Research Archives - ISP Myanmar Peace Desk

အာရကန် (ရခိုင်ပြည်နယ်) မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ပဋိပက္ခမြေ (အစီရင်ခံစာမိတ်ဆက်)
မြန်မာနိုင်ငံတွင် ရှိနေသော မြားမြောင်လှသည့် နိုင်ငံရေးပြဿနာများစွာအနက် ရခိုင်ပြည်နယ်အရေးမှာလည်း တခုအပါအဝင် ဖြစ်သည်။ ရခိုင်ပြည်နယ်သည် လူသားအရင်းအမြစ်နှင့် သဘာ၀သယံဇာတပေါများပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာရှိသည့်တိုင် လက်နက်ကိုင်ပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခများ၊ နိုင်ငံရေးဖိနှိပ်မှုများနှင့် စီးပွားရေးအမြတ်ထုတ်မှုများကြောင့် နာကျင်ဒဏ်ရာပေါင်းများစွာ ရရှိခဲ့ပြီး ယခုချိန်ထိ ဖွံ့ဖြိုးမှုအားနည်းခဲ့သည့်နည်းတူ ငြိမ်းချမ်းမှုလည်း ဖြစ်မလာသေးပေ။

ရိုဟင်ဂျာဒုက္ခသည်များကိစ္စ၊ ပထဝီနိုင်ငံရေးအားပြိုင်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ အကြားတွင် ရခိုင်ပြည်နယ်အရေးသည် ပြည်တွင်းရေးပြဿနာထက် ကျော်လွန်၍ ကမ္ဘာနိုင်ငံရေးဇာတ်ခုံပေါ်၌ အထူး အာရုံ စိုက်စရာ ဖြစ်လာသည်။ ထို့ကြောင့် အနာဂတ်ရခိုင်ပြည်နယ်၏ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာ၌ အမြော်အမြင်ကြီးသော၊ မဟာဗျူဟာမြောက်သော ချဉ်းကပ်နည်းများဖြင့် ဖြေရှင်းနိုင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ ထိုသို့ဖြေရှင်းရာတွင် သမိုင်းကြောင်းဆိုင်ရာ သာဓကများကို သိရှိနားလည်ရန် လိုအပ်သကဲ့သို့၊ ဘက်ပေါင်းစုံမှ ပြဿနာအရင်းအမြစ်များအကြောင်းကို ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်ပါသည်။

ထို့ကြောင့် အလွန်ထိလွယ်ရှလွယ်ဖြစ်သော ရခိုင်ပြည်နယ်အရေး၏ သမိုင်းကြောင်းကို ရေးသား ဖော်ပြထားသည့် သုတေသနအစီရင်ခံစာ တစောင်ကို မိတ်ဆက်တင်ပြလိုပါသည်။ အဆိုပါ အစီရင်ခံစာမှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် Transnational Institute (TNI) က ထုတ်ဝေခဲ့ပြီး မာတင်စမစ် ရေးသားခဲ့သည့်  Arakan (Rakhine State): A Land in Conflict on Myanmar’s Western Frontier (အာရကန်(ရခိုင်ပြည်နယ်) – မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ပဋိပက္ခမြေ) ဆိုသော အစီရင်ခံစာ ဖြစ်ပါသည်။ အစီရင်ခံစာကို ဇာတ်ကြောင်းပြောသည့် ပုံစံဖြင့် ရေးသားထားပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့ပါသည်။ အစီရင်ခံစာ အခန်းတခုချင်းစီတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ ခေတ်များအလိုက် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော နိုင်ငံရေး၊ လူမျိုးရေး ပဋိပက္ခများအကြောင်းကို ခေါင်းစဉ်ခွဲများဖြင့် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် အဓိကရင်ဆိုင်နေရသော ပဋိပက္ခများဖြစ်သည့် တပ်မတော်နှင့် အတိုက်အခံလူမျိုးစု လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများရှိနေခြင်း၊ ရိုဟင်ဂျာဒုက္ခသည်များ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရခြင်း၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်စရာများ မပြီးပြတ်သေးခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေရခြင်းနှင့် အိမ်နီးချင်းအင်အားကြီးနိုင်ငံများက စီးပွားရေးစီမံကိန်းကြီးများကို အကြောင်းပြု၍ ရခိုင်ဒေသအတွင်း ချဲ့ထွင်လာခြင်း စသဖြင့် ပဋိပက္ခများ၏ အရင်းခံအကြောင်းတရားများကို အစီရင်ခံစာထဲ၌ အသေးစိတ်ဖော်ပြထားပါသည်။

အစီရင်ခံစာ၏အဆိုအရ ရခိုင်ပြည်နယ်အရေးကို အရေးမကြီးဘဲ သီးခြားဖြစ်ပျက်နေသော နိုင်ငံရေးနှင့် လူမျိုးစုရေး အကွဲအပြဲတခုအဖြစ် သဘောထားရန် မဖြစ်နိုင်ကြောင်းကို အရေးကြီးသော အကြောင်းအရာတရပ်အနေဖြင့် တိုက်တွန်းထားသည်။  အစီရင်ခံစာတွင် ပါဝင်သောအကြောင်းအရာများအနက် အဓိကကျသော ဆိုလိုရင်း သဘောထားမှတ်ချက်များနှင့် အကြံပြုချက်များကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။

ခေတ်အဆက်ဆက် နိုင်ငံရေးပါဝင်မှုဘောင်မှ ဖယ်ကျဉ်ခံရပြီး စစ်ဘောင်ပိုကျယ်လာခြင်း

၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေးမရမီ စပ်ကြားကာလအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဗြိတိသျှအရာရှိများသာမက ဖဆပလ ခေါင်းဆောင်များကလည်း မသိကျိုးကျွံ ပြုခဲ့ကြသည်။ တနိုင်ငံလုံးအဆင့် အပြောင်းအလဲ ဖြစ်ကြတော့မည်အချိန်တွင် ရခိုင်ပြည်သူတို့၏ အနာဂတ်မှာ လျစ်လျူရှုခံလိုက်ရပြီး အကျိုး ဆက်အဖြစ် နောင်တွင် ကံဆိုးမိုးမှောင်ကျဖို့သာ ဖြစ်လာခဲ့သည်ဟု ထောက်ပြခဲ့သည်။ ထို့အပြင်  ဒုတိယ ကမ္ဘာစစ် အတွင်း ရခိုင်၊ ရိုဟင်ဂျာနှင့် အမည်သညာနိုင်ငံရေးဆိုသော ခေါင်းစဉ်ခွဲအောက်၌ လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့သော်လည်း ရိုဟင်ဂျာတို့၏ ဖြစ်တည်မှုကို လွတ်လပ်ပြီးခေတ် ပါလီမန် အုပ်ချုပ်ရေး ကာလ တလျှောက်လုံး လက်ခံခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။

သို့သော် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင်မူ ရိုဟင်ဂျာဟူသော ရပ်တည်ချက်ကို လက်မခံတော့ကြောင်း၊ မွတ်စလင်များနှင့် အိန္ဒိယအနွယ်များဟု ယူဆရသောသူ အားလုံးကိုလည်း နိုင်ငံသား ခံယူခွင့်နှင့်ပတ်သက်၍  တင်းကျပ်မှုများ ပြုလုပ်ခဲ့သည်။ ထိုသမိုင်းအချက်အလက် ဖြစ်ရပ်များကို အခြေပြု၍ ပဋိပက္ခများကြောင့် နယ်စပ် ဖြတ်ကျော်ထွက်ပြေးမှုများ၊ ရိုဟင်ဂျာဟူသော အမည်နှင့်ပတ်သက်၍ အငြင်းအခုံများ ဖြစ်ပေါ်လာခြင်း စသဖြင့် ရခိုင်ပြည်နယ်၏ အရေးကိစ္စများကိုလည်း အစီရင်ခံစာ၌ ဆွေးနွေးတင်ပြထားသည်။ ထို့နောက် ၂၀၁၁-၁၂ ခုနှစ်ကာလ မြန်မာ့နိုင်ငံရေးအသွင်ပြောင်းလဲမှုများ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ ဦးတည် ရည်မှန်းချက်များ ပေါ်ပေါက်လာချိန်တွင် ရခိုင်‌ပြည်နယ်၏ ငြိမ်းချမ်းရေးလမ်းစမှာ (အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသစ်များ ရရှိရန် အားထုတ်နေသော အခြေအနေများနှင့်) ဆန့်ကျင်ဘက်သို့ မျက်နှာမူနေခဲ့ ပါသည်။ ရခိုင်ပြည်နယ်မှ ပဋိပက္ခများကို အစိုးရက ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ရုံမက ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့အားလုံးကိုလည်း တန်းတူညီမျှစွာ ပါဝင်ခွင့် မပေးထားသဖြင့် နိုင်ငံရေး ဘောင်ကျဉ်းပြီး စစ်ဘောင်ပိုကျယ်လာ ရသည်ဟု စာတမ်းတွင် သုံးသပ်ခဲ့ပါသည်။

ပထဝီနိုင်ငံရေး စိန်ခေါ်မှုများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားအားပြိုင်မှုများ

ရခိုင်ပြည်နယ်၏ ပထဝီနိုင်ငံရေး အနေအထားအရ ယနေ့ခေတ်တွင် ဖြစ်ပျက်နေသော အချင်းအရာများက မြန်မာနိုင်ငံကိုသာမက အိမ်နီးချင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ်တွင်ပါ သက်ရောက်မှုများ ရှိနေသည်ဟု စာတမ်းက သုံးသပ်ထားပါသည်။ ရခိုင်အရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက မူအမျိုးမျိုးနှင့် ကိုင်တွယ်နေကြသည်။ အနောက်နိုင်ငံများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို ဒဏ်ပေးသင့်သည်ဆိုသော အယူအဆရှိကြသည်။ တရုတ်နိုင်ငံကမူ ရခိုင်ပြည်နယ်ကို ရပ်ဝန်းလမ်းကြောင်း အစီအမံ(BRI)အတွက် အချက်အချာကျသော နေရာတခု အဖြစ်သဘောထားသည်။ အိန္ဒိယကမူ “အရှေ့နှင့် ချိတ်ဆက်” ဟူသော မူဝါဒအရ မီဇိုရမ်၊ အာသံနှင့် အခြားအရှေ့မြောက် ပြည်နယ်များ ချစ်ကြည်ရေးအတွက် ကုလားတန် စီမံကိန်းကို ဦးစားပေးလိုသည်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာ ဒုက္ခသည် တသန်းကျော်၏ ဝန်ထုပ်ကို လက်ခံထားရပြီး အနာဂတ်တွင်လည်း ၎င်း၏ နယ်စပ်ဒေသများ၌ မတည်ငြိမ်နိုင်သည့် အလားအလာတို့ကို တွေ့မြင်နေရသည်။

