ထုတ်ပြန်ကြေညာချက်များ(ဖေဖော်ဝါရီ ဒုတိယပတ်)

By Pan Su Wai, On

၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ (ဖေဖော်ဝါရီ ဒုတိယပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၂ ခု ထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခြောက်ခုထိ ထွက်ရှိခဲ့ပြီး အစိုးရအဖွဲ့မှ သုံးခု၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့နှင့် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့တို့မှ တခုစီထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ ပထမပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ( ဖေဖော်ဝါရီ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အစိုးရအနေဖြင့် AA အဖွဲ့နှင့် တိုက်ရိုက်ပြောဆိုဆွေးနွေးမှုများ ပြု လုပ်တော့မည်မဟုတ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့မှု၊ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ လူထုသို့ NCA အကြောင်း ရှင်းလင်းသည့်ဆွေးနွေးပွဲကို တပ်မတော်က လာရောက်တားမြစ်ခဲ့မှုတို့မှာ ငြိမ်းခ... […]

တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ ပထမပတ်) Round-Up,

တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ (ဖေဖော်ဝါရီပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုင်းငေါ့မြို့နယ်ခွဲနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု လေးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဖေဖော်ဝါရီ ပထမပ... […]

ထုတ်ပြန်ကြေညာချက်များ (ဖေဖော်ဝါရီ ပထမပတ်)

By Pan Su Wai, On

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ  ၂၈ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ (ဇန်နဝါရီ ပထမပတ်) ကာလအတွင်း တပ်မတော်၊ AA အဖွဲ့ ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ကိုးခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ငါးခုထိ ထွက်ရှိခဲ့ပြီး AA အဖွဲ့၊  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့၊ ကယားလီဖုလူငယ်များအဖွဲ့တို့မှ တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ ရက်မှ ဇန်နဝါရီ ၃၀ ရက်အထိ ( ဇန်နဝါရီ နောက်ဆုံးပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် လူချင်းအလဲအလှယ် မလုပ်လျှင် စစ်ဘက်နှင့် ဆိုင်သူများကို လွှတ်ပေးမည်မဟုတ်ဟု AA ပြောရေးဆိုခွင့်ရှိသူခိုင်သုခက ပြောကြားခဲ့မှု၊ ဖာပွန်တွင် တပ်ရင်းမှူး မိုင်းထိကျဆုံးခဲ့ပြီးနောက် KNU ၏ ဆောင်ရွက်ချက်များကို သတိပေးကန့်ကွက်ထားဟု တပ်မတော်ဘက်က ထုတ်ပြန်ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံ စိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့ပြင် တပ်မတော်၏ လေးလပတ်အစည်းအဝေးရှိ၍ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့နှင့် သီးခြားစီ တွေ့ဆုံ၍ တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ထားခြင်းကို ဖေဖော်ဝါရီသို့ ရွှေ့ ဆိုင်းခဲ့မှု၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုတွင် မွန်ပြည်သစ်ပါတီမှ အဖွဲ့အစည်းရပ်တည်ရေးအတွက် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ (ဇန်နဝါရီ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်မြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု လေးကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု လေးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဇန်နဝါရီနောက်ဆုံးပတ်ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တပ်မတော်နှင့် AA၊ TNLA အဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားမှု လျော့ကျခဲ့သော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သားသေဆုံးမှုများ ရှိခဲ့ပြီး ကရင်ပြည်နယ်တွင်လည်း KNU တပ်မဟာ(၅) နယ်မြေအတွင်း မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် တပ်မတော်မှ တပ်ရင်းမှူးတဦး ကျဆုံးခဲ့ပါသည်။ […]