အာရကန် (ရခိုင်ပြည်နယ်) မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ပဋိပက္ခမြေ (အစီရင်ခံစာမိတ်ဆက်)

By Su Yadanar Myint, On

ရခိုင်ပြည်နယ်တွင် အဓိကရင်ဆိုင်နေရသော ပဋိပက္ခများဖြစ်သည့် တပ်မတော်နှင့် အတိုက်အခံလူမျိုးစု လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများရှိနေခြင်း၊ ရိုဟင်ဂျာဒုက္ခသည်များ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရခြင်း၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်စရာများ မပြီးပြတ်သေးခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေရခြင်းနှင့် အိမ်နီးချင်းအင်အားကြီးနိုင်ငံများက စီးပွားရေးစီမံကိန်းကြီးများကို အကြောင်းပြု၍ ရခိုင်ဒေသအတွင်း ချဲ့ထွင်လာခြင်း စသဖြင့် ပဋိပက္ခများ၏ အရင်းခံအကြောင်းတရားများကို အစီရင်ခံစာထဲ၌ အသေးစိတ်ဖော်ပြထားပါသည်။ […]

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုသဘောထားအမြင်စစ်တမ်း (အစီရင်ခံစာမိတ်ဆက်) Research,

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုသဘောထားအမြင်စစ်တမ်း (အစီရင်ခံစာမိတ်ဆက်)

By Zaw Htet Oo, On

“၂၀၂၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်လာနိုင်ရေးအတွက် ဘယ်လို လုပ်ဆောင်သင့်သလဲ” ဆိုတဲ့ စစ်တမ်းမေးခွန်း ဖြစ်ပါတယ်။ စစ်တမ်းဖြေဆိုသူဦးရေ စုစုပေါင်းရဲ့ ၆၂ ဒသမ ၈ ရာခိုင်နှုန်း က နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နဲ့ နိုင်ငံရေးပါတီများရဲ့ သဘောတူညီမှုယူပြီးမှ ဆက်လုပ်သင... […]

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်လောင်းဆိုင်ရာ အချက်အလက်များ (အစီရင်ခံစာမိတ်ဆက်) Research,

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်လောင်းဆိုင်ရာ အချက်အလက်များ (အစီရင်ခံစာမိတ်ဆက်)

By Zaw Htet Oo, On

Demography အချက်အလက်တွေကနေတဆင့် ရွေးကောက်ပွဲဖြစ်စဉ် ကာလသုံးပါး စလုံးရဲ့ ဆက်စပ်အခြေအနေတွေကို စောင့်ကြည့်လေ့လာဖို့ အမှန်တကယ် လိုအပ်ပါတယ်။ ဒီအချက်အလက်တွေကို အခြေခံပြီး အထွေထွေရွေးကောက်ပွဲတွေလို နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ ဖြစ်စဉ်တွေ အတွင်းမှာ လူငယ်တွေ ဘယ်လောက်အထိ ပါဝင်နေကြပြီ၊ အမျိုးသမီးတွေ ဘယ်လောက်အထိ ပါဝင်နေကြပြီ၊ လွှတ်တော်အတွင်း ဖော်ဆောင်ရမယ့် မူဝါဒအပြောင်းအလဲတွေအတွက် ကိုယ်စားလှယ်လောင်း တ... […]

ထိန်းချုပ်ကန့်သတ်ခြင်းမှသည် နာလန်ထူခြင်းဆီသို့ From Containment to Recovery (အစီရင်ခံစာမိတ်ဆက်)

