တိုက်ပွဲဖြစ်ပွားမှုများ(ဇွန် နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ (ဇွန် နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ စစ်တွေ၊ မြေပုံ၊ ကျောက်ဖြူမြို့နယ်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်နှင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တို့တွင် တိုက်ပွဲ ၁၃ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား လေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အဖွဲ့တို့ ငါးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်တွင်လည်း KIO/KIA အဖွဲ့နှင့် တပ်မတော်တို့... […]

ထုတ်ပြန်ကြေညာချက်များ (ဇွန် နောက်ဆုံးပတ်)   Round-Up,

ထုတ်ပြန်ကြေညာချက်များ (ဇွန် နောက်ဆုံးပတ်)  

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၃ ရက်မှ ၂၉ ရက်အထိ (ဇွန် နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအတွင်းရှိ သံတမန် အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့စည်းများမှ စုစုပေါင်း ၁၉ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ရှစ်ခုထိ  ထုတ်ပြန်ခဲ့ပြီး အစိုးရမှ သုံ... […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် စတုတ္ထပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် စတုတ္ထပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇွန် ၁၉ ရက်မှ ၂၅ ရက်အထိ (ဇွန် စတုတ္ထပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် ၂၁ ရာစု ပင်လုံညီလာခံကို ဩဂုတ်လ ဒုတိယပတ်တွင် ကျင်းပရန် သုံးပွင့်ဆိုင် သဘောတူခဲ့ခြင်း၊ အွန်လိုင်းမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရ၏ကမ်းလှမ်းချက်ကို မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့က ပယ်ချလိုက်ပြီး COVID-19 ကပ်ရောဂါအလွန်မှသာ ဆွေးနွေးတော့မည်ဟု တုန့်ပြန်ထားခြင်းတို့မှာ ငြိမ်းချမ်းရေးလု... […]

တိုက်ပွဲဖြစ်ပွားမှုများ (ဇွန် တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ (ဇွန် တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်များနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲ ရှစ်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်လည်း တပ်မတော်နှင့် KIO/KIA အဖွဲ့၊ PSLF/TNLA အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဇွန် တတိယပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁၆ ရက်မှ ၂၂ ရက်အထိ (ဇွန် တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ  စုစုပေါင်း ၁၉ ခုထက် မနည်းသော ထုတ်ပြန် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၃ခုထိ  ထုတ်ပြန်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများမှ သုံးခုနှင့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံအတွင်းရှိ သံတမန် အဖွဲ့အစည်းများမှ တခုစီ  အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇွန် ၁၂ ရက်မှ ၁၈ ရက်အထိ (ဇွန် တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် KIO/KIA အဖွဲ့ အနေဖြင့် အပစ်ရပ်စဲရေးကို မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့နှင့် အတူ လုပ်ဆောင်ရန် ခက်ခဲနေပါက တစ်ဖွဲ့တည်း ခွဲ၍ လုပ်ဆောင်ရန် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက တိုက်တွန်းခဲ့မှု၊ ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းအာဏာပိုင်များက လာရောက်သတိပေးခဲ့မှုတို့မှာ သတိပြုစရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ […]