တိုက်ပွဲဖြစ်ပွားမှုများ (မေ တတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် မေ ၁၄ ရက်မှ ၁၉ ရက်အထိ (မေ တတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မြောက်ဦးမြို့နယ်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် ကယားပြည်နယ် ရှားတောမြို့နယ်တို့တွင် တိုက်ပွဲ လေးကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း တရားဝင် သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား မေ တတိယပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သည်။ သို့ရာတွင် NCA လက်မှတ်ရေးထိုးထားသည့် KNU နှင့် တပ်မတော်တို့ ကရင်ပြည်နယ်တွင် ပစ်ခတ်မှုများရှိခဲ့ပြီး ကယားပြည်နယ် ရှားတောမြို့နယ်တွင် KNPP နှင့် တပ်မတော်အကြား ပစ်ခတ်မှုတကြိမ် ဖြစ်ပွားခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (မေ တတိယပတ်) Round-Up,

ထုတ်ပြန်ကြေညာချက်များ (မေ တတိယပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် မေ ၁၂ ရက်မှ ၁၈ ရက်အထိ (မေ တတိယပတ်) ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၁ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ အဆိုပါထုတ်ပြန်ကြေညာချက်များတွင် တပ်မတော်မှ ကိုးခုထိ ထုတ်ပြန်ခဲ့ပြီး KIO/KIA အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ကလည်း ထုတ်ပြန်ချက် တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ ဒုတိယပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် မေ ၈ ရက်မှ ၁၄ ရက်အထိ (မေ ဒုတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် “ဝ” အဖွဲ့(UWSP/UWSA)၊ မိုင်းလားအဖွဲ့(NDAA) ခေါင်းဆောင်များ သီးခြားစီ တွေ့ဆုံ၍ COVID-19 ကာကွယ်ရေးဆွေးနွေးခဲ့ခြင်း၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ကြောင့် အစိုးရနှင့် COVID-19 အရေး မြေပြင်တွင် လက်တွဲလုပ်ဆောင်ရန် အဆင်ပြေမည်မဟုတ်ဟု KIO/KIA အဖွဲ့က ပြောကြားခဲ့ခြ... […]

တိုက်ပွဲဖြစ်ပွားမှုများ (မေ ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် မေ ၇ ရက်မှ ၁၃ ရက်အထိ (မေ ဒုတိယပတ်)ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) မင်းပြား၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ငါးကြိမ်ထက် မနည်းရှိခဲ့ပြီး ဘူးသီးတောင်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မေ ဒုတိယပတ်အတွင်း အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများအတွင်း လက်နက်ကြီးကျည် ကျရောက်မှု၊ မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိသကဲ့သို့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်တွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ […]

ထုတ်ပြန်ကြေညာချက်များ (မေ ဒုတိယပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် မေ ၅ ရက်မှ ၁၁ ရက်အထိ (မေ ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၄ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ အဆိုပါထုတ်ပြန်ကြေညာချက်များတွင် တပ်မတော်မှ ကိုးခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရမှ တခု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ထုတ်ပြန်ချက် နှစ်ခုစီ ထုတ်ပြန်ခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (မေ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် မေ ၁ ရက်မှ ၇ ရက်အထိ (မေ ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် COVID-19 ကာကွယ်ရေးအတွက် အစိုးရကော်မတီနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့မှ ကိုယ်စားလှယ်များ အလွတ်သဘောဆွေးနွေးခဲ့ခြင်း၊ NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အား COVID-19 ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အစိုးရက ဖိတ်ခေါ်ခဲ့ခြင်းတို့မှာ အာရုံစိုက်စရာ ကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။ ထို့ပြင် ကမ္ဘာ့ကပ်ရောဂါကို အတူရင်ဆိုင်မည်ဆိုပါက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ဟု အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံခဲ့ရသည့် AAအဖွဲ့က ပြောကြားခဲ့မှု၊ ရွေးကောက်ပွဲရှိ၍ ၂၁ ရာစုပင်လုံညီလာခံကို ဇူလိုင် နောက်ဆုံးထားကျင်းပမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့မှုတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ […]