တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် တိုက်ပွဲ ဖြစ်ပွားမှု လုံး၀မရှိသကဲ့သို့ အရပ်သား ထိခိုက် ဒဏ်ရာရမှုလည်း မရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ နောက်ဆုံးပတ်) Round-Up,

ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ နောက်ဆုံးပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းတို့မှ စုစုပေါင်း ၁၃ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ စတုတ္ထပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ စတုတ္ထပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ (နိုဝင်ဘာ စတုတ္ထပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်နှင့် ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို အပစ်ရပ် ၁၀ ဖွဲ့ ခေါင်းဆောင်များ၊ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)နှင့် ULA/AA အဖွဲ့တို့၏ ဂုဏ်ပြုမှုနှင့် ဆက်စပ်သည့် သတင်းများက လွှမ်းမိုးနေပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ (နိုဝင်ဘာ တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲ မရှိခဲ့သော်လည်း မိုင်းပေါက်ကွဲ၍ အရပ်သားတဦး ဒဏ်ရာရခဲ့ပြီး မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ တတိယပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ (နိုဝင်ဘာ တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပါတီများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၅ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ (နိုဝင်ဘာ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်  NCA လက်မှတ်ထိုးရန် “၀”အဖွဲ့ (UWSP/UWSA) ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းခဲ့ခြင်းနှင့် ဆက်စပ်သည့်သတင်းများက လွှမ်းမိုးနေပါသည်။ ထို့အပြင် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကိုယ်စားလှယ်များက ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်းနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် “၀” ဒေသသို့ လာရောက်ရေး မျှော်လင့်ကြောင်း “၀” အဖွဲ့တာဝန်ရှိသူက ပြောကြားခဲ့ခြင်းစသည့်သတင်းများလည်း ရှိခဲ့ပါသည်။ […]