တအန်း(ပလောင်) တော်လှန်ရေး

Posted on

✤ နောက်ခံအကျဉ်း

  • တအန်း(ပလောင်)တိုင်းရင်းသားတို့၏ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုသည် နိမ့်ချည်မြင့်ချည် ရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပထမဦးဆုံးဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသားတပ်ဦး (PNF) သည် ဆယ်စုနှစ် သုံးခုအကြာတွင် အင်အားချည့်နဲ့သွားခဲ့သည်။ PNF အနေနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ ဖြန့်ကြက်လှုပ်ရှားခြင်း၊ ဒေသတွင်းရှိ အခြား တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ပြုကာ စစ်တပ်ကို တိုက်ခိုက်ခြင်းများ လုပ်ခဲ့သော်လည်း ကြီးမားစွာခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် PNF သည် ပြည်တွင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးအရမဟာမိတ်ဖွဲ့နိုင်မှုမှာ အားကောင်းခဲ့သလို ယနေ့ခေတ် တအန်း(ပလောင်) လက်နက်ကိုင်တော်လှန်မှု... […]

စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော် တိုးလာ Analysis

စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော် တိုးလာ

Posted on

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၄၃)

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဧပြီ ၂၀ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ပြည်တွင်းစစ် ပြေးဒုက္ခသည်အရေအတွက် ၂,၆၉၄,၅၆၇ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလ ကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ကာလနှစ်ရပ်ပေါင်း ပြည်တွင်းစစ်ပြေးဒုက္ခသ... […]

ရှမ်း-ကယားဒေသ၌ စစ်ကောင်စီ ထိုးစစ် အရှိန်မြှင့် ၊ စစ်အုပ်ချုပ်ရေးအလွန် နှစ်လအတွင်း တိုက်ပွဲဖြစ်မှု သုံးဆကျော် တိုးလာ Analysis

ရှမ်း-ကယားဒေသ၌ စစ်ကောင်စီ ထိုးစစ် အရှိန်မြှင့် ၊ စစ်အုပ်ချုပ်ရေးအလွန် နှစ်လအတွင်း တိုက်ပွဲဖြစ်မှု သုံးဆကျော် တိုးလာ

Posted on

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၄၂)

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန်မှာ ခုခံတွန်းလှန်မှု အားကောင်းနေတဲ့ ဒေသတွေထဲက နေရာအများစု ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး ဦးတည်ထိုးစစ်ဆင်မှု လုပ်နေပါတယ်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်း ထန်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း... […]

သိက္ခာနှင့် သစ္စာအပေါ် အခြေခံသော SNLD ၏ နိုင်ငံရေး

Posted on

၂၀၂၃ ခုနှစ် မတ် ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအပြီး ဆုံးဖြတ်ချက်အရ SNLD ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မှာမဟုတ်တော့ပါဘူး။ သက်ဆိုင်ရာအနေနဲ့ ရွေးကောက်ပွဲကို ဘယ်တော့လုပ်မလဲဆိုတာ အတိအကျကြေညာထားခြင်းမရှိတာ၊ ပါတီဝင်တွေရဲ့သဘောထားရယူဖို့ အတွက် သူတို့ဆီသွားပြီး (အထူးသဖြင့် ကယားပြည်နယ်၊ ကချင်ပြည်နယ် အစရှိတဲ့ဒေသတွေမှာ) တွေ့ဆုံ ဖို့ လုံခြုံရေးအကန့်အသတ်တွေ ရှိနေတာတွေကြောင့် ဆက်ပြီးမှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တာလို့ SNLD ဘက်က ပြောဆိုခဲ့ပါတယ်။ […]

