ထုတ်ပြန်ကြေညာချက်များ (ဧပြီ ပထမပတ်)        

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်မှ ဧပြီ ၆ ရက်အထိ (ဧပြီ ပထမပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များမှ စုစုပေါင်း ၂၀ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။          အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၃ခု အထိ ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခု၊ အစိုးရ၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်း နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များမှ တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။         […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ ပထမပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် မတ်၂၇ ရက်မှ ဧပြီ ၂ ရက်အထိ (ဧပြီ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် COVID – 19 ကပ်ရောဂါအခြေအနေကြောင့် အစိုးရနှင့် တပ်မတော်အနေဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့က တောင်းဆိုခဲ့ကြခြင်း၊ COVID - 19 ထိန်းချုပ်ရေးအတွက် အပစ်အခတ်ရပ်စ... […]

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ နောက်ဆုံးပတ်) Round-Up,

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်မှ မတ် ၃၁ ရက်အထိ (မတ်လ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တော၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ဆယ်ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သား သေဆုံးမှု ကိုးဦးရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မတ်လ နောက်ဆုံးပတ်ကာလအတွင်း ... […]

ထုတ်ပြန်ကြေညာချက်များ (မတ်လ နောက်ဆုံးပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်မှ ၃၀ ရက်အထိ (မတ်လ နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၄ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၄ ခုအထိ ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခြောက်ခု၊ အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခု၊ ပြည်ထောင်စုအစိုးရနှင့် နိုင်ငံရေးပါတီတို့မှ တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှ ၂၆ ရက်အထိ (မတ်လ နောက်ဆုံးပတ်)ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် ULA/AA အဖွဲ့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာခဲ့မှု၊ အစိုးရ၏ ကြေညာချက်မှာ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖျက်ဆီးခြင်းဖြစ်သည်ဟု AA အဖွဲ့က ပြန်လည်တုံ့ပြန်ခဲ့မှုတို့သည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို လှုပ်ခတ်စေခဲ့သည့် အကြောင်းအရာများ ဖြစ်ခဲ့ သည်။ ထို့ပြင် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ခြင်းမှာ ဆွေးနွေးနေသည့် ပဏာမအပစ်ရပ်စာချုပ် (Bilateral) ဆွေးနွေးနေမှုများကို အဟန့်အတား ဖြစ်စေနိုင်သည်ဟု မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ က ပြောကြားခဲ့ခြင်း၊ AA အဖွဲ့အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် စစ်ရေးအရ အခြေချ လှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုရန် ချင်းအမျိုးသားတပ်ဦး(CNF)က တောင်းဆိုခဲ့ခြင်း တို့မှာလည်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ စတုတ္ထပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်မှ မတ် ၂၄ ရက်အထိ (မတ်လ စတုတ္ထပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ ကျောက်ဖြူမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မတ်လ စတုတ္ထပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၉ ဦးအထိ ရှိခဲ့ပါသည်။ […]