တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဧပြီ ၁၆ ရက်မှ ၂၁ ရက်အထိ (ဧပြီ တတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြား၊ ကျောက်တော်မြို့နယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ခုနစ်ကြိမ်ထက် မနည်းရှိခဲ့ပြီး အရပ်သားလေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဧပြီ တတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တပ်မတော်နှင့် အကြမ်းဖက် အုပ်စုနှင့် မတရား အသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကိုင်းတိုင်း တွင်လည်း တပ်မတော်နှင့် ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) တို့ တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်ပွားခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဧပြီ တတိယပတ်)     Round-Up,

ထုတ်ပြန်ကြေညာချက်များ (ဧပြီ တတိယပတ်)    

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် ဧပြီ ၁၄ ရက်မှ ၂၀ ရက်အထိ (ဧပြီ တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့်  အရပ်ဘက်အဖွဲ့အစည်းများမှ  စုစုပေါင်း ၁၅ ခု ထက်  မနည်းသော  ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။     အဆိုပါထုတ်ပြန်ချက်များတွင် အစိုးရမှ ခုနစ်ခု အထိ ထုတ်ပြန်ခဲ့ပြီး တပ်မတော်မှ လေးခု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ နှစ်ခုစီ အသီ... […]

တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ ဒုတိယပတ်) Round-Up,

တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဧပြီ ၈ ရက်မှ ၁၅ ရက်အထိ (ဧပြီ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ပုဏ္ဏားကျွန်း၊ မောင်တောနှင့် အမ်းမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်တို့တွင် တိုက်ပွဲ ခုနစ်ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သားသေဆုံးမှု ကိုးဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဧပြီ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) န... […]

ထုတ်ပြန်ကြေညာချက်များ (ဧပြီ ဒုတိယပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် ဧပြီ ၇ ရက်မှ ၁၄ ရက်အထိ(ဧပြီ ဒုတိယပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၊ သံရုံးနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၃ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။   အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခြောက်ခုအထိ ထုတ်ပြန်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများမှ သုံးခု၊ အစိုးရ၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားသံရုံးတို့မှ တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။   […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဧပြီ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်မှ ဧပြီ ၉ ရက်အထိ (ဧပြီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် COVID-19 ကာကွယ်ရန် တနိုင်ငံလုံး အပစ်ရပ်စဲနိုင်ရေး အစိုးရနှင့် ဆွေးနွေးမည်ဟု NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့ခြင်း၊ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်း လက်နက်ကိုင်သုံးဖွဲ့က COVID-19 ကူးစက်ရောဂါ ဖြစ်နေချိန်တွင် တပ်မတော်နှင့် တိုက်ပွဲ မဖြစ်ပွားအောင် ထိန်းသိမ်းမည်ဟု ကြေညာခဲ့ခြင်းတို့မှာ ယခုရက်သတ္တပတ်အတွင်း အာရုံစိုက်စရာ ကိစ္စများ ဖြစ်ခဲ့ပါသည်။ ထို့ပြင် COVID – 19 ကပ်ရောဂါ ထိန်းချုပ်နိုင်ခဲ့ပါက ၂၁ ရာစုပင်လုံညီလာခံကို ဇူလိုင်လကုန်(သို့မဟုတ်) သြဂုတ်လဆန်းတွင် ကျင်းပမည်ဟု PNLO အဖွဲ့ဒုဥက္ကဋ္ဌက ပြောကြားခဲ့မှု၊ အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့တို့ မေလဆန်းတွင် နှစ်ဖက်တွေ့ဆုံနိုင်ရန် ခက်ပါက အွန်လိုင်းမှ ဆွေးနွေးရန် စီစဉ်ထားမှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ ဖြစ်စဉ်များ ဖြစ်ခဲ့ပါသည်။ […]

တိုက်ပွဲဖြစ်ပွားမှုများ(ဧပြီ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှ ၇ ရက်အထိ (ဧပြီ ပထမပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များ၊ ရခိုင်ပြည်နယ်(တောင်ပိုင်း) ဂွမြို့နယ်၊ ချင်းပြည်နယ် ပလက်၀မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားမှု ဆယ်ကြိမ်ထက် မနည်း ရှိခဲ့ပြီး အရပ်သားသေဆုံးမှု ၁၃ ဦး ရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဧပြီ ပထမပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ (တောင်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်လည်း တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါသည်။ ထို့ပြင် ကရင်ပြည်နယ် ဖာပွန်မြို့နုယ်တွင် တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် KNU အဖွဲ့တို့အကြား တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ […]