၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုသဘောထားအမြင်စစ်တမ်း (အစီရင်ခံစာမိတ်ဆက်)

Posted on

မြန်မာနိုင်ငံက ယခုလက်ရှိအချိန်မှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ် နှစ်ခု ဆုံချက်ကျနေတဲ့ အချိန်ဖြစ်ပါတယ်။ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ဆွေးနွေးမှုတွေ ဆက်လက်ဖော်ဆောင်နိုင်ခဲ့သလို၊ တစ်ဆို့မှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် အတွင်းမှာလည်း လက်နက်ကိုင်ပဋိပက္ခအရှိန်တွေ ပိုမိုပြင်းထန်လာပါတယ်။ ရွေးကောက်ပွဲကနေတက်လာမယ့် အစိုးရအစုအဖွဲ့တွေအတွက် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်မှာ အရွေ့တခု ဖော်ဆောင်နိုင်ဖို့က အမှန်တကယ် လိုအပ်ပါတယ်။ ဒီလိုအခြေအနေမှာ ပြည်သူတွေအတွက် ရွေးကောက်ပွဲကနေတဆင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်မှာပါ ပါဝင်နိုင်တဲ့၊အကျိုးသက်ရောက်မှုရှိအောင် ပြုလုပ်နိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။ ယခု စာစုမှာတော့ မကြာမီကျင်းပတော့မယ့် ၂၀၂... […]

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်လောင်းဆိုင်ရာ အချက်အလက်များ (အစီရင်ခံစာမိတ်ဆက်) Research

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်လောင်းဆိုင်ရာ အချက်အလက်များ (အစီရင်ခံစာမိတ်ဆက်)

Posted on

လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ အပြောင်းအလဲတွေကို မကြာမီကာလအတွင်းမှာပဲ စတင် မြင်တွေ့နိုင်ဖို့ ရှိပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲက တိုင်းပြည်ရဲ့  ဒီမိုကရေစီ အသွင် ကူးပြောင်းရေးခရီးရှည်အတွက် မှတ်တိုင်သစ်တခုသဖွယ် ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆုံချက်ကျနေတဲ့ မြန်မာ့နိုင်ငံရေးအတွက် အထွေထွေရွေးကောက်ပွဲတွေက ကောင်းမွန်တဲ့ လမ်းစဖြစ်လာ... […]

ထိန်းချုပ်ကန့်သတ်ခြင်းမှသည် နာလန်ထူခြင်းဆီသို့ From Containment to Recovery  (အစီရင်ခံစာမိတ်ဆက်) Research

ထိန်းချုပ်ကန့်သတ်ခြင်းမှသည် နာလန်ထူခြင်းဆီသို့ From Containment to Recovery (အစီရင်ခံစာမိတ်ဆက်)

Posted on

ကိုဗစ် - ၁၉ ရဲ့ ရိုက်ခတ်မှုအကျိုးဆက်တွေအဖြစ် ကမ္ဘာ့ဒေသအသီးသီးမှာ မတူညီတဲ့စိန်ခေါ်ချက်တွေ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ရောဂါကပ်ဘေးက ကမ္ဘာ့နိုင်ငံတွေရဲ့ ကျန်းမာရေးနဲ့ စီးပွားရေးစနစ် တွေကို သိမ့်ခါစေရုံသာမက လူမှုအရင်းအနှီးတွေကိုလည်း ဆက်နွှယ် နိမ့်ကျစေနိုင်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုး ဆဲ နိုင်ငံတွေအတွက် ဒီစိန်ခေါ်ချက်တွေဟာ အဆမတန် မြင့်မားလွန်းလှပါတယ်။ နဂိုကတည်းက ရှိရင်းစွဲ၊ တဝဲ လည်လည် ဖြစ်နေတဲ့ လ... […]

စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ (သုတေသနစာတမ်း မိတ်ဆက်)

