ထုတ်ပြန်ကြေညာချက်များ (ဖေဖော်ဝါရီ စတုတ္ထပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ  ၁၈ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ (ဖေဖော်ဝါရီ စတုတ္ထပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ကျောင်းသားသမဂ္ဂများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၅ ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ငါးခုအထိ ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခြောက်ခု၊ အရပ်ဘက်အဖွဲ့အစည်းများမှ သုံးခုနှင့် ကျောင်းသားသမဂ္ဂ သုံးခုမှ ပူးတွဲကြေညာချက်တခု ထုတ်ပြန်ခဲ့ကြပါသည်။ ဖေဖော်ဝါရီစတုတ္ထပတ်အတွင်း ထုတ်ပြန်ချက်များအနက် ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် တပ်မတော်နှင့် ARSA အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုဖြစ်စဉ် များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် လွတ်... […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ တတိယပတ်) Round-Up

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အထိ( ဖေဖော်ဝါရီ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း၊ လမ်း ဖောက်လုပ်ရေးကိစ္စနှင့် ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့အကြား ပြေလည်မှု မရခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်င... […]

တိုက်ပွဲဖြစ်ပွားမှုများ (ဖေဖော်ဝါရီ တတိယပတ်) Round-Up

တိုက်ပွဲဖြစ်ပွားမှုများ (ဖေဖော်ဝါရီ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အထိ (ဖေဖော်ဝါရီ တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ် မနည်းရှိခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဖေဖော်ဝါရီ တတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်န... […]

ထုတ်ပြန်ကြေညာချက်များ(ဖေဖော်ဝါရီ တတိယပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၁ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ (ဖေဖော်ဝါရီ တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီ၊ ကျောင်းသားသမဂ္ဂများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၉ ခု ထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ငါးခုအထိ ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သုံးခု၊ အရပ်ဘက်အဖွဲ့အစည်းများမှ ခုနစ်ခုနှင့် အစိုးရအဖွဲ့၊ AA အဖွဲ့၊ ကျောင်းသားသမဂ္ဂများ၊ NLD ပါတီတို့မှ တခုစီထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ ( ဖေဖော်ဝါရီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပရန် စီစဉ်ထားသည့် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ ဆွေးနွေးပွဲ ထပ်မံရွှေ့ဆိုင်းရနိုင်မှု၊ KNU တပ်မဟာ ၅ ထိန်းချုပ်ဒေသအတွင်း လက်နက် ကြီးများ ပစ်ခတ်ခဲ့ခြင်းမှာ လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အ တွင်း အာရုံစိုက်စရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ ထို့ပြင် NCA လက်မှတ်ထိုးရန် ကျန်နေသေးသော လက်နက်ကိုင်အဖွဲ့များ လက်မှတ်ထိုးနိုင်ရေး ကူညီကြရန် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းခဲ့ခြင်းနှင့် ၂၁ ရာစု ပင်လုံ ညီလာခံကို ဧပြီထက်နောက်မကျဘဲ ကျင်းပရန် အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များ၏ ရှမ်းအမျိုး သားနေ့ လွယ်တိုင်းလျန်းခရီးစဉ်တွင် ထပ်မံအတည်ပြုခဲ့ခြင်းတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာကိစ္စများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ(ဖေဖော်ဝါရီ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ အမ်း၊ မင်းပြားမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၃၀ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီးကျည်ကျရောက်မှုတို့ကြောင့် အရပ်သား ငါးဦးသေဆုံး၊ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် KNU အဖွဲ့အကြား တင်းမာမှုရှိနေသည့် ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ(၅)နယ်မြေတွင်လည်း တပ်မတော်မှ လက်နက်ကြီးများဖြင့် ၆ ရက်ဆက် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ(ဖေဖော်ဝါရီ ဒုတိယပတ်)

