Nyein Ko Ko Soe Archives - ISP Myanmar Peace Desk

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ နောက်ဆုံးပတ်)
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို အခြေခံ၍ အာဏာသိမ်းမှု ဆောင်ရွက်နိုင်သည့်အခြေအနေ ရှိကြောင်း တပ်မတော်က နှစ်ရက်အတွင်း နှစ်ကြိမ်တိုင် အရိပ်အမြွက်ပြောကြားခဲ့ခြင်းနှင့် ဆက်စပ်သည့် သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ (ဇန်နဝါရီ နောက်ဆုံးပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။

ထို့အပြင် နိုင်ငံတဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ဖေဖော်ဝါရီလကုန်အထိ ရပ်ဆိုင်းထားမည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့ခြင်း၊ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့ တွေ့ဆုံမည့်နေရာ ညှိနှိုင်း၍ မရသေးခြင်း စသည့်သတင်းများလည်း ရှိနေပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သော KIO/KIA ၊ PSLF/TNLA ၊ MNTJP/MNDAA၊ ULA/AA တို့၏ အပစ်ရပ်စဲရေးဆွေးနွေးပွဲ ပြုလုပ်ရန် နေရာ ညှိနှိုင်း၍ မရသေးကြောင်း သိရပါသည်။ [1] ယခုလအတွင်း တွေ့ဆုံနိုင်ရန် အစိုးရဘက်မှ  ကမ်းလှမ်းထားမှုကို မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့က အကြောင်းပြန်ကြားခြင်း မရှိသေးသကဲ့သို့ မြစ်ကြီးနား သို့မဟုတ် ကျိုင်းတုံမြို့များထက် တရုတ်နိုင်ငံတွင်သာ တွေ့ဆုံလို့၍ နေရာ ညှိနှိုင်း မရသေးခြင်း ဖြစ်သည်ဟု KBC မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားခဲ့သည်။

အလားတူ ဦးလမိုင်ဂွမ်ဂျာ၏ ပြောကြားမှုအရ အစိုးရနှင့် တွေ့ဆုံမှုတွင် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့ စလုံး ပါဝင်မည်ဖြစ်ပြီး ယခုလအတွင်း တွေ့ဆုံရန် မဖြစ်နိုင်ဘဲ ဖေဖော်ဝါရီလဆန်းတွင် တွေ့ဆုံနိုင်မည် ဟုလည်း သိရပါသည်။ [2] မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ အကြား ၂၀၁၉ ခုနှစ်က ကျိုင်းတုံတွင် နှစ်ကြိမ်၊ ရွှေလီတွင် တကြိမ် အလွတ်သဘောတွေ့ဆုံမှုများ ရှိခဲ့ပြီး ယခုအကြိမ်တွင် ULA/AA အဖွဲ့ ပါဝင်လာမည် ဖြစ်ပါသည်။

ထို့အပြင် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန် တပ်မတော်နှင့် AA အဖွဲ့ နှစ်ဖက်စလုံးက ဆန္ဒရှိကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည့်သတင်းလည်း ရှိပါ သည်။ [3] တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် လက်ရှိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အနေအထားကို ဆက်လက်ထိန်းသိမ်းလျက်ရှိပြီး တဖက်အဖွဲ့အစည်းများကလည်း ဆက်လက်ထိန်းသိမ်းလျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါ သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် အာဏာမသိမ်းဟု မှတ်ယူ၍ မရကြောင်း ပြောဆိုခဲ့မှု၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာမှုမရှိပါက ဖျက်ပစ်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့မှုတို့နှင့် ဆက်စပ်သည့်သတင်းများက ယခုရက်သတ္တပတ်အတွင်း သတိပြုစရာ ဖြစ်နေပါသည်။

ထိုကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို အခြေခံ၍ အာဏာသိမ်းမှု ဆောင်ရွက်နိုင်သည့်အခြေအနေ ရှိကြောင်း တပ်မတော်၏ ပြောကြားခဲ့ခြင်းအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းနေ ချိန်တွင် ထိုအခြေအနေမျိုး မလိုလားကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တာဝန်ရှိသူအချို့က ပြော ကြားခဲ့သည်။ [4] တပ်မတော်နှင့် စစ်ရေးတင်းမာနေသည့် KNU တပ်မဟာ(၅)၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း ကလည်း ထိုအခြေအနေကို တွန်းပို့လာပါက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူများ၊ အနိုင်ရပါတီနှင့် အခြားပါတီများ နိုင်ငံရေးအရ ပူးပေါင်းခုခံရမည်ဟု ပြောကြားခဲ့သည်။

ဆက်စပ်သတင်းတရပ်အနေဖြင့် အစိုးရနှင့် တပ်မတော်အကြား နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားရန် ဇန်နဝါရီ ၂၈ ရက်က နေပြည်တော်တွင် နှစ်ဖက်တာဝန်ရှိသူအချို့အကြား တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိကျသောအဖြေရလဒ် မထွက်ပေါ်ခဲ့ကြောင်း သိရပါသည်။[5] ထိုတွေ့ဆုံမှုတွင် တပ်မတော်ဘက်က ရွေးကောက်ပွဲ ကော်မရှင်အပေါ် အယုံအကြည် မရှိခြင်း၊ မဲကွာဟမှုများ ဖြေရှင်းရန်နှင့် တတိယအကြိမ် လွှတ်တော်အစည်းအဝေး ကျင်းပခြင်းကို ယာယီရွှေ့ဆိုင်းရန် ဆွေးနွေးခဲ့ရာ ရှင်းလင်းသော အဖြေ မထွက်ခဲ့ ခြင်း ဖြစ်ပါသည်။

ထို့အပြင် တပ်မတော်က နိုင်ငံတဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဖေဖော်ဝါရီလကုန်ထိ ရပ်ဆိုင်းပေးမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။[6] ယခင်ထုတ်ပြန်မှုများတွင် အပစ်ရပ်နယ်မြေသတ်မှတ်ရာ၌ “နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့ အစည်းများ ရှိသည့် နေရာများမှ အပ ကျန်နယ်မြေများတွင်”ဟု ဖော်ပြခဲ့သော်လည်း ယခုတကြိမ်တွင်မူ “မြန်မာနိုင်ငံတဝန်းလုံး ၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှ အပ”ဟု ပြောင်းလဲဖော်ပြခဲ့ပါသည်။

၂၀၂၁ ခုနှစ်  ဇန်နဝါရီ နောက်ဆုံးပတ်ကာလအတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

[1] ဧရာ၀တီ (ဇန်နဝါရီ ၂၈ ၊ ၂၀၂၁) “အစိုးရနှင့် မြောက်ပိုင်း ၄ဖွဲ့ တွေ့ဆုံရေး၊ နေရာညှိမရသေး”

https://burma.irrawaddy.com/news/2021/01/28/237255.html

[2] BBC Burmese ( ဇန်နဝါရီ ၂၇ ၊ ၂၀၂၁)  “အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့စလုံး တွေ့ဖို့ သဘောတူ”

https://bbc.in/2Ym3b9Y

[3] 7 Day Daily ( ဇန်နဝါရီ ၂၇၊ ၂၀၂၁)  “ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် နှစ်ဖက်စလုံးတွင် ဆန္ဒရှိဟု ဆို”

[4] 7 Day Daily ( ဇန်နဝါရီ ၂၉၊ ၂၀၂၁)  “အာဏာသိမ်းသည့် အခြေအနေမျိုး မလိုလားကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူအချို့ ပြော”

[5] ဧရာ၀တီ (ဇန်နဝါရီ ၂၈ ၊ ၂၀၂၁) “နိုင်ငံရေး အကျပ်အတည်း ကျော်ဖို့ အစိုးရနှင့် တပ်မတော် ဆွေးနွေးပေမယ့် အဖြေမထွက်”

https://burma.irrawaddy.com/news/2021/01/28/237261.html

[6] 7 Day Daily ( ဇန်နဝါရီ ၂၉၊ ၂၀၂၁)  “နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ဖေဖော်ဝါရီလကုန်အထိ ရပ်ဆိုင်း ထားမည်ဟု တပ်မတော်ထုတ်ပြန်”

The post ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ နောက်ဆုံးပတ်) appeared first on ISP Myanmar Peace Desk.

တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ စတုတ္ထပတ်)
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ(ဇန်နဝါရီ စတုတ္ထပတ်) ကာလအတွင်း ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပိုင်မြို့နယ်တွင် တိုက်ပွဲ တကြိမ် ဖြစ်ပွားခဲ့ပြီး သီပေါမြို့နယ်တွင် SSPP/SSA အဖွဲ့၏ ဖမ်းဆီးမှုကြောင့် အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရှမ်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သော်လည်း ကျောက်မဲ၊ မူဆယ်မြို့နယ်များတွင် လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်မှုများ ရှိခဲ့ပါသည်။ ထို့အပြင် တပ်မတော်နှင့် KNU အကြား စစ်ရေးတင်းမာနေသည့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် နေအိမ်အချို့ မီးလောင်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တပ်မတော်နှင့် RCSS/SSA အဖွဲ့အကြား တိုက်ပွဲ တကြိမ်သာ ဖြစ်ပွားခဲ့သော်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်မူ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်မှုများ ရှိခဲ့ပါသည်။

ဇန်နဝါရီ ၂၅ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်အတွင်းရှိ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်စခန်းကို တပ်မတော်က ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ [1] တပ်မ တော်နှင့် RCSS အကြား ၂၀၂၀ နှစ်ကုန်ပိုင်းက ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ယခုပြန် လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူဒုဗိုလ်မှူးကြီးအုမ်ခေး၏ ပြောကြားမှုအရ သိရပါ သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ပေါ်တွင်လည်း ဇန်နဝါရီ ၂၅ ရက် ညပိုင်းက လက်နက်ကိုင်အချို့၏ ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ [2] ကျောက်မဲမြို့နယ်၊ ရပ်ကွက် (၈) ရှိ စားသောက်ဆိုင်တွင် လက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့၍ ဆိုင်တွင် စကားပြောနေသည့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါသည်။

အလားတူ မူဆယ်မြို့နယ် (၁၀၅) မိုင် အုပ်စု အောက်နမ့်ဟွမ်ကျေးရွာ ဘောလုံးကွင်းအနီးတွင်လည်း ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက မီးသွေးတင်ဆောင်လာသည့် ကားမှ ယာဉ်မောင်းတဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပါသည်။ [3] ထိုယာဉ်မောင်းကို အမည်မသိလက်နက်ကိုင်များက ဆိုင်ကယ်ဖြင့်လာပြီး ကားကို ရပ်ခိုင်းကာ ပေါင်ကို သေနတ်ဖြင့် ပစ်ခဲ့ခြင်း ဖြစ်ပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လက်နက်ကိုင်အဖွဲ့များက အရပ်သားများကို ဆက်ကြေး ကောက်ခံခြင်း၊ ကားသမားများ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရပါသည်။

ထို့အပြင် သီပေါမြို့နယ် ကုန်းဆာကျေးရွာအုပ်ချုပ်ရေးမှူးမှာလည်း ရှမ်ပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။ [4] ထိုကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်ဆေ ရန်ဟု ဆိုကာ SSPP/SSA အဖွဲ့က ဇန်နဝါရီ ၇ ရက်ကတည်းက ခေါ်ဆောင်ခဲ့ပြီးနောက် ပြန်မလာသဖြင့် ဒေသခံလူထုက လိုက်ရှာခဲ့ရာ ဇန်နဝါရီလ ၂၃ ရက်တွင်  သီပေါမြို့နယ် နားခေးရွာအနီး တောထဲတွင် အလောင်းကို တွေ့ရခြင်း ဖြစ်ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

၂၀၂၀ ရွေးကောက်ပွဲကာလမှစ၍ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ရပ်တန့်နေခဲ့သည့် ရခိုင် ပြည်နယ်တွင် ဇန်နဝါရီ ၂၁ ရက်က မောင်တောမြို့နယ် အောင်သုခကျေးရွာမှ ရွာသားနှစ်ဦးကို လက်နက် ကိုင်အချို့က ဖမ်းဆီးရိုက်နှက်မှု ဖြစ်ပေါ်ခဲ့ပါသည်။

ထိုကျေးရွာသားနှစ်ဦးမှာ နေအိမ် ခြံစည်းရိုးကာရန် မေယုတောင်ကြောတွင် ဝါးသွားခုတ်ကြစဉ် လက်နက်ကိုင် အဖွဲ့နှင့် တွေ့ပြီး ဖမ်းဆီးရိုက်နှက်ခြင်း ခံခဲ့ရခြင်းဖြစ်ပါသည်။ [5] ထိုသို့ ရိုက်နှက်ခံရမှုကြောင့် ကျေးရွာသား နှစ်ဦးမှာ နံရိုးကျိုးခြင်း၊ လက်ကျိုးခြင်း စသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံတက် ကုသမှု ခံယူနေရပါသည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ARSA အဖွဲ့၏ လုပ်ရပ် ဖြစ်နိုင်ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ထင်မြင်ချက်ပေးခဲ့ပါသည်။

တပ်မတော်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်တွင်လည်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့အကြား စစ်ရေးတင်းမာနေသည့် ကရင်ပြည်နယ် ဖာပွန်မြို့နယ် မဲဝိုင်ကျေးရွာမှ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပါသည်။ [6] မဲဝိုင် ကျေးရွာမှ နေအိမ်အချို့ကို တပ်မတော်က ဇန်နဝါရီ ၂၄ ရက်ညပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဘက်မှ စွပ်စွဲပြောကြားခဲ့ပြီး တပ်မတော်ကမူ ငြင်းဆန်ခဲ့ပါသည်။

ကရင်ပြည်နယ်ဖာပွန်မြို့နယ်နှင့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တို့တွင် တပ်မတော်နှင့် KNU တို့၏ လက်နက်ကိုင်ပဋိပက္ခကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးမှုများ ရှိနေသကဲ့သို့ ထောင်နှင့်ချီ၍ နေရပ်စွန့်ခွာတိမ်းရှောင်နေရပါသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ စတုတ္ထပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

[1] 7 Day Daily (ဇန်နဝါရီ ၂၆ ၊ ၂၀၂၁)  “မိုင်းပန်မြို့နယ်ရှိ တပ်စခန်းကို တပ်မတော်က ဝင်တိုက်၍ တိုက်ပွဲဖြစ်ဟု RCSS ပြော”

[2] မဇ္ဈိမ (ဇန်နဝါရီ ၂၆ ၊ ၂၀၂၁)  “ကျောက်မဲမြို့ရှိ စားသောက်ဆိုင်တွင် သေနတ်ပစ်ခတ်မှု ၂ ဦး ဒဏ်ရာရ”

http://www.mizzimaburmese.com/article/77781

[3] သျှမ်းသံတော်ဆင့် (ဇန်နဝါရီ ၂၂ ၊ ၂၀၂၁)  “မူဆယ်မြို့ မီးသွေးတင် ယာဉ်မောင်းတဦး သေနတ်ပစ်ခံရ”

https://bit.ly/2LZwBbu

[4] သျှမ်းသံတော်ဆင့် (ဇန်နဝါရီ ၂၅ ၊ ၂၀၂၁)  “သီပေါမြို့ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံးမှု ဆွေမျိုးများထံ တောင်းပန်ပြီးကြောင်း SSPP ပြော”

https://bit.ly/39lt287

[5] ဧရာ၀တီ (ဇန်နဝါရီ ၂၂ ၊ ၂၀၂၁)  “မောင်တောဒေသခံ ၂ ဦးကို ဖမ်းဆီးရိုက်နှက်သည့် အဖွဲ့မှာ ARSA ဖြစ်နိုင်ဟုဆို”

https://burma.irrawaddy.com/news/2021/01/22/236916.html

[6] VOA  (ဇန်နဝါရီ ၂၆ ၊ ၂၀၂၁)  “ကရင်ပြည်နယ်ဖာပွန်နယ် နေအိမ်တချို့ မီးလောင်မှု အပြန်အလှန်စွပ်စွဲ”

https://burmese.voanews.com/a/karen-conflict/5752061.html

The post တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ စတုတ္ထပတ်) appeared first on ISP Myanmar Peace Desk.

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ တတိယပတ်)
အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ ပြုလုပ်ရန် ညှိနှိုင်းနေသည့် သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်အထိ (ဇန်နဝါရီ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။

ထို့အပြင် တပ်မတော်နှင့် KNU တို့အကြား တိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ နှစ်ဖက် စွပ်စွဲနေကြခြင်း၊ စစ်ရေးတင်းမာနေသည့် RCSS နှင့် TNLA တို့ တွေ့ဆုံရန် အပြန်အလှန် ကမ်းလှမ်းမှု မရှိ‌သေးခြင်းစသည့်သတင်းများလည်း ရှိနေပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သော KIO/KIA ၊ PSLF/TNLA ၊ MNTJP/MNDAA၊ ULA/AA တို့၏ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ယခုလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။ [1] ထိုဆွေးနွေးပွဲကို ယခုလအတွင်း ပြုလုပ်ရန် သေချာပြီး တွေ့ဆုံမည့်နေရာနှင့် အချိန်ကို ညှိနှိုင်းနေဆဲဖြစ်သည်ဟု ဆွေးနွေး ပွဲ ဖြစ်မြောက်ရေး ကူညီပေးနေသော ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားခဲ့သည်။

အစိုးရက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကျိုင်းတုံ (သို့မဟုတ်) မြစ်ကြီးနား၌ ကျင်းပရန် အဆိုပြုထားသော်လည်း မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့က တရုတ်နိုင်ငံတွင် ကျင်းပလိုကြောင်း သဘောထားပေးလာ၍ ညှိနှိုင်းနေရခြင်း ဖြစ်ပါသည်။ [2] မြောက်ပိုင်းလေးဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းရာတွင် ပဏာမ အပစ်ရပ်စဲရေး ဆောင်ရွက်ရန်၊ တဖွဲ့ချင်းစီနှင့် Bilateral အပစ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရန်၊ NCA လက်မှတ်ထိုးနိုင်ရေး ဆောင်ရွက်ရန် အဆင့်သုံးဆင့်ကို အဆင့်လိုက်လုပ်ဆောင်သွားမည်ဟု အစိုးရဘက်က ပြောကြားထားသည်။

