NCA ငါးနှစ်ခရီး(၂၀၁၅-၂၀၂၀) (ရှမ်းတိုင်းရင်းသား ဘာသာစကားဖြင့် ဖော်ပြခြင်း)

By ISP Admin, On

ISP-Myanmar မှ ပြုလုပ်ထားသည် “NCA ငါးနှစ်ခရီး ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်များ (၂၀၁၅-၂၀၂၀) ပုံပြကားချပ်”ကို ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတခုက ရှမ်းတိုင်းရင်းသားဘာသာစကားဖြင့် ပြန်ဆိုထားခြင်း ဖြစ်ပါသည်။ […]

ရခိုင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲအလားအလာ Analysis,

ရခိုင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲအလားအလာ

By Nyein Ko Ko Soe, On

မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းပဋိပက္ခအခြေအနေအရ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀ဒေသတို့မှာ စစ်ရေး လှုပ်ရှားမှု အမြင့်ဆုံးနယ်မြေများ ဖြစ်သည်။ ထိုကဲ့သို့ စစ်ဘောင်ကျယ်နေသော ရခိုင်ပြည်နယ်တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို တစိတ်တပိုင်းသာ ကျင်းပနိုင်ခြင်းက နိုင်ငံရေးဘောင် ပိုကျဉ်းသွားစေနိုင်သည့်ထိုးနှက်မှုတရပ် ဖြစ်ခဲ့သည်။ […]

၂၀၂၀ ရွေးကောက်ပွဲအလွန် ထွက်ပေါက် Analysis,

၂၀၂၀ ရွေးကောက်ပွဲအလွန် ထွက်ပေါက်

By Min Zin, On

ဒီရွေးကောက်ပွဲလွန် နိုင်ငံရေးဟာ မြန်မာနိုင်ငံရဲ့ အင်စတီကျူးရှင်းတွေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အင်စတီးကျူးတွေရဲ့ လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းကို အကြီးအကျယ် စမ်းသပ်ဖွယ်ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အလွန် နိုင်ငံရေးကို နိုင်သူတက်အုပ်ချုပ် ပြဿနာတွေ ပြေလည်မှာပါ တိုင်းပြည်လမ်းကြောင်းမှန် တိုးတက်ကောင်းမွန်သွားမှာပါဆိုတဲ့ by default option ရွေးချယ်မှုနဲ့တင် စဉ်းစားရ... […]

၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲအတွက် အွန်လိုင်းမဲဆွယ်လှုပ်ရှားမှုများအား ကနဦး ဆန်းစစ်ခြင်း

By Su Yadanar Myint,Linn Htet Aung, On

ယခုတကြိမ်ရွေးကောက်ပွဲတွင် ပထမ ဆုံးအကြိမ် မဲပေးမည့် အသက် ၁၈ နှစ်ပြည့်လူငယ် ငါးသန်း နီးပါးရှိနေသည်ကို သတိပြုရပါမည်။[6] အဆိုပါ လူငယ်များသည် နည်းပညာနှင့် ယဉ်ပါးသူများ ဖြစ်သည့် အလျောက် ၎င်းတို့၏ နည်းပညာနှင့် အကျွမ်းတဝင်ရှိမှု (Tech savvy) အပေါ် ယခု အွန်လိုင်းမဲဆွယ်မှု မည်မျှ အထိ သက်ရောက်မှုရှိသည်ဆိုခြင်းမှာ စိတ်ဝင်စားစရာတခု ဖြစ်ပါသည်။ နောက်ထပ် စိတ်ဝင်စားစရာတခုမှာ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များတွင် မိမိတို့ ပြောလိုသော အကြောင်းအရာများ ပြန့်နှံ့ရောက်ရှိမှု ပိုများစေရန်အတွက် Facebook တွင် အခကြေးငွေပေး၍ boost ပြုလုပ်ကြခြင်း ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် ရွေး ကောက်ပွဲကာလအတွင်း Facebook ၌ အခကြေးငွေပေး၍ boost ပြုလုပ်ခြင်းကို မီဒီယာအချို့ကသာ ပြု လုပ်ခဲ့ပြီး နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများက လုပ်ဆောင်ခြင်း နည်းပါးခဲ့သည်။ ယခု ရွေး ကောက်ပွဲတွင်မူ Facebook တွင် အခကြေးငွေပေး၍ boost ပြုလုပ်ခြင်းများ ယခင်ကထက် ပိုများလာခဲ့သည့် နည်းတူ Facebook ကလည်း “လူမှုရေး၊ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများ”အား အထူးကြော် ငြာများ အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းအပြင် ကြော်ငြာခ ပေးချေသူနှင့် သုံးစွဲသည့်ငွေကြေး ပမာဏ ကိုလည်း ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် အများပြည်သူသိရှိစေရန် ထုတ်ပြန်စေခြင်းများလုပ်လာခဲ့သည်။ (ယခုအချိန် အထိ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအား စောင့်ကြည့်ထိန်းချုပ်ရာ၌ လွဲချော်မှုနှင့် အား နည်းချက်များ ရှိနေသည့်တိုင်)  Facebook က ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲအမီ ကြိုတင်ပြင်ဆင်မှုများ လုပ် ဆောင်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် နည်းပညာနှင့်ယှဉ်တွဲ၍ ပြောင်းလဲ လာသည့် ကိစ္စရပ်များအား ကြိုတင်စဉ်းစား၍ ဥပဒေပြင်ဆင်ခြင်းများ မရှိသေးပေ။ […]

