မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ

By ISP Admin, On

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာပါပြီ။ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဆိုရင်ပဲ ၂၀၁၁ ခုနှစ်ကနေ စတင် ရေတွက်ရင် ၁၀ နှစ် ရှိခဲ့ပါပြီ။ ဒီအခြေအနေမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ၊ သပိတ်တွေ အကြမ်းဖက် ချေမှုန်းခံရ ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ပဋိပက္ခက အဆင့်သစ်တခုသို့ တိုးမြင့်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ရွေးကောက်ခံ တရားဝင်မှု အပေါ် အခြေခံ ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပေါ်ထွက်လာသလို၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေလည်း ဦးဆောင်မှု ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်လာပြီးတက်ကြွသူ လူငယ် အများစုက လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ် ခဲ့ကြပါတယ်။  […]

NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း Analysis, Scenario Thinking,

NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း

By ISP Admin, On

ISP-Myanmar က ဖော်ပြမည့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်တန်ခြေများကို ဖြန့်ထွက် စဉ်းစားခြင်းတွင် ပါဝင်သည့် အကြောင်းပြယူဆချက်များနှင့် ဆက်နွယ်သက်ရောက်မှုများသည် မလွဲမသွေ မုချ ဖြစ်မည် ဆိုသော အပြီးအပြတ် သဘော မဆောင်ဘဲ၊အနာဂတ် ရည်မှန်းချက်သို့ ရောက်ရှိနိုင်ရန် ပစ္စုပ္ပန်အခြေအနေနှင့် ချိတ်ဆက် စဉ်းစားရာ၌ အညွှန်း ပြုစရာအဖြစ် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ ယခု ဖော်ပြထားသော ဖြစ်တန်ခြေ ဖြန့်ထွက် စဉ်းစားခြင်း... […]

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် လူသားလုံခြုံရေးကဏ္ဍ Analysis,

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် လူသားလုံခြုံရေးကဏ္ဍ

By ISP Admin, On

နိုင်ငံတနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍကို လေ့လာကြတဲ့အခါမှာ အခြေခံအားဖြင့် အမျိုးသားလုံခြုံရေး (National Security) ရှုထောင့်အမြင်နဲ့ စဉ်းစားကြလေ့ရှိပါတယ်။ နိုင်ငံတနိုင်ငံမှာ ကြုံတွေနေရတဲ့ အန္တရာယ်တွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှုကို တိုက်ရိုက်စိန်ခေါ်နေကြတယ်ဆိုတဲ့ ဦးတည်စဉ်းစားချက်မျိုးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ တာဝန်အပ်နှင်းခံထာ... […]

အမျိုးသား ညီညွတ်ရေးအစိုးရအတွက် ချိတ်ဆက်ရမယ့် လမ်းကြောင်းနှစ်သွယ်

By Dr. Su Mon Thazin Aung, On

အမျိုးသား ညီညွတ်ရေးအစိုးရ စဉ်းစားချက်တွင် ပြည်ထောင်စုအဆင့် အစိုးရ ဖွဲ့စည်းရန် အတွက်သာမက ပြည်နယ်အခြေစိုက်ပါတီများနှင့် ပူးပေါင်းပြီး ပြည်နယ် တိုင်းဒေသကြီး အစိုးရ ဝန်ကြီးများနှင့် လွှတ်တော် ဥက္ကဌ၊ ဒုတိယ ဥက္ကဌများ ဖွဲ့စည်းရေးကိုပါ ဦးစားပေးရန် လိုအပ်ပါသည်။ ရှမ်းနှင့် ရခိုင်ကဲ့သို့သော ဒေသများတွင် ပြည်နယ်လွှတ်တော်များအတွက် အများစုအနိုင်ရခဲ့သည့် ပါတီများကို ပြည်နယ်တိုင်းအစိုးရအဖွဲ့ဝင်အဖြစ် ပါဝင်စေသင့်ပါသည်။ အထူးသဖြင့်  ပြည်နယ် လွှတ် တော်နေရာများအတွက် ပါတီတခုတည်းက အများစု မနိုင်ခဲ့သည့် ကယားပြည်နယ်ရှိ ကယားပြည် အခြေစိုက်ပါတီများအတွက် လည်းကောင်း၊ ပွတ်ကာသီကာရှုံးနိမ့်ခဲ့သည့် မွန်အခြေစိုက်ပါတီများကဲ့သို့ ပါတီများအတွက်လည်းကောင်း ဦးစားပေးသင့်သည်။ ထိုသို့ ဦးစားပေးခြင်းဖြင့် ၎င်းပါတီများ၏ မူဝါဒ များကို သက်ဆိုင်ရာဒေသများ၌ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးကို ထည့်သွင်း စဉ်းစားပေး နိုင်မည်ဆိုပါက ညီညွတ်ရေးကို ရှေးရှုသည့် အစိုးရတရပ် ဖြစ်လာနိုင်ပါသည်။ […]

ပါတီများပေါင်းစည်းမှု မှန်းချက်နှင့် နှမ်းထွက်မကိုက်သေး

By Aung Thu Nyein, On

နိုင်ငံရေးပါတီများသည် မြန်မာနိုင်ငံတွင် ကာလ ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ရသည့်အပြင်၊ နိုင်ငံရေးပါတီတခု တည်ထောင်ခြင်းပင်လျှင် အန္တရာယ်များသော စွန့်စားမှု တခုလည်း ဖြစ်ခဲ့သည်။ စစ်အာဏာရှင် စနစ်လက်အောက် တင်းကျပ်ပိပြားစွာ ရှင်သန်ခဲ့ကြရသော ပါတီအများစုအဖို့ မူဝါဒအရ ရပ်တည်မှုမှာ ဒီမိုကရေစီ အရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး - စစ်တပ် ဆန့်ကျင်ရေးသာ အဓိက ဖြစ်ခဲ့သည်။ တိုင်းရင်းသားအရေးမှာမူ လက်အောက်ခံ သဘောမျှသာ။ […]

တန်ဖိုးနှင့် အကျိုးစီးပွားလား၊ နာကျင်မှုအား နှစ်ခြိုက်ခြင်းလား ပြန်လည်သင့်မြတ်ရေးအား Psychoanalysis (စိတ်သရုပ်ခွဲခြင်း) ရှုထောင့်မှ သုံးသပ်ခြင်း

By Dr. Sai Latt, On

ဤဆောင်းပါးတွင် ဆွေးနွေးထားသည့် အကြောင်းအရာမှာ လူတို့၏ နိုင်ငံရေးရွေးချယ်မှုအကြာင်းဖြစ်သည်။ Jacques Lacan နှင့် Slavoj Žižek ၏ Enjoyment အတွေးအခေါ်များကို အခြေခံပြီး “ကျေနပ်နှစ် ခြိုက်ခံစားမှု” ဆိုသည့် Psychoanalysis (စိတ်သရုပ်ခွဲခြင်း) ရှုထောင့်တခုကို တင်ပြထားသည်။ […]