Posted on

ယခုစာတမ်းက မြန်မာ့စွမ်းအင်စီမံခန့်ခွဲမှုပုံစံရဲ့  လူမှုဘဝတွေအပေါ် ပကတိအကျိုး သက်ရောက်မှုအခြေအနေတွေကို အထူးပြုဖော်ပြထားပါတယ်။ မူဝါဒချမှတ်သူတွေအတွက် သတိပြုဆင်ခြင် စရာ အချက်တွေကိုလည်း ဖြည့်စွမ်းပေးထားပါတယ်။ အရင်းအမြစ်ခွဲဝေသုံးစွဲမှုအစီအမံအားနည်းချက်တွေက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၊ လူမှုစီးပွားပဋိပက္ခတွေ အားကောင်းရခြင်းအတွက် ထင်ရှားတဲ့ အကြောင်း တရားတချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်စဉ် တွေအတွင်း စွမ်းအင်စီမံခန့်ခွဲမှုပုံစံက မလွှဲမသေ အကျေအလည်ဆွေးနွေးဖို့ လိုတဲ့ကိစ္စရပ်ဖြစ်တာနဲ့အညီ ယခုသုတေသနစာတမ်းရဲ့ တွေ့ရှိဖော်ပြချက်တွေကတဆင့် ကောင်းမွန်တဲ့ စွမ်းအင်ကဏ္ဍဆိုင်ရာမူဝါဒ အပြောင်း အလဲ ဖြစ်ပေါ်လာရေးအတွက် အထောက်အပံ့ဖြစ်စရာ စဉ်းစားချက်များစွာကို ဖတ်ရှုလေ့လာနိုင်မှာပဲ ဖြစ်ပါ တယ်။ […]

Annual Peace & Security Review 2020 နှစ်စဉ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုံးသပ်ချက် - ၂၀၂၀ (အစီရင်ခံစာမိတ်ဆက်)

Posted on

ယခုနှစ် ဩဂုတ်လအတွင်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဆက်လက်ကျင်းပနိုင်ဖို့ စိုင်းပြင်းနေကြတာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ စားပွဲဝိုင်းပေါ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ထပ်ဟပ်စေတဲ့ မြေပြင်အခြေအနေတွေကလည်း ခြုံငုံဆင်ခြင်နိုင်ဖို့ လိုအပ်တဲ့ ညွှန်းကိန်းတွေ ဖြစ်ပါတယ်။ ဥပမာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုအားနည်းစေတဲ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေ၊ သဘောထားကွဲလွဲစရာ ဆွေးနွေးမှုအကျပ်အတည်းတွေ စတဲ့အချက်များ ဖြစ်ပါတယ်။ […]

“မှန်ရာကို သစ္စာဆိုမည် ICJ ဆီ” (စာအုပ်မိတ်ဆက်)

Posted on

မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ပြဿနာတွေအနက် နိုင်ငံတကာရှေတန်းကို ရောက်ရှိနေတဲ့ ဘင်္ဂါလီ(ရိုဟင်ဂျာ) အရေးကိစ္စက ဆက်လက်အာရုံစိုက်ရမယ့် စိန်ခေါ်ချက်တရပ်ဖြစ်ပါတယ်။ အစိုးရအဆင့်မှာ သာမဟုတ်ဘဲ ပြည်သူတွေအကြားမှာပါ ဆွေးနွေးအဖြေရှာနိုင်ဖို့ လိုအပ်နေပါတယ်။ ဒီလိုအဖြေရှာတဲ့ အခါမှာလည်း အချက်အလက် အထောက်အပံ့ဖြစ်စရာ မှတ်တမ်းမှတ်ရာမျိုး၊ ရှုထောင့်မတူညီတဲ့ သုံးသပ် ဆွေးနွေးချက်မျိုး အားကောင်းဖို့လည်း လိုအပ်ပါတယ်။ ယခုစာအုပ်ပါ အကြောင်းအရာတွေက အဆိုပါ စိန်ခေါ်ချက် ပြဿနာကို အဖြေရှာကြတဲ့အခါမှာ အထောက်အထားပြုစရာ ဆွေးနွေးချက်တွေကို ဖြည့်စွမ်းပေး နိုင်မှာပဲ ဖြစ်ပါတယ်။ […]

ကိုဗစ်-၁၉ ကူးစက်ကပ်ဘေး မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုနှင့် ပဋိပက္ခအပေါ် တုံ့ပြန်သက်ရောက်မှုများအတွက် မူဝါဒဆိုင်ရာ အကြံပြုချက်များ

Posted on

 မကြာမီက ထုတ်ဝေခဲ့တဲ့ Special Series (No-3) မှာတော့ ကိုဗစ်-၁၉ ရောဂါနဲ့ ပြည်တွင်း ပဋိပက္ခတွေအကြား အခြေအနေတွေကို အလေးပေး ဆွေးနွေးထားပါတယ်။ လက်နက်ကိုင်ပြည်တွင်းပဋိပက္ခနဲ့ ရောဂါကပ်ဘေး အကြား လက်ရှိမြေပြင်အခြေအနေတွေ၊ ဖြစ်တန်ချေတွေကို သုံးသပ်ချက်ဆောင်းပါးများ၊ သက်ဆိုင်ရာပါဝင် ပတ်သတ်သူ အစုအဖွဲ့တွေရဲ့ အမေးအဖြေဆွေးနွေးချက်များ စတာတွေနဲ့ ချဉ်းကပ်စုစည်းထားတာဖြစ်ပါတယ်။ ယခုဖော်ပြမယ့် စာစုမှာတော့ အဆိုပါဆောင်းပါး၊ အမေးအဖြေတွေကတဆင့်ဆွေးနွေးထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပဋိပက္ခများအကြား ထည့်သွင်းစဉ်းစားဖွယ်ရာ မူဝါဒအကြံပြုချက်တွေကို အပိုင်းနှစ်ပိုင်းနဲ့ စုစည်း တင်ပြသွားမှာ ဖြစ်ပါတယ်။ […]

ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့်အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ (သုတေသနစာတမ်းမိတ်ဆက်)

Posted on

မြန်မာအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ကျေကျေလည်လည်ဆွေးနွေးဖို့ လိုအပ်တဲ့ကဏ္ဍများစွာ ရှိပါတယ်။ အဲဒီကဏ္ဍတွေထဲမှာ အရေးပါတဲ့တခုက လုံခြုံရေးကဏ္ဍပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း  နိုင်ငံရေးဖြစ်စဉ်အပေါ် လုံခြုံရေးကဏ္ဍရဲ့ သက်ရောက်လွှမ်းမိုးနိုင်မှုက ထင်ရှားပါတယ်။ ပဋိပက္ခတွေရဲ့အလွန် လုံခြုံရေးကဏ္ဍအပြောင်းအလဲကို ရည်မျှော်စဉ်းစားကြတဲ့အခါ ပါဝင်တဲ့အစုအဖွဲ့တွေ အကြား ဖြစ်တန်ချေ ရှိတဲ့ ရည်မှန်းချက်တွေ ဖော်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ယခုစာစုမှာ အဆိုပါ ဖြစ်တန်ချေရှိတဲ့ စဉ်းစားချက်တွေ အပေါ်  ဦးတည်လေ့လာထားတဲ့ သုတေသနစာတမ်းကို မိတ်ဆက်ဖော်ပြမှာ ဖြစ်ပါတယ်။ […]

နှစ် ၂၀ ထိုခရီး (အစီရင်ခံစာမိတ်ဆက်)