By Pan Su Wai, On

၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ (ဖေဖော်ဝါရီ ဒုတိယပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၂ ခု ထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခြောက်ခုထိ ထွက်ရှိခဲ့ပြီး အစိုးရအဖွဲ့မှ သုံးခု၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့နှင့် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့တို့မှ တခုစီထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဖေဖော်ဝါရီ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ( ဖေဖော်ဝါရီ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အစိုးရအနေဖြင့် AA အဖွဲ့နှင့် တိုက်ရိုက်ပြောဆိုဆွေးနွေးမှုများ ပြု လုပ်တော့မည်မဟုတ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့မှု၊ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ လူထုသို့ NCA အကြောင်း ရှင်းလင်းသည့်ဆွေးနွေးပွဲကို တပ်မတော်က လာရောက်တားမြစ်ခဲ့မှုတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ ထို့ပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ပြုလုပ်သည့် ရှမ်းပြည်အမျိုးသားနေ့အခမ်းအနားသို့ တပ်မတော်ဘက်မှ အဆင့်မြင့်ဆုံးအရာရှိတဦး၏ ပထမဆုံးတက်ရောက်မှုအဖြစ် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း တက်ရောက်မှု၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံးကိုးမြို့နယ်အတွင်း တပ်မတော်ထံ လက်နက်ချသူများမှာ KIA အဖွဲ့မှ တပ်ဖွဲ့ဝင်များမဟုတ်ကြောင်း KIA ဘက်မှ ငြင်းဆိုခဲ့မှုတို့မှာလည်း ယခုရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာကိစ္စများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဖေဖော်ဝါရီ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ (ဖေဖော်ဝါရီပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုင်းငေါ့မြို့နယ်ခွဲနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု လေးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဖေဖော်ဝါရီ ပထမပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရသေ့တောင်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဖေဖော်ဝါရီ ပထမပတ်)

By Pan Su Wai, On

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ  ၂၈ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ (ဇန်နဝါရီ ပထမပတ်) ကာလအတွင်း တပ်မတော်၊ AA အဖွဲ့ ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ကိုးခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ငါးခုထိ ထွက်ရှိခဲ့ပြီး AA အဖွဲ့၊  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့၊ ကယားလီဖုလူငယ်များအဖွဲ့တို့မှ တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ ရက်မှ ဇန်နဝါရီ ၃၀ ရက်အထိ ( ဇန်နဝါရီ နောက်ဆုံးပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် လူချင်းအလဲအလှယ် မလုပ်လျှင် စစ်ဘက်နှင့် ဆိုင်သူများကို လွှတ်ပေးမည်မဟုတ်ဟု AA ပြောရေးဆိုခွင့်ရှိသူခိုင်သုခက ပြောကြားခဲ့မှု၊ ဖာပွန်တွင် တပ်ရင်းမှူး မိုင်းထိကျဆုံးခဲ့ပြီးနောက် KNU ၏ ဆောင်ရွက်ချက်များကို သတိပေးကန့်ကွက်ထားဟု တပ်မတော်ဘက်က ထုတ်ပြန်ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံ စိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့ပြင် တပ်မတော်၏ လေးလပတ်အစည်းအဝေးရှိ၍ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့နှင့် သီးခြားစီ တွေ့ဆုံ၍ တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ထားခြင်းကို ဖေဖော်ဝါရီသို့ ရွှေ့ ဆိုင်းခဲ့မှု၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုတွင် မွန်ပြည်သစ်ပါတီမှ အဖွဲ့အစည်းရပ်တည်ရေးအတွက် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိ (ဇန်နဝါရီ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်မြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု လေးကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု လေးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဇန်နဝါရီနောက်ဆုံးပတ်ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တပ်မတော်နှင့် AA၊ TNLA အဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားမှု လျော့ကျခဲ့သော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သားသေဆုံးမှုများ ရှိခဲ့ပြီး ကရင်ပြည်နယ်တွင်လည်း KNU တပ်မဟာ(၅) နယ်မြေအတွင်း မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် တပ်မတော်မှ တပ်ရင်းမှူးတဦး ကျဆုံးခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ နောက်ဆုံးပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်မှ ဇန်နဝါရီ ၂၈ ရက်အထိ(ဇန်နဝါရီ နောက်ဆုံးပတ်)ကာလအတွင်း တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ စုစုပေါင်းကိုးခုထက် မနည်းသောထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခုစီ ထုတ်ပြန်ခဲ့ကြပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)နှင့် ခူမီးလူငယ်များအသင်း (KYA)တို့က ထုတ်ပြန်ချက်တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ စတုတ္ထပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ( ဇန်နဝါရီ စတုတ္ထပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် မြောက်ပိုင်းလေးဖွဲ့အနေဖြင့် လိုလားချက်များရရှိပါက NCA ထိုးရန် အသင့်ဖြစ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့မှု၊ တပ်မတော်မှ ဒရုန်းများအသုံးပြု၍ ၎င်းတို့၏တပ်စခန်းများကို စုံစမ်းထောက်လှမ်းနေကြောင်း KNU တပ်မဟာ(၅)က JMC-S သို့ ကန့်ကွက်စာပို့ခဲ့မှုတို့မှာ ယခုရက်သတ္တ ပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့အပြင် NCA လက်မှတ်မထိုးသည့် လက်နက်ကိုင်အဖွဲ့များပါဝင်လက်မှတ်ရေးထိုးရေး ဒေါ်အောင်ဆန်း စုကြည်နှင့် တရုတ်သမ္မတတို့ နေပြည်တော်တွင် ဆွေးနွေးခဲ့မှု၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မတ်လအတွင်း ကျင်းပနိုင်ရေး အစိုးရနှင့် အပစ်ရပ်အဖွဲ့ ညှိနှိုင်းရန် စီစဉ်မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ တတိယပတ်)

