ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ နောက်ဆုံးပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်မှ ဇန်နဝါရီ ၂၈ ရက်အထိ(ဇန်နဝါရီ နောက်ဆုံးပတ်)ကာလအတွင်း တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ စုစုပေါင်းကိုးခုထက် မနည်းသောထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခုစီ ထုတ်ပြန်ခဲ့ကြပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)နှင့် ခူမီးလူငယ်များအသင်း (KYA)တို့က ထုတ်ပြန်ချက်တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ စတုတ္ထပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ စတုတ္ထပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ( ဇန်နဝါရီ စတုတ္ထပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် မြောက်ပိုင်းလေးဖွဲ့အနေဖြင့် လိုလားချက်များရရှိပါက NCA ထိုးရန် အသင့်ဖြစ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့မှု၊ တပ်မတော်မှ ဒရုန်းများအသုံးပြု၍ ၎င်းတို့၏တပ်စခန်းများကို စုံစမ်းထောက်လှမ်းနေကြောင်း KNU တပ်မဟာ(၅)က JMC-S သို့ ကန့်ကွက်စာပို့ခဲ့မှ... […]

ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ တတိယပတ်) Round-Up,

ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ တတိယပတ်)

By Pan Su Wai, On

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၁၄ရက်မှ ဇန်နဝါရီ ၂၃ ရက်အထိ (ဇန်နဝါရီ တတိယပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၉ ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခုနစ်ခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရအဖွဲ့မှ ငါးခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ရှစ်ခု၊ ရှမ်းတိုင်း... […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်မှ ဇန်နဝါရီ ၂၃ ရက်အထိ(ဇန်နဝါရီတတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်၊ နမ့်ခမ်းနှင့် ကျောက်မဲမြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှု ခုနစ်ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု ငါးဦးရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဇန်နဝါရီ တတိယပတ်ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲဖြစ်ပွားမှုလျော့ကျသွားခဲ့သော်လည်း မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှု များပြားခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲများသုံးရက်ဆက်ဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီတတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၀ ရက်မှ ဇန်နဝါရီ ၁၆ ရက်အထိ( ဇန်နဝါရီ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တရုတ်သမ္မတ ၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များနှင့် လိုင်ဇာ၌ တွေ့ဆုံမှုတွင် တရုတ်အထူးကိုယ်စားလှယ်က တိုက်ပွဲများ လျှော့ချရပ်တန့်ရန် တိုက်တွန်းခဲ့မှု၊ တပ်မတော်နှင့် KNU ဆွေးနွေးပွဲတွင် ပဋိပက္ခဖြစ်ခဲ့သည့် လမ်းဖောက်လုပ်ရေးကိစ္စပြေလည်ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့အပြင် တရုတ်နှစ်သစ်ကူးရှိ၍ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ဆွေးနွေးပွဲကို ဖေဖော်ဝါရီသို့ ရွှေ့ဆိုင်းခဲ့မှု၊ ဧပြီထက် နောက်မကျဘဲ ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ်ကို အပိုင်းသုံးပိုင်းဖြင့် ချုပ်ဆိုရန် စီစဉ်ထားမှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၁၄ ရက်အထိ (ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မြောက်ဦး၊ မင်းပြား၊ အမ်း၊ ကျောက်တော်၊ မြေပုံ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှု ၁၇ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သား သေဆုံးမှု လေးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဇန်နဝါရီ ဒုတိယပတ်ကာလတွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်အရပ်သားများ ဖမ်းဆီးသတ်ဖြတ်ခံရမှုများ ရှိခဲ့ပါသည်။  […]