Posted on

မြန်မာနိုင်ငံဟာ လက်ရှိမှာ Covid-19 ကမ္ဘာ့ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဒဏ်ကို တကမ္ဘာလုံးနဲ့အတူ ဖြတ် ကျော်နေရချိန်ဖြစ်ပါတယ်။ လိုအပ်တဲ့ကျန်းမာရေးအစီအမံတွေအရ နေ့စဉ်ပုံမှန်သွားလာခြင်းတွေကို လျော့ချပြီး တတ်နိုင်သမျှ အိမ်ထဲမှာပဲနေနေကြရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကိုယ်တဦးတည်းရဲ့ ကျန်းမာရေး အတွက် သာမက လူ့အသိုက်အမြုံအတွက်ပါ လုံခြုံမှုရှိစေဖို့ ပုံမှန်လှုပ်ရှားသွားလာမှုတွေကို ရပ်တန့်ပြီး အိမ်မှာ နေခြင်း အလေ့အထကို အခြေပြုရင်း ရုတ်ချည်း အပြောင်းအလဲလုပ်ကြရတဲ့အခါ အဆင်မပြေမှု၊ စိန်ခေါ်မှုတွေ ရှိလာ ကြပါတယ်။ […]

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သူတို့၏ လောကအမြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၏ မမြင်သာသော စိန်ခေါ်မှုများ (သုတေသနစာတမ်းမိတ်ဆက်)

Posted on

မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း(၇၀)ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ပြည်တွင်းစစ်ပဋိပက္ခကို ဖြေရှင်းဖို့ကြိုးပမ်းကြတဲ့ အခါမှာ ထည်သွင်းစဉ်းစားရမယ့် အရာများစွာရှိပါတယ်။ ဥပမာ-ပဋိပက္ခရဲ့သဘောသဘာဝ၊ ဖြစ်စဉ်၊ ပါဝင် ပတ်သက်နေတဲ့ အစုအဖွဲ့တွေရဲ့ ရပ်တည်ချက်တွေကို ကွဲကွဲပြားပြားသိရှိထားဖို့အချက်က အရေးပါလှပါတယ်။ နိုင်ငံရေးစနစ်အလှည့်အပြောင်းတွေအကြားမှာ ပြည်တွင်းစစ်ရဲ့ သက်ဆိုးရှည်မှုက သတိပြုစရာပါ။ ငြိမ်းချမ်းရေး တည်ဆောက်ရေးဖြစ်စဉ်မှာ လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးဆွေးနွေးပွဲအသွင် ပြောင်းလဲနိုင်ဖို့က အဓိကကျတဲ့ ကနဦး ခြေလှမ်းဖြစ်ပါတယ်။ […]

မြေယာစီမံအုပ်ချုပ်မှုစနစ်-အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စဉ်းစားချက်များ (သုတေသနစာတမ်း မိတ်ဆက်)

Posted on

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ကိုင်တွယ်ဖြေရှင်းရမယ့် စိန်ခေါ်မှုများစွာအနက်မှ ထင်ရှားတဲ့ အရေးကိစ္စတခုက မြေယာစီမံအုပ်ချုပ်မှု စနစ်ဖြစ်ပါတယ်။ ကိုလိုနီခေတ်က အစပြုလို့  မျက်မှောက်ခေတ် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလအထိ မြေယာစီမံအုပ်ချုပ်မှုနဲ့ ပတ်သတ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရေးဆွဲခဲ့သလို၊ ခေတ်နဲ့အညီ ပြောင်းလဲမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ လုံလောက်မှုမရှိသေးဘဲ မြေယာကဏ္ဍအတွက် ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ အခုဖော်ပြမယ့်စာစုမှာ  မြေယာစီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး အနာဂတ်ဖက်ဒရယ်နိုင်ငံအတွက် ရည်မျှော်တဲ့ စဉ်းစားချက်တွေကို ပြုစုဆွေးနွေးထားတဲ့ သုတေသနစာတမ်းတခုကို မိတ်ဆက်ရေးသားမှာ ဖြစ်ပါတယ်။ […]

နမ်ဆန်ယန် နေရပ်ပြန် စစ်ရှောင်ပြည်သူများ၏ အတွေ့အကြုံကို ဆန်းစစ်ကြည့်ခြင်း (သုတေသနစာတမ်း မိတ်ဆက်)