By Pan Su Wai, On

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၁၄ရက်မှ ဇန်နဝါရီ ၂၃ ရက်အထိ (ဇန်နဝါရီ တတိယပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၉ ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခုနစ်ခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရအဖွဲ့မှ ငါးခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ရှစ်ခု၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တခုနှင့် အရပ်ဘက်အဖွဲ့ အစည်းများမှ ရှစ်ခုအထိ ထုတ်ပြန်ခဲ့ကြပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်မှ ဇန်နဝါရီ ၂၃ ရက်အထိ(ဇန်နဝါရီတတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်၊ နမ့်ခမ်းနှင့် ကျောက်မဲမြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှု ခုနစ်ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု ငါးဦးရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဇန်နဝါရီ တတိယပတ်ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲဖြစ်ပွားမှုလျော့ကျသွားခဲ့သော်လည်း မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှု များပြားခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲများသုံးရက်ဆက်ဖြစ်ပွားခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီတတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၀ ရက်မှ ဇန်နဝါရီ ၁၆ ရက်အထိ( ဇန်နဝါရီ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တရုတ်သမ္မတ ၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များနှင့် လိုင်ဇာ၌ တွေ့ဆုံမှုတွင် တရုတ်အထူးကိုယ်စားလှယ်က တိုက်ပွဲများ လျှော့ချရပ်တန့်ရန် တိုက်တွန်းခဲ့မှု၊ တပ်မတော်နှင့် KNU ဆွေးနွေးပွဲတွင် ပဋိပက္ခဖြစ်ခဲ့သည့် လမ်းဖောက်လုပ်ရေးကိစ္စပြေလည်ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့အပြင် တရုတ်နှစ်သစ်ကူးရှိ၍ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ဆွေးနွေးပွဲကို ဖေဖော်ဝါရီသို့ ရွှေ့ဆိုင်းခဲ့မှု၊ ဧပြီထက် နောက်မကျဘဲ ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ်ကို အပိုင်းသုံးပိုင်းဖြင့် ချုပ်ဆိုရန် စီစဉ်ထားမှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၁၄ ရက်အထိ (ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မြောက်ဦး၊ မင်းပြား၊ အမ်း၊ ကျောက်တော်၊ မြေပုံ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှု ၁၇ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သား သေဆုံးမှု လေးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဇန်နဝါရီ ဒုတိယပတ်ကာလတွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်အရပ်သားများ ဖမ်းဆီးသတ်ဖြတ်ခံရမှုများ ရှိခဲ့ပါသည်။  […]

ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ ဒုတိယပတ်)