နောက်ထပ်သတင်းတပုဒ်မှာ စစ်ရေးတင်းမာနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) တို့ တွေ့ဆုံရန် အဆင်သင့်ဖြစ်နေသော်လည်း အပြန်အလှန် ကမ်းလှမ်းမှု မရှိ‌ကြသေးခြင်း ဖြစ်ပါသည်။ [3] RCSS နှင့်  TNLA တို့သည် ဒီဇင်ဘာလမှစ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူနှင့် ကျောက်မဲမြို့နယ်တို့အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့ပြီး စစ်ရှောင် ၄၀၀၀ ခန့် ရှိနေပါသည်။ ထို့အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် ရှမ်းလူထုက တောင်းဆိုနေကြသော်လည်း ယခုအချိန်အထိ တဖက်နှင့် တဖက် ကမ်းလှမ်းမှု မရှိကြသေးကြောင်း သိရပါသည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့အကြား တိုက်ပွဲများအတွင်း အရပ်သား ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ နှစ်ဖက်အပြန်အလှန်စွပ်စွဲနေကြပါသည်။

ဇန်နဝါရီ ၁၅ ရက်က ကရင်ပြည်နယ် မဲဝိုင်ဒေသ၌ ကလေးငယ်တဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ခြင်းနှင့် ပတ်သက်၍ တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) သို့ အပြန်အလှန် ကန့်ကွက်အကြောင်းကြားခဲ့ကြသည်။ [4]

ထို့အပြင် ဇန်နဝါရီ ၁၉ ရက်က ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင်  KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ပစ်ခတ်၍ အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။ ထိုဖြစ်ရပ်မှာ NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်း ဖြစ်၍ JMC-S နှင့်  NRPC သို့ ကန့်ကွက်အကြောင်းကြားမည်ဟု တပ်မတော်၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ [5]

ထိုကဲ့သို့ တပ်မတော်နှင့် KNU တပ်မဟာအချို့အကြား လမ်းဖောက်လုပ်မှုကတဆင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့်အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် လိုအပ်နေပြီဖြစ်ကြောင်း KNU ဘက်က မှတ်ချက်ပြုခဲ့သည်။ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက NCA စာချုပ်ကို  ပြန်လည်သုံးသပ်ပြီး ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးကို သွားရန် လိုအပ်နေပြီဟု ပြောကြားခဲ့သည်။ [6]

ထို့အပြင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏  (၃၆) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဇန်နဝါရီလ ၁၈ ရက်က အွန်လိုင်းမှ ပြုလုပ်ခဲ့ပါသည်။ [7]

ထိုအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် အစိုးရနှင့် ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းခဲ့ပြီး ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် တဖွဲ့ချင်းစီ သဘောထားများကို ဘုံသဘောထားရရှိအောင် ညှိနှိုင်းခဲ့ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်း၏ ပြောကြားမှုအရ သိရပါသည်။ [8]

၂၀၂၁ ခုနှစ်  ဇန်နဝါရီ တတိယပတ်ကာလအတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

[1] မြန်မာတိုင်းမ် (ဇန်နဝါရီ ၂၀ ၊ ၂၀၂၁) “အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ယခုလအတွင်း တွေ့ဆုံဆွေးနွေးမည်”

https://myanmar.mmtimes.com/news/150124.html

[2] 7 Day Daily ( ဇန်နဝါရီ ၂၁ ၊ ၂၀၂၁)  “အစိုးရနှင့် အပစ်ရပ်စဲရေးဆွေးနွေးပွဲကို  တရုတ်နိုင်ငံတွင် ကျင်းပရန် မြောက်ပိုင်းလေးဖွဲ့ လိုလား”

[3] သျှမ်းသံတော်ဆင့် ( ဇန်နဝါရီ ၂၁ ၊ ၂၀၂၁)  “တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ တွေ့ဆုံရန် ကမ်းလှမ်းမှု မရှိသေး”

https://bit.ly/3ob2vi2

[4] 7 Day Daily ( ဇန်နဝါရီ ၁၈ ၊ ၂၀၂၁)  “ကလေးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရသည့်ကိစ္စ တပ်မတော်နှင့် KNU အပစ်ရပ် ပူးတွဲစောင့်ကြည့် ကော်မတီသို့ အပြန်အလှန် ကန့်ကွက်”

[5] 7 Day Daily ( ဇန်နဝါရီ ၂၀ ၊ ၂၀၂၁)  “KNU တပ်မဟာ(၅)အဖွဲ့ပစ်ခတ်၍ အရပ်သား နှစ်ဦးသေဆုံးဟု တပ်မတော်ထုတ်ပြန်၊ အရပ်သားကို ပစ်ခတ်ခြင်းကြောင့် JMC နှင့် NRPC သို့ အကြောင်းကြားမည်ဟု ဆို”

[6] BBC Burmese ( ဇန်နဝါရီ ၁၉ ၊ ၂၀၂၁)  “တိုက်ပွဲတွေ မရပ်လို့ ကေအန်ယူနဲ့ တပ်မတော် တွေ့ဆုံ ဆွေးနွေးဖို့ လိုနေပြီလို့ ကေအန်ယူ ပြော”

https://www.bbc.com/burmese/burma-55723916

[7] DVB ( ဇန်နဝါရီ ၁၈ ၊ ၂၀၂၁)  “၃၆ ကြိမ်မြောက် UPDJC အစည်းအဝေး ကျင်းပ”

http://burmese.dvb.no/archives/435085

[8] 7 Day Daily ( ဇန်နဝါရီ ၁၉ ၊ ၂၀၂၁)  “အစိုးရနှင့် ဆွေးနွေးပွဲကျင်းပရေး NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညှိနှိုင်း”

The post ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ တတိယပတ်) appeared first on ISP Myanmar Peace Desk.

တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ တတိယပတ်)
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ(ဇန်နဝါရီ တတိယပတ်)ကာလအတွင်း ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲ ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားလေးဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့တွင် တပ်မတော်နှင့် KNU တပ်မဟာများအကြား စစ်ရေးတင်းမာနေပြီး နှစ်ဖက်ပစ်ခတ်မှုများအတွင်း အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာပါသည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း မြေမြှုပ်မိုင်းကြောင့် အရပ်သားသေဆုံးမှု ရှိနေပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

၂၀၂၀ ရွေးကောက်ပွဲကာလမှစ၍ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ရပ်တန့်နေခဲ့သော်လည်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးနေဆဲဖြစ်ပါသည်။

မြေမြှုပ်မိုင်းနင်းမိ၍ ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့သည့် ကျောက်တော်မြို့နယ် ခဘော်ကျေးရွာမှ အမျိုးသမီး မှာ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက သေဆုံးသွားခဲ့ပါသည်။ [1] ထိုအမျိုးသမီးမှာ ဇန်နဝါရီ ၄ ရက်က ရွာအနီး ထင်းခုတ်သွားစဉ် မိုင်းနင်းမိခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံသို့ လွှဲပြောင်းကုသခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ ပြောကြားမှုအရ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများ ပေါက်ကွဲမှု ၁၁၀ ကျော် ဖြစ်ပွားခဲ့ပြီး လူ ၆၀ ကျော် သေဆုံးကာ ၁၃၀ ခန့် ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရပါသည်။ [2]

တပ်မတော်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်တွင်လည်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့အကြား ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် တပ်မတော်နှင့်  KNU တပ်မဟာ(၃) တို့ တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားနေခြင်းကြောင့် အရပ်သား ရာနှင့်ချီ တိမ်းရှောင်နေရပါသည်။ [3] တိုက်ပွဲများအတွင်း တပ်မတော်၏ ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း KNU က စွပ်စွဲသကဲ့သို့ တပ်မတော်ကလည်း KNU ဘက်မှ ပစ်ခတ်နှောင့်ယှက်၍ ပြန်လည်ပစ်ခတ်ရသည်ဟု ပြောကြားခဲ့ပါသည်။

ကျောက်ကြီးမြို့နယ်တွင် KNU တပ်မဟာ-၅ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း တပ်မတော်က ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။[4] တပ်မတော်၏ ထုတ်ပြန်မှုတွင် ဇန်နဝါရီ ၁၉ ရက်မွန်းလွဲပိုင်းက ကျောက်ကြီးမြို့နယ် မူသဲကျေးရွာအနီးတွင် အရပ်သား နှစ်ဦးကို KNU တပ်မဟာ (၅)၊ ပြည်သူ့စစ်တပ်ရင်း (၁)အဖွဲ့က အကြောင်းမဲ့ပစ်ခတ်၍ သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ ထိုဖြစ်စဉ်ကို KNU ဘက်က ငြင်းဆန်ခဲ့ပြီး တပ်မတော်၏လက်နက်ကြီးပစ်ခတ်မှုကြောင့်သာ ဇန်နဝါရီ ၁၉ ရက်က ကျောက်ကြီးမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသူတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြန်လည် စွပ်စွဲခဲ့ပါသည်။

ထိုဖြစ်စဉ်မတိုင်ခင်ကလည်း တပ်မတော်နှင့်  KNU တပ်မဟာ (၅)တို့၏ ကရင်ပြည်နယ် မဲဝိုင်ဒေသ စစ်ရေးပဋိပက္ခနှင့် ဆက်စပ်ပြီး အမျိုးသားတဦး သေဆုံး၊ ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ပစ်ခတ်မှုအပေါ် နှစ်ဖက် အပြန်အလှန် စွပ်စွဲခဲ့ကြပါသည်။ [5]