အာဏာသိမ်း နှစ်နှစ်ပြည့် သက်တမ်းတိုးပြီး စစ်၀င်္ကပါ ဇွတ်တိုးဝင်ခြင်း

Posted on

အာဏာသိမ်း နှစ်နှစ်ပြည့်တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ ဆုံးဖြတ်ချက်အရ “သာမန်မဟုတ်သော အခြေအနေ”ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီကို နောက်ထပ် ခြောက်လ သက်တမ်းတိုးလိုက်ပါတယ်။ စစ်ကောင်စီအဖွဲ့အတွင်း ရာထူးအပြောင်းအလဲအချို့ လုပ်ခဲ့သလို မြို့နယ်ပေါင်း ၃၇ ခုကို လည်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် နေရာ အတော်များများမှာ လက်နက်ကိုင် တော်လှန်မှုကလွဲပြီး အခြား ရွေးစရာမရှိတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံအနှံ့ လက်နက် ကိုင်တပ်ဖွဲ့ ၅၇၇ ဖွဲ့ထက်မနည်း ရှိလာပြီး နှစ်နှစ်အတွင်း တိုက်ပွဲဖြစ်မှု အကြိမ်ရေ ၈,ဝဝဝ ကျော် ရှိလာပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဖြစ်ခဲ့တဲ့ အရေအတွက်ထက် နှစ်ဆနီးပါး ပိုများခဲ့တာပါ။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် တွေမှာလည်း မြို့နယ် ၃၃၀ ထဲမှာ ၁၃၂ မြို့နယ်ဟာ တည်ငြိမ်မှု မရှိဘူးလို့ ဆိုပါတယ်။ […]

နှစ်လခွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ

Posted on

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအကြား နေအိမ်၊ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) ၅၇,၈၀၇ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်နဝါရီ လဝက်အတွင်းမှာပဲ နေအိမ်၊ အဆောက်အအုံပေါင်း ၁၉,၂၃၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ […]

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု

Posted on

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပေါ်ပေါက်ခဲ့သည်မှာ ခြောက်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာပင် အကျပ်ဆိုက်မှု deadlock ဖြစ်ခဲ့သော ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် (စာချုပ်အဖြစ် မည်ကာမတ္တ ကျန်နေသေးသော်လည်း) NCA အကောင်အထည်ဖော်ရေး တရားဝင်လုပ်ငန်းစဉ်အားလုံး ရပ်တန့်နေပြီဖြစ်သည်။ ထို့ကြောင့် NCA ကို အခြေခံသောလုပ်ငန်းစဉ်နှင့် NCA အပေါ် အခြေမပြုသော ပဋိပက္ခနှင့် ငြိမ်းချမ်းရေး အလားအလာများကို ပြန်လည်သုံးသပ်ရန် အဓိကမေးခွန်းများ ထွက်ပေါ်လာပါသည်။ […]

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ

Posted on

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာပါပြီ။ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဆိုရင်ပဲ ၂၀၁၁ ခုနှစ်ကနေ စတင် ရေတွက်ရင် ၁၀ နှစ် ရှိခဲ့ပါပြီ။ ဒီအခြေအနေမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ၊ သပိတ်တွေ အကြမ်းဖက် ချေမှုန်းခံရ ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ပဋိပက္ခက အဆင့်သစ်တခုသို့ တိုးမြင့်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ရွေးကောက်ခံ တရားဝင်မှု အပေါ် အခြေခံ ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပေါ်ထွက်လာသလို၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေလည်း ဦးဆောင်မှု ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်လာပြီးတက်ကြွသူ လူငယ် အများစုက လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ် ခဲ့ကြပါတယ်။  […]

NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း

Posted on

ISP-Myanmar က ဖော်ပြမည့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်တန်ခြေများကို ဖြန့်ထွက် စဉ်းစားခြင်းတွင် ပါဝင်သည့် အကြောင်းပြယူဆချက်များနှင့် ဆက်နွယ်သက်ရောက်မှုများသည် မလွဲမသွေ မုချ ဖြစ်မည် ဆိုသော အပြီးအပြတ် သဘော မဆောင်ဘဲ၊အနာဂတ် ရည်မှန်းချက်သို့ ရောက်ရှိနိုင်ရန် ပစ္စုပ္ပန်အခြေအနေနှင့် ချိတ်ဆက် စဉ်းစားရာ၌ အညွှန်း ပြုစရာအဖြစ် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ ယခု ဖော်ပြထားသော ဖြစ်တန်ခြေ ဖြန့်ထွက် စဉ်းစားခြင်းနှင့် ပတ်သက်၍ အထောက်အထားသစ်များ ပေါ်ထွက်လာသည်နှင့် အမျှ ပြန်လည် သုံးသပ် ဖြည့်စွက်မှုများ ပြုလုပ်သွားပါမည်။ […]