“ညှပ်ပူးညှပ်ပိတ်နိုင်ငံရေးနှင့် တရုတ်ဝင်ရောက်လာပုံ” ဆိုသော ခေါင်းစဉ်ခွဲအောက်တွင် NLD အစိုးရလက်ထက် တရုတ်နိုင်ငံသည် မြန်မာအစိုးရအား အလွန်အကူအညီပေးတတ်သော မိတ်ဆွေကြီး ဖြစ်လာပုံနှင့် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ကန့်လန့်ကာနောက်ကွယ်၌ ရှိနေသော တရုတ်ဩဇာအကြောင်းကို ဖော်ပြထားသည်။ ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ ထိရောက်သော လုပ်ပိုင်ခွင့်များ ထိန်းထားနိုင်ရန် တရုတ်သည် မြန်မာနှင့် နှစ်နိုင်ငံဆက်ဆံရေးကို တတ်နိုင်သလောက်အသုံးချခဲ့သည်။ BRI အစီအစဉ် ကြေညာပြီးနောက်ပိုင်း တရုတ်သည် မြန်မာနှင့်ပတ်သက်သော အကြောင်းအရာသုံးခုကို တိုက်တိုက်တွန်းတွန်း ရပ်တည်ပြောဆိုလာ သည်။ ရိုဟင်ဂျာအရေးတွင် မြန်မာနိုင်ငံကို နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ မပြုလုပ်ရန် မြန်မာအစိုးရဘက်မှ ခုခံ ရပ်တည်ပေးခြင်း၊ ကျောက်ဖြူကို ဘင်္ဂလားပင်လယ်အော်ရှိ BRI ၏ ထွက်ပေါက်အဖြစ် သတ်မှတ်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရကို ကူညီခြင်းတို့ဖြစ်သည်။ တဖက်တွင်လည်း အိန္ဒိယအစိုးရအနေဖြင့် တရုတ်၏ စီးပွားရေးနှင့် နိုင်ငံရေးဩဇာသည် မြန်မာအပေါ်တွင် အိန္ဒိယထက် များစွာ ရှေ့ရောက်နေခြင်းအပေါ် စိုးရိမ်မှု ရှိနေသည်။ ယခုအစီရင်ခံစာတွင် ထိုကဲ့သို့ အင်အားကြီးမားသော အိမ်နီးချင်း နိုင်ငံများ၏ ပထဝီနိုင်ငံရေးကစားကွက်နှင့် အကျိုးစီးပွားအားပြိုင်နေမှုများအကြား ရခိုင်ပြည်နယ်သည် ပဋိပက္ခ ပေါင်းစုံနှင့် ရုန်းကန်နေရဆဲဖြစ်သည်ဟု သုံးသပ်ဆွေးနွေးထားပါသည်။

ရခိုင်အမျိုးသားရေးဝါဒ ပြန်လည်ဦးမော့လာခြင်း

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအပြီးတွင် သမ္မတ ဦးသိန်းစိန်အစိုးရသည် မွတ်ဆလင်များအပေါ် ခွဲခြားဆက်ဆံခြင်းအား အစီစဉ်တကျပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟူသော အမည်ကို ၁၃၅ မျိုးသော လူမျိုးစု စာရင်းထဲ မထည့်ဘဲ ရခိုင်ပြည်နယ်တွင်း နေထိုင်သော မွတ်ဆလင်အများစုကို ဘင်္ဂါလီလူမျိုးစုစာရင်းထဲထည့်လိုက်ခြင်း၊ မွတ်ဆလင် များ၏ ယာယီမှတ်ပုံတင်(White Card) ကိုပြန်လည်ရုပ်သိမ်းခြင်း၊ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဥပဒေလေးခုကို ပြဋ္ဌာန်းလိုက်ခြင်းနှင့် နယ်စပ်လုံခြုံရေးတပ်များကို ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် ပြင်ဆင် နေရာချထားပြီး တပ်မတော်၏ စစ်ရေးပြင်ဆင်မှုများရှိလာခြင်း စသည်တို့ကြောင့် USDP အစိုးရသက်တမ်း လေးနှစ်ခန့်အကြာတွင် ပဋိပက္ခသို့ ဦးတည်မည့် လူမျိုးရေး စိတ်ဝမ်းကွဲမှုများနှင့် လူမျိုးစု နိုင်ငံရေး ပြိုပျက်ခြင်းလမ်း သို့ ဦးတည်သွားသည်ဟု အစီရင်ခံစာက သုံးသပ်ဖော်ပြခဲ့ပါသည်။

ယင်းနောက် ခွဲခြားဆက်ဆံမှုနှင့် နေထိုင်ခဲ့ရသည်ဟူသော နာကျင်သည့်စိတ်အခံကြောင့်ပင် လူမျိုးစုလွတ်မြောက် ရေးကို ဖော်ညွှန်းသောလှုပ်ရှားမှုများမှာ သမ္မတ ဦးသိန်းစိန် တက်လာပြီး မကြာမီတွင် ရခိုင်လူထုကြား၌ လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်ဟု ထောက်ပြခဲ့ပါသည်။ ထိုနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းရှိ တက်ကြွ လှုပ်ရှားသူများ ဖြစ်စေ၊ မြန်မာနိုင်ငံနေရာအနှံ့တွင် နေထိုင်သော ရခိုင်လူမျိုးများဖြစ်စေ၊ ပြည်ပတွင် အခြေချနေထိုင်သူ ရခိုင် အသိုင်းအဝိုင်းများမှဖြစ်စေ ဒစ်ဂျစ်တယ်ခေတ်၏ ဆိုရှယ်မီဒီယာကြောင့် အမျိုးသားရေးစိတ်ဓာတ်များ ပိုမို တက်ကြွ လာကြသည်။ အစိုးရ၏ အင်တာနက်ဖြတ်တောက်ခြင်းသည်လည်းကောင်း၊ ULA/AA ၏ Facebook လူမှုကွန်ရက်စာမျက်နှာများကို ပိတ်ပစ်ခြင်းသည်လည်းကောင်း ULA/AA ကို ထောက်ခံမှုများအား ရပ်တန့်နိုင်စွမ်းမရှိခဲ့ကြောင်း ဆိုပါသည်။

အစီရင်ခံစာ၏ နောက်ဆုံးအပိုင်း၌ ရခိုင်ပြည်နယ်တွင်း ရင်ဆိုင်နေရသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများနှင့် အကြံပြုချက်များကို ဖော်ပြထားပါသည်။ ရခိုင်ပြည်နယ်၏ အနာဂတ်အတွက် အရေးကြီးသော အဓိကစိန်ခေါ်မှုများဖြစ်သည့် ဒုက္ခသည်များအရေး၊ လူမျိုးစုငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စသည့် ပြဿနာတို့ကို ရင်ဆိုင်ဖြေရှင်းရန်  အဘက်ဘက်က သက်ဆိုင်သူများအားလုံး စစ်ဘောင်မချဲ့တော့ဘဲ မဟာဗျူဟာအတွက် လက်နက်အားကိုးခြင်းကို လျှော့ရပါမည်။ ထို့နောက် ရခိုင်ပြည်နယ်အတွင်း နေထိုင်သော ပြည်သူလူထုတရပ်လုံး၏ ရုန်းကန်နေရမှုများနှင့် ဒုက္ခများ၏ ဇာစ်မြစ်ကို နားထောင်ပြီး ကျေလည်စွာ သဘောပေါက်ရန် လိုအပ်သည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆောင်ကြဉ်းနိုင်ရန်အတွက် ပဋိပက္ခများကို တည့်တည့်ရင်ဆိုင်၍ ဖြေရှင်းကြရမည်ဖြစ်ပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဒေသခံပြည်သူများ၏ အားဖြင့် တည်ဆောက်မှသာ အောင်မြင်မည်ဟု အစီရင်ခံစာက ထောက်ပြထားပါသည်။

ယခုဖော်ပြပါ  “အာရကန် (ရခိုင်ပြည်နယ်) မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ပဋိပက္ခမြေ” အစီရင်ခံစာ အပြည့်အစုံကို Download ရယူနိုင်ပါသည်။

အယ်ဒီတာမှတ်ချက်

ယခုအစီရင်ခံစာတွင် သုတေသနအစီရင်ခံစာရေးသားသူက “ရိုဟင်ဂျာ” ဟု သုံးစွဲပါသည်။ မြန်မာနိုင်ငံတွင် တည်ဆဲ အစိုးရအဖွဲ့နှင့် မီဒီယာများက “ဘင်္ဂါလီ” ဟု သုံးစွဲပါသည်။

The post အာရကန် (ရခိုင်ပြည်နယ်) မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ပဋိပက္ခမြေ (အစီရင်ခံစာမိတ်ဆက်) appeared first on ISP Myanmar Peace Desk.

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုသဘောထားအမြင်စစ်တမ်း (အစီရင်ခံစာမိတ်ဆက်)
မြန်မာနိုင်ငံက ယခုလက်ရှိအချိန်မှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ် နှစ်ခု ဆုံချက်ကျနေတဲ့ အချိန်ဖြစ်ပါတယ်။ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ဆွေးနွေးမှုတွေ ဆက်လက်ဖော်ဆောင်နိုင်ခဲ့သလို၊ တစ်ဆို့မှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် အတွင်းမှာလည်း လက်နက်ကိုင်ပဋိပက္ခအရှိန်တွေ ပိုမိုပြင်းထန်လာပါတယ်။ ရွေးကောက်ပွဲကနေတက်လာမယ့် အစိုးရအစုအဖွဲ့တွေအတွက် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်မှာ အရွေ့တခု ဖော်ဆောင်နိုင်ဖို့က အမှန်တကယ် လိုအပ်ပါတယ်။ ဒီလိုအခြေအနေမှာ ပြည်သူတွေအတွက် ရွေးကောက်ပွဲကနေတဆင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်မှာပါ ပါဝင်နိုင်တဲ့၊အကျိုးသက်ရောက်မှုရှိအောင် ပြုလုပ်နိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။ ယခု စာစုမှာတော့ မကြာမီကျင်းပတော့မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင်ပြည်သူတွေရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် မျှော်မှန်းချက်သဘောထားစစ်တမ်းကို ပြုစုထားတဲ့ အစီရင်ခံစာ တစောင် ကို မိတ်ဆက်တင်ပြလိုပါတယ်။

Centre for Development and Ethnic Studies (CDES) အဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းမှာ “၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုသဘောထားအမြင်စစ်တမ်း” ဆိုတဲ့ အစီရင်ခံစာတစောင်ကို ထုတ်ဝေခဲ့ပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်ကနေတဆင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်  ပြည်သူတွေရဲ့ မျှော်ရည်မှန်းချက် သဘောထားအမြင်တွေက လေ့လာသူတွေအဖို့ စိတ်ဝင်စားစရာ ပါ။ စစ်တမ်းတွေ့ရှိချက်တွေအနက် သတိပြုဖွယ်ရာ အချက်တွေကို ဆက်လက်ဖော်ပြလိုပါတယ်။

