၂၁ ရာစုပင်လုံ ရီပို့ကတ် (21 UPC Report Card) အပိုင်း-၄ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သနည်း
By ISP Admin, Onလက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လေ့လာရာတွင် ပိုင်းခြားသုံးသပ်သင့်သည့် ကဏ္ဍများစွာ ရှိသည်။ ယခုစာစုတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်များအနက် NCA စာချုပ်ကတဆင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့် ဖြစ်စဉ်မရပ်သွားရေးအတွက် အားထုတ်သည့်လုပ်ငန်းစဉ်၊ NCA စာချုပ်မထိုးရ သေးသော အဖွဲ့များအား NCA လုပ်ငန်းစဉ်မူဘောင်ထဲ ဝင်ရောက်လာအောင်ကြိုးပမ်းသည့် လုပ်ငန်းစဉ် တို့အပြင် ပါဝင်ပတ်သက်သူအစုအဖွဲ့များအားလုံးက NCA မှတဆင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာမည့်လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု ရှိ၊ မရှိ လေ့လာသွားရန် ဖြစ်ပါသည်။ NLD အစိုးရသက်တမ်းအတွင်း NCA အခြေပြုငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ရှေ့မတိုး၊ နောက်မဆုတ်အခြေအနေဖြစ်ပေါ်ခဲ့ပြီး အကျပ်အတည်း (Deadlock) သဖွယ် ကြုံတ... […]