By Pan Su Wai, On

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၇ ရက်မှ ဇန်နဝါရီ ၁၃ ရက်အထိ (ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း အစိုးရအဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၂ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ လေးခုထိထွက်ရှိခဲ့ပြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တခုစီ၊ AA အဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခုစီ ထုတ်ပြန်ခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်မှ ဇန်နဝါရီ ၉ ရက်အထိ ( ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်း ရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် ၂၁ ရာစု ပင်လုံညီလာခံကို ဧပြီထက် နောက်မကျဘဲ ကျင်းပရန် အပါအဝင် အချက်ရှစ်ချက်ကို (၈)ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး( JICM )တွင် သဘောတူညီခဲ့မှု၊  မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် အစိုးရနှင့် တဖွဲ့ချင်း သီးခြားဆွေးနွေးရန် အစီအစဉ်မရှိသေးကြောင်း AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောကြားခဲ့မှုတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇန်နဝါရီ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်မှ ဇန်နဝါရီ ၈ ရက်အထိ (ဇန်နဝါရီ ပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြား၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်ထက် မနည်းရှိခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသားကလေးငယ် လေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဇန်နဝါရီ ပထမပတ် ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုများအနက် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တပ်မတော်နှင့် AA အဖွဲ့အကြား ဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့ပြီး NCA လက်မှတ်ထိုးထားသည့် KNU နှင့် တပ်မတော်တို့ အကြား လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့မှုလည်း ရှိခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ ပထမပတ်)