သဘောထားစစ်တမ်းဖြေဆိုသူများ

၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၁ ရက်မှ စက်တင်ဘာ ၁၁ ရက် အထိ CDES အဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ တဆင့် သဘောထားအမြင်စစ်တမ်းကို ကောက်ယူထားတာ ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှ စစ်တမ်းဝင်ရောက်ဖြေဆိုသူပေါင်း ၁,၁၄၄ ဦး ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက ဝင်ရောက်ဖြေဆိုသူဦးရေ စုစုပေါင်းရဲ့  ၂၅ ဒသမ ၂ ရာခိုင်နှုန်း  ရှိပြီး အများဆုံးဖြစ်ပါတယ်။ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၈၀ ဒသမ ၂ ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်ပါတယ်။ ဖြေဆိုသူတွေရဲ့ အသက်အပိုင်းအခြားအနက် ၃၆ နှစ် မှ ၄၆ နှစ်  အရွယ် အပိုင်းအခြားက အများဆုံးဖြစ်ပြီး အသက် ၆၅ အထက် ဖြေဆိုသူများကတော့ အနည်းဆုံး ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဖြစ်စဉ်အပေါ် အမြင်သဘောထားများ

စစ်တမ်းရဲ့ ဆက်လက်ဖော်ပြချက်တွေမှာ မကြာခင် ကျင်းပတော့မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဖြစ်စဉ် အပေါ် ဖြေဆိုသူတွေရဲ့  ဘဘောထားအမြင်တွေကို တင်ပြထားပါတယ်။ ဖြေဆိုသူဦးရေ စုစုပေါင်းရဲ့ ၇၉ ဒသမ ၅ ရာခိုင်နှုန်းက ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခဲ့ကြသူများ ဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ ဖြေဆိုသူဦးရေရဲ့ အများစုဖြစ်တဲ့ ၉၄ ဒသမ ၄ ရာခိုင်နှုန်းက မဲပေးဖို့ ရည်ရွယ် ထားပါတယ်။ “၂၀၂၀ အထွေထွေရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မည်လို့ ထင်မြင်ယူဆသလား” ဆိုတဲ့ စစ်တမ်းမေးခွန်းကို မေးတဲ့အခါမှာတော့ ဖြေဆိုသူဦးရေ စုစုပေါင်းရဲ့ ၇၅ ဒသမ ၂ ရာခိုင်နှုန်းက ယူဆတယ်လို့ သဘောထားမှတ်ချက် ပြုခဲ့ကြပါတယ်။

“အရည်အချင်းတူညီတဲ့ ကိုယ်စားလှယ်လောင်းတွေ မဲဆန္ဒနယ်မြေတခုထဲက အတူတူဝင်ပြိုင်ရင် ဘယ်သူ့ကို မဲပေးမလဲ” ဆိုတဲ့ စစ်တမ်းမေးခွန်းကို မေးမြန်းရာမှာတော့ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၇၆ ဒသမ ၄ ရာခိုင်နှုန်းက ကျား၊မ ရေးရာ ခွဲခြားမှုမရှိဘဲ မဲပေးမယ်လို့ တုံ့ပြန်ထားပါတယ်။ “၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန် ဘယ်ပါတီက အစိုးရဖွဲ့နိုင်မယ်လို့ ထင်သလဲ” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာတော့ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၆၂ ဒသမ ၁ ရာခိုင်နှုန်းက NLD က ဖွဲ့နိုင်မယ်လို့ ဖြေဆိုခဲ့ကြပြီး၊ ၃၄ ဒသမ ၄ ရာခိုင်နှုန်းက ပါတီတခုတည်းမှ အစိုးရ ဖွဲ့နိုင်မယ် မထင်ကြောင်း ဖြေဆိုထားပါတယ်။ “နိုင်ငံရေးပါတီ တခုတည်းက သောင်ပြိုကမ်းပြို မနိုင်ခဲ့ရင် ဘယ်ပါတီ အစုအဖွဲ့တွေက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်မလဲ” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာတော့ ဖြေဆိုသူဦးရေ စုစုပေါင်းရဲ့ ၄၀ ဒသမ ၅ ရာခိုင်နှုန်းက NLD နဲ့ တိုင်းရင်းသားပါတီများ အစုအဖွဲ့၊၁၉ ဒသမ ၄ ရာခိုင်နှုန်းကတော့ NLD၊ တပ်မတော်နဲ့ တိုင်းရင်းသားပါတီများ အစုအဖွဲ့က ညွန့်ပေါင်းဖွဲ့နိုင်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ “ရွေးကောက်ပွဲအလွန်မှာ ဘယ်အစုအဖွဲ့က အဆိုတင်သွင်းတဲ့ ဒုတိယသမ္မလောင်းက ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာမယ်လို့ ထင်သလဲ” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာတော့ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၄၉ ရာခိုင်နှုန်းက ရွေးကောက်ခံ ပြည်သူ့လွှတ်တော်အစုအဖွဲ့ လို့ သဘောထားမှတ်ချက် ပြုခဲ့ကြပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အမြင်သဘောထားများ

“ရွေးကောက်ပွဲအပြီး ပြည်ထောင်စုအစိုးရအနေဖြင့် အဓိက ဦးစားပေး ဆောင်ရွက်သင့်တဲ့ အရာနှစ်ခုကို ဖော်ပြပါ” ဆိုတဲ့ စစ်တမ်းမေးခွန်းကို မေးမြန်းရာမှာတော့ ဖြေဆိုသူတွေက  ငြိမ်းချမ်းရေး နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စနှစ်ရပ်ကို ဆောင်ရွက်သင့်တယ်လို့ အများဆုံး သဘောထားပြုခဲ့ကြပါတယ်။ “လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထောက်ခံသလား” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာတော့ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၇၄ ဒသမ ၆ ရာခိုင်နှုန်းက ထောက်ခံကြောင်း သဘောထားမှတ်ချက်ပြုခဲ့ပါတယ်။ ဆက်လက်ပြီး “၂၀၂၀ အထွေထွေ ရွေးကောက် ပွဲက မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှု မည်မျှ ရှိမလဲ” ဆိုတဲ့ စစ်တမ်း မေးခွန်းမှာတော့ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၄၇ ဒသမ ၄ ရာခိုင်နှုန်းက အများကြီး သက်ရောက်မှု ရှိနိုင်တယ်လို့ ဖြေဆိုထားပါတယ်။ “၂၀၂၀ – ၂၀၂၅ ကာလအတွင်း မြန်မာပြည်အတွင်း ငြိမ်းချမ်းရေးပိုမိုရှိမယ်လို့ ထင်သလား” ဆိုတဲ့ စစ်တမ်းမေးခွန်းကို မေးမြန်းရာမှာတော့ ဖြေဆိုသူဦးရေစုစုပေါင်းရဲ့ ၇၂ ဒသမ ၆ ရာခိုင်နှုန်း က ထင်ပါတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကိုယ် မဲပေးခဲ့တဲ့ ပါတီကို ပါဝင်စေချင်သလား” ဆိုတဲ့ စစ်တမ်းမေးခွန်းမှာတော့ ဖြေဆိုသူဦးရေ အများစုဖြစ်တဲ့ ၉၈ ဒသမ ၄ ရာခိုင်နှုန်းက ပါဝင်စေချင်ကြောင်း ဖြေဆိုခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အမြင်သဘောထားစစ်တမ်းမေးခွန်းတွေ မေးမြန်းရာမှာ သတိပြုဖွယ် မေးခွန်းတခုလည်း ရှိပါတယ်။ “၂၀၂၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်လာနိုင်ရေးအတွက် ဘယ်လို လုပ်ဆောင်သင့်သလဲ” ဆိုတဲ့ စစ်တမ်းမေးခွန်း ဖြစ်ပါတယ်။ စစ်တမ်းဖြေဆိုသူဦးရေ စုစုပေါင်းရဲ့ ၆၂ ဒသမ ၈ ရာခိုင်နှုန်း က နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နဲ့ နိုင်ငံရေးပါတီများရဲ့ သဘောတူညီမှုယူပြီးမှ ဆက်လုပ်သင့်တယ် ဆိုတဲ့ သဘောထားမှတ်ချက်ကို ပေးခဲ့ကြပါ တယ်။ ဒ့ါအပြင် ဖြေဆိုသူဦးရေရဲ့  ၂၃ ဒသမ ၂ ရာခိုင်နှုန်း က ယခု NCA လမ်းကြောင်းအတိုင်းပဲ ဆက်လုပ်သင့် တယ် လို့ ဖြေဆိုထားကြပြီး၊ ၁၄ ဒသမ ၉ ရာခိုင်နှုန်း ကတော့ အစိုးရနဲ့ တပ်မတော်က ကြိုတင်ညှိနှိုင်းပြီး တသံတည်းဖြစ်အောင် လုပ်သင့်တယ်လို့ ဖြေဆိုထားကြပါတယ်။

သဘောထားအမြင်စစ်တမ်းတွေ့ရှိချက်များအရ  ၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန် ဖြစ်လာနိုင်တဲ့ အစိုးရ အစုအဖွဲ့ အခင်းအကျင်းနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်အပေါ် ဖြေဆိုသူများ သဘောထားအမြင်နဲ့ မျှော်မှန်းချက်တွေက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း နိုင်ငံရေး ပါတီတွေရဲ့ အခန်းကဏ္ဍပိုမိုချဲ့ထွင်နိုင်ဖို့ လိုတယ်ဆိုတဲ့ ပြည်သူတွေရဲ့ သဘောထားအမြင်နဲ့ တကယ့် လက်တွေ့အခြေအနေတွေက ဆက်လက်ဆန်းစစ်လေ့လာသင့်တဲ့ နယ်ပယ်တခု ဖြစ်ပါတယ်။

ယခုဖော်ပြပါ  “၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုသဘောထားအမြင်စစ်တမ်း ” အစီရင်ခံစာအပြည့်အစုံကို Download ရယူနိုင်ပါသည်။

The post ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူထုသဘောထားအမြင်စစ်တမ်း (အစီရင်ခံစာမိတ်ဆက်) appeared first on ISP Myanmar Peace Desk.

