၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုသဘောထားအမြင်စစ်တမ်း (အစီရင်ခံစာမိတ်ဆက်)
Posted onမြန်မာနိုင်ငံက ယခုလက်ရှိအချိန်မှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ် နှစ်ခု ဆုံချက်ကျနေတဲ့ အချိန်ဖြစ်ပါတယ်။ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ဆွေးနွေးမှုတွေ ဆက်လက်ဖော်ဆောင်နိုင်ခဲ့သလို၊ တစ်ဆို့မှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် အတွင်းမှာလည်း လက်နက်ကိုင်ပဋိပက္ခအရှိန်တွေ ပိုမိုပြင်းထန်လာပါတယ်။ ရွေးကောက်ပွဲကနေတက်လာမယ့် အစိုးရအစုအဖွဲ့တွေအတွက် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်မှာ အရွေ့တခု ဖော်ဆောင်နိုင်ဖို့က အမှန်တကယ် လိုအပ်ပါတယ်။ ဒီလိုအခြေအနေမှာ ပြည်သူတွေအတွက် ရွေးကောက်ပွဲကနေတဆင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်မှာပါ ပါဝင်နိုင်တဲ့၊အကျိုးသက်ရောက်မှုရှိအောင် ပြုလုပ်နိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။ ယခု စာစုမှာတော့ မကြာမီကျင်းပတော့မယ့် ၂၀၂... […]