ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ဒုတိယပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ (ဒီဇင်ဘာ ဒုတိယပတ်) ကာလအတွင်း  တပ်မတော်၊ ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၂ ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ထုတ်ပြန်ချက် လေးခုအထိ ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့က ထုတ်ပြန်ချက် တခုစီ ထွက်ရှိခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ဒုတိယပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ဒုတိယပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ( ဒီဇင်ဘာ ဒုတိယပတ်)ကာလအတွင်း  ငြိမ်းချမ်းရေးကြိုး ပမ်းမှုဖြစ်စဉ်များအနက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် KNU ကိုယ်စားလှယ်အဖွဲ့တို့  တွေ့ဆုံ  ဆွေးနွေးမှု၌  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေး(JICM)အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ  တရားဝင်အစည်း အဝေးများ ပြန်လည်စတင်နိုင်ရေး ထပ်မံတွေ့ဆုံ... […]

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ပထမပတ်) Round-Up,

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ ပထမပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ (ဒီဇင်ဘာ ပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ကျောက်တော်၊ ရသေ့တောင်မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ တွင် တိုက်ပွဲဖြစ်ပွားမှု ရှစ်ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရှိရပါသည်။ ဒီဇင်ဘာပထမပတ်အတွင်း တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုများသာ ရှိခဲ့ပြီး ရခိုင်ပြည်နယ်  ကျောက်တော်မြို့နယ်နှင့် ချင်းပြည... […]

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ပထမပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ (ဒီဇင်ဘာ ပထမပတ် )ကာလအတွင်း တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။အဆိုပါ ထုတ်ပြန်ချက်များတွင် တပ်မတော်မှ ထုတ်ပြန်ချက် ငါးခုအထိ ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများမှ နှစ်ခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ငါးခု ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ ပထမပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၉ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ(ဒီဇင်ဘာ ပထမပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သုံးရက်ကြာ ပြုလုပ်ခဲ့မှုနှင့် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွား မှုတွင် တပ်မတော်အနေဖြင့် NCA ကို ချိုးဖောက်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) သို့ တိုင်ကြားစာ ပေးပို့ခဲ့မှုတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ကိစ္စများ ဖြစ်ခဲ့သည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (နိုဝင်ဘာ နောက်ဆုံးပတ်)

By Nyein Ko Ko Soe,Pan Su Wai, On

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ကျောက်တော်၊ မြေပုံ၊ မြောက်ဦးမြို့နယ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၁ ကြိမ်ထက် မနည်း ရှိခဲ့ ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရှိရပါသည်။ တိုက်ပွဲဖြစ်ပွားမှုများအနက် တပ်မတော်နှင့် AA အဖွဲ့အကြား ဖြစ်ပွားမှုမှာ အရေအတွက် အများဆုံးဖြစ်ခဲ့ပြီး တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားမှု၊ NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့မှုတို့လည်း ရှိခဲ့ပါသည်။ […]