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် လူသားလုံခြုံရေးကဏ္ဍ

Posted on

နိုင်ငံတနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍကို လေ့လာကြတဲ့အခါမှာ အခြေခံအားဖြင့် အမျိုးသားလုံခြုံရေး (National Security) ရှုထောင့်အမြင်နဲ့ စဉ်းစားကြလေ့ရှိပါတယ်။ နိုင်ငံတနိုင်ငံမှာ ကြုံတွေနေရတဲ့ အန္တရာယ်တွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှုကို တိုက်ရိုက်စိန်ခေါ်နေကြတယ်ဆိုတဲ့ ဦးတည်စဉ်းစားချက်မျိုးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ တာဝန်အပ်နှင်းခံထားရတဲ့ အစိုးရယန္တရားအဖွဲ့အစည်းတွေကိုယ်တိုင်က ပြည်သူတွေရဲ့လုံခြုံရေးကို ပြန်လည်ခြိမ်းခြောက်နေတဲ့ အခင်းအကျင်းမျိုးတွေလည်း ရှိပါတယ်။ ဒီလိုအချက်တွေကြောင့်ပဲ နိုင်ငံတော်ကို ဗဟိုပြုတဲ့ လုံခြုံရေး(State-centric Security) ရှုထောင့်အပြင် လူသားလုံခြုံရေး (Human Security)ကို ဗဟိုပြုတဲ့ စဉ်းစားချက်မျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြတာပဲ ဖြစ်ပါတယ်။ […]

NCA ငါးနှစ်ခရီး(၂၀၁၅-၂၀၂၀) (ရှမ်းတိုင်းရင်းသား ဘာသာစကားဖြင့် ဖော်ပြခြင်း)

Posted on

ISP-Myanmar မှ ပြုလုပ်ထားသည် “NCA ငါးနှစ်ခရီး ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်များ (၂၀၁၅-၂၀၂၀) ပုံပြကားချပ်”ကို ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတခုက ရှမ်းတိုင်းရင်းသားဘာသာစကားဖြင့် ပြန်ဆိုထားခြင်း ဖြစ်ပါသည်။ […]

NCA ငါးနှစ်ခရီး ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (၂၀၁၅-၂၀၂၀)

Posted on

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၅ ရက်အထိ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ငါးနှစ်တာကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ် info-graphic ဖြစ်ပါသည်။ […]

၂၁ ရာစုပင်လုံ ရီပို့ကတ် (21 UPC Report Card) အပိုင်း-၄ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သနည်း

Posted on

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လေ့လာရာတွင် ပိုင်းခြားသုံးသပ်သင့်သည့် ကဏ္ဍများစွာ ရှိသည်။ ယခုစာစုတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်များအနက် NCA စာချုပ်ကတဆင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့် ဖြစ်စဉ်မရပ်သွားရေးအတွက် အားထုတ်သည့်လုပ်ငန်းစဉ်၊ NCA စာချုပ်မထိုးရ သေးသော အဖွဲ့များအား NCA လုပ်ငန်းစဉ်မူဘောင်ထဲ ဝင်ရောက်လာအောင်ကြိုးပမ်းသည့် လုပ်ငန်းစဉ် တို့အပြင် ပါဝင်ပတ်သက်သူအစုအဖွဲ့များအားလုံးက NCA မှတဆင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာမည့်လုပ်ငန်းစဉ်အပေါ်  ယုံကြည်မှု ရှိ၊ မရှိ လေ့လာသွားရန် ဖြစ်ပါသည်။ NLD အစိုးရသက်တမ်းအတွင်း NCA အခြေပြုငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ရှေ့မတိုး၊ နောက်မဆုတ်အခြေအနေဖြစ်ပေါ်ခဲ့ပြီး အကျပ်အတည်း (Deadlock) သဖွယ် ကြုံတွေ့ခဲ့ရသည်။ […]

၂၁ ရာစုပင်လုံ ရီပို့ကတ် (21 UPC Report Card) အပိုင်း ၃ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သနည်း

Posted on

ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် နိုင်ငံများ အစရှိသဖြင့် (Actors) များ၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ လေ့လာ သုံးသပ်သူများ၊ သတင်းစာ ဆရာများ၏ သဘောထား စစ်တမ်းဖြေဆိုမှု၊ သီးခြား ဆွေးနွေးမှုများ အပေါ် အခြေခံ၍ ISP Peace Desk၏ အကဲဖြတ်အမှတ်ပေးမှုအရ စုစုပေါင်း ပျမ်းမျှရမှတ် ၁၈ မှတ် ဖြစ်ပြီး လမ်းလွဲအခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်နိုင်ကာ အားရဖွယ် မရှိခဲ့ဘဲ ငြိမ်းချမ်းရေး အတွက် ကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိကြောင်း သုံးသပ်ရပါသည်။ […]

၂၁ ရာစုပင်လုံ ရီပို့ကတ် (21 UPC Report Card) အပိုင်း ၂ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သနည်း

Posted on

မြန်မာနိုင်ငံ အစိုးရအဆက်ဆက်တွင် ပြည်တွင်းစစ် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး ရရှိရန် တည်ဆောက်ပုံ ဒီဇိုင်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ ကြိုးပမ်းကြရာတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တဖွဲ့ချင်းစီအလိုက် သီးခြားတွေ့ဆုံ ဆွေးနွေးမှုများက အလေးသာခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် အလှည့်အပြောင်းတခု ဖြစ်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ငြိမ်းချမ်းရေး ရရှိရန် တည်ဆောက်ပုံ ဒီဇိုင်း (Design) တွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ (အားလုံးပါဝင်နိုင်ရေးမူအရ) စုဖွဲ့တိုင်ပင်မှုဖြင့် ဆွေးနွေးခြင်းအပေါ် အစိုးရက လမ်းဖွင့်ပေးခဲ့ပြီး၊ ထိုအခြေခံဖြင့်ပင် တနိုင်ငံလုံးအတိုင်းအတာအရ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရေးဆွဲခဲ့ကြသည်။ သို့သော်လည်း ထိုအချိန်က NCA စာချုပ်ကို တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ကသာ လက်မှတ်ရေးထိုးခဲ့သည်။ […]

၂၁ ရာစုပင်လုံ ရီပို့ကတ် (21 UPC Report Card) အပိုင်း ၁ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သနည်း

Posted on

ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်ကို နားလည်လိုပါက ထိုကိစ္စရပ်များနှင့် ဆက်စပ်နေသော အခြေအနေများ (Contexts) ကို သိရှိထားသင့်ပါသည်။ ယခု ဖော်ပြချက်သည် NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု၌ ဖြစ်ပေါ်ခဲ့သော ဆက်စပ်အခြေအနေများအပေါ် အမှတ်ပေး အကဲဖြတ်ထားခြင်း ဖြစ်သည်။ ထိုသို့ အကဲဖြတ်အမှတ်ပေးရာတွင် ငြိမ်းချမ်းရေးကြိုးပမ်းမှုနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ လေ့လာသုံးသပ်သူ များ၊ သတင်းစာဆရာများ၊ စုစုပေါင်း ၁၇ ဦး၏ သဘောထား စစ်တမ်းဖြေဆိုမှု၊ သီးခြားဆွေးနွေးမှု များအပေါ် အခြေခံ၍ ISP Peace Desk က အကဲဖြတ် အမှတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ အမှတ်ပေးရာတွင် ၀- ၄၀ အထိကို လမ်းလွဲ အခြေအနေ၊ ၄၀-၇၀ ကို လမ်းကြောင်းမှန် အခြေအနေနှင့် ၇၀-၁၀၀ ကို ရလဒ်ကောင်း အခြေအနေအဖြစ် သတ်မှတ်ပါသည်။ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်နှင့် ဆက်စပ်နေသော အခြေအနေများကို အကဲဖြတ်ရာ၌ ၂၈ မှတ် ရှိခဲ့သည့်အတွက် ဆက်စပ်အခြေအနေများသည် အားရဖွယ်မရှိခဲ့ဘဲ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိကြောင်း သုံးသပ်ရပါသည်။ […]

Lဂျာနန်အားမေးမြန်းခြင်း

Posted on

မဟုတ်ရင် Silent Carrier တွေများလာနိုင်ပြီး ပိုပြီးတော့ အန္တရာယ်ရှိလာမယ်။ ပြည်ပအရပ်ရပ် တရုတ်ပြည်ကဖြစ်ဖြစ်၊ မလေးရှားကဖြစ်ဖြစ်၊ ထိုင်းကဖြစ်ဖြစ် ပြန်လာတဲ့ လူတွေ အများကြီးရှိတယ်။ […]