ဇန်နဝါရီ ၁၅ ရက်က KNU တပ်မဟာ (၅) မှ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် မဲဝိုင်ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်နေသည့် ကလေးငယ်တဦး ဦးခေါင်း၌ ကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ရာ တပ်မတော်က ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်၍ ရသည့်ဒဏ်ရာ ဖြစ်သည်ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောကြားခဲ့သည်။ ထို့အပြင် တပ်မတော်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ယာထဲတွင် ရှိနေသည့် ဒေသခံရွာသားတဦး ဇန်နဝါရီ ၁၂ ရက် ညပိုင်းက သေဆုံးခဲ့ကြောင်း KNU ဘက်က စွပ်စွဲခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

[1] BBC Burmese (ဇန်နဝါရီ ၁၉ ၊ ၂၀၂၁)  “ရခိုင် မြေမြှုပ်မိုင်း- ကျောက်တော်က မိုင်းထိလူနာတစ်ဦး သေဆုံး”

https://www.bbc.com/burmese/burma-55719248

[2] 7 Day Daily (ဇန်နဝါရီ ၂၀ ၊ ၂၀၂၁)  “ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂ နှစ်အတွင်း မိုင်းနှင့်စစ်လက်ကျန်ပေါက်ကွဲမှု အကြိမ်ရေ ၁၀၀ ကျော်အထိ ရှိ”

[3] VOA (ဇန်နဝါရီ ၁၉ ၊ ၂၀၂၁)  “ပဲခူးတိုင်းအတွင်း KNU နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွား”

https://burmese.voanews.com/a/bago-knu-karen-myanmar-peace-process/5743107.html?fbclid=IwAR0e0E1Kb8zimgGcOb4eA0t3vdy0pV5DDHxu6pk_cSwfuHJArvnjczA8eSI

[4] 7 Day Daily (ဇန်နဝါရီ ၂၀ ၊ ၂၀၂၁)  “KNU တပ်မဟာ(၅)အဖွဲ့ပစ်ခတ်၍ အရပ်သား နှစ်ဦးသေဆုံးဟု တပ်မတော် ထုတ်ပြန်”

[5] 7 Day Daily (ဇန်နဝါရီ ၁၇ ၊ ၂၀၂၁)  “တပ်မတော်နှင့် KNU တို့၏ စစ်ရေးပဋိပက္ခကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရ”

The post တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ တတိယပတ်) appeared first on ISP Myanmar Peace Desk.

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ ဒုတိယပတ်)
တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့အကြား စစ်ရေးတင်းမာနေမှုနှင့် ပတ်သက်သည့် သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်အထိ (ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အာရုံစိုက်စရာ ဖြစ်နေပါသည်။

ထို့အပြင် ULA/AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ရေးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့ခြင်း၊  NLD ပါတီအစိုးရ၏ လာမည့်သက်တမ်းတွင် ငြိမ်းချမ်းရေး ပိုမိုအောင်မြင်နိုင်ဟု KNU/KNLA-PC ဥက္ကဋ္ဌက မှတ်ချက်ပြုခဲ့ခြင်းစသည့်သတင်းများလည်း ရှိနေပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ULA/AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းသည့်အဆိုကို ဇန်နဝါရီ ၁၄ ရက်က ကျင်းပခဲ့သော ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ပါသည်။ [1]

ထိုအဆိုကို  မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်က ဇန်နဝါရီ ၁၁ ရက်တွင် တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။  ULA/AA အဖွဲ့ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် အစိုးရက ကြေညာခဲ့သည်။

နောက်ထပ်သတင်းတပုဒ်မှာ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သော KIO/KIA ၊ PSLF/TNLA ၊ MNTJP/MNDAA၊ ULA/AA တို့၏ အပစ်ရပ်စဲရေးဆွေးနွေးမည့် ရက်နှင့် နေရာကို အတည်မပြုနိုင်သေးကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့ခြင်း ဖြစ်သည်။ [2]

ဇန်နဝါရီ ၁၁ ရက်က အွန်လိုင်းမှ နှစ်ဖက်ဆွေးနွေးခဲ့ကြသော်လည်း အင်တာနက်အခြေအနေကြောင့် အသေးစိတ် မဆွေးနွေးနိုင်ခဲ့၍ ဆွေးနွေးမည့်ရက်နှင့် နေရာကို သတ်မှတ်နိုင်ရန် တိတိကျကျ မဆုံးဖြတ်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူ၏ ပြောကြားမှုအရ သိရပါသည်။ အစိုးရဘက်က ဇန်နဝါရီ  ၁၆ ရက်တွင် မြစ်ကြီးနား သို့မဟုတ် ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးရန် မြောက်ပိုင်းအဖွဲ့များကို ကမ်းလှမ်းထားခြင်းဖြစ်သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

စစ်ရေးတင်းမာနေသည့် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့၏ သတင်းများက ယခုရက်သတ္တပတ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။

ထိုကဲ့သို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေခြင်း‌ကြောင့် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုကျဆင်းလာခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ ပြန်လည်မတိုးပွားရေးအတွက် နှစ်ဖက်တပ်များအကြား တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းကသာ ပြေလည်မည့်နည်းလမ်းဖြစ်သည်ဟု ယုံကြည်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ [3]

တပ်မတော်နှင့် KNU တပ်မဟာ(၅)တို့သည် ကရင်ပြည်နယ် ဖာပွန်ခရိုင် မဲဝိုင်ဒေသ၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ မှစ၍ ယခုနှစ်ဇန်နဝါရီအထိ တိုက်ပွဲ ၂၀ ထက်မနည်း ဖြစ်ပွားခဲ့သည်။ ထို့အပြင် မွန်ပြည်နယ်နှင့် ပဲခူးတိုင်း တို့တွင်လည်း တပ်မတော်နှင့် KNU တပ်မဟာအချို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

တပ်မတော်ဘက်ကလည်း မဲဝိုင်ဒေသ၌ KNU နှင့် ပဋိပက္ခဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဖက်ထိပ်ပိုင်းအဆင့်တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းထားပါသည်။ [4]

သို့ရာတွင် KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၏ ပြောကြားမှုအရ ယခုဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရန်အပါအဝင် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ရန် တပ်မတော်ထံ စာနှစ်ကြိမ်ပို့ထားသော်လည်း အကြောင်းပြန်ကြားချက် မရသေးကြောင်း သိရပါသည်။  [5]

ထို့အပြင် KNU က ကရင်အမျိုးသားပြည်သူများနှင့် လူငယ်များထံသို့ ကရင်နှစ်သစ်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ရာ မိမိတို့အနေဖြင့် သဘောတူညီချက်များ ထိန်းသိမ်းရေး၊ စစ်ပွဲများ မဖြစ်ရေးတို့ကို ထောက်ရှု၍ နယ်မြေအသီးသီးတွင် အလျှော့ပေးခဲ့ရာ  NCA လက်မှတ်ထိုးပြီးနောက် ဖာပွန်ခရိုင်၌ တပ်မတော်စခန်း ၈၀ ကျော်အထိ ရှိလာခဲ့ပြီး နည်းမျိုးစုံဖြင့် တပ်အင်အားကို တိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ [6]

ဆက်စပ်သတင်းတပုဒ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင်ပြည်နယ်အတွင်း ထာ၀ရငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်နှစ်သစ်ကူးနေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ [7]

အခြားသတင်းတရပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အစိုးရသည် ငါးနှစ်အတွေ့အကြုံ ရှိထားပြီးဖြစ်၍ လာမည့်သက်တမ်း၌ ငြိမ်းချမ်းရေး ပိုမိုအောင်မြင်နိုင်ကြောင်း KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောထော့လေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ [8]

ဇန်နဝါရီ ၁၃ ရက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားတွင် ပြောကြားခဲ့သောမိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး စောထော့လေးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၁ ခုနှစ်  ဇန်နဝါရီ ဒုတိယပတ်ကာလအတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

[1] RFA (ဇန်နဝါရီ ၁၄ ၊ ၂၀၂၁) “AA ကို အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ရေးအဆို ရခိုင်လွှတ်တော် အတည်ပြု”

https://www.rfa.org/burmese/news/rakhine-parliament-and-aa-01142021081349.html

[2] DVB (ဇန်နဝါရီ ၁၂ ၊ ၂၀၂၁) “အစိုးရနှင့် မြောက်ပိုင်းအဖွဲ့များဆွေးနွေးမည့် အချိန်နှင့် နေရာ အတည်မပြုနိုင်သေး”

http://burmese.dvb.no/archives/433868?fbclid=IwAR2rTD7pCYzuG7cRlV32Zr6M1RuaacmtfJgsf5MDsQ-GwKzEY57z8Ql0oHE

[3] 7 Day Daily ( ဇန်နဝါရီ ၉ ၊ ၂၀၂၁)  “စစ်ရေးပဋိပက္ခများထပ်မဖြစ်ရေး နှစ်ဖက်တပ်များ တွေ့ဆုံညှိနှိုင်းမှ ပြေလည်မည်ဟု KNU ထုတ်ပြန်”

