လုံခြုံရေးကဏ္ဍ ပြောင်းလဲရေးအခြေခံမူများနှင့် နိုင်ငံတကာအတွေ့အကြုံများ (စာတမ်းမိတ်ဆက်)

By Htet Shein Lynn, On

ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပုံဖော်ရန် ကြိုးစားနေသော မြန်မာနိုင်ငံအတွက် လုံခြုံရေးကဏ္ဍကို ရွေးကောက်ခံအစိုးရ၏ ကွပ်ကဲမှုအောက်တွင်ထားရှိ၍ ဒီမိုကရေစီနည်းကျ ပြောင်းလဲနိုင်ရန် အရေးကြီးပါသည်။ သို့မှသာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို အာမခံသည့် နိုင်ငံရေး ပြောင်းလဲမှုကို ဒီမိုကရေစီ နည်းကျဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ လုံခြုံရေးကဏ္ဍပြုပြင် ပြောင်းလဲရေး (security sector reform-SSR)အတွက် လိုအပ်သော မူဝါဒများ၊ နည်းဗျူဟာများနှင့် လက်တွေ့အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သော နိုင်ငံအချို့၏ တွေ့ကြုံခဲ့ရသော စိန်ခေါ်မှုများ၊ ထိုစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားခဲ့ပုံများအား နမူနာအဖြစ် ထည့်သွင်း၍ ရေးသားဖော်ပြထားသော စာတမ်းတစောင်နှင့် မိတ်ဆက်ပေးလိုပါသည်။ […]

Annual Peace & Security Review 2020 နှစ်စဉ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုံးသပ်ချက် - ၂၀၂၀ (အစီရင်ခံစာမိတ်ဆက်) Research,

Annual Peace & Security Review 2020 နှစ်စဉ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုံးသပ်ချက် - ၂၀၂၀ (အစီရင်ခံစာမိတ်ဆက်)

By Zaw Htet Oo, On

ယခုနှစ် ဩဂုတ်လအတွင်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဆက်လက်ကျင်းပနိုင်ဖို့ စိုင်းပြင်းနေကြတာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ စားပွဲဝိုင်းပေါ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ထပ်ဟပ်စေတဲ့ မြေပြင်အခြေအနေတွေကလည်း ခြုံငုံဆင်ခြင်နိုင်ဖို့ လိုအပ်တဲ့ ညွှန်းကိန်းတွေ ဖြစ်ပါတယ်။ ဥပမာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုအားနည်းစေတဲ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေ၊ သဘောထားကွဲလွဲ... […]

ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့်အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ (သုတေသနစာတမ်းမိတ်ဆက်) Research,

ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့်အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ (သုတေသနစာတမ်းမိတ်ဆက်)

By Zaw Htet Oo, On

မြန်မာအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ကျေကျေလည်လည်ဆွေးနွေးဖို့ လိုအပ်တဲ့ကဏ္ဍများစွာ ရှိပါတယ်။ အဲဒီကဏ္ဍတွေထဲမှာ အရေးပါတဲ့တခုက လုံခြုံရေးကဏ္ဍပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း  နိုင်ငံရေးဖြစ်စဉ်အပေါ် လုံခြုံရေးကဏ္ဍရဲ့ သက်ရောက်လွှမ်းမိုးနိုင်မှုက ထင်ရှားပါတယ်။ ပဋိပက္ခတွေရဲ့အလွန် လုံခြုံရေးကဏ္ဍအပြောင်းအလဲကို ရည်မျှော်စဉ်းစားကြတဲ့အခါ ပါဝင်တဲ့အစုအဖွဲ့တွေ အကြား ဖြစ်တန်ချေ... […]

နှစ် ၂၀ ထိုခရီး (အစီရင်ခံစာမိတ်ဆက်)

