULA/ AA)၊ ကိုးကန့်အဖွဲ့(MNTJP/MNDAA)တို့၏ အပစ်ရပ်သက်တမ်းတိုးကြေညာမှုကို အယုံအကြည်မရှိကြောင်း တပ်မတော်က တုံ့ပြန်ခဲ့မှု၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသော အဖွဲ့များနှင့် တပ်မတော်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် တပ်ပိုင်းဆိုင်ရာကိစ္စ အခက်အခဲဖြစ်နေမှုတို့မှာလည်း စိတ်ဝင်စားစရာ အကြောင်းအရာများ ဖြစ်ခဲ့သည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၄ ရက်အထိ (မတ်လ ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ အမ်း၊ မင်းပြား၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မြေပုံမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းကိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၃၀ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မတ်လ ပထမပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား ၁၂ ဦး သေဆုံး၊ ၃၄ ဦးအထိ ထိခိုက် ဒဏ်ရာရခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် ARSA တို့ အကြား ဖြစ်ပွားမှု၊ NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုတို့ ရှိသကဲ့သို့ စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင်လည်း တပ်မတော်နှင့် ရှမ်းနီလက်နက်ကိုင်အဖွဲ့အကြား ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဖေဖော်ဝါရီ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အထိ (ဖေဖော်ဝါရီ နောက်ဆုံးပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် AA အဖွဲ့အတွက် တံခါးပိတ်ထားခြင်း မရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့မှု၊ လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲများ၊ ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး KNU နှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် နှစ်ဖက်သဘောတူထားသည်ဟု တပ်မတော်က ပြောကြားခဲ့မှုတို့မှာ အာရုံစိုက်စရာအကြောင်းအရာများ ဖြစ်ခဲ့သည်။ ထို့ပြင် FPNCC အဖွဲ့ဝင်မဟာမိတ်များနှင့် သဘောတူညီမှုရပြီးမှသာ NCA ရေးထိုးရေး ဆုံးဖြတ်နိုင်မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဘုန်းဟန်က ပြောကြားခဲ့ခြင်း၊ ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မတ်လနှောင်းပိုင်းတွင် ကျင်းပနိုင်ရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SS)အဖွဲ့က ပြင်ဆင်နေခြင်းတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာကိစ္စများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ (ဖေဖော်ဝါရီ နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၂ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်နှင့် ARSA တို့ အကြား ဖြစ်ပွားမှု၊ NCA လက်မှတ်ထိုးထားသည့် KNU နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုတို့လည်း ရှိခဲ့သည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အထိ( ဖေဖော်ဝါရီ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း၊ လမ်းဖောက်လုပ်ရေးကိစ္စနှင့် ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့အကြား ပြေလည်မှု မရခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့ပြင် အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ဆွေးနွေးပွဲကို သတ်မှတ်ချိန်အတွင်း မကျင်းပနိုင်ခဲ့မှု၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း စာသင်ကျောင်းများသို့ လက်နက်ကြီးကျည်ကျ၍ ထိခိုက်ဒဏ်ရာရမှုများ ရှိနေခြင်းကြောင့် စာသင်ကျောင်းဧရိယာအနီး စစ်မတိုက်ကြရန် ပညာရေးဒုဝန်ကြီးက မေတ္တာရပ်ခံခဲ့မှုတို့မှာလည်း ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဖေဖော်ဝါရီ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အထိ (ဖေဖော်ဝါရီ တတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ် မနည်းရှိခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဖေဖော်ဝါရီ တတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒေသခံထောင်နှင့် ချီ၍ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ ( ဖေဖော်ဝါရီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပရန် စီစဉ်ထားသည့် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ ဆွေးနွေးပွဲ ထပ်မံရွှေ့ဆိုင်းရနိုင်မှု၊ KNU တပ်မဟာ ၅ ထိန်းချုပ်ဒေသအတွင်း လက်နက် ကြီးများ ပစ်ခတ်ခဲ့ခြင်းမှာ လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အ တွင်း အာရုံစိုက်စရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ ထို့ပြင် NCA လက်မှတ်ထိုးရန် ကျန်နေသေးသော လက်နက်ကိုင်အဖွဲ့များ လက်မှတ်ထိုးနိုင်ရေး ကူညီကြရန် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းခဲ့ခြင်းနှင့် ၂၁ ရာစု ပင်လုံ ညီလာခံကို ဧပြီထက်နောက်မကျဘဲ ကျင်းပရန် အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များ၏ ရှမ်းအမျိုး သားနေ့ လွယ်တိုင်းလျန်းခရီးစဉ်တွင် ထပ်မံအတည်ပြုခဲ့ခြင်းတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာကိစ္စများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ(ဖေဖော်ဝါရီ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ အမ်း၊ မင်းပြားမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၃၀ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည်ကျရောက်မှုတို့ကြောင့် အရပ်သား ငါးဦးသေဆုံး၊ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် KNU အဖွဲ့အကြား တင်းမာမှုရှိနေသည့် ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ(၅)နယ်မြေတွင်လည်း တပ်မတော်မှ လက်နက်ကြီးများဖြင့် ၆ ရက်ဆက် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ( ဖေဖော်ဝါရီ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အစိုးရအနေဖြင့် AA အဖွဲ့နှင့် တိုက်ရိုက်ပြောဆိုဆွေးနွေးမှုများ ပြု လုပ်တော့မည်မဟုတ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့မှု၊ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ လူထုသို့ NCA အကြောင်း ရှင်းလင်းသည့်ဆွေးနွေးပွဲကို တပ်မတော်က လာရောက်တားမြစ်ခဲ့မှုတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ ထို့ပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ပြုလုပ်သည့် ရှမ်းပြည်အမျိုးသားနေ့အခမ်းအနားသို့ တပ်မတော်ဘက်မှ အဆင့်မြင့်ဆုံးအရာရှိတဦး၏ ပထမဆုံးတက်ရောက်မှုအဖြစ် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း တက်ရောက်မှု၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံးကိုးမြို့နယ်အတွင်း တပ်မတော်ထံ လက်နက်ချသူများမှာ KIA အဖွဲ့မှ တပ်ဖွဲ့ဝင်များမဟုတ်ကြောင်း KIA ဘက်မှ ငြင်းဆိုခဲ့မှုတို့မှာလည်း ယခုရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာကိစ္စများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ (ဖေဖော်ဝါရီပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုင်းငေါ့မြို့နယ်ခွဲနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု လေးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဖေဖော်ဝါရီ ပထမပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရသေ့တောင်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ ရက်မှ ဇန်နဝါရီ ၃၀ ရက်အထိ ( ဇန်နဝါရီ နောက်ဆုံးပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် လူချင်းအလဲအလှယ် မလုပ်လျှင် စစ်ဘက်နှင့် ဆိုင်သူများကို လွှတ်ပေးမည်မဟုတ်ဟု AA ပြောရေးဆိုခွင့်ရှိသူခိုင်သုခက ပြောကြားခဲ့မှု၊ ဖာပွန်တွင် တပ်ရင်းမှူး မိုင်းထိကျဆုံးခဲ့ပြီးနောက် KNU ၏ ဆောင်ရွက်ချက်များကို သတိပေးကန့်ကွက်ထားဟု တပ်မတော်ဘက်က ထုတ်ပြန်ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံ စိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့ပြင် တပ်မတော်၏ လေးလပတ်အစည်းအဝေးရှိ၍ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့နှင့် သီးခြားစီ တွေ့ဆုံ၍ တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ထားခြင်းကို ဖေဖော်ဝါရီသို့ ရွှေ့ ဆိုင်းခဲ့မှု၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုတွင် မွန်ပြည်သစ်ပါတီမှ အဖွဲ့အစည်းရပ်တည်ရေးအတွက် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ နောက်ဆုံးပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ (ဇန်နဝါရီ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်မြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု လေးကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု လေးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဇန်နဝါရီနောက်ဆုံးပတ်ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တပ်မတော်နှင့် AA၊ TNLA အဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားမှု လျော့ကျခဲ့သော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သားသေဆုံးမှုများ ရှိခဲ့ပြီး ကရင်ပြည်နယ်တွင်လည်း KNU တပ်မဟာ(၅) နယ်မြေအတွင်း မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် တပ်မတော်မှ တပ်ရင်းမှူးတဦး ကျဆုံးခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ စတုတ္ထပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ( ဇန်နဝါရီ စတုတ္ထပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် မြောက်ပိုင်းလေးဖွဲ့အနေဖြင့် လိုလားချက်များရရှိပါက NCA ထိုးရန် အသင့်ဖြစ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့မှု၊ တပ်မတော်မှ ဒရုန်းများအသုံးပြု၍ ၎င်းတို့၏တပ်စခန်းများကို စုံစမ်းထောက်လှမ်းနေကြောင်း KNU တပ်မဟာ(၅)က JMC-S သို့ ကန့်ကွက်စာပို့ခဲ့မှုတို့မှာ ယခုရက်သတ္တ ပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့အပြင် NCA လက်မှတ်မထိုးသည့် လက်နက်ကိုင်အဖွဲ့များပါဝင်လက်မှတ်ရေးထိုးရေး ဒေါ်အောင်ဆန်း စုကြည်နှင့် တရုတ်သမ္မတတို့ နေပြည်တော်တွင် ဆွေးနွေးခဲ့မှု၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မတ်လအတွင်း ကျင်းပနိုင်ရေး အစိုးရနှင့် အပစ်ရပ်အဖွဲ့ ညှိနှိုင်းရန် စီစဉ်မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ တတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်မှ ဇန်နဝါရီ ၂၃ ရက်အထိ(ဇန်နဝါရီတတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်၊ နမ့်ခမ်းနှင့် ကျောက်မဲမြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှု ခုနစ်ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု ငါးဦးရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဇန်နဝါရီ တတိယပတ်ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲဖြစ်ပွားမှုလျော့ကျသွားခဲ့သော်လည်း မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှု များပြားခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲများသုံးရက်ဆက်ဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီတတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၀ ရက်မှ ဇန်နဝါရီ ၁၆ ရက်အထိ( ဇန်နဝါရီ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တရုတ်သမ္မတ ၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များနှင့် လိုင်ဇာ၌ တွေ့ဆုံမှုတွင် တရုတ်အထူးကိုယ်စားလှယ်က တိုက်ပွဲများ လျှော့ချရပ်တန့်ရန် တိုက်တွန်းခဲ့မှု၊ တပ်မတော်နှင့် KNU ဆွေးနွေးပွဲတွင် ပဋိပက္ခဖြစ်ခဲ့သည့် လမ်းဖောက်လုပ်ရေးကိစ္စပြေလည်ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့အပြင် တရုတ်နှစ်သစ်ကူးရှိ၍ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ဆွေးနွေးပွဲကို ဖေဖော်ဝါရီသို့ ရွှေ့ဆိုင်းခဲ့မှု၊ ဧပြီထက် နောက်မကျဘဲ ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ်ကို အပိုင်းသုံးပိုင်းဖြင့် ချုပ်ဆိုရန် စီစဉ်ထားမှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၁၄ ရက်အထိ (ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မြောက်ဦး၊ မင်းပြား၊ အမ်း၊ ကျောက်တော်၊ မြေပုံ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှု ၁၇ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သား သေဆုံးမှု လေးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဇန်နဝါရီ ဒုတိယပတ်ကာလတွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်အရပ်သားများ ဖမ်းဆီးသတ်ဖြတ်ခံရမှုများ ရှိခဲ့ပါသည်။  […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ ဒုတိယပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်မှ ဇန်နဝါရီ ၉ ရက်အထိ ( ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်း ရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် ၂၁ ရာစု ပင်လုံညီလာခံကို ဧပြီထက် နောက်မကျဘဲ ကျင်းပရန် အပါအဝင် အချက်ရှစ်ချက်ကို (၈)ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM )တွင် သဘောတူညီခဲ့မှု၊  မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် အစိုးရနှင့် တဖွဲ့ချင်း သီးခြားဆွေးနွေးရန် အစီအစဉ်မရှိသေးကြောင်း AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောကြားခဲ့မှုတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ ပထမပတ်)