[4] 7 Day Daily ( ဇန်နဝါရီ ၁၀ ၊ ၂၀၂၁)  “KNU နှင့် ပဋိပက္ခဖြစ်ပွားမှု ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း တပ်မတော်ပြော”

[5] 7 Day Daily ( ဇန်နဝါရီ ၁၄ ၊ ၂၀၂၁)  “ပဋိပက္ခများဖြေရှင်းနိုင်ရေးဆွေးနွေးရန် တပ်မတော်ထံ စာနှစ်ကြိမ် ပို့ထားသော်လည်း မတုံ့ပြန်သေးဟု KNU ပြော”

[6] The Voice Myanmar ( ဇန်နဝါရီ ၁၄ ၊ ၂၀၂၁)  “NCA လက်မှတ်ထိုးပြီး ခြောက်နှစ်အတွင်း တပ်မတော်တပ်စခန်းများ ကရင်ပြည်နယ်တွင် တိုးချဲ့လာဟု KNU ထုတ်ပြန်”

http://thevoicemyanmar.com/news/45494-nca?fbclid=IwAR2sZHlVop84fKybH0g3tZZTzMknFwR4Sic4ic-lvdAwOM-rCZmK9CMkGSI

[7] မြန်မာတိုင်းမ် ( ဇန်နဝါရီ ၁၃ ၊ ၂၀၂၁)  “ကရင်ပြည်နယ်၌ ထာ၀ရငြိမ်းချမ်းရေး ရရှိအောင် လုပ်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတိပြု”

https://myanmar.mmtimes.com/news/149804.html?fbclid=IwAR34SBZGD8x9y3m1voouGuDQySXzIzJ4ayWlPd-80OHIBfaETmYS6k8N-SA

[8] 7 Day Daily ( ဇန်နဝါရီ ၁၄ ၊ ၂၀၂၁)  “ဒီချုပ်အစိုးရ လာမည့်သက်တမ်းတွင် ငြိမ်းချမ်းရေး ပိုမိုအောင်မြင်နိုင်ဟု KNU/KNLA-PC ဥက္ကဋ္ဌ ပြော”

The post ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ ဒုတိယပတ်) appeared first on ISP Myanmar Peace Desk.

တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ ဒုတိယပတ်)
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၁၃ ရက်အထိ(ဇန်နဝါရီ ဒုတိယပတ်)ကာလအတွင်း ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် တိုက်ပွဲ လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရှမ်း(မြောက်)နှင့် ရခိုင်ပြည်နယ်တို့တွင် ပစ်ခတ်မှု၊ ပေါက်ကွဲမှုများကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲမဖြစ်ပွားသည်မှာ နှစ်လကျော်လာခဲ့ပြီ ဖြစ်သော်လည်း စစ်ကျန်လက်နက်များ ပေါက်ကွဲ၍ အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေပါသည်။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ(၃)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်၊ နမ္မတူ၊ ကျောက်မဲမြို့နယ်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထို့အပြင် ကျောက်မဲနှင့် နမ့်လန်မြို့တို့တွင် လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ၊ နမ္မတူမြို့နယ်များတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် တအာင်းအဖွဲ့ (PSLF/TNLA) တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ အရပ်သားနေအိမ်များ ထိမှန်ပျက်စီးသကဲ့သို့ စစ်ရှောင်ဦးရေ လေးထောင်ခန့်အထိ ရှိလာပြီဖြစ်ပါသည်။

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီး တိုက်ပွဲကြောင့် အရပ်သားနေအိမ် အလုံး(၆၀)ခန့် ထိမှန်ပျက်စီးခဲ့သည်။ RCSS နှင့်  TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တော့ဆန်ကျေးရွာရှိ ဒေသခံနေအိမ်များ ကျည်ထိမှန်ခဲ့ကြောင်း တော့ဆန်ဒေသခံအမျိုးသားတဦးက ပြောကြားခဲ့သည်။ [1]

ထို့အပြင် RCSS နှင့် TNLA တို့သည် ဇန်နဝါရီ ၆ ရက်ကလည်း နမ္မတူမြို့နယ် နမ့်မတ်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့၍ ဒေသခံ ၉၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါသည်။ ထိုနှစ်ဖွဲ့ကြား ဒီဇင်ဘာ ၂၄ ရက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ ဇန်နဝါရီ ၆ ရက်အထိ ဆက်ရှိနေပြီး ကျောက်မဲ၊ သီပေါ၊ နမ္မတူမြို့နယ်များ အတွင်း ဖြစ်ပွားနေပါသည်။ [2]

ထိုကဲ့သို့ တိုက်ပွဲကျယ်ပြန့်နေခြင်းကြောင့် စစ်ရှောင်ဦးရေမှာလည်း လေးထောင်ခန့်အထိ ရှိလာပြီ ဖြစ်ပါသည်။ ကျောက်မဲမြို့နယ်ရှိ တော့ဆန်ကျေးရွာအုပ်စုမှာ စစ်ဘေးရှောင် (၁၈၄၆) ဦး ရှိပြီး၊ ကျောက်မဲမြို့ပေါ် တွင် စစ်ဘေးရှောင် တထောင်ကျော်နှင့် နမ္မတူမြို့နယ်တွင် စစ်ရှောင် (၈၆၉) ဦး ရှိနေပါသည်။ [3]

ထို့အပြင် ရှမ်း(မြောက်)ဒေသအတွင်း အရပ်သားများကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုများလည်း ရှိနေပါသည်။ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲမှ အမျိုးသမီးတဦးမှာ နေအိမ်ခြံဝင်းအတွင်း ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပါသည်။ ထိုအမျိုးသမီးကို ဒေသတွင်းရှိ လူမှုရေးအဖွဲ့တခုက ဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့ပြီး အကြောင်းရင်းကို စုံစမ်းဆဲဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။[4]

ထိုကဲ့သို့ ဖြစ်ရပ်မှာ နမ့်လန်မြို့ ကောင်းလန်ရပ်ကွက်တွင်လည်း ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး လင်မယားနှစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ၎င်းတို့အိမ်တွင် သေနတ်ဖြင့် လာရောက်ပစ်ခဲ့၍ အမျိုးသမီး သေဆုံး၊ အမျိုးသား ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ [5]

ထို့အပြင် မူဆယ်မြို့တွင် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ နေထိုင်သောနေရာနှစ်ခုကို ပြောက်ကျားဝတ်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။ မူဆယ်မြို့ ကောင်းမှုတုံနှင့် စွမ်ဆော်ရပ်ကွက်ရှိ ဒေသတွင်းအခြေစိုက်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ နေထိုင်သည့် နေအိမ်နှင့် ခြံဝင်းကို ဗုံးသီး၊ သေနတ်များဖြင့် ပစ်ခတ်ခံရ၍ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး အရပ်သားထိခိုက်မှု မရှိကြောင်း သိရပါသည်။ [6]

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

၂၀၂၀ ရွေးကောက်ပွဲကာလမှစ၍ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ရပ်တန့်သွားခဲ့သော်လည်း စစ်ကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေဆဲဖြစ်သည်။

ဇန်နဝါရီ ၁၀ ရက်က ရခိုင်ပြည်နယ်(မြောက်ပိုင်း) မင်းပြားမြို့နယ် စပါးထားကျေးရွာတွင် လက်နက်ကြီးကျည် ပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ဒေသခံအမျိုးသမီးတဦး သေဆုံး၊ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ရွာအပြင်မှ ကောက်ရသည့် လက်နက်ကြီးကျည်ကို ထုကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများထဲတွင် ကလေးငယ်များ ပါဝင်ခဲ့ပါသည်။ [7]

ပြီးခဲ့သည့် နှစ်လကျော်အတွင်း ရခိုင်ပြည်နယ်နှင့် ချင်းတောင်ပိုင်းဒေသများတွင် အနည်းဆုံး မိုင်းပေါက်ကွဲမှု နှစ်ကြိမ်နှင့် စစ်ကျန်လက်နက်ကြီးကျည် ပေါက်ကွဲမှု တကြိမ် ဖြစ်ပွားခဲ့၍ အရပ်သား တဦး သေဆုံး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း လေ့လာစောင့်ကြည့်နေသည့်အရပ်ဘက်အဖွဲ့များက ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIO/KIA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း ဇန်နဝါရီ ၇ ရက်က ဝိုင်းမော်မြို့နယ်ရှိ KIA စခန်းကို တပ်မတော်က လက်နက်ကြီးဖြင့် ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့သည်။

ဝိုင်းမော်မြို့အရှေ့ဘက်ရှိ KIA တပ်ရင်း(၃) နယ်မြေအတွင်းရှိ စခန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်သော်လည်း တပ်မတော်နှင့် KIA တို့ နောက်ဆက်တွဲ တိုက်ပွဲမဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ [8]

တပ်မတော်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားမှု

စစ်ရေးတင်းမာနေသည့် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့သည် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် ယခုတပတ်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပါသည်။

တပ်မတော်နှင့် KNU တပ်မဟာ (၃)တို့အကြား တိုက်ပွဲကြောင့် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံ ရာနှင့် ချီ၍ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက အတည်ပြုခဲ့ပါသည်။ ဇန်နဝါရီ ၁၁ ရက်က ဖြစ်ပွားသော တိုက်ပွဲကြောင့် ကျောက်ကြီးမြို့နယ် ခဲဒဲကျေးရွာအုပ်စုမှ ဒေသခံများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်ပါသည်။ [9]

ထိုကဲ့သို့ တပ်မတော်နှင့် KNU တပ်မဟာများ အကြား စစ်ရေးတင်းမာမှုကြောင့် ယခုနှစ်ပတ်အတွင်း ဒေသခံ ကရင်တိုင်းရင်းသား ထောင်နှင့် ချီ၍ ထွက်ပြေးတိမ်းရှောင်နေရပါသည်။ [10] KNU တပ်မဟာ(၅) ထိန်းချုပ်ရာ ကရင် ပြည်နယ် ဖာပွန်ခရိုင်၊ တပ်မဟာ(၁)၏ မွန်ပြည်နယ် သထုံခရိုင်တို့တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ လဆန်းပိုင်းကတည်းက စစ်ရေးတင်းမာနေပြီး ယခုအခါ တပ်မဟာ(၃) နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်တွင်ပါ ပစ်ခတ်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

[1] သျှမ်းသံတော်ဆင့် (ဇန်နဝါရီ ၇ ၊ ၂၀၂၁)  “RCSS/SSA နှင့် TNLAတိုက်ပွဲကြောင့် အရပ်သား နေအိမ် (၆၀) ကျည်ထိမှန်”

[2] RFA (ဇန်နဝါရီ ၇ ၊ ၂၀၂၁)  “နမ္မတူမှာ ရှမ်းနဲ့ တအာင်းတပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေ”

[3] သျှမ်းသံတော်ဆင့် (ဇန်နဝါရီ ၇ ၊ ၂၀၂၁)  “RCSS/SSA နှင့် TNLA တိုက်ပွဲကြောင့် အရပ်သား (၃၇၀၀)ကျော် ထွက်ပြေးနေရ”

[4] 7 Day Daily (ဇန်နဝါရီ ၉ ၊ ၂၀၂၁)  “ကျောက်မဲတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ”

[5] သျှမ်းသံတော်ဆင့် (ဇန်နဝါရီ ၁၂ ၊ ၂၀၂၁)  “နမ့်လန်မြို့ လင်မယား ၂ဦးသေနတ်ပစ်ခံရ၊ အမျိုးသမီးသေဆုံး”

[6] 7 Day Daily (ဇန်နဝါရီ ၇ ၊ ၂၀၂၁)  “မူဆယ်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်”

[7] BBC Burmese (ဇန်နဝါရီ ၁၃ ၊ ၂၀၂၁)  “ရခိုင်မှာ စစ်ကျန် လက်နက်ခဲယမ်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေဆဲ”

[8] 7 Day Daily (ဇန်နဝါရီ ၈ ၊ ၂၀၂၁)  “ဝိုင်းမော်မြို့နယ်ရှိ KIA တပ်စခန်းအား တပ်မတော်က လက်နက်ကြီးဖြင့် ဆယ်ကြိမ်ထက်မနည်းပစ်ခတ်ဟု အဖွဲ့တာဝန်ရှိသူ ပြော”

[9] 7 Day Daily (ဇန်နဝါရီ ၁၂ ၊ ၂၀၂၁)  “တပ်မတော်နှင့် KNU တိုက်ပွဲဖြစ်ပွား၍ ကျောက်ကြီးဒေသခံ ၅၀၀ ကျော် တောထဲသို့ ထွက်ပြေးတိမ်းရှောင်”

[10] RFA (ဇန်နဝါရီ ၁၃ ၊ ၂၀၂၁)  တပ်နဲ့ KNU တိုက်ပွဲကြောင့် ကရင်ဒေသခံ လေးထောင်ကျော် ထွက်ပြေးနေရ”

The post တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ ဒုတိယပတ်) appeared first on ISP Myanmar Peace Desk.

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ ပထမပတ်)
ကျိုင်းတုံ (သို့မဟုတ်) မြစ်ကြီးနား၌ တွေ့ဆုံ၍ အပစ်ရပ်စဲရေး ဆွေးနွေးရန် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့အား အစိုးရက အဆိုပြုထားသည့်သတင်းများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ (ဇန်နဝါရီ ပထမပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးနေပါသည်။

ထို့အပြင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့က အပစ်ရပ်ကြေညာမှုများ သက်တမ်းတိုးခဲ့ခြင်း၊ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ခရီးရောက်စေရန် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ PPST စုဖွဲ့မှုကို ပြုပြင်ပြောင်းလဲမည်ဟု သိရခြင်း စသည့်သတင်းများလည်း ရှိခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

ယခုလအတွင်း ကျိုင်းတုံ (သို့မဟုတ်) မြစ်ကြီးနား၌ တွေ့ဆုံ၍ အပစ်ရပ်စဲရေး ဆွေးနွေးရန် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့အား အစိုးရက အဆိုပြုထားသည့်သတင်းများကို သတင်းဌာနများက ဖော်ပြခဲ့ကြပါသည်။

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သော KIO/KIA ၊ PSLF/TNLA ၊ MNTJP/MNDAA၊ ULA/AA တို့၏ အပစ်ရပ်စဲရေး ဆွေးနွေးပွဲကို ကျိုင်းတုံမြို့ (သို့မဟုတ်) မြစ်ကြီးနားမြို့၌ တွေ့ဆုံ၍ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် အစိုးရဘက်က အဆိုပြုထားကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားခဲ့သည်။ [1]

အစိုးရ၏ အဆိုပြုမှုကို မြောက်ပိုင်းလေးဖွဲ့ဘက်မှ တရားဝင်အကြောင်းပြန်ကြားခြင်းမရှိသေးသော်လည်း ယခုလအတွင်း ဖြစ်အောင်လုပ်မည်ဟု ပြောထားကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောကြားခဲ့သည်။ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့၏ အပစ်ရပ်စဲရေး တရားဝင်ဆွေးနွေးမှုကို ၂၀၁၉ ခုနှစ်ဧပြီက မူဆယ်မြို့၌ စတင်ပြုလုပ်ခဲ့ပြီးနောက် မိုင်းလား၊ ကျိုင်းတုံနှင့် တရုတ်နိုင်ငံ ကူမင်းမြို့တို့၌ တွေ့ဆုံမှုများ ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း ပြေလည်မှုမရခဲ့ဘဲ ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားသည်မှာ တနှစ်ကျော်ပြီ ဖြစ်သည်။

ထို့အပြင် PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့၊ ULA/AA အဖွဲ့တို့က တဖက်သတ်အပစ်အခတ်ရပ်စဲခြင်း အား နှစ်လတာ ထပ်မံသက်တမ်းတိုးမြှင့်ကြောင်း ဇန်နဝါရီ ၁ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ [2]မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်ကစ၍ အပစ်ရပ်ကြေညာမှု စတင်ခဲ့ပြီး သက်တမ်းကုန်ဆုံးချိန်ရောက်တိုင်း ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ရာ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

နောက်ထပ်သတင်းတပုဒ်မှာ ULA/AA အဖွဲ့မှ ၎င်းတို့ ဖမ်းဆီးထားသည့်  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) အဖွဲ့ဝင် လေးဦးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ [3] ၂၀၂၀ ပြည့်နှစ် မေ ၂၃ ရက် ညပိုင်းတွင် ALP/ALA အဖွဲ့ဝင်လေးဦးကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ၊ ရဗက်ချိုင်ရွာရှိ ၎င်းတို့နေအိမ်၌ AA အဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

အစိုးရ ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ တွေ့ဆုံဆွေးနွေးပွဲကို ယခုလအတွင်းပြုလုပ်ရန် အစိုးရက အဆိုပြုထားကြောင်း သိရပါသည်။[4] Bilateral ဆွေးနွေးပွဲပြုလုပ်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က KNU ထံ  ဒီဇင်ဘာ စတုတ္ထပတ်တွင် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးကော်မရှင်အကြံပေးဦးလှမောင်ရွှေက ပြောကြားခဲ့သည်။ ယခုတွေ့ဆုံမှုတွင် တပ်မတော်နှင့် KNU တပ်မဟာအချို့အကြား ထိတွေ့ပစ်ခတ်မှုများ ပဋိပက္ခများ ဖြစ်ပွားနေခြင်းကိစ္စ၊ NCA အရ ဆောင်ရွက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်အကောင်အထည်ဖော်နိုင်ရေးကိစ္စတို့ ထည့်သွင်းဆွေးနွေးရန် စီစဉ်ထားပါသည်။

နောက်ထပ်သတင်းတပုဒ်မှာ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) စုဖွဲ့မှုကို ပြုပြင်ပြောင်းလဲမည်ဟု သိရပါသည်။ [5]

PPST အဖွဲ့ဝင်တဦးဖြစ်သူ NLO/PNLA အဖွဲ့နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက PPST စုဖွဲ့မှု ပြုပြင်ပြောင်းလဲရေးအတွက် မူကြမ်းရေးထားပြီးဖြစ်သော်လည်း အတည်ပြုနိုင်ရန် NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံကျင်းပနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ PPST သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်သည့် အစုအဖွဲ့ဖြစ်သော်လည်း အမြဲတမ်း စုစည်းနိုင်သည့်ယန္တရား မရှိဘဲ အစည်းအဝေးကျင်းပမှသာ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်သော အားနည်းချက်ရှိသည်ဟု သုံးသပ်မှုများ ရှိနေပါသည်။

