တိုက်ပွဲဖြစ်ပွားမှုများ(ဇွန် ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ (ဇွန် ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ စစ်တွေမြို့နယ်များနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်တို့တွင် တိုက်ပွဲ ခြောက်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ယခုရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဇွန် ဒုတိယပတ်) Round-Up,

ထုတ်ပြန်ကြေညာချက်များ (ဇွန် ဒုတိယပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် ဇွန် ၉ ရက်မှ ၁၅ ရက်အထိ (ဇွန် ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်နှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ စုစုပေါင်း ၂၃ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ အဆိုပါထုတ်ပြန်ကြေညာချက်များတွင် တပ်မတော်မှ ၁၇ ခုအထိ ထုတ်ပြန်ခဲ့ပြီး အစိုးရမှ ငါးခုနှင့် အရပ်ဘက်အဖွဲ့အစည်းမှ တခု အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် ဒုတိယပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇွန် ၅ ရက်မှ ၁၁ ရက်အထိ (ဇွန် ဒုတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသော ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နှင့် အွန်လိုင်းမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ရန် အစိုးရဘက်မှ ကမ်းလှမ်းထားခြင်း၊ KIO/KIA အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ဖြစ်လာနိုင်ကြောင်း တပ်မတော် ပြောရ... […]

တိုက်ပွဲဖြစ်ပွားမှုများ(ဇွန် ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇွန် ၂ ရက်မှ ၉ ရက်အထိ (ဇွန် ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မောင်တောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံမြို့နယ်များနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ်တို့တွင် တိုက်ပွဲ ရှစ်ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲ၍ အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ ဇွန် ပထမပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့ အကြား တိုက်ပွဲ မရှိခဲ့ဘဲ မောင်တောမြို့နယ်တွင် ARSA အဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ တိုက်ပွဲ တကြိမ် ဖြစ်ပွားခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဇွန် ပထမပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ် ဇွန် ၂ ရက်မှ ၈ ရက်အထိ (ဇွန် ပထမပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ ပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ အဆိုပါထုတ်ပြန်ကြေညာချက်များတွင် တပ်မတော်မှ ၁၂ ခုအထိ ထုတ်ပြန်ခဲ့ပြီး ULA/AA အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)တို့မှ တခုစီ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခု အသီးသီး ထုတ်ပြန်ခဲ့ပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် မေ ၂၉ ရက်မှ ဇွန် ၄ ရက်အထိ (ဇွန် ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခံထားရသည့် ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့၏ အပစ်ရပ်ကမ်းလှမ်းမှုကို တပ်မတော်က ပယ်ချခဲ့ခြင်း၊ အစိုးရနှင့် တပ်မတော်၌ အပြောင်းအလဲများ ရှိလာမည် ဖြစ်၍ ၂၁ ရာစု ပင်လုံညီလာခံကို ရွေးကောက်ပွဲ မတိုင်မီ ကျင်းပနိုင်ရန် အရေးကြီးကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းတို့မှာ သတိပြုစရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။ ထို့ပြင် AA အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆက်လုပ်ပါက သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင်ရေး ဆက်လုပ်သွားမည်ဖြစ်သကဲ့သို့ ဆွေးနွေးပွဲလမ်းကြောင်းကိုလည်း ဖွင့်ထားမည်ဟု အစိုးရက ပြောကြားခဲ့မှု၊ COVID-19 အရေး အစိုးရ၏ ကမ်းလှမ်းမှုအပေါ် မူတည်၍ ပူးပေါင်းဆောင်ရွက်ခြင်း ပြု၊ မပြုဆုံးဖြတ်မည်ဟု TNLA အဖွဲ့က ပြောကြားခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်ဝင်စားစရာအကြောင်းအရာများ ဖြစ်ခဲ့ပါသည်။ […]