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်လောင်းဆိုင်ရာ အချက်အလက်များ (အစီရင်ခံစာမိတ်ဆက်)
လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ အပြောင်းအလဲတွေကို မကြာမီကာလအတွင်းမှာပဲ စတင် မြင်တွေ့နိုင်ဖို့ ရှိပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲက တိုင်းပြည်ရဲ့  ဒီမိုကရေစီ အသွင် ကူးပြောင်းရေးခရီးရှည်အတွက် မှတ်တိုင်သစ်တခုသဖွယ် ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆုံချက်ကျနေတဲ့ မြန်မာ့နိုင်ငံရေးအတွက် အထွေထွေရွေးကောက်ပွဲတွေက ကောင်းမွန်တဲ့ လမ်းစဖြစ်လာဖို့လည်း အရေးကြီးပါတယ်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတဖို့ အလွန်အရေးကြီးတယ် လို့လည်း သုံးသပ်ကြပါတယ်။ ဒီအချက်ကပဲ ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ် စောင့်ကြည့်လေ့လာဖို့လိုအပ် တယ်ဆိုတဲ့ အကြောင်းအရင်းတချက် ဖြစ်လာပါတယ်။ လေ့လာသူတွေအဖို့ ရွေးကောက်ပွဲဖြစ်စဉ်ရဲ့ ကာလသုံးပါးစလုံးက Context (ဆက်စပ်အခြေအနေ) အသီးသီးကိုလည်း ဆန်းစစ်ဖို့ လိုပါတယ်။ အဲ့ဒီအရာတွေ အနက် Demography ( လူဦးရေအခြေအနေ ဆန်းစစ်ခြင်း) ကလည်း လေ့လာဖို့ အရေးပါပါတယ်။ မဲပေးနိုင်တဲ့ မဲဆန္ဒရှင် အရေအတွက် ဘယ်လောက်ရှိသလဲ၊ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလောင်းအရေအတွက် ဘယ်လောက်ရှိသလဲ စတဲ့ လူဦးရေအခြေအနေတွေကို ဆန်းစစ်လေ့လာတာမျိုးက ရွေးကောက်ပွဲဖြစ်စဉ် ကာလသုံးပါး စလုံးအတွက် ဂရုပြုသင့်တဲ့ အချက်အလက်တွေပါ။ ယခုကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဆက်စပ်အခြေအနေတွေအနက် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းအသီးသီးရဲ့  Demography အချက်အလက်တွေကို စုစည်းဖော်ပြထားတဲ့ အစီရင်ခံစာ တစောင်ကို မိတ်ဆက်တင်ပြလိုပါ တယ်။

တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ က ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းမှာ “၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်လောင်းဆိုင်ရာ အချက်အလက်များ” ဆိုတဲ့ အစီရင်ခံစာ တစောင်ကို ထုတ်ဝေခဲ့ပါတယ်။ အစီရင်ခံစာ စုစည်းဖော်ပြချက်ကဏ္ဍအသီးသီးကို အကျဉ်းချုပ် ဆက်လက်ဖော်ပြပါမယ်။

ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း လွှတ်တော်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ စုစုပေါင်း ၉၁ ပါတီ ရှိပါတယ်။ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းဦးရေ  ၅,၅၅၈  ဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၈၀ ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်းဦးရေ ၅,၈၃၈ ဦး က အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပဲ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် လောင်းဦးရေ စုစုပေါင်း ၁,၁၄၃ ဦး နဲ့ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း ၁,၁၂၈ ဦး နဲ့ ဒုတိယအများဆုံး၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း ၉၂၄ ဦး နဲ့ တတိယအများဆုံး အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

ဒါပေမဲ့လည်း ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မကျင်းပဖို့ သတ်မှတ်ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ် က မြို့နယ် ကိုးခုနဲ့  ရှမ်းပြည်နယ်က မြို့နယ် ခြောက်ခု က ကိုယ်စားလှယ်လောင်းတွေကို ဖယ်လိုက်ရင်တော့ စုစုပေါင်း ကိုယ်စားလှယ်လောင်းဦးရေက ၅,၆၆၃ ဦး ပဲ ပါဝင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုယ်စားလှယ်လောင်းများ၏ ကျား၊ မ အချိုးအစား

လွှတ်တော်အသီးသီးအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းဦးရေ ၅,၈၃၈ ဦး အတွင်းမှာ ၄,၉၂၆ ဦး က အမျိုးသားကိုယ်စားလှယ်လောင်းတွေ ဖြစ်ပြီး၊ ၉၁၂ ဦး က အမျိုးသမီး ကိုယ်စားလှယ် လောင်းတွေ ဖြစ်ကြပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေအတွင်း အမျိုးသမီးဦးရေ ပါဝင်မှု ရာခိုင်နှုန်းက ၁၅ ဒသမ ၆၂ ရာခိုင်နှုန်း ရှိနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၁၆ ဦး နဲ့ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ရာနှုန်းပြည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေနဲ့ပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီကတော့ မွန်အမျိုးသမီးပါတီ ဖြစ်ပြီး ကိုယ်စားလောင်းဦးရေ ငါးဦး ပါဝင်ပါတယ်။

တဆက်တည်းမှာပဲ ရခိုင်နဲ့ ရှမ်းပြည်နယ်က ရွေးကောက်ပွဲကျင်းပဖို့ ခွင့်မပြုတဲ့ မြို့နယ်အသီးသီးရဲ့ ကိုယ်စားလှယ်လောင်းတွေကို ဖယ်လိုက်ရင် အမျိုးသားကိုယ်စားလှယ်လောင်းဦးရေက ၄,၇၅၇ ဦး၊ အမျိုးသမီး ကိုယ်စားလှယ်လောင်းဦးရေ  ၉၀၆ ဦး သာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းများ၏ အသက်အရွယ်အပိုင်းအခြား

‌ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း ၅,၈၃၈  ဦး အနက် ၆၂၁ ဦး (၁၀ ဒသမ ၆ ရာခိုင်နှုန်း) က အသက် ၃၅ နှစ်အောက် ကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြပါတယ်။ အသက် ၃၅ နှစ်မှ ၆၀ ကြား ကိုယ်စားလှယ်လောင်းဦးရေက ၃,၅၉၄ ဦး  ရှိပြီး၊ ရာခိုင်နှုန်းအားဖြင့် ၆‌၁ ဒသမ ၆ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကျန် ၁,၆၂၃ ဦး ကတော့ အသက် ၆၀ နှစ်အထက် ကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြပြီး ရာခိုင်နှုန်းအားဖြင့် ၂၇ ဒသမ ၈၆ ရာခိုင်နှုန်း  ပါဝင်နေတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ နိုင်ငံရေးပါတီတွေအနက် အသက် ၃၅ နှစ်အောက်  ကိုယ်စားလှယ်လောင်းဦးရေအများဆုံး စာရင်းသွင်းတဲ့ပါတီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖြစ် ပြီး ၉၉ ဦး  ပါဝင်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ အသက် ၆၀ နှစ် အထက် ကိုယ်စားလှယ်လောင်းတွေ အများဆုံးပါဝင်လာပြီး စုစုပေါင်း ၃၄၈ ဦး ရှိတယ်လို့ ဆိုပါတယ်။

တဖန် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ရွေးကောက်ပွဲကျင်းပခွင့်မရတဲ့ နယ်မြေတွေက ကိုယ်စားလှယ်လောင်းတွေ မပါဝင်ရင်တော့ အသက် ၃၅ နှစ်အောက်  ကိုယ်စားလှယ်လောင်း  ၆၀၀ ဦး၊ အသက် ၃၅ နှစ်မှ ၆၀ ကြား ကိုယ်စားလှယ်လောင်း ၃,၄၇၈ ဦး၊ အသက် ၆၀ နှစ် အထက် ကိုယ်စားလှယ်လောင်း ၁,၅၈၅ ဦး သာ ပါဝင်နိုင် တော့မှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်း

ကိုယ်စားလှယ်လောင်း စုစုပေါင်းအနက် ၆၆ ရာခိုင်နှုန်း (၃,၈၄၅ ဦး) က ဘွဲ့ရရှိထားသူများ ဖြစ်ပြီး၊ ၃၀ ရာခိုင်နှုန်း (၁,၇၃၆ ဦး) ကတော့ ဘွဲ့မရရှိသေးသူနဲ့ အခြေခံပညာအထက်တန်းအဆင့်ရှိသူတွေ ဖြစ်ကြပါတယ်။ ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်းရဲ့  သုံး ရာခိုင်နှုန်း (၁၆၆ ဦး) ကတော့ မဟာဘွဲ့ ရရှိထားသူ ဖြစ်ပြီး၊ တစ် ရာခိုင်နှုန်း ( ၆၄ ဦး) က တော့ ပါရဂူဘွဲ့ရရှိထားသူတွေ ဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ရခိုင်နဲ့ ရှမ်းပြည်နယ် မြို့နယ်တွေက ကိုယ်စားလှယ်လောင်းတွေမပါရင်တော့ ဘွဲ့ရရှိထားသူအရေအတွက်က ၃,၇၆၀ ဦး၊ မဟာဘွဲ့ရထားသူအရေအတွက် ၁၆၅ ဦး၊ ပါရဂူဘွဲ့ရထားသူ ၆၃ ဦး နဲ့ အခြား (ဘွဲ့မရရှိသေးသူနဲ့ အခြေခံပညာအထက်တန်းအဆင့်ရှိသူ) အရေအတွက် ၁,၇၀၅ ဦး သာ ပါဝင်တော့မှာ ဖြစ်ပါတယ်။

အချုပ်ဆိုရရင် Demography အချက်အလက်တွေကနေတဆင့် ရွေးကောက်ပွဲဖြစ်စဉ် ကာလသုံးပါး စလုံးရဲ့ ဆက်စပ်အခြေအနေတွေကို စောင့်ကြည့်လေ့လာဖို့ အမှန်တကယ် လိုအပ်ပါတယ်။ ဒီအချက်အလက်တွေကို အခြေခံပြီး အထွေထွေရွေးကောက်ပွဲတွေလို နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ ဖြစ်စဉ်တွေ အတွင်းမှာ လူငယ်တွေ ဘယ်လောက်အထိ ပါဝင်နေကြပြီ၊ အမျိုးသမီးတွေ ဘယ်လောက်အထိ ပါဝင်နေကြပြီ၊ လွှတ်တော်အတွင်း ဖော်ဆောင်ရမယ့် မူဝါဒအပြောင်းအလဲတွေအတွက် ကိုယ်စားလှယ်လောင်း တွေမှာ ဘယ်လောက်အထိ အဆင်သင့် ဖြစ်နေကြပြီ စတဲ့ ကောက်ချက်ချ သုံးသပ်မှုများစွာကို လေ့လာသူတွေအဖို့ ဆက်လက် ဆန်းစစ်နိုင်မှာပဲ ဖြစ်ပါတယ်။

မှတ်ချက် – ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၇ ရက်စွဲဖြင့် ညီညွတ် သော ဒီမိုကရက်တစ်ပါတီ ( UDP) ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ UDP ပါတီမှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဦးရေ ဒုတိယအများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ဖြစ်သည်။

ယခုဖော်ပြပါ  “၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်လောင်းဆိုင်ရာ အချက်အလက်များ” အစီရင်ခံစာအပြည့်အစုံကို Download ရယူနိုင်ပါသည်။

The post ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါတီကိုယ်စားလှယ်လောင်းဆိုင်ရာ အချက်အလက်များ (အစီရင်ခံစာမိတ်ဆက်) appeared first on ISP Myanmar Peace Desk.

