တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ (စက်တင်ဘာ တတိယပတ်) ကာလအတွင်း ရခိုင်ပြည် နယ် (မြောက်ပိုင်း) ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် တိုက်ပွဲ သုံးကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ် ပလက်၀မြို့နယ်နှင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတို့ကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (စက်တင်ဘာ တတိယပတ်) Round-Up,

ထုတ်ပြန်ကြေညာချက်များ (စက်တင်ဘာ တတိယပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ (စက်တင်ဘာ တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၄ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ကိုးခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ နှစ်ခု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရခိုင်အမျိုးသားပါတီ (ANP)၊ လ... […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ တတိယပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ (စက်တင်ဘာ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား လက်နက်ကိုင်လမ်းစဉ် စွန့်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်မှာ လက်နက်ချခိုင်းခြင်း မဟုတ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းခဲ့သည့်သတင်း၊ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့အကြား အွန်လိုင်းမှတဆင့် ဆွေးနွေးရန် သဘောတူညီမ... […]

တိုက်ပွဲဖြစ်ပွားမှုများ (စက်တင်ဘာ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ (စက်တင်ဘာ ဒုတိယပတ်) ကာလအတွင်း ချင်းပြည်နယ် ပလက်၀မြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ တာယန်းမြို့နယ်များတွင် တိုက်ပွဲ ခုနစ်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်လည်း တပ်မတော်နှင့် KIO/KIA၊ PSLF/TNLA ၊ MNTJP/MNDAA အဖွဲ့တို့အကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (စက်တင်ဘာ ဒုတိယပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ (စက်တင်ဘာ ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စု အစိုးရ၊ တပ်မတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ပါတီများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၈ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။            အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခုနစ်ခုအထိ ထွက်ရှိခဲ့ပြီး အစိုးရမှ သုံးခု၊ ပါတီများမှ နှစ်ခု၊ အရပ်ဘက်အဖွဲ့အစည်းများမှ လေးခု၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ယူနီဆက်မြန်မာတို့က တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။      […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (စက်တင်ဘာ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်မှ ၁၀ ရက်အထိ (စက်တင်ဘာ ဒုတိယပတ်) ကာလအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ကိုယ်စားလှယ်တို့ တွေ့ဆုံမှုတွင် နှစ်နိုင်ငံနယ်စပ်ရှိ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ NCA လက်မှတ်ထိုးရေး ထည့်သွင်းဆွေးနွေးခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် ULA/AA အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ခြင်းများ မလုပ်ရန် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အာရုံစိုက်စရာသတင်းများ ဖြစ်ခဲ့ပါသည်။ […]