ထို့ပြင် တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။[6]

၂၀၂၁ ခုနှစ်  ဇန်နဝါရီ ပထမပတ်ကာလအတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

[1] 7 Day Daily (ဇန်နဝါရီ ၆ ၊ ၂၀၂၁)  “ကျိုင်းတုံ (သို့မဟုတ်) မြစ်ကြီးနား၌ တွေ့ဆုံ၍ အပစ်ရပ်စဲရေး ဆွေးနွေးရန် မြောက်ပိုင်းလေးဖွဲ့အား အစိုးရအဆိုပြု”

[2] 7 Day Daily (ဇန်နဝါရီ ၂ ၊ ၂၀၂၁) “မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က အပစ်ရပ် နှစ်လထပ်မံသက်တမ်း တိုးကြောင်း ထုတ်ပြန်”

[3] ဧရာ၀တီ (ဇန်နဝါရီ ၂ ၊ ၂၀၂၁)  “ဖမ်းဆီးထားသည့် ALP တပ်ဖွဲ့ဝင် ၄ ဦးကို AA ပြန်လွှတ်” https://burma.irrawaddy.com/news/2021/01/02/235882.html

[4] 7 Day Daily ( ဇန်နဝါရီ ၇ ၊ ၂၀၂၁)  “ဇန်နဝါရီလအတွင်း KNU နှင့် တွေ့ဆုံဆွေးနွေးရန် အစိုးရ အဆိုပြုထား”

[5] 7 Day Daily (ဇန်နဝါရီ ၅ ၊ ၂၀၂၁) “အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ခရီးရောက်စေရန် အပစ်ရပ် ၁၀ ဖွဲ့၏ PPST စုဖွဲ့မှုကို ပြုပြင်ပြောင်းလဲမည်”

[6] တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ (ဒီဇင်ဘာ ၃၁ ၊ ၂၀၂၀) “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” http://dsinfo.org/node/625

The post ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇန်နဝါရီ ပထမပတ်) appeared first on ISP Myanmar Peace Desk.

တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ ပထမပတ်)
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ (ဇန်နဝါရီ ပထမပတ်) ကာလအတွင်း ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိုက်ပွဲ ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀ဒေသတို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲမဖြစ်ပွားသည်မှာ နှစ်လကျော်လာခဲ့ပြီဖြစ်သော်လည်း ကျောက်တော်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ ဒေသခံတဦး ထိခိုက်ခဲ့သည်။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ(၃)တို့ စစ်ရေးတင်းမာနေသကဲ့သို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့အနီးတွင်လည်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ၊ သီပေါနှင့် နမ္မတူမြို့နယ်များတွင် RCSS/SSA နှင့် PSLF/TNLA အဖွဲ့တို့ တိုက်ပွဲများရက်ဆက်ဖြစ်ပွားနေ၍ အရပ်သားရာနှင့်ချီ တိမ်းရှောင်နေရပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဒီဇင်ဘာလ ၂၅ ရက်မှစ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် တအာင်းအဖွဲ့(PSLF/TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိအချိန်တွင် သီပေါနှင့် နမ္မတူမြို့နယ်များအထိ တိုက်ပွဲကျယ်ပြန့်လာခဲ့ပါသည်။

တိုက်ပွဲဖြစ်သည့်ဒေသ ကျယ်ပြန့်လာသည်နှင့်အတူ အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိလာခဲ့ကြောင်း 7 Day Daily သတင်းစာ၏ ဖော်ပြမှုအရ သိရပါသည်။ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက နမ္မတူမြို့နယ် မိုင်းဟုမ်းရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် တိုက်ပွဲအတွင်း ကြားညပ်သွားသည့် အရပ်သားတဦး သေဆုံး၊ တဦး ဒဏ်ရာရခဲ့သည်ဟု 7 Day သတင်းတွင် ဖော်ပြထားပါသည်။

RCSS နှင့် TNLA တို့သည် ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ ၂၅ ရက်ကစ၍ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ၁၀ ရက်ကျော်ကြာလာပြီးနောက် သီပေါနှင့် နမ္မတူမြို့နယ်အထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်နေပြီး စစ်ဘေးရှောင် အရပ်သားဦးရေ နှစ်ထောင်နီးပါးရှိနေပြီဖြစ်ပါသည်။

ထို့အပြင် ဒီဇင်ဘာ ၃၀ ရက်နံနက်က ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်မြို့ မန်စံရွာအနီးတွင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများက 7 Day သတင်းစာကို ပြောကြားခဲ့သည်။ သို့ရာတွင် ထိုတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က တစုံတရာ အတည်ပြုပြောကြားခဲ့ခြင်း မရှိကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

၂၀၂၀ ရွေးကောက်ပွဲကာလမှစ၍ တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲများ ရပ်တန့်သွားသည်မှာ နှစ်လ ကျော်ကြာလာခဲ့ပြီ ဖြစ်သော်လည်း မြေမြှပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေဆဲဖြစ်ပါသည်။

ဧရာ၀တီသတင်းဌာန၏ ဖော်ပြမှုအရ ကျောက်တော်မြို့နယ် ခဘော်ကျေးရွာမှ အမျိုးသမီး တဦးမှာ ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းက မြေမြှုပ်မိုင်းနင်းမိသည့်အတွက် ခြေတဖက်ပြတ်ကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါသည်။ မိုင်းထိသည့် အမျိုးသမီးမှာ အသက် ၄၃ နှစ် အရွယ် ရှိပြီး ရွာအရှေ့ဘက် တောင်ရှည်တောင်တန်းတွင် ညီအစ်မနှစ်ဦး ထင်းခုတ်ရန် သွားစဉ် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

ကျောက်တော်မြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ သုံးနှစ်နီးပါး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မြေမြုပ်မိုင်း အပါအဝင် စစ်ကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးထိခိုက်သူ ၁၇ ဦး ထိရှိ ကြောင်း ကျောက်တော်မြို့ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဧရာ၀တီကို ပြောကြားခဲ့သည်။

တပ်မတော်နှင့် KNU အကြား တိုက်ပွဲဖြစ်ပွားမှု

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ စစ်ရေး တင်းမာနေသကဲ့သို့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင်လည်း ယခုတပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

ဇန်နဝါရီ ၅ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ တပ်မတော်နှင့် KNU တပ်မဟာ (၃) တို့သည် ဒီဇင်ဘာလကုန်ပိုင်းနှင့် ဇန်နဝါရီလဆန်း ပိုင်း၌ ထိတွေ့ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ထို့အပြင် ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် အစိုးရတပ်မတော်နှင့် KNU တပ်မဟာ ၅ တို့ကြား စစ်ရေး တင်းမာနေမှုကြောင့် ဒီဇင်ဘာလကုန်အပိုင်းအထိ ဒေသခံ ၃၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဧရာ၀တီ သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

KNU တပ်မဟာ ၅ အခြေစိုက်ရာ ဖာပွန်ခရိုင်နှင့် KNU တပ်မဟာ ၁ အခြေစိုက်ရာ မွန်ပြည်နယ် သထုံခရိုင် အကြား၌ တပ်မတော်ဘက်က စစ်သည် အင်အား စုစည်းထားသဖြင့် တပ်မတော်နှင့် KNU တို့ စစ်ရေးတင်းမာမှု အရှိန်မြင့်တက်နေဆဲ ဖြစ်ကြောင်း KNU ဒုဗိုလ်မှူးကြီးစောကလယ်ဒိုးက ဧရာ၀တီကို ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

The post တိုက်ပွဲဖြစ်ပွားမှုများ (ဇန်နဝါရီ ပထမပတ်) appeared first on ISP Myanmar Peace Desk.

တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ နောက်ဆုံးပတ်)
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ (ဒီဇင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား တဦး သေဆုံးခဲ့ကြောင်း တရားဝင် သတင်းဖော်ပြချက်များအရ သိရပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် RCSS/SSA အဖွဲ့နှင့် PSLF/TNLA အဖွဲ့တို့ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေ၍ အရပ်သား ရာနှင့် ချီ တိမ်းရှောင်နေရပါသည်။ အလားတူ နမ့်ဆန်မြို့နယ်တွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ထို့အပြင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် တပ်မတော် နှင့် KNU တပ်မဟာ(၁)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ဒီဇင်ဘာလ ၂၅ ရက်မှစ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် တအာင်းအဖွဲ့(PSLF/TNLA) တို့ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးမှု ရှိလာခဲ့ကြောင်း 7 Day သတင်းဌာနက ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၃၀ ရက်ထုတ် 7 Day သတင်းတွင် ဖော်ပြမှုအရ လွယ်အံကျေးရွာအုပ်စုတွင် သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒီဇင်ဘာ ၂၇ ရက် ညပိုင်းမှစ၍ ထိုကျေးရွာအုပ်စု ရှိ ကျေးရွာခြောက်ရွာမှ ဒေသခံ ၈၀၀ ခန့် ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လာခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကြားညှပ်၍ အရပ်သား တဦး သေဆုံး၊ တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါသည်။

