တိုက်ပွဲဖြစ်ပွားမှုများ (ဩဂုတ် ဒုတိယပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၅ ရက်မှ ၁၁ ရက်အထိ (ဩဂုတ် ဒုတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ ကျောက်တော်မြို့နယ်များတွင် တိုက်ပွဲ ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သား ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အရပ်သား ရာနှင့်ချီ၍ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဩဂုတ် ပထမပတ်) Round-Up,

ထုတ်ပြန်ကြေညာချက်များ (ဩဂုတ် ပထမပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၄ ရက်မှ ၁၀ ရက်အထိ (ဩဂုတ် ပထမပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၁ ခုထက် မနည်းသော ထုတ်ပြန် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ရှစ်ခုထိ ထုတ်ပြန်ခဲ့ပြီး RCSS/ SSA အဖွဲ့၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ပလက်၀မြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီတို့က တ... […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဩဂုတ် ပထမပတ်) Round-Up,

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဩဂုတ် ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၆ ရက်အထိ (ဩဂုတ် ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များအနက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ် ၁၉ ရက်စ၍ သုံးရက်ကြာ ကျင်းပရန် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ အစည်းအဝေးတွင် သဘောတူညီခဲ့ခြင်း၊ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့အား ပင်လုံညီလာခ... […]

တိုက်ပွဲဖြစ်ပွားမှုများ(ဩဂုတ် ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၄ ရက်အထိ (ဩဂုတ် ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း၊ မြေပုံမြို့နယ်များနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်များတွင် တိုက်ပွဲ ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား ရှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။။ ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်လည်း တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ပါသည်။ […]

ထုတ်ပြန်ကြေညာချက်များ (ဇူလိုင် နောက်ဆုံးပတ်)

By Pan Su Wai, On

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၃ ရက်အထိ (ဇူလိုင် နောက်ဆုံးပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၅ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပါသည်။ အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ရှစ်ခုထိ ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုအစိုးရ၊ ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခုစီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) မှ တခု အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။ […]

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇူလိုင် နောက်ဆုံးပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၄ ရက်မှ ဇူလိုင် ၃၀ ရက်အထိ (ဇူလိုင် နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များအနက် အစိုးရက ဖိတ်ကြားလာပါက ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ကြရန် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအား တရုတ်အစိုးရမှ တိုက်တွန်းခဲ့ခြင်း၊ အစိုးရနှင့် NCA လက်မှတ်ထိုး အဖွဲ့များအကြား ဆွေးနွေးမှုတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စအပါအဝင် အရေးကြီးသော အချက်အချို့ ညှိနှိုင်းရန် ကျန်နေ၍ ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ခြင်းတို့မှာ သတိပြုစရာဖြစ်ခဲ့ပါသည်။ […]