ထုတ်ပြန်ကြေညာချက်များ (မတ်လ တတိယပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် မတ်လ ၁၇ရက်မှ ၂၄ရက်အထိ (မတ်လ တတိယပတ်) ကာလအတွင်း ပြည်ထောင်စု အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း  ၁၇ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၁ခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခုစီ ထုတ်ပြန်ခဲ့ကြပါသည်။ မတ် တတိယပတ်အတွင်း ထွက်ရှိခဲ့သောထုတ်ပြန်ချက်များအနက် “ULA/AA အဖွဲ့အား မတရားအသင်းအဖြစ်ကြေညာခြင်း “ ထုတ်ပြန်ချက်မှာ သတိပြုစရာ ဖြစ်ခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ တတိယပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်မှ ၁၉ ရက်အထိ (မတ်လ တတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အပစ်ရပ်စဲရေးဆွေးနွေးမှုကို မြစ်ကြီးနား (သို့မဟုတ်) ကျိုင်းတုံမြို့၌ ပြုလုပ်ရန် မြောက်ပိုင်းလေးဖွဲ့ထံ အစိုးရက အဆိုပြုခဲ့မှု၊ နှစ်ဖက်တပ်များ ထိတွေ့မှုရှောင်ရှားနိုင်ရန်အတွက် နယ်မြေ သတ်မှတ်ရေးဆွေးနွေးရန် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့ သဘောတူခဲ့မှုတို့မှာ စိတ်ဝင်စား... […]

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ တတိယပတ်) Round-Up,

တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်မှ မတ် ၁၇ ရက်အထိ (မတ်လ တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မတ်လ တတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့... […]

ထုတ်ပြန်ကြေညာချက်များ (မတ်လ ဒုတိယပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် မတ် ၁၀ရက်မှ မတ် ၁၆ရက်အထိ (မတ်လ ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့ အစည်းများမှ စုစုပေါင်း ၃၀ ခုထက်မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ၁၈ ခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ လေးခုစီ၊ အရပ်ဘက်အဖွဲ့အစည်းများမှ သုံးခုနှင့် နိုင်ငံရေးပါတီ(၁၅)ပါတီမှ ပူးတွဲကြေညာချက်တခု ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မတ်လ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် မတ် ၆ ရက်မှ ၁၂ ရက်အထိ ( မတ်လ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် COVID-19 ကပ်ရောဂါ နိုင်ငံတွင်း မဖြစ်ပါက ၂၁ ရာစုပင်လုံညီလာခံကို ဧပြီမကုန်မီ ကျင်းပနိုင်မည်ဖြစ်သော်လည်း ရောဂါဖြစ်ပွားလာပါက ရွှေ့ဆိုင်းမည်ဟု သိရခြင်း၊ ကယားပြည်နယ်အစိုးရအနေဖြင့် Bilateral Agreement ပါ သဘောတူညီချက်များကို လေးစားလိုက်နာရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က တောင်းဆိုခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သတိပြုစရာကိစ္စများ ဖြစ်ခဲ့ သည်။ ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အဆိုပြုသည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းခွင့်ကို အစိုးရနှင့် တပ်မတော်က လက်ခံခဲ့မှု၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေနွေးပွဲများကို နေရာပြောင်းကျင်းပရန် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသောအဖွဲ့များက သဘောတူခဲ့မှုတို့မှာလည်း အာရုံစိုက်စရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ (မတ်လ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်မှ မတ် ၁၀ ရက်အထိ (မတ်လ ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ စစ်တွေ၊ အမ်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက် မနည်းရှိခဲ့ပြီး တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မတ်လ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၆ ဦးအထိ ရှိခဲ့ပါသည်။ […]