By Zaw Htet Oo, On

ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးရဲ့ နောက်ဆက်တွဲအခြေအနေ‌တွေကြောင့် ဒေသတွင်း ဖွံ့ဖြို်ဆဲနိုင်ငံတွေအဖို့ စီးပွားရေးအကျပ်အတည်းတွေကတဆင့် လူမှုအရင်းအနှီးပျက်ယွင်းမှုတွေဆီကိုပါ တွန်းပို့ ပေးနိုင်တယ်ဆိုတဲ့ အခင်းအကျင်းက သတိပြုစရာအကောင်းဆုံးဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်တွေအဖို့ ရောဂါကပ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်ချက်တွေကို ဖြေရှင်းရာမှာ နဂို ရှိရင်းစွဲ ကျင့်သုံးနေတဲ့ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးမူဝါဒ အခင်းအကျင်းတွေကို မဟာဗျူဟာမြောက် ပြန်လည် မွန်းမံနိုင်ဖို့ လိုအပ်တာကို ထောက်ပြထားပါတယ်။ တဆက်တည်းမှာပဲ ကူးစက်ရောဂါကာကွယ်ရေး လိုအပ်ချက်အတွက် ထိန်းချုပ် ကန့်သတ်ခြင်းပုံစံတွေ ဆောင်ရွက်ကြရသလို၊ လူမှုစီးပွား အခြေအနေတွေ နာလန်ပြန် ထူနိုင်ဖို့၊ ပြန်ပြီး လည် ပတ်နိုင်ဖို့ မူဝါဒအပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့ကလည်း အရေးတကြီး လိုအပ်နေ ကြောင်း ဆွေးနွေး အကြုံချက်တွေကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ […]

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ Myanmar: Ethnic Politics and the 2020 General Election (သုတေသနစာတမ်းမိတ်ဆက်)

By Linn Htet Aung, On

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် ရှုပ်ထွေးမှုများ ပိုမိုများပြားလာသကဲ့သို့ လူနည်းစု တိုင်းရင်းသားများ၏ တန်းတူညီမျှမှုရရှိရေးနှင့် ကိုယ်စားပြုမှု အတွက် (ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြင့်) ကြိုးပမ်းမှုတို့အပေါ် များစွာသက်ရောက်မှု ရှိမည် ဖြစ်သည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီခရီးလမ်းအတွက် အရေးကြီးသကဲ့သို့ တန်းတူညီမျှမှု အတွက်မူ လိုအပ်ချက်များစွာ ရှိနေသည်ဖြစ်သည်။ ကိုဗစ်ရောဂါဖြစ်ပွားမှုသည်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးတို့ကို ပိုမိုရှုပ်ထွေးစေဦးမည်ဖြစ်သဖြင့် လူနည်းစု တိုင်းရင်း သားများ၏ လျှောက်လှမ်းရမည့် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတို့သည် များစွာ ရှည် ကြာ နေဦးမည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲအလွန် တက်ရောက်လာမည့် အစိုးရသည် ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ပြည်ထောင်စုစနစ် မဖော်ဆောင်နိုင်သရွေ့ လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဥ်သည် အရွေ့ကင်းမဲ့သော အခင်းအကျင်းမျိုးအသွင်ဖြင့် မျိုးဆက်တဆက်စာပင် ကြာရှည်နိုင်သည်ဟု ယူဆရပေသည်။ […]

စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ (သုတေသနစာတမ်း မိတ်ဆက်)

By Zaw Htet Oo, On

ယခုစာတမ်းက မြန်မာ့စွမ်းအင်စီမံခန့်ခွဲမှုပုံစံရဲ့  လူမှုဘဝတွေအပေါ် ပကတိအကျိုး သက်ရောက်မှုအခြေအနေတွေကို အထူးပြုဖော်ပြထားပါတယ်။ မူဝါဒချမှတ်သူတွေအတွက် သတိပြုဆင်ခြင် စရာ အချက်တွေကိုလည်း ဖြည့်စွမ်းပေးထားပါတယ်။ အရင်းအမြစ်ခွဲဝေသုံးစွဲမှုအစီအမံအားနည်းချက်တွေက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၊ လူမှုစီးပွားပဋိပက္ခတွေ အားကောင်းရခြင်းအတွက် ထင်ရှားတဲ့ အကြောင်း တရားတချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်စဉ် တွေအတွင်း စွမ်းအင်စီမံခန့်ခွဲမှုပုံစံက မလွှဲမသေ အကျေအလည်ဆွေးနွေးဖို့ လိုတဲ့ကိစ္စရပ်ဖြစ်တာနဲ့အညီ ယခုသုတေသနစာတမ်းရဲ့ တွေ့ရှိဖော်ပြချက်တွေကတဆင့် ကောင်းမွန်တဲ့ စွမ်းအင်ကဏ္ဍဆိုင်ရာမူဝါဒ အပြောင်း အလဲ ဖြစ်ပေါ်လာရေးအတွက် အထောက်အပံ့ဖြစ်စရာ စဉ်းစားချက်များစွာကို ဖတ်ရှုလေ့လာနိုင်မှာပဲ ဖြစ်ပါ တယ်။ […]