Posted on

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်မှ ဇန်နဝါရီ ၈ ရက်အထိ (ဇန်နဝါရီ ပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြား၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်ထက် မနည်းရှိခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသားကလေးငယ် လေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဇန်နဝါရီ ပထမပတ် ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုများအနက် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တပ်မတော်နှင့် AA အဖွဲ့အကြား ဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့ပြီး NCA လက်မှတ်ထိုးထားသည့် KNU နှင့် တပ်မတော်တို့ အကြား လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့မှုလည်း ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ ပထမပတ်)

Posted on

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်အထိ ( ဇန်နဝါရီ ပထမပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက်  မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က အပစ်ခတ်ရပ်ဆိုင်းခြင်းအချိန်ကို ထပ်မံတိုးမြှင့်လိုက်ခြင်းမှာ တရုတ်နိုင်ငံ၏ ဖိအားကြောင့် မဟုတ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားခဲ့မှု၊  KNPP အနေဖြင့် NCA လက်မှတ်ရေးထိုးရန် ချဉ်းကပ်ဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်နှင့် ကိုက်ညီမည့် နိုင်ငံရေးအခင်းအကျင်းမျိုး ဆွေးနွေးနိုင်မည့် အနေအထားမရှိခြင်းကြောင့် လက်ရှိအချိန်အထိ NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးကြောင်း KNPP ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်၏  ပြောကြားခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့အပြင် အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် မတွေ့မီ အပစ်ရပ် ၁၀ ဖွဲ့ခေါင်းဆောင်များက PPST အစည်းအဝေး ကျင်းပရန် စီစဉ်မှု၊ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ဇန်နဝါရီလကုန်ပိုင်းတွင် ပြန်လည်တွေ့ဆုံမည်ဖြစ်ပြီး ကူမင်းဆွေးနွေးပွဲမှ အချက်များ အဆင်ပြေပါက ပဏာမအပစ်ခတ်ရပ်စဲရေး နှစ်ဖက်သဘောတူညီမှု လက်မှတ်ထိုးရေး အခြေအနေကောင်းကြောင်း PCG အဖွဲ့ဝင်ဦးလမိုင်ဂွန်ဂျာက ပြောကြားခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဒီဇင်ဘာနောက်ဆုံးပတ်)

Posted on

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်အထိ (ဒီဇင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) အမ်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု တဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ တိုက်ပွဲဖြစ်ပွားမှုများအနက် တပ်မတော်နှင့် AA ၊ TNLA အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများအပြင် NCA လက်မှတ်ထိုးထားသည့် KNU နှင့် တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့မှုတို့လည်း ရှိခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ(ဒီဇင်ဘာနောက်ဆုံးပတ်)

Posted on

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်အထိ (ဒီဇင်ဘာ နောက်ဆုံးပတ်)ကာလအတွင်း တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်ဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်၏ ထုတ်ပြန်ချက်မှာ ခုနစ်ခုအထိ ရှိခဲ့ပြီး နိုင်ငံရေးပါတီများမှ သုံးခု၊ လက်နက်ကိုင်အဖွဲ့အစည်းများမှ လေးခု နှင့် အရပ်ဘက်ဖွဲ့အစည်းများမှ နှစ်ခု ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဒီဇင်ဘာ နောက်ဆုံးပတ်)

Posted on

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ ( ဒီဇင်ဘာ တတိယပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် (၈)ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပရန် အကြိုညှိနှိုင်းအစည်းအဝေးတွင် သဘောတူနိုင်ခဲ့မှု၊ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့အကြား အပစ်ရပ်လက်မှတ်ထိုးနိုင်မည့် နည်းလမ်းသစ် ညှိနှိုင်းနေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောကြားခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဒီဇင်ဘာ တတိယပတ်)