တိုက်ပွဲနှင့်ပတ်သက်၍ RCSS နှင့် TNLA အဖွဲ့များက တစ်ဖက်နှင့် တစ်ဖက်အပြစ်တင်နေကြပြီးနောက် ရက်များအတွင်း တိုက်ပွဲပိုပြင်းထန်လာနိုင်ကြောင်း 7 Day သတင်းတွင် ဖော်ပြမှုအရ သိရပါသည်။

ထို့အပြင် ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းကလည်း နမ့်ဆန်မြို့နယ် လမ်းလုံကျေးရွာအနီးတွင် တောအတွင်း ထင်းခွေသွားသော အရပ်သားသုံးဦး မိုင်းနင်းမိ၍ ဒဏ်ရာရခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်ထုတ် 7 Day သတင်းတွင် ဖော်ပြခဲ့ပါသည်။ ထိုဖြစ်စဉ်တွင် ခြေထောက်နှင့် ခန္ဓာကိုယ်တို့ မိုင်းစထိမှန်ဒဏ်ရာရခဲ့သည့် သက်လတ်ပိုင်း အမျိုးသားသုံးဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များက 7 Day ကို ပြောကြားခဲ့သည်။

မွန်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ ၅ အကြား စစ်ရေးတင်းမာနေသည့် အချိန်နှင့် တပြိုင်နက် မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင်လည်း တပ်မတော်နှင့် KNU တပ်မဟာ(၁)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

VOA သတင်းဌာန၏ ဖော်ပြမှုအရ ဒီဇင်ဘာ ၂၉ ရက်က KNU တပ်မဟာ(၁)နယ်မြေ မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ (၁) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ ဘီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ KNLA ဖာပွန်ခရိုင် တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက VOA ကို အတည်ပြုခဲ့ပြီး တိုက်ပွဲများ ဆက်ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

The post တိုက်ပွဲဖြစ်ပွားမှုများ (ဒီဇင်ဘာ နောက်ဆုံးပတ်) appeared first on ISP Myanmar Peace Desk.

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ တတိယပတ်)
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်မှ ၂၃ ရက်အထိ (ဒီဇင်ဘာ တတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ မဖြစ်ရေးအတွက် ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပါတီများမှ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည့် သတင်းများက လွှမ်းမိုးနေပါသည်။

ထို့အပြင် အရပ်သားများကို ပြန်ပေးဆွဲခဲ့သည့် TNLA ၏ လုပ်ရပ်သည် ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်ကြောင်း တပ်မတော်က ပြောကြားခဲ့ခြင်း၊ ကလေးစစ်သား အသုံးပြုခြင်း လုံးဝမပြုလုပ်ရန် စစ်သည်ခေါင်းဆောင်များကို DKBA စစ်ဦးစီးချုပ်က မှာကြားခဲ့ခြင်းစသည့် သတင်းများလည်း ရှိခဲ့ပါသည်။

NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု

မန္တ‌လေးတိုင်း မိုးကုတ်မြို့နယ်အတွင်း အရပ်သားများကို ပြန်ပေးဆွဲမှုများ ပြုလုပ်ခဲ့သည့် တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)၏ လုပ်ရပ်များသည် ငြိမ်းချမ်းရေးနှင့် ဆန့်ကျင်နေကြောင်း တပ်မတော်က ဝေဖန်ခဲ့သည်ဟု မြန်မာတိုင်းမ်သတင်းဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက TNLA အဖွဲ့၏ လုပ်ရပ်များသည် လက်ရှိလျှောက်လှမ်းနေသော ဒီမိုကရေစီဖက်ဒရယ်လမ်းကြောင်းနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ဟု မြန်မာတိုင်းမ်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

အခြားသတင်းတပုဒ်မှာ KIO/KIA အဖွဲ့ ဗဟိုကော်မတီဝင် ဗိုလ်ချုပ်ဂွန်မော်က ကချင်နိုင်ငံတော် ထူထောင်နိုင်ရန် ရည်မှန်းထားကြောင်း ပြောဆိုခဲ့သည်ဟု သတင်းဖော်ပြချက်အပေါ် ယင်းအဖွဲ့သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မိမိတို့အဖွဲ့အစည်း၏ မူဝါဒမှာ ခွဲမထွက်ရေးဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းဖြစ်ပါသည်။

KIO/KIA ဌာနချုပ် လိုင်ဇာဒေသသတင်းများ ဖော်ပြလေ့ရှိသည့် Kachinnet Burmese အမည်ရှိ Facebook စာမျက်နှာတွင် ဒီဇင်ဘာ ၂၁ ရက် ညပိုင်းက ဗိုလ်ချုပ် ဂွန်မော် မိန့်ခွန်းပြောကြားသည့်သတင်းကို ဖော်ပြခဲ့ရာ လွတ်လပ်သော ကချင်နိုင်ငံတော် ထူထောင်နိုင်ရန် ရည်မှန်းထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရပါသည်။ ထိုသတင်းဖော်ပြချက်အပေါ် KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မိမိတို့ အဖွဲ့အစည်း၏ မူဝါဒမှာ ခွဲမထွက်ရေးမူကို စွဲကိုင်ခြင်းဖြစ်ကြောင်း 7 Day ကို ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာတိုင်းမ်သတင်းဌာန၏ ဖော်ပြမှုအရ AA အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများမှာ တိုးတက်မှုများ ရှိသည်ဟု တပ်မတော်က ပြောကြားခဲ့ကြောင်း သိရပါသည်။

တပ်မတော်နှင့် AA အဖွဲ့အကြား ဆွေးနွေးမှုနှစ်ကြိမ် ရှိခဲ့ရာ တိုးတက်မှုများ ရှိကြောင်းနှင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ၊ ပဋိပက္ခများ ဆက်မဖြစ်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုတိုးတက်လာရေး ဆက်လက်ဆောင်ရွက် သွားမည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်ကို ပြောကြားခဲ့သည်။

NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု

ဒီဇင်ဘာ ၂၀ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ မဖြစ်ပွားစေရေးအတွက် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလက်နက်ကိုင်အဖွဲ့များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

ထိုအစည်းအဝေးကို ဒီ ဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အွန်လိုင်းမှ ပြုလုပ်ခဲ့ရာ SSJAC ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ SSPP နာယက ဗိုလ်ချုပ်ကြီးဆေထင်တို့ အပါအဝင် ခေါင်းဆောင်ကိုယ်စားလှယ် ၆၅ ဦး တက်ရောက်ခဲ့ကြောင်း CSSU က ထုတ်ပြန်ထားပါသည်။ အစည်းအဝေး၌ ရွေးကောက်ပွဲကိစ္စ၊ ရှမ်းတိုင်းရင်းသားအဖွဲ့များအကြား ညီညွတ်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု CSSU ပြောရေးဆိုခွင့် ရှိသူဦးစိုင်းကျော်ညွန့်က 7 Day ကို ပြောကြားခဲ့သည်။

7 Day Daily သတင်းစာကပင် ဖော်ပြခဲ့သော နောက်ထပ်သတင်းတပုဒ်မှာ ၂၀၂၀ အလွန်တွင် ပုံဖော်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အပစ်ရပ် ၁၀ ဖွဲ့အကြား သဘောထားစုစည်းမှု ပြုလုပ်မည့်သတင်း ဖြစ်ပါသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA) ဗဟိုကော်မတီဝင်များနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်များ အစည်းအဝေးကို ဒီဇင်ဘာ ၁၉ ရက်ကစ၍ အွန်လိုင်းမှ ကျင်းပနေပြီး အဖွဲ့တွင်း ညှိနှိုင်းရရှိသည့် ဘုံသဘောထားကို အပစ် ရပ် ၁၀ ဖွဲ့အကြား သဘောထားစုစည်းမှု ပြုလုပ်ရန် ပေးပို့မည်ဖြစ်ကြောင်း ALP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက 7 Day ကို ပြောကြားခဲ့ကြောင်း သိရပါသည်။

ထို့အပြင် တပ်သားသစ်များ ဝင်ရောက်လာပါက အသက် မပြည့်သေးသည့် လူငယ်များကို လုံးဝလက်ခံခြင်း မပြုရန် DKBA စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးက မှာကြားသည့်သတင်းကိုလည်း 7 Day Daily သတင်းစာက ဒီဇင်ဘာ ၂၂ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။

ဒီဇင်ဘာ ၂၁ ရက်တွင် ကျ ရောက်သည့် (၂၆)နှစ်မြောက် DKBA တပ်မတော်နေ့ အခမ်းအနား၌ စစ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် အထက်ပါအချက်ကို အလေးထားပြောဆိုခဲ့ကြောင်း 7 Day သတင်းတွင် ဖော်ပြထားပါသည်။ DKBA နှင့် မြန်မာနိုင်ငံရှိ ကလေးများကို ပြင်းထန်စွာချိုးဖောက်မှုများအပေါ် ကုလသမဂ္ဂ၏ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံရေးအင်အားစု (CTFMR) တို့သည် ကလေးစစ်သားစုဆောင်း အသုံးပြုမှု အဆုံးသတ်ခြင်းနှင့် ကာကွယ်တားဆီးခြင်းစာချုပ်ကို ယခုနှစ် နိုဝင်ဘာ ၂၀ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ တတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

The post ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဒီဇင်ဘာ တတိယပတ်) appeared first on ISP Myanmar Peace Desk.