ထိန်းချုပ်ကန့်သတ်ခြင်းမှသည် နာလန်ထူခြင်းဆီသို့ From Containment to Recovery (အစီရင်ခံစာမိတ်ဆက်)
ကိုဗစ် – ၁၉ ရဲ့ ရိုက်ခတ်မှုအကျိုးဆက်တွေအဖြစ် ကမ္ဘာ့ဒေသအသီးသီးမှာ မတူညီတဲ့စိန်ခေါ်ချက်တွေ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ရောဂါကပ်ဘေးက ကမ္ဘာ့နိုင်ငံတွေရဲ့ ကျန်းမာရေးနဲ့ စီးပွားရေးစနစ် တွေကို သိမ့်ခါစေရုံသာမက လူမှုအရင်းအနှီးတွေကိုလည်း ဆက်နွှယ် နိမ့်ကျစေနိုင်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုး ဆဲ နိုင်ငံတွေအတွက် ဒီစိန်ခေါ်ချက်တွေဟာ အဆမတန် မြင့်မားလွန်းလှပါတယ်။ နဂိုကတည်းက ရှိရင်းစွဲ၊ တဝဲ လည်လည် ဖြစ်နေတဲ့ လူ့အဖွဲ့အစည်း၊ ယန္တရားတွေရဲ့ ဆင်းရဲမွဲတေမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးတဲ့ အခြေအနေ တွေဟာ ကိုဗစ်-၁၉ ကြောင့် ဘူးလေးရာ ဖရုံဆင့်ဆိုသလို ဖြစ်လာကြပါတယ်။ ရောဂါကပ်ဘေးကြောင့် တိုင်း ပြည်တွေရဲ့ စီးပွားရေး ယန္တရား ချိနဲ့စေနိုင်ပြီး စီးပွားဆုတ်ယုတ်မှုလို ရုတ်ချည်း အကျိုးဆက်တွေ ရှိလာနိုင်သလို၊ လူမှုအရင်းအနှီး အားကောင်းအောင် ပံ့ပိုးဖို့ ပျက်ကွက်ရာမှတဆင့် လူ့စွမ်းအားအရင်းအမြစ် နိမ့်ကျစေမယ့်၊ ရေရှည်သဘောဆောင်တဲ့ အကျိုးဆက်တွေကလည်း ဆင်ခြင်စရာပါ။ ယခုစာစုကတော့ မြန်မာအပါအဝင် ဖွံဖြိုး ဆဲ အရှေ့အာရှနဲ့ ပစိဖိတ်ကျွန်းစုဒေသတွေက နိုင်ငံအချို့ရဲ့  ရောဂါကပ်ဘေးနဲ့ ဆက်စပ်နေတဲ့ လူမှုစီးပွား ညွှန်းကိန်း ပြောင်းလဲမှုတွေကို စုစည်းလေ့လာထားတဲ့ အစီရင်ခံစာ တစောင်ကို မိတ်ဆက်ဖော်ပြမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ် (World Bank) အဖွဲ့က ၂၀၂၀၊ စက်တင်ဘာလအတွင်းမှာ  “From Containment to Recovery” ဆိုတဲ့ အစီရင်ခံစာ တစောင်ကို ထုတ်ဝေခဲ့ပါတယ်။ အရှေ့အာရှနဲ့ ပစိဖိတ်ကျွန်းစုဒေသက နိုင်ငံ တွေရဲ့  ရောဂါကပ်ဘေး အကျိုးဆက်အခြေအနေတွေကို စုစည်းဖော်ပြထားပါတယ်။ နိုင်ငံတနိုင်ငံချင်းစီကို အထူးပြု ဖော်ပြထားတာမဟုတ်ပဲ ဒေသတခုလုံးစာ အခြေအနေတွေအပေါ် ဆက်စပ်နှိုင်းယှဉ်တင်ပြထားတာ ဖြစ်ပါတယ်။ စီးပွားရေးဆိုင်ရာ ညွှန်းကိန်းတွေကတဆင့် လူ့အဖွဲ့အစည်းရဲ့ အခြေအနေကို နှိုင်းဆဖော်ပြထားတာ ဖြစ်ပြီး လေ့လာသူတွေအဖို့ ဒေသအတွင်း စီးပွားရေးကျဆင်းနိုင်မှုအကျပ်အတည်းကို မှန်းဆဆင်ခြင်နိုင်ပါ တယ်။ အစီရင်ခံစာတွေ့ရှိချက်များစွာအနက် အလေးဂရုပြုစရာအချက်အချို့ကို အကျဉ်းချုပ်ဖော်ပြလိုပါတယ်။

ထိန်းချုပ်ကန့်သတ်ခြင်း (Containment)

အစီရင်ခံစာရဲ့ ကနဦးဖော်ပြချက်အပိုင်းတွေမှာ လက်ရှိကူးစက်ကပ်ရောဂါဘေးရဲ့ ဆက်စပ်အခြေအနေတွေကို နားလည်နိုင်ဖို့ အားထုတ်ထားပါတယ်။ ကိုဗစ် – ၁၉ ရိုက်ခတ်မှုကြောင့် တိုင်းပြည်တွေရဲ့ ဝင်ငွေ ဆုံးရှုံးရသလို တဖက်မှာလည်း ကျန်းမာရေးအသုံးစရိတ်ကို မြှင့်တင်ရပါတယ်။ တဆက်တည်းမှာပဲ ကုန်သွယ်မှု၊ ခရီးသွား ကဏ္ဍနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ကျပ်တည်းရပ်ဆိုင်းသွားတဲ့ အကျိုးဆက်က ကျန်ကမ္ဘာ့နိုင်ငံတွေအထိပါ သက်ရောက်မှုရှိလာပါတယ်။ ဒီလိုအခြေအနေမှာ ဖြစ်ပေါ်နေတဲ့ တိုင်းပြည်ရဲ့ လူမှုစီးပွားရေးအခြေအနေတွေကို အစိုးရက ထိန်းချုပ်ကန့်သတ်ခြင်းနဲ့ လုပ်ငန်းစု၊ အိမ်ထောင်စုတွေအတွက် အကူအညီပေးခြင်း၊ သက်သာခွင့်ပေး ခြင်းဆိုတဲ့ ပုံစံ နှစ်မျိုးနဲ့ ထိန်းကျောင်းဖို့ ကြိုးပမ်းကြပါတယ်။

ဒေသတွင်းနိုင်ငံအချို့မှာ အသုံးပြုတဲ့ ထိန်းချုပ်ကန့်သတ်ခြင်းမဟာဗျူဟာမှာ အပိုင်းသုံးခု ပေါင်းစပ်ပါဝင် ပါတယ်။ ပြည်သူလူထုရဲ့ သွားလာလှုပ်ရှားမှုတွေကို ထိန်းချုပ်မယ်၊ ရောဂါရှာဖွေစမ်းသပ်ခြင်းကို တိုးမြှင့်မယ်၊ ရောဂါ ကြိုတင်ကာကွယ်မှုအတွက် သတင်းအချက်အလက်တွေ ပေးမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို ထိန်းချုပ် ကန့်သတ်ခြင်းရဲ့ နောက်ဆက်တွဲကတော့ စီးပွားရေးကျပ်တည်းမှုတွေပဲ ဖြစ်ပေါ်လာစေပါတယ်။ အရှေ့အာရှနဲ့ ပစိဖိတ် ကျွန်းစုဒေသက နိုင်ငံအများစုရဲ့ စီးပွားရေးဟာ ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးလုပ်ငန်းတွေအပေါ်မှာ အခြေပြုကြပါတယ်။ ကိုဗစ် – ၁၉ ရောဂါကပ်ဘေးမကျရောက်ခင်က ဒေသတွင်းနိုင်ငံတွေရဲ့ ဆင်းရဲမွဲတေမှု လျော့ကျနိုင်ခြေကို ရှစ်ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ ခန့်မှန်းထားကြပေမယ့် အခုအချိန်မှာတော့ ဒီညွှန်း ကိန်းတွေဟာ လျော့နည်းသွားပြီ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ်အတွင်းမှာ ဒေသအတွင်း လူဦးရေရဲ့ ၃၈ သန်းဟာ  ဆင်းရဲမွဲတေမှု အခြေအနေကို ရောက်ရှိသွားနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။

ဒီလို အခြေအနေတွေမှာ ဒေသတွင်းက အစိုးရတွေက စီးပွားရေးလုပ်ငန်းစုတွေနဲ့ အိမ်ထောင်စုတွေအတွက် အကူအညီတွေ၊ သက်သာခွင့်တွေကို ပံ့ပိုးလာကြပါတယ်။ ပြည်သူ့ကျန်းမာရေးစနစ်ကို အထောက်အပံ့ဖြစ်ဖို့၊ အိမ်ထောင်စုတွေရဲ့ စားသုံးမှုအဆင်ပြေနိုင်ဖို့၊ လုပ်ငန်းစုတွေ ဒေဝါလီမခံရဖို့ အစိုးရတွေက GDP ရဲ့  ပျမ်းမျှ ငါး ရာခိုင်နှုန်းခန့်ကို သုံးစွဲဖို့ ပြင်ဆင်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ GDP ရဲ့  တစ် ရာခိုင်နှုန်းပတ်ဝန်းကျင်ကိုသာ သုံးစွဲထားတဲ့ အခြေအနေမှာ ရှိနေတယ်လို့ စာတမ်းအချက်အလက်တွေက ဖော်ပြထားပါတယ်။

နာလန်ထူခြင်း (Recovery)

အစီရင်ခံစာရဲ့ ဆက်လက်ဖော်ပြချက်တွေမှာ စီးပွားရေး ကျဆင်းမှုတွေအတွက် ပြန်လည်ထူမတ်လာနိုင်ဖို့ ဆောင်ရွက်ကြတဲ့ အခြေအနေတွေကို သုံးသပ်ထားပါတယ်။ အစိုးရတွေက ကောင်းမွန်တဲ့ ထိန်းချုပ်ကန့်သတ် ခြင်း မဟာဗျူဟာကို ဖော်ဆောင်နိုင်ဖို့ စွမ်းဆောင်ရည်တွေ ပြည့်ဝဖို့ လိုတယ်လို့ ဆိုပါတယ်။ တဆက်တည်းမှာပဲ ရောဂါပိုးကူးစက်မှုကို ချုပ်ထိန်းဖို့လည်း ကြိုးပမ်းကြရမှာ ဖြစ်ပြီး၊ အဲဒီကတဆင့် ကမ္ဘာ့နိုင်ငံတွေအကြား စီးပွား ကူးလူးဆက်ဆံမှုတွေ နာလန်ထူနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ကြောင်းဆိုပါတယ်။ နောက်တချက်ကတော့ စီးပွား ရေးလုပ်ငန်းတွေအတွက် အစိုးရရဲ့ ပံ့ပိုးကူညီနိုင်မှု မူဝါဒတွေ အားကောင်းဖို့ လိုတယ်လို့ ဆိုပါတယ်။

အချို့နိုင်ငံတွေမှာတော့ စီးပွားရေးနာလန်ထူနိုင်ဖို့ ပြင်ဆင်နေကြပေမယ့် ယခုဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေကတော့ ကမ္ဘာ့နိုင်ငံတွေအပေါ် မှီခိုရပ်တည်နေရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ကုန်သွယ်ရေး ကဏ္ဍက ပြန်လည်အသက်ဝင်လာနိုင် ရှိနေပေမယ့် ခရီးသွားလာရေးကဏ္ဍကတော့ နာလန်ပြန်ထူနိုင်ဖို့ မလွယ်ကူသေးဘူးလို့ ဆိုပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ဒေသတွင်း စီးပွားဖွံ့ဖြိုးတိုးတက်မှုဟာ o ဒသမ ၉ ရာခိုင်နှုန်းခန့်သာ ရှိနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ အကယ်၍ ၂၀၂၁ ခုနှစ်အတွင်းမှာ စီးပွားရေးနာလန်ထူမှုတွေ၊ ရောဂါ ကာကွယ်ဆေးတွေ ရရှိဖော်ဆောင်နိုင်ခဲ့ကြမယ်ဆိုရင်တော့ ဒေသတွင်း စီးပွားဖွံ့ဖြိုးတိုးတက်မှုက ၅ ဒသမ ၁ ရာခိုင်နှုန်း ခန့်အထိ တိုးမြှင့်လာနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။