Posted on

မြန်မာနိုင်ငံမှာ ကာလရှည် ဖြစ်နေဆဲ ပြည်တွင်းစစ်ကြောင့် ထင်သာမြင်သာရှိတဲ့ ဘေးထွက်ဆိုးကျိူးတခုက နေရပ် စွန့်ခွာ ထွက်ပြေးကြရတဲ့ စစ်ရှောင်ပြည်သူတွေ (IDP – Internally Displaced Persons) များပြားလာတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် လက်နက်ကိုင်ပဋိပက္ခရဲ့ ရေချိန် အတက်အကျဟာ စစ်ရှောင်ပြည်သူတွေရဲ့ ဘဝတွေအပေါ် တိုက်ရိုက် သက်ရောက်မှုရှိနေပါတယ်။ မတည်ငြိမ်တဲ့ အခြေအနေတရပ်မှာ ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခက အရင်းခံအကြောင်းတရား တခု ဖြစ်ပြီး ပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်ကြရင်း ဒုက္ခ ပင်လယ်ဝေနေတာက အကျိုးတရား တခု ဖြစ်တယ်ဆိုတာ သတိပြုဖို့ […]

တရားမျှတမှု လက်လှမ်းမီရေးဆိုင်ရာ လေ့လာတိုင်းတာမှုစစ်တမ်း (သုတေသနစာတမ်း မိတ်ဆက်)

Posted on

အစိုးရတရပ်ရဲ့ လုပ်ငန်းဆောင်တာကို ဖွင့်ဆိုကြတဲ့အခါမှာ ဥပဒေပြုရေး၊အုပ်ချုပ်‌ရေး နဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ဟာ အဓိက အစိတ်အပိုင်းအနေနဲ့ ပါဝင်ပါတယ်။ဒီမဏ္ဍိုင်သုံးရပ်စလုံး အပြန်အလှန်ထိန်းကျောင်းခြင်းကတဆင့် နိုင်ငံတော်ရဲ့ အာဏာကို ဟန်ချက်ညီညီကျင့်သုံးနိုင်ဖို့လိုသလို မဏ္ဍိုင်တခုချင်းစီကလည်း အရည်အသွေးပြည့်မီနေဖို့ လိုပါတယ်။နိုင်ငံတနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အားကောင်းမှု ရှိ၊မရှိ ဆိုတာကို ဆန်းစစ်တဲ့အခါမှာ တရားစီရင်ရေးကဏ္ဍ ဘယ်လောက်အားကောင်းမှုရှိသလဲ၊ ဥပဒေရဲ့ ထိုက်သင့်တဲ့ အကာအကွယ်ကို ဘယ်လောက်ရရှိကြသလဲ၊တရားစီရင်ရေးက ဘယ်လောက်မျှတမှုရှိသလဲ စတဲ့အချက်တွေနဲ့ တိုင်းတာလေ့လာနိုင်ပါတယ်။ […]

အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ လုံခြုံရေးဆိုင်ရာ မျှော်မှန်းချက် (သုတေသနအစီရင်ခံစာ မိတ်ဆက်)

Posted on

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဆက်နွယ်နေတဲ့ လုံခြုံရေးကဏ္ဍကို ချဉ်းကပ်လေ့လာကြတဲ့ အခါ ယေဘုယျအားဖြင့် National Security (ဝါ) အမျိုးသားလုံခြုံရေးနဲ့ Human Security(ဝါ)လူသားလုံခြုံရေးဆိုပြီး အသွင်နှစ်မျိုးနဲ့တွေ့ရလေ့ရှိပါတယ်။ တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍကို ဆန်းစစ်ကြမယ်ဆိုရင် ဒီချဉ်းကပ်မှု အသွင်နှစ်မျိုးနဲ့ပဲ အများဆုံး ဆန်းစစ်ကြတယ်လို့ ယူဆပါတယ်။ ဒီလုံခြုံရေးခက်မ နှစ်ဖြာဟာ ဆက်စပ်နေကြတယ် ဆိုပေမယ့် အလေးပေးမှုအပေါ် မူတည်ပြီး မတူညီတဲ့ သက်ရောက်မှုမျိုးတွေ ဖြစ်ပေါ်လာ နိုင်ပါတယ်။ […]