တအန်း(ပလောင်) တော်လှန်ရေး

By ISP Admin, On

တအန်း(ပလောင်)တိုင်းရင်းသားတို့၏ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုသည် နိမ့်ချည်မြင့်ချည် ရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပထမဦးဆုံးဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသားတပ်ဦး (PNF) သည် ဆယ်စုနှစ် သုံးခုအကြာတွင် အင်အားချည့်နဲ့သွားခဲ့သည်။ PNF အနေနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ ဖြန့်ကြက်လှုပ်ရှားခြင်း၊ ဒေသတွင်းရှိ အခြား တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ပြုကာ စစ်တပ်ကို တိုက်ခိုက်ခြင်းများ လုပ်ခဲ့သော်လည်း ကြီးမားစွာခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် PNF သည် ပြည်တွင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးအရမဟာမိတ်ဖွဲ့နိုင်မှုမှာ အားကောင်းခဲ့သလို ယနေ့ခေတ် တအန်း(ပလောင်) လက်နက်ကိုင်တော်လှန်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်စေသည်။ […]