တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂ ရက်မှ ၈ ရက်အထိ (စက်တင်ဘာ ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြား၊ ကျောက်တော်မြို့နယ်များနှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တို့တွင် တိုက်ပွဲ ခုနစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား ခုနစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု စိုးရိမ်နေရသော်လည်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။ ထို့အပြင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင်လည်း တပ်မတော်နှင့် DKBA ခွဲထွက်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့သည်။ […]

ထုတ်ပြန်ကြေညာချက်များ (စက်တင်ဘာ ပထမပတ်) Round-Up,

ထုတ်ပြန်ကြေညာချက်များ (စက်တင်ဘာ ပထမပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိ (စက်တင်ဘာ ပထမပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၄ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ကိုးခုအထိ ထွက်ရှိခဲ့ပြီး အစိုးရမှ နှစ်ခု၊ အရပ်ဘက်အဖွဲ့အစည်းများမှ လေ... […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ ပထမပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ (စက်တင်ဘာ ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့ကို အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ၌ လက်ခံဆွေးနွေးခြင်း ပြု၊ မပြုမှာ NRPC အပေါ် မူတည်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး တရုတ်နိုင်ငံက ဆက်လက်ကူညီပေးရန် ညီနောင်မဟာမိတ် ၃ ... […]

တိုက်ပွဲဖြစ်ပွားမှုများ (ဩဂုတ် နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ (ဩဂုတ် နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်မြို့နယ်များတွင် တိုက်ပွဲ နှစ်ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့ အကြား ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုမြင့်မားနေချိန်တွင် စစ်ရေးတင်းမာမှုများ ဆက်ဖြစ်ပေါ် နေပါသည်။ ထို့အပြင် ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီကားလမ်းဟောင်းရှိ ဆက်သွယ်ရေးစခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သား အချို့ တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဩဂုတ် နောက်ဆုံးပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ (ဩဂုတ် နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ စုစုပေါင်း ၁၃ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခြောက်ခုအထိ ထွက်ရှိခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တခုနှင့် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပါတီများက နှစ်ခုစီ အသီးသီး ထုတ်ပြန်ခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဩဂုတ် နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၁ ရက်မှ ၂၇ ရက်အထိ (ဩဂုတ် နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် NCA စာချုပ်တွင် လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရနှင့် “၀”အဖွဲ့ (UWSP/ UWSA) တို့အကြား MoU လက်မှတ်ထိုးမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်း၊ ၂၀၂၀ အလွန် တွင် ငြိမ်းချမ်းရေးအလားအလာကောင်းကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက သုံးသပ်ခဲ့ခြင်းတို့မှာ အာရုံစိုက်စရာ ဖြစ်ခဲ့ပါသည်။ […]