ထုတ်ပြန်ကြေညာချက်များ (ဖေဖော်ဝါရီ စတုတ္ထပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ  ၁၈ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ (ဖေဖော်ဝါရီ စတုတ္ထပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ကျောင်းသားသမဂ္ဂများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၅ ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ငါးခုအထိ ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခြောက်ခု၊ အရပ်ဘက်အဖွဲ့အစည်းများမှ သုံးခုနှင့် ကျောင်းသားသမဂ္ဂ သုံးခုမှ ပူးတွဲကြေညာချက်တခု ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ တတိယပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အထိ( ဖေဖော်ဝါရီ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း၊ လမ်းဖောက်လုပ်ရေးကိစ္စနှင့် ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့အကြား ပြေလည်မှု မရခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန... […]

တိုက်ပွဲဖြစ်ပွားမှုများ (ဖေဖော်ဝါရီ တတိယပတ်) Round-Up,

တိုက်ပွဲဖြစ်ပွားမှုများ (ဖေဖော်ဝါရီ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အထိ (ဖေဖော်ဝါရီ တတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ် မနည်းရှိခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဖေဖော်ဝါရီ တတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်န... […]

ထုတ်ပြန်ကြေညာချက်များ(ဖေဖော်ဝါရီ တတိယပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၁ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ (ဖေဖော်ဝါရီ တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီ၊ ကျောင်းသားသမဂ္ဂများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၉ ခု ထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ငါးခုအထိ ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သုံးခု၊ အရပ်ဘက်အဖွဲ့အစည်းများမှ ခုနစ်ခုနှင့် အစိုးရအဖွဲ့၊ AA အဖွဲ့၊ ကျောင်းသားသမဂ္ဂများ၊ NLD ပါတီတို့မှ တခုစီထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ ( ဖေဖော်ဝါရီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပရန် စီစဉ်ထားသည့် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ ဆွေးနွေးပွဲ ထပ်မံရွှေ့ဆိုင်းရနိုင်မှု၊ KNU တပ်မဟာ ၅ ထိန်းချုပ်ဒေသအတွင်း လက်နက် ကြီးများ ပစ်ခတ်ခဲ့ခြင်းမှာ လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အ တွင်း အာရုံစိုက်စရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ ထို့ပြင် NCA လက်မှတ်ထိုးရန် ကျန်နေသေးသော လက်နက်ကိုင်အဖွဲ့များ လက်မှတ်ထိုးနိုင်ရေး ကူညီကြရန် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းခဲ့ခြင်းနှင့် ၂၁ ရာစု ပင်လုံ ညီလာခံကို ဧပြီထက်နောက်မကျဘဲ ကျင်းပရန် အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များ၏ ရှမ်းအမျိုး သားနေ့ လွယ်တိုင်းလျန်းခရီးစဉ်တွင် ထပ်မံအတည်ပြုခဲ့ခြင်းတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာကိစ္စများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ(ဖေဖော်ဝါရီ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ အမ်း၊ မင်းပြားမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၃၀ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည်ကျရောက်မှုတို့ကြောင့် အရပ်သား ငါးဦးသေဆုံး၊ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် KNU အဖွဲ့အကြား တင်းမာမှုရှိနေသည့် ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ(၅)နယ်မြေတွင်လည်း တပ်မတော်မှ လက်နက်ကြီးများဖြင့် ၆ ရက်ဆက် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။ […]