အမှောင်ကြားက ရခိုင်ပြည်အပေါ် မြန်မာ့ရွေးကောက်ပွဲ၏သက်ရောက်မှုနှင့် ဖြေရှင်းရန် နည်းလမ်းများ

By Kyaw Swar Lynn,Htoo Htet Naing, On

ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲပယ်ဖျက်ခဲ့သည့် မြို့နယ် ၁၃ ခုရှိပါသည်။ ထို အထဲတွင် ကိုးမြို့နယ်သည် မြို့နယ်လုံးကျွတ် ပယ်ဖျက်ခံရခြင်း ဖြစ်သည်။ ကျန် လေး‌မြို့နယ်မှာ  ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ပယ်ဖျက်ခံခဲ့ရခြင်း ဖြစ်ပြီး ကျေးရွာအုပ်စု ၁၃၇ စုနှင့် မြို့ပေါ်ရပ် ကွက် ၁၅ ခု ပါဝင်ခဲ့သည်။ ထိုသို့ ပယ်ဖျက်လိုက်ခြင်းမှာ ရခိုင်ပြည်ရှိ မဲဆန္ဒရှင်ပြည်သူ ၁၆ သိန်းကျော် အနက် ၁၂ သိန်းကျော်၏ မဲပေးပိုင်ခွင့် ကန့်သတ်ငြင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။ မဲပေးပိုင်ခွင့် ငြင်းဆိုခံရသော မဲဆန္ဒနယ် များထဲတွင် ပြည်နယ်လွှတ်တော် နေရာ ၂၀ နှင့် ပြည်ထောင်စုလွှတ်တော် ၁၆ နေရာကို ပိတ်ပင်လိုက် ခြင်း ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်အတွင်း ရခိုင်ပြည်သူတို့၏ ကိုယ်စားပြုခွင့် ၅၅ ဒသမ ၁၇ ရာခိုင်နှုန်း ရုတ် သိမ်းခံလိုက်ရခြင်းလည်း ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် သက်ဆိုင်ရာ ပြည်နယ်တခု၏ ထက်ဝက် ကျော်သော မဲဆန္ဒပြည်သူများ၏ ကိုယ်စားပြုခြင်းမရှိဘဲ တက်လာမည့် အစိုးရကို ထိုဒေသမှ ပြည်သူများက လက်ခံမည် မဟုတ်ဆိုသည့်အချက်မှာ ငြင်းဆိုမရသည့် အချက်ဖြစ်သည်။ […]

NCA ငါးနှစ်ခရီး ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (၂၀၁၅-၂၀၂၀)

By ISP Admin, On

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၅ ရက်အထိ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ငါးနှစ်တာကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ် info-graphic ဖြစ်ပါသည်။ […]