တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ (ဒီဇင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးခဲ့ကြောင်း တရားဝင် သတင်းဖော်ပြချက်များအရ သိရပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် RCSS/SSA အဖွဲ့နှင့် PSLF/TNLA အဖွဲ့တို့ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေ၍ အရပ်သား ရာနှင့် ချီ တိမ်းရှောင်နေရပါသည်။ အလားတူ နမ့်ဆန်မြို့နယ်တွင်လည်း မိုင်းပေါက်ကွဲမှု ကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ထို့အပြင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် တပ်မတော် နှင့် KNU တပ်မဟာ(၁)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ နောက်ဆုံးပတ်) Round-Up,

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ နောက်ဆုံးပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ (ဒီဇင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း ၁၄ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရနှင့် မိုင်းလားအဖွဲ့ (NDAA)တို့မှ ထုတ်ပြန်ချက် ကိုးခု အထိ ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် တပ်မတ... […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ တတိယပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်မှ ၂၃ ရက်အထိ (ဒီဇင်ဘာ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ မဖြစ်ရေးအတွက် ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပါတီများမှ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည့် သတင်းများက လွှမ်းမိုးနေပါသည်။ ထို့အပြင် အရပ်သားများကို ပြန်ပေးဆွဲခဲ့သည့် TNLA ၏ လုပ်ရပ်သည် ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်ကြောင်း တပ်မတော်က ပြောကြားခဲ့ခြင်း၊ ကလေးစစ်သ... […]

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ (ဒီဇင်ဘာ တတိယပတ်) ကာလအတွင်း ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ တပ်မတော်နှင့် AA အဖွဲ့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀ဒေသများတွင် တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်သွားသည်မှာ နှစ်လကြာ ရှိခဲ့ပြီဖြစ်ပါသည်။ သို့ရာတွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တပ်မတော် နှင့် KNU တပ်မဟာ ၅ တို့ စစ်ရေးတင်းမာနေ၍ ဒေသခံ ရာနှင့် ချီ တိမ်းရှောင်နေရပါသည်။ ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်တွင်လည်း တပ်မတော်နှင့် TNLA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ တတိယပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ (ဒီဇင်ဘာ တတိယပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း ၁၀ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ (ဒီဇင်ဘာ ဒုတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် ဖာပွန်ခရိုင်အတွင်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ နှစ်ဖက်အပြန်အလှန်စွပ်စွဲပြောကြားသည့်သတင်းများက လွှမ်းမိုးနေပါသည်။ […]