ဦးဦးလှစော အားမေးမြန်းခြင်း

Posted on

ရခိုင်က IDPs Camp တွေက ပွင့်ပွင့်လင်းလင်းပြောရရင် အစကတည်းက နိုင်ငံတကာ အဆက်အသွယ်က ပြတ်တောက်နေတယ်။ သူတို့ကို အကူအညီပေးနေတာက ICRC တခုပဲ။ WFP ကနေတဆင့် ပစ္စည်းထောက်ပံ့မှုတွေကို ICRC ပို့ပေးတဲ့ဟာတွေကို ရတယ်။ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကလည်း မရဘူး။ လူကယ်ပြန်ကနေပြီး ပေးတာတွေကလည်း မစို့မပို့လောက်ပဲ၊ သာမန်ပရဟိတအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်ဆိုင်ရာတွေဆီကပဲ နည်းနည်းပါးပါးနဲ့ ရှင်သန်နေရတဲ့ အပိုင်းတွေရှိတယ်။ […]

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခြင်း

Posted on

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်တော့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က စီမံချက်  လေးခု ဆွဲပြီး လုပ်ခဲ့တဲ့အကြောင်း ကျနော် ပြောခဲ့ပါတယ်။  တပ်မတော်က ဆွဲထားတဲ့ စီမံချက်  လေးခုအနက် သုံးခုကတော့ တပ်မတော်အတွင်း လုပ်ဆောင်တာတွေနဲ့ ဆိုင်ပါတယ်။ တခုကတော့ အရပ်ဘက်နဲ့ ဆိုင်တာတွေပါ။ […]

ဦးအောင်ဆန်းမြင့်အား မေးမြန်းခြင်း

Posted on

ထိုင်းမှာက လမ်းဖွင့်ပြီဆိုရင်တောင် စက်ရုံ အလုပ်ရုံတွေက ပြန်မလုပ်နိုင်သေးတော့ ကျနော်တို့လူတွေ တော်တော်ဒုက္ခရောက်တယ်။ ထိုင်းမှာ စားစရာမရှိ၊ ပြန်စရာမရှိ ဖြစ်နေတယ်။ အဲဒီလူတွေက နယ်စပ်ကနေ ပြန်လာမှာပဲ။ အဲဒီအတွက်လည်း Quarantine Camp တွေကို ကျနော်တို့ အဆင်သင့်လုပ်ထားတယ်။ […]

နိုင်အောင်မငေးအား မေးမြန်းခြင်း

Posted on

ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက သုံးပိုင်း ရှိတယ်ဗျ။ ပြည်နယ်အစိုးရနဲ့ ပူးပေါင်း  ဆောင်ရွက်မှုက တပိုင်း၊ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှုက တပိုင်း၊ နောက်ပြီး အစိုးရက ဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေးကော်မတီနဲ့က တပိုင်းပါ။ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘာပဲလုပ်လုပ် ပြည်နယ်အစိုးရ ရဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကတဆင့် သူတို့က အကြောင်းကြားတယ်။ အကောင်အထည်ဖော်မှုတွေ လုပ်ကြတယ်။ […]

ပဒိုစောဆဲပွယ် (KNU) အား မေးမြန်းခြင်း

Posted on

ပြန်လာကြမယ်ဆိုရင် ကျနော်တို့ နယ်စပ်ဂိတ်ကို၊ မြဝတီတို့ ဘာတို့လိုက မဝင်ဘဲ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ထိန်းချုပ်နယ်မြေ၊ အဲဒီကဂိတ်တွေကို ဖြတ်ပြီးတော့ လာခဲ့မယ်ဆိုရင် အပြန်အလှန်သတင်းပေးပြီးတော့ ဖလှယ်ကြဖို့၊ လောလောဆယ်တော့ အဲဒီလောက်ပဲ ရှိပါတယ်။ ကျန်တဲ့ စမ်းသပ်ရေးတို့၊ ကုသရေး တို့အပိုင်းတွေမှာက ဒီမှာလည်း မတွေ့သေးတော့ လိုအပ်ရင် လိုအပ်သလိုပဲ ညှိနှိုင်းသွားမယ်ဆိုပြီး ရှိပါတယ်။ […]

ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) အား မေးမြန်းခြင်း

Posted on

နိုင်ငံတော်အစိုးရအနေနဲ့ COVID-19 ကာကွယ်ထိန်း ချုပ်ကုသရေးနဲ့ စပ်လျဉ်းပြီး အလှူရှင်များ၊ စေတနာ့ဝန်ထမ်း များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ လူမျိုး၊ ဘာသာခွဲခြားခြင်း၊ နေထိုင်ရာ ဒေသ ခွဲခြားခြင်း မရှိဘဲ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေးမူဝါဒ ( No one left behind Policy) နဲ့ ဆောင်ရွက်နေပါတယ်။ […]

ကိုဗစ်ကပ်ဘေးအတွင်းမှ စစ်ဘေးရှောင်ပြည်သူတို့၏ ဆတိုးဒုက္ခများ

Posted on

ပြည်တွင်းစစ်ကြောင့် နှစ်စဉ် ကာကွယ်ရေးအသုံးစရိတ်ကို မြင့်မားစွာသုံးစွဲနေပြီး ကျန်းမာရေးဝန်ထမ်း အင်အားမလုံလောက်မှု၊ အခြေခံအဆောက်အအုံများ မပြည့်စုံမှု ပြဿနာများက ကျန်းမာရေးစနစ်ကို ချည်နဲ့သောစနစ်တခုအဖြစ်သို့ နိမ့်ကျစေသည့်အကြောင်းအရင်းတချက် ဖြစ်လာပါသည်။ […]

NCA လုပ်ငန်းစဉ်အတွင်းမှ ငြိမ်းချမ်းရေးကြိုးပမ်းမှု (၂၀၁၅-၂၀၂၀)

Posted on

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ် info-graphic ဖြစ်ပါသည်။ […]

စိတ်ပိုင်းဆိုင်ရာအရ၊ နာမ်ပိုင်းဆိုင်ရာအရ သစ္စာစောင့်သိမှုပေါ်တွင် ပေါင်းစည်းသင့်သည့် အမျိုးသား လက္ခဏာတည်ဆောက်ခြင်း (Nation Building)

Posted on

စိတ်ပိုင်းဆိုင်ရာအရ၊ နာမ်ပိုင်းဆိုင်ရာအရ သစ္စာစောင့်သိမှုပေါ်တွင် ပေါင်းစည်းသင့်သည့် အမျိုးသား လက္ခဏာတည်ဆောက်ခြင်း (Nation Building) ။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီထုတ် ခေတ်ရနံ့မဂ္ဂဇင်း အမှတ် ၆၄ တွင် ဖော်ပြခဲ့သော နိုင်ငံရေး သိပ္ပံပညာရှင် ဦးမင်းဇင်နှင့် တွေ့ဆုံခြင်း အင်တာဗျူးအား ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။ ဦးမင်းဇင်သည် ISP-Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်ပါသည်။ […]

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း - ၁

Posted on

၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ဆွေးနွေးရာမှ ရရှိလာသည့် အချက်အလက်များကို စုစည်းကာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)အဖြစ် လွှတ်တော်မှအတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။ အဓိကဆွေးနွေးခဲ့သော ကဏ္ဍများဖြစ်သည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့တွင် အချက်အလက်များ ရရှိခဲ့သော်လည်း လုံခြုံရေးကဏ္ဍတွင်မှု အချက်အလက်များဆွေးနွေးနိုင်ခြင်းမရှိခဲ့ပေ။ နိုင်ငံရေးကဏ္ဍတွင် ၁၂ ချက်၊ စီးပွားရေးကဏ္ဍတွင် ၁၁ ချက်၊ လူမှုရေးကဏ္ဍတွင် ၄ ချက် ၊မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် ၁၀ ချက် ရရှိခဲ့ပါသည်။ အဆိုပါရလဒ်များအား မြန်မာ၊အင်္ဂလိပ်ဘာသာများအပြင် […]

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း - ၂

Posted on

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် သက်ဆိုင်ရာ Stakeholder အသီးသီးဆွေးနွေးရာမှ ရရှိလာသည့် အချက်အလက်များကို စုစည်းကာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)အဖြစ် လွှတ်တော်မှအတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။ အဓိကဆွေးနွေးခဲ့သော ကဏ္ဍများဖြစ်သည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့တွင် အချက်အလက်များ ရရှိခဲ့သော်လည်း လုံခြုံရေးကဏ္ဍအတွက် တတိယအစည်းအဝေးတွင်လည်း ထပ်မံ၍ အချက်အလက်များဆွေးနွေးနိုင်ခြင်းမရှိခဲ့ပေ။ နိုင်ငံရေးကဏ္ဍတွင် ၄ ချက်၊ စီးပွားရေးကဏ္ဍတွင် ၁ ချက်၊ လူမှုရေးကဏ္ဍတွင် ၇ ချက် ၊မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် ၂ ချက် […]

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါလဲ

Posted on

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်၏ အခန်းကဏ္ဍ မည်မျှ အရေးသနည်း ဆိုသော အကြောင်းအရာနှင့် ပတ် […]