အလုံးစုံ ဖွံဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက်မှုများ

ကူးစက်ကပ်ဘေး အကျိုးဆက်အဖြစ် အများပြည်သူနဲ့ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုတွေ အကန့်အသတ်နဲ့ ရှိလာတာ၊ ကြွေးမြီတွေ မြင့်တက်လာတာ၊ ကုန်ထုတ်လုပ်မှုတွေ ကျဆင်းလာတာနဲ့ လူမှုအရင်းအနှီးတွေ အားအင်ယုတ် လျော့လာတာတွေက တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို အကျပ်အတည်းနဲ့ ရင်ဆိုင်ရစေပါတယ်။ ဒီအချက် တွေက စီးပွားရေးတည်ငြိမ်မှုတွေအတွက် အခက်အခဲတွေလည်း ဖြစ်ပေါ်လာစေပါတယ်။ နာမကျန်းမှုတွေ၊ စားနပ်ရိက္ခာဖူလုံခြင်း မရှိမှုတွေ၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ စာသင်ကျောင်းတွေနဲ့ အလှမ်းဝေးရခြင်း စတဲ့ အချက်တွေက လူမှုအရင်းအနှီးတွေကို ပျက်ယွင်းလာစေပါတယ်။  ကမ္ဘာ့ကပ်ရောဂါရဲ့ အကျိုးဆက်တွေကြောင့် နောက်လာမယ့် ဆယ်စုနှစ်အတွင်းမှာ ဒေသဖွံ့ဖြိုးမှုရဲ့  တစ်ရာခိုင်နှုန်းစီခန့်က နှစ်စဉ်ကျဆင်းသွားမယ်လို့လည်း အစီရင်ခံစာက သုံးသပ်ထားတာ သတိပြုစရာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဆင်းရဲမွဲတေမှုအခြေအနေထဲ ကျရောက်နေကြသူတွေအဖို့ ပိုမို ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ရဖွယ် ရှိပါတယ်။ ဒါပေမဲ့ သူတို့အတွက် နည်းပညာ အကူအညီက ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ဖြေလျော့ ပေးနိုင် မယ်လို့လည်း အစီရင်ခံစာက ဆွေးနွေးထားပါတယ်။

မူဝါဒအကြံပြုချက်များ

အရှေ့အာရှက နိုင်ငံတွေနဲ့ ပစိဖိတ်ကျွန်းစုဒေသနိုင်ငံတွေက အစိုးရတွေ ထည့်သွင်း စဉ်းစားသင့်တဲ့ မူဝါဒ အကြံပြုချက် ခုနစ်ချက်ကိုလည်း အစီရင်ခံစာမှာ  ထည့်သွင်းဆွေးနွေးထားပါတယ်။ အဲဒီ အကြံ ပြုချက်တွေကို အကျဉ်းချုပ် ဆက်လက်ဖော်ပြပါမယ်။ ဒီအချက်တွေကတော့

(၁) ကောင်းမွန်တဲ့ ထိန်းချုပ်ကန့်သတ်ခြင်း အစီအစဉ်ဖော်ဆောင်နိုင်ဖို့ စွမ်းရည်မြှင့်တင်မှုများ ပြုလုပ်ခြင်း

(၂) ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို စတင်ခြင်း

(၃) စီးပွားရေးအရ အမျှော်အမြင်ရှိရှိသုံးစွဲမှုကို ဆက်လက်ထိန်းသိမ်းခြင်း

(၄) လူမှုအရင်းအနှီးများကို ကာကွယ်မြှင့်တင်ပေးခြင်း

(၅) စာသင်ကျောင်းများအတွက် ကောင်းမွန်သော မဟာဗျူဟာမြောက်အခြေအနေများကို ဖန်တီးပေးခြင်း

(၆) စီးပွားရေးလုပ်ငန်းစုများအား ပံ့ပိုးပေးခြင်း နဲ့

(၇) ကုန်သွယ်မှုကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ မူဝါဒအကြံပြုချက် တခုချင်းစီ အတွက် ထည့်သွင်းစဉ်းစားစရာ အချက်အလက်အထောက်အထားတွေကို အစီရင်ခံစာမှာ အကျယ်တဝင့် ဆွေး နွေးထားပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးရဲ့ နောက်ဆက်တွဲအခြေအနေ‌တွေကြောင့် ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖို့ စီးပွားရေးအကျပ်အတည်းတွေကတဆင့် လူမှုအရင်းအနှီးပျက်ယွင်းမှုတွေဆီကိုပါ တွန်းပို့ ပေးနိုင်တယ်ဆိုတဲ့ အခင်းအကျင်းက သတိပြုစရာအကောင်းဆုံးဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်တွေအဖို့ ရောဂါကပ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်ချက်တွေကို ဖြေရှင်းရာမှာ နဂို ရှိရင်းစွဲ ကျင့်သုံးနေတဲ့ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးမူဝါဒ အခင်းအကျင်းတွေကို မဟာဗျူဟာမြောက် ပြန်လည် မွန်းမံနိုင်ဖို့ လိုအပ်တာကို ထောက်ပြထားပါတယ်။ တဆက်တည်းမှာပဲ ကူးစက်ရောဂါကာကွယ်ရေး လိုအပ်ချက်အတွက် ထိန်းချုပ် ကန့်သတ်ခြင်းပုံစံတွေ ဆောင်ရွက်ကြရသလို၊ လူမှုစီးပွား အခြေအနေတွေ နာလန်ပြန် ထူနိုင်ဖို့၊ ပြန်ပြီး လည် ပတ်နိုင်ဖို့ မူဝါဒအပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့ကလည်း အရေးတကြီး လိုအပ်နေ ကြောင်း ဆွေးနွေး အကြုံချက်တွေကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

အယ်ဒီတာမှတ်ချက် – အစီရင်ခံစာပါ တွေ့ရှိဖော်ပြသုံးသပ်ချက်များသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက် အထိ နောက်ဆုံး ရရှိထားသော အချက်အလက်များအပေါ် အခြေခံဖော်ပြထားခြင်း ဖြစ်ပါသည်။

ယခုဖော်ပြပါ  “From Containment to Recovery ” အစီရင်ခံစာအပြည့်အစုံကို Download ရယူနိုင်ပါသည်။

The post ထိန်းချုပ်ကန့်သတ်ခြင်းမှသည် နာလန်ထူခြင်းဆီသို့ From Containment to Recovery  (အစီရင်ခံစာမိတ်ဆက်) appeared first on ISP Myanmar Peace Desk.

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ Myanmar: Ethnic Politics and the 2020 General Election (သုတေသနစာတမ်းမိတ်ဆက်)
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရချိန်မှစ၍ မျက်မှောက်ကာလအထိ ဖြေရှင်းနိုင်မှုမရှိ သေးသော ပြဿနာများစွာအနက်  တိုင်းရင်းသားတန်းတူညီမျှရေး စိန်ခေါ်ချက်သည် အကြီးမားဆုံးတခု ဖြစ်နေသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်များ စတင်ခဲ့ကြပုံနှင့် ယနေ့အထိ အားကောင်းလျက် ရှိခြင်းတို့၏ အခြေခံကျသော အကြောင်းတရားတရပ်မှာ တိုင်းရင်းသားများ တန်းတူညီမျှမှု မရရှိ ခြင်းကြောင့် ဖြစ်သည်။ တချိန်က မြန်မာနိုင်ငံသည် တပါတီအာဏာရှင်၊ စစ်အာဏာရှင်စနစ်များကြောင့် တိုင်းရင်းသားတန်းတူညီမျှမှုနှင့် ငြိမ်းချမ်းရေးတို့ ဆိတ်သုဉ်းခဲ့ရသည်။ လွတ်လပ်ရေးခေတ်မှ ယနေ့ ခေတ်အထိ ငြိမ်းချမ်းရေးဆွေးနွေးမှု အမြောက်အများ လုပ်ဆောင်ခဲ့ကြသော်လည်း တန်းတူညီမျှမှု အတွက် တိုင်းရင်းသားများ လိုလားသည့် အဖြေထွက်မလာသေးသည်မှာလည်း အထင်အရှား ဖြစ်ပါသည်။

ယနေ့ခေတ် မြန်မာနိုင်ငံသည် ပြင်ဆင်ရန်လိုအပ်နေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေ ပြု၍ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေသည်။ တချိန်တည်းမှာပင် တိုင်းရင်းသားတန်းတူညီမျှမှုကို ဆွေးနွေးအဖြေရှာနိုင်မည့် လမ်းကြောင်းဖြစ်သော တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) ကို အားပြုထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အရှိန်တင် လုပ်ဆောင် နေကြပြီဖြစ်သည်။ မကြာမီအချိန်တွင်လည်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်မှာပင် တတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ အဆို ပါ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်မှ အရပ်သားဦးဆောင်သော ဒီမိုကရေစီစနစ် ရှင်သန် အား ကောင်းစေရေးအတွက် အလွန်အရေးကြီးသော မှတ်တိုင်တခု ဖြစ်နိုင်ပါသည်။ သို့ရာတွင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းမှ ကျင်းပနေသော အထွေထွေရွေးကောက်ပွဲများသည်လည်း တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့် အစရှိသည့် တိုင်းရင်းသားနိုင်ငံရေးအတွက် အခက်အခဲများစွာဖြင့် ကန့်သတ်မှုများ၊ စိန်ခေါ်မှုများ ရှိနေဆဲပင်ဖြစ်သည်။ တပူပေါ် နှစ်ပူဆင့်ဆိုသကဲ့သို့ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် မဲဆွယ်စည်းရုံးခွင့်များ၊ လူစုဝေးခြင်းများ မပြုလုပ်နိုင်ကြပေ။

ထို့အပြင် NLD အစိုးရလက်ထက်အတွင်း ငြိမ်းချမ်းရေးဖြစ်စဥ် အရှိန် လျော့ကျမှု၊ အခြေခံ ဥပဒေ ပြင်ဆင်ရေးကြိုးပမ်းမှု မအောင်မြင်ခြင်း၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှု ထိခိုက်ခံရခြင်း၊ ပြည်နယ် များတွင် တိုင်းရင်းသားများ၏ ဝိသေသ လက္ခဏာဆိုင်ရာ ပွတ်တိုက်မှုများ (Identity Crisis)  ရှိနေပါသည်။ ထို့ကြောင့်ပင် တိုင်းရင်းသားများ၏  ကိုယ်စားပြုခွင့်နှင့် တန်းတူညီမျှမှုများသည် ခြိမ်း ခြောက်ခံနေရသောအဆင့်သို့ ရောက်ရှိနေသည်။ တိုင်းရင်းသားနိုင်ငံရေးပါတီများ အနေဖြင့်လည်း အဆိုပါ အခင်းအကျင်းကို ပြောင်းလဲနိုင်ရန်အတွက် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် မိမိတို့ဒေသအလိုက် လွှတ်တော်တွင်း ကိုယ်စားပြုမှု အားကောင်းလာစေရေး အတွက် အားပြုလုပ်ဆောင်လာကြသည်ကို တွေ့ရသည်။ ယခုဖော်ပြမည့် စာစုတွင် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲနှင့် ဆက်စပ်လျက်ရှိသော တိုင်းရင်းသား နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များအား ရေးသားထားသည့် စိတ်ဝင်စားဖွယ် သုတေသန အစီရင်ခံစာ တစောင်အား  မိတ်ဆက်တင်ပြလိုပါသည်။

