တိုက်ပွဲဖြစ်ပွားမှုများ (မေ နောက်ဆုံးပတ်)
By Nyein Ko Ko Soe, On၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ (မေ နောက်ဆုံးပတ်)ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်၊ မူဆယ်မြို့နယ်များနှင့် ကရင်ပြည်နယ် ကမမောင်းမြို့နယ်ခွဲတို့တွင် တိုက်ပွဲ ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် AA အဖွဲ့နှင့် တပ်မတော်တို့အကြား မေ နောက်ဆုံးပတ်အတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် TNLA အဖွဲ့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ထို့... […]