Posted on

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှ ၂၆ရက်အထိ (ဒီဇင်ဘာ တတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မြေပုံမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၂၀ ထက် မနည်းရှိခဲ့ပြီး AA အဖွဲ့က ဖမ်းဆီးထားသည့် အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ တတိယပတ်)

Posted on

၂၀၁၉ ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ (ဒီဇင်ဘာ တတိယပတ်) ကာလအတွင်း  တပ်မတော်၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ရှစ်ခုထက် မနည်းသော ထုတ်ပြန် ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်၏ ထုတ်ပြန်ချက်မှာ  ခြောက်ခုအထိ ရှိခဲ့ပြီး AA အဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများက တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ တတိယပတ်)

Posted on

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ( ဒီဇင်ဘာ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုး ပမ်းမှုဖြစ်စဉ်များအနက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး(JICM)ကျင်းပနိုင်ရေး အကြိုဆွေးနွေးပွဲကို ခရစ္စမတ်ကာလမတိုင်မီ ကျင်းပရန် အစိုးရက အပစ်ရပ် ၁၀ ဖွဲ့ထံ အဆိုပြုခဲ့မှု၊ အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်က တရုတ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့မှုတွင် ရေရာသည့်အဖြေမထွက်ခဲ့ဘဲ ဇန်နဝါရီတွင် ထပ်မံတွေ့ ဆုံရန် စီစဉ်ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ကိစ္စများ ဖြစ်ခဲ့သည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ဒုတိယပတ်)

Posted on

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ရက်အထိ (ဒီဇင်ဘာ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြား၊ အမ်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)နမ့်ဆန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၃ ကြိမ်ထက် မနည်း ရှိခဲ့ပြီး အရပ်သားသေဆုံးမှု နှစ်ဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဒီဇင်ဘာ ဒုတိယပတ်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုများအနက် တပ်မတော်နှင့် AA အဖွဲ့အကြား ဖြစ်ပွားမှုမှာ အရေအတွက် အများဆုံး ဖြစ်ခဲ့ပြီး တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုလည်း ရှိခဲ့ပါ သည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ဒုတိယပတ်)

Posted on

၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ (ဒီဇင်ဘာ ဒုတိယပတ်) ကာလအတွင်း  တပ်မတော်၊ ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၂ ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ထုတ်ပြန်ချက် လေးခုအထိ ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့က ထုတ်ပြန်ချက် တခုစီ ထွက်ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ဒုတိယပတ်)

Posted on

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ( ဒီဇင်ဘာ ဒုတိယပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုး ပမ်းမှုဖြစ်စဉ်များအနက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် KNU ကိုယ်စားလှယ်အဖွဲ့တို့  တွေ့ဆုံ  ဆွေးနွေးမှု၌  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေး(JICM)အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ  တရားဝင်အစည်း အဝေးများ ပြန်လည်စတင်နိုင်ရေး ထပ်မံတွေ့ဆုံရန် အစိုးရဘက်က အဆိုပြုခဲ့မှု၊  AA အဖွဲ့ လှုပ်ရှားရာဒေသများရှိ စီးပွားရေး လုပ်ငန်းများကို ၂၀၂၀ မှစ၍ အခွန်ကောက်တော့မည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ် နိုင်က  ပြောကြားခဲ့မှုတို့မှာ သတိပြုစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ပထမပတ်)

Posted on

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ (ဒီဇင်ဘာ ပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ကျောက်တော်၊ ရသေ့တောင်မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ တွင် တိုက်ပွဲဖြစ်ပွားမှု ရှစ်ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရှိရပါသည်။ ဒီဇင်ဘာပထမပတ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုများသာ ရှိခဲ့ပြီး ရခိုင်ပြည်နယ်  ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားမှုများတွင် အရပ်သားသေဆုံးမှု စုစုပေါင်း လေးဦးအထိ ရှိခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ပထမပတ်)

Posted on

၂၀၁၉ ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ (ဒီဇင်ဘာ ပထမပတ် )ကာလအတွင်း တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။အဆိုပါ ထုတ်ပြန်ချက်များတွင် တပ်မတော်မှ ထုတ်ပြန်ချက် ငါးခုအထိ ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများမှ နှစ်ခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ငါးခု ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ပထမပတ်)