By Zaw Htet Oo, On

မြန်မာနိုင်ငံဟာ လက်ရှိမှာ Covid-19 ကမ္ဘာ့ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဒဏ်ကို တကမ္ဘာလုံးနဲ့အတူ ဖြတ် ကျော်နေရချိန်ဖြစ်ပါတယ်။ လိုအပ်တဲ့ကျန်းမာရေးအစီအမံတွေအရ နေ့စဉ်ပုံမှန်သွားလာခြင်းတွေကို လျော့ချပြီး တတ်နိုင်သမျှ အိမ်ထဲမှာပဲနေနေကြရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကိုယ်တဦးတည်းရဲ့ ကျန်းမာရေး အတွက် သာမက လူ့အသိုက်အမြုံအတွက်ပါ လုံခြုံမှုရှိစေဖို့ ပုံမှန်လှုပ်ရှားသွားလာမှုတွေကို ရပ်တန့်ပြီး အိမ်မှာ နေခြင်း အလေ့အထကို အခြေပြုရင်း ရုတ်ချည်း အပြောင်းအလဲလုပ်ကြရတဲ့အခါ အဆင်မပြေမှု၊ စိန်ခေါ်မှုတွေ ရှိလာ ကြပါတယ်။ […]

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သူတို့၏ လောကအမြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၏ မမြင်သာသော စိန်ခေါ်မှုများ (သုတေသနစာတမ်းမိတ်ဆက်)

By Zaw Htet Oo, On

မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း(၇၀)ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ပြည်တွင်းစစ်ပဋိပက္ခကို ဖြေရှင်းဖို့ကြိုးပမ်းကြတဲ့ အခါမှာ ထည်သွင်းစဉ်းစားရမယ့် အရာများစွာရှိပါတယ်။ ဥပမာ-ပဋိပက္ခရဲ့သဘောသဘာဝ၊ ဖြစ်စဉ်၊ ပါဝင် ပတ်သက်နေတဲ့ အစုအဖွဲ့တွေရဲ့ ရပ်တည်ချက်တွေကို ကွဲကွဲပြားပြားသိရှိထားဖို့အချက်က အရေးပါလှပါတယ်။ နိုင်ငံရေးစနစ်အလှည့်အပြောင်းတွေအကြားမှာ ပြည်တွင်းစစ်ရဲ့ သက်ဆိုးရှည်မှုက သတိပြုစရာပါ။ ငြိမ်းချမ်းရေး တည်ဆောက်ရေးဖြစ်စဉ်မှာ လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးဆွေးနွေးပွဲအသွင် ပြောင်းလဲနိုင်ဖို့က အဓိကကျတဲ့ ကနဦး ခြေလှမ်းဖြစ်ပါတယ်။ […]

မြေယာစီမံအုပ်ချုပ်မှုစနစ်-အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စဉ်းစားချက်များ (သုတေသနစာတမ်း မိတ်ဆက်)

By Zaw Htet Oo, On

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ကိုင်တွယ်ဖြေရှင်းရမယ့် စိန်ခေါ်မှုများစွာအနက်မှ ထင်ရှားတဲ့ အရေးကိစ္စတခုက မြေယာစီမံအုပ်ချုပ်မှု စနစ်ဖြစ်ပါတယ်။ ကိုလိုနီခေတ်က အစပြုလို့  မျက်မှောက်ခေတ် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလအထိ မြေယာစီမံအုပ်ချုပ်မှုနဲ့ ပတ်သတ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရေးဆွဲခဲ့သလို၊ ခေတ်နဲ့အညီ ပြောင်းလဲမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ လုံလောက်မှုမရှိသေးဘဲ မြေယာကဏ္ဍအတွက် ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ အခုဖော်ပြမယ့်စာစုမှာ  မြေယာစီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး အနာဂတ်ဖက်ဒရယ်နိုင်ငံအတွက် ရည်မျှော်တဲ့ စဉ်းစားချက်တွေကို ပြုစုဆွေးနွေးထားတဲ့ သုတေသနစာတမ်းတခုကို မိတ်ဆက်ရေးသားမှာ ဖြစ်ပါတယ်။ […]