တိုက်ပွဲဖြစ်ပွားမှုများ (မေ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၉ ရက်မှ မေ ၆ ရက်အထိ (မေ ပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တော၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ တွင် တိုက်ပွဲဖြစ်ပွားမှု သုံးကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မေ ပထမပတ်အတွင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သော်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ARSA အဖွဲ့က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (မေ ပထမပတ်) Round-Up,

ထုတ်ပြန်ကြေညာချက်များ (မေ ပထမပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၈ ရက်မှ မေ၄ ရက်အထိ (မေ ပထမပတ်) ကာလအတွင်း  ပြည်ထောင်စု အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်  အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း ၁၇ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ရှစ်ခု အထိ ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခုနစ်ခု၊ အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ တခုစီ အသီး... […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ နောက်ဆုံးပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိ (ဧပြီ နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် COVID-19 ကပ်ရောဂါကို အတူတကွပူးပေါင်းရင်ဆိုင်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အထောက်အကူဖြစ်စေနိုင်ကြောင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်အချို့က ပြောကြားခဲ့ခြင်း၊ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရေး ဆက... […]

တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ (ဧပြီ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မြောက်ဦး၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သား ကိုးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဧပြီ နောက်ဆုံးပတ်အတွင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ် မူဆယ်မြို့တွင်လည်း ပြည်သူ့စစ်အဖွဲ့ပိုင်ဟိုတယ်ကို လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဧပြီ နောက်ဆုံးပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် ဧပြီ ၂၁ ရက်မှ ၂၇  ရက်အထိ (ဧပြီ နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးနှင့် အရပ်ဘက်အဖွဲ့ အစည်းများမှ  စုစုပေါင်း ၂၀ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၁၀ ခု အထိ ထုတ်ပြန်ခဲ့ပြီး တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများမှ ငါးခု၊ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခုစီနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ တခု ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဧပြီ ၁၇ ရက်မှ ဧပြီ ၂၂ ရက်အထိ (ဧပြီ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် COVID-19 ကပ်ရောဂါ အခြေအနေကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို မလွဲမသွေ ရွှေ့ဆိုင်းရပြီဟု NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့ခြင်း၊ COVID - 19 ရောဂါကို ရင်ဆိုင်နေရချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း၊ ထိုးစစ်ဆင်ခြင်းများ မလုပ်သင့်ကြောင်း KIO/KIA အဖွဲ့က ပြောကြားခဲ့ခြင်းတို့မှာ စိတ်ဝင်စားစရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ လက်နက်ကိုင်ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်၍ ထုတ်ပြန်မှုတွင် ULA/AA အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန် အသက်စွန့်ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်နေသောတပ်မတော်သား အရာရှိ စစ်သည်အားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့မှုမှာလည်း ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ကိစ္စတခု ဖြစ်ခဲ့ပါသည်။ […]