Posted on

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၉ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ(ဒီဇင်ဘာ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သုံးရက်ကြာ ပြုလုပ်ခဲ့မှုနှင့် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွား မှုတွင် တပ်မတော်အနေဖြင့် NCA ကို ချိုးဖောက်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) သို့ တိုင်ကြားစာ ပေးပို့ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ကိစ္စများ ဖြစ်ခဲ့သည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ နောက်ဆုံးပတ်)

Posted on

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ကျောက်တော်၊ မြေပုံ၊ မြောက်ဦးမြို့နယ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၁ ကြိမ်ထက် မနည်း ရှိခဲ့ ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရှိရပါသည်။ တိုက်ပွဲဖြစ်ပွားမှုများအနက် တပ်မတော်နှင့် AA အဖွဲ့အကြား ဖြစ်ပွားမှုမှာ အရေအတွက် အများဆုံးဖြစ်ခဲ့ပြီး တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားမှု၊ NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့မှုတို့လည်း ရှိခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ နောက်ဆုံးပတ်)

Posted on

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း  နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ ခုထက် မနည်းသော ထုတ်ပြန် ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်များတွင် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက် သုံးခု ထုတ်ပြန်ခဲ့ပြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့က ထုတ်ပြန်ချက် တခုစီ ထွက်ရှိခဲ့ပါသည်။ ထို့အပြင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) က ကြေညာချက် တခု ထုတ်ပြန်ခဲ့ကာ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များက ထုတ်ပြန်ချက် ခုနစ်ခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ထုတ်ပြန်ချက် သုံးခု ထုတ်ပြန်ခဲ့ ကြခြင်းဖြစ်သည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ နောက်ဆုံးပတ်)

Posted on

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ( နိုဝင်ဘာ နောက်ဆုံးပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုး ပမ်းမှုဖြစ်စဉ်များအနက် ကရင်အမျိုးသားအစည်းအရုံ း(KNU)က ၎င်းတို့ အဆိုပြုထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး(PPCM) ဖွဲ့စည်းရန် အကြံပြုချက် ကို ပြန်လည်ရုပ်သိမ်းခဲ့မှုအပါအဝင် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေး အစည်းအဝေး( JICM) အမြန်ဆုံးကျင်းပနိုင်ရေး တပ်မတော်က ဆောင်ရွက်နေကြောင်း  ပြောကြားခဲ့ မှုတို့မှာ ထူးခြားသော ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ တတိယပတ်)

Posted on

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ၂၇ ရက်အထိ (နိုဝင်ဘာ တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်၊ ကျောက်တော်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆမ်မြို့နယ်နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း အကြိမ် ၂၀ ထက် မနည်း ရှိခဲ့ကြောင်း တရားဝင် ပြည်တွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရှိရပါသည်။ ယင်းတိုက်ပွဲများသည် တပ်မတော်နှင့် AA၊ TNLA အဖွဲ့များကြား ဖြစ်ပွားခဲ့မှုအပြင်၊ တပ်မတော်နှင့် ARSA တို့ အကြား ဖြစ်ပွားမှု၊ NCA လက်မှတ်ထိုးထားသည့် မွန်ပြည်သစ်ပါတီနှင့် တပ်မတော်တို့အကြား ဖြစ်ပွားခဲ့မှုတို့လည်း ပါဝင်ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ တတိယပတ်)

Posted on

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ ၂၅ ရက်အထိ ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ တပ်မတော်၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှ စုစုပေါင်း ၁၅ ခုထက် မနည်းသော ထုတ်ပြန် ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်များတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ချက် တခုစီ ထုတ်ပြန်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက် နှစ်ခု ထုတ်ပြန်ခဲ့ပါသည်။ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ချက် တခု ထုတ်ပြန်ခဲ့ကာ၊ နိုင်ငံရေးပါတီများက ထုတ်ပြန်ချက် သုံးခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ထုတ်ပြန်ချက် ခုနစ်ခု ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်ပါသည်။ […]