အဆိုပါအစီရင်ခံစာမှာ Transnational Institute (TNI) မှ  ၂ဝ၂ဝ၊ စက်တင်ဘာလတွင် ထုတ်ဝေခဲ့သည့် “Myanmar: Ethnic Politics and the 2020 General Election” ဟူသော စာတမ်း ဖြစ်ပါသည်။ အစီရင်ခံစာ၏ တွေ့ရှိချက်များအနက် အဓိကကျသည့် အပိုင်းကဏ္ဍနှစ်ခုကို တင်ပြ ဆွေးနွေးလိုပါသည်။

(၁) ရွေးကောက်ပွဲအခင်းအကျင်းများအပေါ် ခြုံငုံသုံးသပ်ခြင်း

ရွေးကောက်ပွဲအခင်းအကျင်းများအပေါ် ခြုံငုံသုံးသပ်ရာတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အဆက်ဆက်တွင် ဗမာ မဟုတ်သော တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ အနိုင်ရရှိမှုရာခိုင်နှုန်းကို တွက်ချက်ဖော်ပြထားသည်ကို တွေ့ရသည်။ တိုင်းရင်းသား နိုင်ငံရေးပါတီများသည် ပြည်သူ့လွှတ်တော် တွင် ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ၈ ဒသမ ၄ရာခိုင်နှုန်း၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ၁၄ ဒသမ ၄ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ၁၄ ဒသမ  ၂ရာခိုင်နှုန်း၊ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ၁၁ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ကြသည်ဟု ဖော်ပြထားသည်။

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ စာရင်းဇယားများအရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ပေါင်း ၃၃ဝရှိပြီး ထို၃၃ဝအနက် ပြည်နယ်ခုနစ်ခု၌ ၁၂၃ မဲဆန္ဒနယ်ရှိပြီး တိုင်းဒေသကြီး ခုနစ််ခု၌မူ ၂ဝ၇ မဲဆန္ဒနယ်ရှိသည်ဟု ဖော်ပြထားသည်။ ပြည်နယ်လွှတ်တော်ခုနစ်ခု၌  ပြည်နယ်ဆိုင်ရာ မဲဆန္ဒနယ် ၂၆၅ ရှိပြီး တိုင်းလွှတ်‌တော်ခုနစ်ခု၌မူ တိုင်းဒေသကြီးဆိုင်ရာ မဲဆန္ဒနယ် ၄ဝ၈ ခုရှိနေရာ ထို ၄ဝ၈ခုအနက် လူနည်းစု တိုင်းရင်းသားပါတီများ အနိုင်ရရှိမှုမှာ ဟုမ္မလင်းမြို့၌ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား တိုးတက်ရေးပါတီတခုသာ ရှိသည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် တနိုင်ငံလုံး လွှမ်းခြုံနိုင်သော ပါတီကြီးများ၏ လွှမ်းမိုးမှုများသည် ပြည်ထောင်စုသာမက ပြည်နယ်အဆင့် လွှတ် တော်များ၌ပါ အထင်အရှား ကြီးမားလျက်ရှိပြီး လူနည်းစုတိုင်းရင်းသားများ၏ ကိုယ်စားပြုမှုသည် သိသိ သာသာပင် အားနည်းလျက်ရှိသည်ဟု သုံးသပ်ထားသည်ကို တွေ့ရသည်။

ထို့အပြင် တိုင်းရင်းသားပါတီများ၏ ပါတီပေါင်းစည်းမှုများနှင့် ဗျူဟာမြောက်မဲ‌ပေးမှု (Tactical Voting) အကြောင်း ဆွေးနွေးထားချက်မှာလည်း သတိပြုဖွယ်ရာ ဖြစ်သည်။ ၂ဝ၁၅‌ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အနိုင်ရရှိမှု နည်းခဲ့ခြင်းအတွက် အဓိက အကြောင်း အရင်းတခုက မဲပြန့်ကျဲခြင်း ဖြစ်သည်ဟု သုံးသပ်ထားသည်။ တဆက်တည်းမှာပင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မြန်မာတနိုင်ငံလုံးတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ပါတီ ပေါင်းစည်းမှု ခြောက်ခု ရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကရင် အမျိုးသားဒီမိုကရေစီပါတီ၊ ကယားပြည်နယ်ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ ဝ အမျိုးသားပါတီ တို့သည် မဲမပြန့်ကျဲစေရေးအတွက် ပူးပေါင်းထားကြသော မဟာမိတ်ပါတီများအဖြစ် ဝင်ရောက် ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး ၂ဝ၁၅ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အများဆုံးအနိုင်ရရှိခဲ့သော ရခိုင်အမျိုးသားပါတီ (ANP)၏ ပေါင်းစည်းမှုကို ထူးခြားချက်အနေဖြင့် သင်ခန်းစာ ယူလာကြခြင်း ဖြစ်သည်ဟု သုံးသပ်ထားသည်။

ဆက်လက်ပြီး ပါတီငယ်များ၏ မဟာမိတ်ပေါင်းစည်းမှုသာမက တိုင်းရင်းသားပါတီများ၏ အဆင့်မြှင့် ပြင်ဆင်ထားမှုအပိုင်းကိုလည်း ဖော်ပြထားသည်။ ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ လူမျိုးအခြေခံမူမှာ  လူမျိုးထက် ပြည်နယ်အခြေခံမူသို့ ပြောင်းလဲလာခဲ့သည်။  လူမျိုးတရပ်တည်းသာမက ပြည်နယ် အတွင်းရှိ လူမျိုးစုအားလုံးအပေါ် တန်းတူအလေးထားမှု၊ ပြည်နယ်ပြင်ပရှိ ကချင်တိုင်းရင်းသား အများစုနေထိုင်ရာ ဒေသများတွင် ဝင်ရောက် ယှဥ်ပြိုင်မှု မပြုခြင်း တို့ကို တွေ့ရှိရသည်။ ထို့အပြင် ကယားပြည်နယ်ဒီမိုကရေစီပါတီနှင့် ကယန်းအမျိုးသားပါတီတို့အကြား တိုက်ရိုက် ယှဥ်ပြိုင်ခြင်းမပြုဘဲ နယ်မြေပိုင်းခြားယှဥ်ပြိုင်ရန် သဘောတူညီခဲ့ကြသကဲ့သို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ လူမျိုးစုအခြေခံမှ ပြည်နယ်အတွက်အခြေခံသော မူဝါဒများနှင့် အခြေခံမူများအား ပြောင်းလဲကျင့်သုံးလာမှုစသည့် အကြောင်းအချက်များသည် ပြည်နယ်များတွင် ယခင်က ပြည်မပါတီများကို ထောက်ခံခဲ့ကြသူများကို ရွေးချယ်မှု ပြောင်းလဲလာနိုင် စေသည့် အကြောင်းအရင်းများဖြစ်ပေသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်နယ်များမှ မဲဆန္ဒရှင် ပြည်သူများအတွက်၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ အဆိုပါမဟာမိတ်ပါတီများနှင့် ANP ၊ SNLD ကဲ့သို့ တိုင်းရင်းသားပါတီများအပေါ်  ပြည်မပါတီများမှနေ၍ ပြောင်းလဲထောက်ခံလာမှုများ ရှိနိုင်သည်ဟု ဆိုသည်။ သို့ရာတွင် လက်ရှိရွေးကောက်ပွဲစနစ်ကြောင့် တိုင်းရင်းသားလူမျိုးစုနိုင်ငံရေး၏ အခင်း အကျင်း အပြောင်းအလဲများ တွေ့မြင်နိုင်ရန် အခွင့်အရေး နည်းပါးသည်ဟု၍လည်း ဆက်စပ်သုံးသပ် ထားသည်။

(၂) ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အဓိကကိစ္စရပ်များ

၂ဝ၂ဝအထွေထွေရွေးကောက်ပွဲဆိုင်ရာ အဓိကကိစ္စရပ်များဟု ဆိုရာတွင် တိုက်ပွဲများကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်း၊ ဘက်လိုက်မှုရှိသော ရွေးကောက်ပွဲကော်မရှင်၊ နေရပ် ရွှေ့ပြောင်း အခြေချမှု (သို့မဟုတ်) ပြည်တွင်းရွှေ့ပြောင်းအခြေချမှု၊ ရိုဟင်ဂျာများ၏ မဲပေးခွင့်ကန့်သတ်ခံရမှု ၊ ကိုဗစ်ရောဂါနှင့် မဲဆွယ်စည်းရုံးမှုအရေး၊ ကျား/မ မညီမျှမှုနှင့် လူငယ်ပါဝင်မှု၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ မျှော်လင့်ချက်များ အစရှိသည့် အကြောင်းအရာများဖြင့် တင်ပြဆွေးနွေး ထားသည်။

ရွေးကောက်ပွဲကော်မရှင်၏ အခန်းကဏ္ဍ

အစီရင်ခံစာ၏ ဆွေးနွေးချက်အရ ရွေးကောက်ပွဲကော်မရှင်အပေါ် အစိုးရ၏ သြဇာသက်ရောက်မှု ရှိနိုင်သည်ဟု ဆိုပါသည်။ အကြောင်းမှာ ကော်မရှင်သည် ရွေးကောက်ပွဲအနိုင်ရ အစိုးရ၏ အာဏာဖြင့် ဖွဲ့စည်းထားခြင်းကြောင့် သော်လည်းကောင်း၊ လက်ရှိကော်မရှင်အဖွဲ့ဝင်များသည် အာဏာရပါတီနှင့် မူလကပင် ဆက်နွယ်မှုများ ရှိထားခြင်းကြောင့်လည်းကောင်း သိနိုင်သည်ဟု ဆိုပါသည်။ ထို့အပြင် လက်ရှိကော်မရှင်အဖွဲ့ဝင် ၁၅ ဦးလုံးသည် အမျိုးသားများသာ ဖြစ်ကြပြီး အသက်အရွယ် အားဖြင့်လည်း ကြီးရင့်ကြကာ အများစုမှာ ၇ဝ-၈ဝခန့် ရှိကြသည်။ ထို့အပြင် အဖွဲ့ဝင် ၁၄ ဦးသည် ဗုဒ္ဓဘာသာဝင် ဗမာတိုင်းရင်းသားများသာ ဖြစ်ကြပြီး တိုင်းရင်းသား တဦးသာ ပါဝင်ပါသည်။

လက်နက်ကိုင်ပဋိပက္ခများ၊ရွှေ့ပြောင်းအခြေချနေထိုင်သူများနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်း  အခင်းအကျင်းများ ၏ သက်ရောက်မှုများ

