ထုတ်ပြန်ကြေညာချက်များ(မတ်လ ပထမပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်မှ မတ် ၉ ရက်အထိ (မတ်လ ပထမပတ်)ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ စုစုပေါင်း ၁၇ ခု ထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၆ ခု အထိ ထုတ်ပြန်ခဲ့ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)မှ တခု ထုတ်ပြန်ခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ ပထမပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၅ ရက်အထိ(မတ်လ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ‘ဝ’ဒေသသို့ လာရောက်ပါက NCA လက်မှတ်ထိုးရေးကိစ္စ အထောက်အကူဖြစ်စေမည်ဟု ‘ဝ’အဖွဲ့ (UWSP/UWSA)က ပြောဆိုခဲ့ခြင်း၊ အပစ်ရပ်ခိုင်မာရေးထက် လမ်းဖောက်လုပ်ရေးက ပိုမိုအရေးကြီးသလားဟု တပ်မတော်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ မေးခွန်း ထုတ်ခဲ့ခြင်း... […]

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ ပထမပတ်) Round-Up,

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၄ ရက်အထိ (မတ်လ ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ အမ်း၊ မင်းပြား၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မြေပုံမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းကိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၃၀ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မတ... […]

ထုတ်ပြန်ကြေညာချက်များ (ဖေဖော်ဝါရီ နောက်ဆုံးပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၂ ရက်အထိ (ဖေဖော်ဝါရီ နောက်ဆုံးပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၁ ခု ထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခြောက်ခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)၊ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC)တို့မှ တခုစီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်အဖွဲ့ (MNTJP/ MNDAA)၊ တအာင်းအဖွဲ့ (PSLF/TNLA)၊ ရခိုင်အဖွဲ့ (ULA/AA) တို့ကလည်း ပူးတွဲကြေညာချက်တခု ထုတ်ပြန်ခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဖေဖော်ဝါရီ နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အထိ (ဖေဖော်ဝါရီ နောက်ဆုံးပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် AA အဖွဲ့အတွက် တံခါးပိတ်ထားခြင်း မရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့မှု၊ လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲများ၊ ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး KNU နှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် နှစ်ဖက်သဘောတူထားသည်ဟု တပ်မတော်က ပြောကြားခဲ့မှုတို့မှာ အာရုံစိုက်စရာအကြောင်းအရာများ ဖြစ်ခဲ့သည်။ ထို့ပြင် FPNCC အဖွဲ့ဝင်မဟာမိတ်များနှင့် သဘောတူညီမှုရပြီးမှသာ NCA ရေးထိုးရေး ဆုံးဖြတ်နိုင်မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဘုန်းဟန်က ပြောကြားခဲ့ခြင်း၊ ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မတ်လနှောင်းပိုင်းတွင် ကျင်းပနိုင်ရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SS)အဖွဲ့က ပြင်ဆင်နေခြင်းတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာကိစ္စများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ (ဖေဖော်ဝါရီ နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၂ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်နှင့် ARSA တို့ အကြား ဖြစ်ပွားမှု၊ NCA လက်မှတ်ထိုးထားသည့် KNU နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုတို့လည်း ရှိခဲ့သည်။ […]