လုံခြုံရေးကဏ္ဍ ပြောင်းလဲရေးအခြေခံမူများနှင့် နိုင်ငံတကာအတွေ့အကြုံများ (စာတမ်းမိတ်ဆက်)
By Htet Shein Lynn, Onငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပုံဖော်ရန် ကြိုးစားနေသော မြန်မာနိုင်ငံအတွက် လုံခြုံရေးကဏ္ဍကို ရွေးကောက်ခံအစိုးရ၏ ကွပ်ကဲမှုအောက်တွင်ထားရှိ၍ ဒီမိုကရေစီနည်းကျ ပြောင်းလဲနိုင်ရန် အရေးကြီးပါသည်။ သို့မှသာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို အာမခံသည့် နိုင်ငံရေး ပြောင်းလဲမှုကို ဒီမိုကရေစီ နည်းကျဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ လုံခြုံရေးကဏ္ဍပြုပြင် ပြောင်းလဲရေး (security sector reform-SSR)အတွက် လိုအပ်သော မူဝါဒများ၊ နည်းဗျူဟာများနှင့် လက်တွေ့အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သော နိုင်ငံအချို့၏ တွေ့ကြုံခဲ့ရသော စိန်ခေါ်မှုများ၊ ထိုစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားခဲ့ပုံများအား နမူနာအဖြစ် ထည့်သွင်း၍ ရေးသားဖော်ပြထားသော စာတမ်းတစောင်နှင့် မိတ်ဆက်ပေးလိုပါသည်။ […]