ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ ဒုတိယပတ်)
By Nyein Ko Ko Soe, Onတပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့အကြား စစ်ရေးတင်းမာနေမှုနှင့် ပတ်သက်သည့် သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်အထိ (ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အာရုံစိုက်စရာ ဖြစ်နေပါသည်။ ထို့အပြင် ULA/AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ရေးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့ခြင်း၊ NLD ပါတီအစိုးရ၏ လာမည့်သက်တမ်းတွင် ငြိမ်းချမ်းရေး ပိုမိုအောင်မြင်နိုင်ဟု KNU/KNLA-PC ဥက္ကဋ္ဌက မှတ်ချက်ပြုခဲ့ခြင်းစသည့်သတင်းများလည်း ရှိနေပါသည်။ […]