By Pan Su Wai, On

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၂ ရက်မှ ဇန်နဝါရီ ၆ ရက်အထိ(ဇန်နဝါရီ ပထမပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း လေးခု ထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်တို့က တခုစီ ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဇန်နဝါရီ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်အထိ ( ဇန်နဝါရီ ပထမပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက်  မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က အပစ်ခတ်ရပ်ဆိုင်းခြင်းအချိန်ကို ထပ်မံတိုးမြှင့်လိုက်ခြင်းမှာ တရုတ်နိုင်ငံ၏ ဖိအားကြောင့် မဟုတ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားခဲ့မှု၊  KNPP အနေဖြင့် NCA လက်မှတ်ရေးထိုးရန် ချဉ်းကပ်ဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်နှင့် ကိုက်ညီမည့် နိုင်ငံရေးအခင်းအကျင်းမျိုး ဆွေးနွေးနိုင်မည့် အနေအထားမရှိခြင်းကြောင့် လက်ရှိအချိန်အထိ NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးကြောင်း KNPP ဥက္ကဋ္ဌ ခွန်းအေဘယ်တွိဒ်၏  ပြောကြားခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့အပြင် အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် မတွေ့မီ အပစ်ရပ် ၁၀ ဖွဲ့ခေါင်းဆောင်များက PPST အစည်းအဝေး ကျင်းပရန် စီစဉ်မှု၊ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ဇန်နဝါရီလကုန်ပိုင်းတွင် ပြန်လည်တွေ့ဆုံမည်ဖြစ်ပြီး ကူမင်းဆွေးနွေးပွဲမှ အချက်များ အဆင်ပြေပါက ပဏာမအပစ်ခတ်ရပ်စဲရေး နှစ်ဖက်သဘောတူညီမှု လက်မှတ်ထိုးရေး အခြေအနေကောင်းကြောင်း PCG အဖွဲ့ဝင်ဦးလမိုင်ဂွန်ဂျာက ပြောကြားခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဒီဇင်ဘာနောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်အထိ (ဒီဇင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) အမ်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားသေဆုံးမှု တဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ တိုက်ပွဲဖြစ်ပွားမှုများအနက် တပ်မတော်နှင့် AA ၊ TNLA အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများအပြင် NCA လက်မှတ်ထိုးထားသည့် KNU နှင့် တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့မှုတို့လည်း ရှိခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ(ဒီဇင်ဘာနောက်ဆုံးပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်အထိ (ဒီဇင်ဘာ နောက်ဆုံးပတ်)ကာလအတွင်း တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်ဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်၏ ထုတ်ပြန်ချက်မှာ ခုနစ်ခုအထိ ရှိခဲ့ပြီး နိုင်ငံရေးပါတီများမှ သုံးခု၊ လက်နက်ကိုင်အဖွဲ့အစည်းများမှ လေးခု နှင့် အရပ်ဘက်ဖွဲ့အစည်းများမှ နှစ်ခု ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ(ဒီဇင်ဘာ နောက်ဆုံးပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ ( ဒီဇင်ဘာ တတိယပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် (၈)ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပရန် အကြိုညှိနှိုင်းအစည်းအဝေးတွင် သဘောတူနိုင်ခဲ့မှု၊ အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့အကြား အပစ်ရပ်လက်မှတ်ထိုးနိုင်မည့် နည်းလမ်းသစ် ညှိနှိုင်းနေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောကြားခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာကိစ္စများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဒီဇင်ဘာ တတိယပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှ ၂၆ရက်အထိ (ဒီဇင်ဘာ တတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မြေပုံမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၂၀ ထက် မနည်းရှိခဲ့ပြီး AA အဖွဲ့က ဖမ်းဆီးထားသည့် အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ တတိယပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ (ဒီဇင်ဘာ တတိယပတ်) ကာလအတွင်း  တပ်မတော်၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ရှစ်ခုထက် မနည်းသော ထုတ်ပြန် ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်၏ ထုတ်ပြန်ချက်မှာ  ခြောက်ခုအထိ ရှိခဲ့ပြီး AA အဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများက တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ တတိယပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ( ဒီဇင်ဘာ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုး ပမ်းမှုဖြစ်စဉ်များအနက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး(JICM)ကျင်းပနိုင်ရေး အကြိုဆွေးနွေးပွဲကို ခရစ္စမတ်ကာလမတိုင်မီ ကျင်းပရန် အစိုးရက အပစ်ရပ် ၁၀ ဖွဲ့ထံ အဆိုပြုခဲ့မှု၊ အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်က တရုတ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့မှုတွင် ရေရာသည့်အဖြေမထွက်ခဲ့ဘဲ ဇန်နဝါရီတွင် ထပ်မံတွေ့ ဆုံရန် စီစဉ်ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ကိစ္စများ ဖြစ်ခဲ့သည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ဒုတိယပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ရက်အထိ (ဒီဇင်ဘာ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြား၊ အမ်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)နမ့်ဆန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၃ ကြိမ်ထက် မနည်း ရှိခဲ့ပြီး အရပ်သားသေဆုံးမှု နှစ်ဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဒီဇင်ဘာ ဒုတိယပတ်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုများအနက် တပ်မတော်နှင့် AA အဖွဲ့အကြား ဖြစ်ပွားမှုမှာ အရေအတွက် အများဆုံး ဖြစ်ခဲ့ပြီး တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုလည်း ရှိခဲ့ပါ သည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ဒုတိယပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ (ဒီဇင်ဘာ ဒုတိယပတ်) ကာလအတွင်း  တပ်မတော်၊ ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၂ ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ထုတ်ပြန်ချက် လေးခုအထိ ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့က ထုတ်ပြန်ချက် တခုစီ ထွက်ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ဒုတိယပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ( ဒီဇင်ဘာ ဒုတိယပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုး ပမ်းမှုဖြစ်စဉ်များအနက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် KNU ကိုယ်စားလှယ်အဖွဲ့တို့  တွေ့ဆုံ  ဆွေးနွေးမှု၌  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေး(JICM)အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ  တရားဝင်အစည်း အဝေးများ ပြန်လည်စတင်နိုင်ရေး ထပ်မံတွေ့ဆုံရန် အစိုးရဘက်က အဆိုပြုခဲ့မှု၊  AA အဖွဲ့ လှုပ်ရှားရာဒေသများရှိ စီးပွားရေး လုပ်ငန်းများကို ၂၀၂၀ မှစ၍ အခွန်ကောက်တော့မည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ် နိုင်က  ပြောကြားခဲ့မှုတို့မှာ သတိပြုစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ပထမပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ (ဒီဇင်ဘာ ပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ကျောက်တော်၊ ရသေ့တောင်မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ တွင် တိုက်ပွဲဖြစ်ပွားမှု ရှစ်ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရှိရပါသည်။ ဒီဇင်ဘာပထမပတ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုများသာ ရှိခဲ့ပြီး ရခိုင်ပြည်နယ်  ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားမှုများတွင် အရပ်သားသေဆုံးမှု စုစုပေါင်း လေးဦးအထိ ရှိခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ပထမပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ (ဒီဇင်ဘာ ပထမပတ် )ကာလအတွင်း တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။အဆိုပါ ထုတ်ပြန်ချက်များတွင် တပ်မတော်မှ ထုတ်ပြန်ချက် ငါးခုအထိ ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများမှ နှစ်ခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ငါးခု ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ပထမပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၉ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ(ဒီဇင်ဘာ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သုံးရက်ကြာ ပြုလုပ်ခဲ့မှုနှင့် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွား မှုတွင် တပ်မတော်အနေဖြင့် NCA ကို ချိုးဖောက်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) သို့ တိုင်ကြားစာ ပေးပို့ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ကိစ္စများ ဖြစ်ခဲ့သည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ နောက်ဆုံးပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ကျောက်တော်၊ မြေပုံ၊ မြောက်ဦးမြို့နယ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၁ ကြိမ်ထက် မနည်း ရှိခဲ့ ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရှိရပါသည်။ တိုက်ပွဲဖြစ်ပွားမှုများအနက် တပ်မတော်နှင့် AA အဖွဲ့အကြား ဖြစ်ပွားမှုမှာ အရေအတွက် အများဆုံးဖြစ်ခဲ့ပြီး တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားမှု၊ NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့မှုတို့လည်း ရှိခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ နောက်ဆုံးပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း  နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ ခုထက် မနည်းသော ထုတ်ပြန် ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်များတွင် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက် သုံးခု ထုတ်ပြန်ခဲ့ပြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့က ထုတ်ပြန်ချက် တခုစီ ထွက်ရှိခဲ့ပါသည်။ ထို့အပြင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) က ကြေညာချက် တခု ထုတ်ပြန်ခဲ့ကာ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များက ထုတ်ပြန်ချက် ခုနစ်ခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ထုတ်ပြန်ချက် သုံးခု ထုတ်ပြန်ခဲ့ ကြခြင်းဖြစ်သည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (နိုဝင်ဘာ နောက်ဆုံးပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ( နိုဝင်ဘာ နောက်ဆုံးပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုး ပမ်းမှုဖြစ်စဉ်များအနက် ကရင်အမျိုးသားအစည်းအရုံ း(KNU)က ၎င်းတို့ အဆိုပြုထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး(PPCM) ဖွဲ့စည်းရန် အကြံပြုချက် ကို ပြန်လည်ရုပ်သိမ်းခဲ့မှုအပါအဝင် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေး အစည်းအဝေး( JICM) အမြန်ဆုံးကျင်းပနိုင်ရေး တပ်မတော်က ဆောင်ရွက်နေကြောင်း  ပြောကြားခဲ့ မှုတို့မှာ ထူးခြားသော ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ တတိယပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ၂၇ ရက်အထိ (နိုဝင်ဘာ တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်၊ ကျောက်တော်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆမ်မြို့နယ်နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း အကြိမ် ၂၀ ထက် မနည်း ရှိခဲ့ကြောင်း တရားဝင် ပြည်တွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရှိရပါသည်။ ယင်းတိုက်ပွဲများသည် တပ်မတော်နှင့် AA၊ TNLA အဖွဲ့များကြား ဖြစ်ပွားခဲ့မှုအပြင်၊ တပ်မတော်နှင့် ARSA တို့ အကြား ဖြစ်ပွားမှု၊ NCA လက်မှတ်ထိုးထားသည့် မွန်ပြည်သစ်ပါတီနှင့် တပ်မတော်တို့အကြား ဖြစ်ပွားခဲ့မှုတို့လည်း ပါဝင်ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ တတိယပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ ၂၅ ရက်အထိ ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ တပ်မတော်၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှ စုစုပေါင်း ၁၅ ခုထက် မနည်းသော ထုတ်ပြန် ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်များတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ချက် တခုစီ ထုတ်ပြန်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက် နှစ်ခု ထုတ်ပြန်ခဲ့ပါသည်။ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ချက် တခု ထုတ်ပြန်ခဲ့ကာ၊ နိုင်ငံရေးပါတီများက ထုတ်ပြန်ချက် သုံးခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ထုတ်ပြန်ချက် ခုနစ်ခု ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်ပါသည်။ […]