ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း - ၁

Post By ISP Admin, On November 13, 2018

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း - ၁

၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ဆွေးနွေးရာမှ ရရှိလာသည့် အချက်အလက်များကို စုစည်းကာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)အဖြစ် လွှတ်တော်မှအတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။ အဓိကဆွေးနွေးခဲ့သော ကဏ္ဍများဖြစ်သည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့တွင် အချက်အလက်များ ရရှိခဲ့သော်လည်း လုံခြုံရေးကဏ္ဍတွင်မှု အချက်အလက်များဆွေးနွေးနိုင်ခြင်းမရှိခဲ့ပေ။

နိုင်ငံရေးကဏ္ဍတွင် ၁၂ ချက်၊ စီးပွားရေးကဏ္ဍတွင် ၁၁ ချက်၊ လူမှုရေးကဏ္ဍတွင် ၄ ချက် ၊မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် ၁၀ ချက် ရရှိခဲ့ပါသည်။ အဆိုပါရလဒ်များအား မြန်မာ၊အင်္ဂလိပ်ဘာသာများအပြင် တရားဝင်လက်မှတ်ရေးထိုးထားသည့် Document တို့အား တနေရာထဲတွင်ထည့်သွင်းကာ တစုတစည်းတည်းဖော်ပြပေးထားပါသည်။ NLD အစိုးရတက်လာချိန်တွင် ငြိမ်းချမ်းရေးအားဦးစားပေးအဖြစ်ကြေငြာခဲ့ပြီး ငြိမ်းချမ်းရေးညီလာခံများ ကျင်းပရာမှ ၂၀၂၀တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုင်ရာ အခြေခံမူများရရှိရန် ရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိသည်။

စာတမ်းအပြည့်အစုံကို အောက်ပါ link တွင် download ပြုလုပ်နိုင်ပါသည်။

ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