တိုက်ပွဲဖြစ်ပွားမှုများ (ဇူလိုင် နောက်ဆုံးပတ်)
By Nyein Ko Ko Soe, On၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အထိ (ဇူလိုင် နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြားမြို့နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တို့တွင် တိုက်ပွဲ သုံးကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့ အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်လည်း တပ်မတော်နှင့် SSPP/SSA အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ပါသည်။ […]