မြန်မာနိုင်ငံအရပ်ရပ်၌ လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြီး ဒုက္ခသည်စခန်းများ၌ နေထိုင် ရသူများသည် (တနည်း-စစ်ရှောင်ဒုက္ခသည်) စုစုပေါင်း ၆၅၀,၀၀၀ ခန့် ရှိနေပြီး အဆိုပါ စစ်ရှောင် ဒုက္ခသည်များ၏ မဲပေးခွင့်ရရေးနှင့် ပက်သက်၍လည်း အငြင်းပွားစရာ ကိစ္စရပ်များရှိနေသည်ဟု ဆိုသည်။ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာတွင် ပြင်ဆင်လိုက်သော ဥပဒေအရ  ရက်ပေါင်း ၉ဝ ခန့် ဆက်တိုက် နေထိုင်ခဲ့လျှင် အဆိုပါအရပ်၌ မဲပေးနိုင်သည်ဆိုခြင်းကြောင့် ပါတီကြီးများအနေဖြင့် ၎င်းတို့ အား မကောင်းသော ဒေသများတွင် ပါတီထောက်ခံသူများအား ကာလတို ရွှေ့ပြောင်း နေထိုင်စေကာ မဲ အနိုင်ရရှိစေရန် အားထုတ်မှုမျိုးသည် အဆိုးဆုံးအခြေအနေ၌ ပေါ်ပေါက်လာမည်ကို စိုးရိမ်စရာ ရှိသည်ဟုလည်း ဆိုသည်။ ရခိုင်မြောက်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်အများစု မဲပေးခွင့် မရရှိသေးခြင်း နှင့်အတူ အခြားသော အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဥ်ပြိုင်မှုသည် လည်း အလွန်ပင် နည်းပါးလျက်ရှိသည်ဟု ဆိုသည်။

ကိုဗစ်-၁၉ ရောဂါနှင့် ရွေးကောက်ပွဲအခင်းအကျင်း

၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ အထူးခြားဆုံး အချက်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြောင့် ရွေးကောက်ပွဲ မဲဆွယ်ကမ်ပိန်းများ လှုပ်ရှားရာတွင် လူစုဝေးခွင့်များ များစွာ ကန့်သတ် ခံကြရခြင်း ဖြစ်သည်။ အဆိုပါကန့်သတ်ခံရမှုများကြောင့် ပါတီအများစုသည် လူမှုကွန်ယက်စာမျက်နှာ တနည်း Facebook ကို အခြေပြုသော မဲဆွယ်မှုများကို အဓိက အားထားလာကြရသည်။ ထိုကဲ့သို့ အနေအထားတွင် တိုင်းရင်းသား ပါတီငယ်များအနေဖြင့် လူမှုကွန်ရက်တွင် ပျံ့နှံ့ရောက်ရှိမှု တိုးတက် စေရန် ငွေကြေးအသုံးပြုရာတွင် အင်အားကြီး ပါတီကြီးများကဲ့သို့  ငွေကြေးအသုံးမပြုနိုင်ခြင်း၊ ၎င်းတို့၏ အဓိက မဲဆန္ဒနယ်မြေများတွင် နည်းပညာဖွံ့ဖြိုးမှု အားနည်းခြင်းနှင့် စမတ်ဖုန်းကိုင်ဆောင်သူ နည်းပါးကြခြင်း၊ NLD ပါတီအနေဖြင့်လည်း လက်ရှိအစိုးရ၏ ရောဂါထိန်းချုပ်ရေးဆောင်ရွက် ချက်များကို ပုံရိပ်အသုံးချကာ မဟာဗျူဟာတရပ်အနေဖြင့် မဲဆွယ်မှုပြုခြင်းကြောင့်  ပါတီငယ်များ အနေဖြင့် စိုးရိမ်မှုများရှိကြသည်ဟုလည်း အစီရင်ခံစာမှ  ဖော်ပြထားသည်။

ခြုံငုံရလျှင် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် ရှုပ်ထွေးမှုများ ပိုမိုများပြားလာသကဲ့သို့ လူနည်းစု တိုင်းရင်းသားများ၏ တန်းတူညီမျှမှုရရှိရေးနှင့် ကိုယ်စားပြုမှု အတွက် (ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြင့်) ကြိုးပမ်းမှုတို့အပေါ် များစွာသက်ရောက်မှု ရှိမည် ဖြစ်သည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီခရီးလမ်းအတွက် အရေးကြီးသကဲ့သို့ တန်းတူညီမျှမှု အတွက်မူ လိုအပ်ချက်များစွာ ရှိနေသည်ဖြစ်သည်။ ကိုဗစ်ရောဂါဖြစ်ပွားမှုသည်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးတို့ကို ပိုမိုရှုပ်ထွေးစေဦးမည်ဖြစ်သဖြင့် လူနည်းစု တိုင်းရင်း သားများ၏ လျှောက်လှမ်းရမည့် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတို့သည် များစွာ ရှည် ကြာ နေဦးမည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲအလွန် တက်ရောက်လာမည့် အစိုးရသည် ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ပြည်ထောင်စုစနစ် မဖော်ဆောင်နိုင်သရွေ့ လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဥ်သည် အရွေ့ကင်းမဲ့သော အခင်းအကျင်းမျိုးအသွင်ဖြင့် မျိုးဆက်တဆက်စာပင် ကြာရှည်နိုင်သည်ဟု ယူဆရပေသည်။

မှတ်ချက် – ယခုစာတမ်းတွင် ရိုဟင်ဂျာ ဟု သုံးစွဲပါသည်။ မြန်မာနိုင်ငံတွင် တည်ဆဲအစိုးရအဖွဲ့နှင့် မီဒီယာများက ဘင်္ဂါလီဟု သုံးစွဲပါသည်။

ယခုဖော်ပြပါ  “Myanmar: Ethnic Politics and the 2020 General Election” သုတေသနစာတမ်းအပြည့်အစုံကို Download ရယူနိုင်ပါသည်။

The post ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ Myanmar: Ethnic Politics and the 2020 General Election (သုတေသနစာတမ်းမိတ်ဆက်) appeared first on ISP Myanmar Peace Desk.

စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ (သုတေသနစာတမ်း မိတ်ဆက်)
မြန်မာ့ပြည်တွင်းပဋိပက္ခကို နှစ်ကာလကြာရှည်အောင် ဆက်လက်မြင့်တက်နေစေတဲ့ အကြောင်းအချက်ပေါင်း များစွာရှိပါတယ်။ အယူဝါဒ၊ နှုန်းစံတန်ဖိုးတွေနဲ့ အကျိုးစီးပွားတွေအပေါ် ကိုင်စွဲရပ်တည်ချက်တွေ အကြား အငြင်းပွားပွတ်တိုက်မှုတွေက ထင်ရှားတဲ့အချက်တွေအဖြစ် မှတ်ယူနိုင်ပါတယ်။ ပြည်တွင်းစစ် ပဋိပက္ခကြောင့် တိုင်းပြည်ရဲ့ အရေးပါတဲ့ကဏ္ဍတွေအပေါ် ဆိုးကျိုးသက်ရောက်ခံရသလို၊ အဆိုပါကဏ္ဍ အသီးသီးရဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ပဋိပက္ခကို ပြန်လည်ဦးတည်စေတဲ့ ဆင်းရဲနိမ့်ကျမှုထပ်ကျော့သံသရာတွေကိုလည်း မူဝါဒချမှတ်သူတွေအဖို့ သတိပြုဆင်ခြင်သင့်ပါတယ်။ အထူးသဖြင့် အရင်းအမြစ် ခွဲဝေသုံးစွဲမှု (Resource Allocation) ကိစ္စရပ်မျိုးပဲ ဖြစ်ပါတယ်။ ယခုဖော်ပြမယ့်စာစုမှာတော့ မြန်မာနိုင်ငံရဲ့ အရင်းအမြစ်ခွဲဝေမှုပုံစံ တွေအနက် စွမ်းအင်စီမံခန့်ခွဲမှုပုံစံကို အထူးပြုလေ့လာဆန်းစစ်ထားတဲ့ သုတေသနစာတမ်းတစောင်ကို မိတ်ဆက်ဖော်ပြမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ) / Ethnic Nationalities Affairs Center (Union of Burma) က ပြုစုထုတ်ဝေထားတဲ့ “စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ” သုတေသနစာတမ်းက နိုင်ငံရဲ့ လျှပ်စစ်နဲ့ စွမ်းအင်စီမံခန့်ခွဲမှုစနစ်ပုံစံရဲ့ အကျိုးသက် ရောက်မှုတွေကို အထင်အရှား လေ့လာထောက်ပြထားပြီး ဖက်ဒရယ်စနစ်ဖော်ဆောင်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်တွေအတွင်းမှာ ထည့်သွင်းအဖြေရှာနိုင်ဖွယ် မူဝါဒအကြုံပြုချက်တွေကို တင်ပြထားပါတယ်။ စာတမ်းရဲ့ ဖော်ပြချက်တွေအနက်မှ သတိပြုဖွယ်အချက်တွေကို အကျဉ်းချုပ်ဆွေးနွေးမိတ်ဆက်လိုပါတယ်။

စာတမ်းတွေ့ရှိချက်များ

သုတေသနစာတမ်းဖော်ပြချက်တွေမှာ မြန်မာ့လျှပ်စစ်နဲ့ စွမ်းအင်ဆိုင်ရာကဏ္ဍရဲ့  စွမ်းအင်ထုတ်ယူသုံးစွဲနေမှု ပုံစံ တွေ၊ အဆက်မပြတ်ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နဲ့၊ ပြည့်ဖြိုးမြဲမဟုတ်တဲ့ စွမ်းအင်စီမံကိန်းတွေ၊ ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ လျှပ်စစ်စီမံကိန်းတွေအကြောင်းကို ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။ အဲ့ဒီအချက် တွေအနက် စွမ်းအင်စီမံခန့်ခွဲမှုပုံစံအားနည်းချက်တွေကြောင့် ပြည်တွင်းစစ်ပဋိပက္ခ၊ လူမှုပဋိပက္ခကို ဦးတည်စေ ပုံနဲ့ ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့ရဲ့ အခန်းကဏ္ဍအားနည်းနေခြင်းအချက်တွေက သတိပြုစရာဖြစ်ပါတယ်။  တဆက်တည်းမှာပဲ လျှပ်စစ်ဓါတ်အား ရှားပါးပြတ်တောက်မှုနဲ့ ပြည်တွင်းစစ်သံသရာကို ကျရောက်စေတဲ့ အဓိကအကြောင်းအရာ သုံးချက်ရှိတယ်လို့ စာတမ်းက ဆိုပါတယ်။

ပထမအချက်က စွမ်းအင်တွေကို ပြည်တွင်းအသုံးပြုဖို့ထက် ဗဟိုအစိုးရဝင်ငွေရရှိရေးအတွက် ပြည်ပကို တင်ပို့ ရောင်းချနေခြင်းကြောင့် ဖြစ်တယ်လို့ ဆွေးနွေးပါတယ်။ ၂၀၁၈ ခုနှစ်စာရင်းတွေအရ နိုင်ငံရဲ့ အိမ်ထောင်စု ပေါင်း ၄၀ ရာခိုင်နှုန်းခန့်ကသာ လျှပ်စစ်မီးရရှိသေးတာဖြစ်ပါတယ်။ ယခင်အစိုးရက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ထွက်ရှိတဲ့ ဓာတ်အား (၅၀၀) မဂ္ဂဝပ်ကို တရုတ်အစိုးရထံ အနည်းဆုံး (၁၀)နှစ်စာချုပ်နဲ့ ရောင်းချထားသလို လက်ရှိအစိုးရကလည်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းခန့်ကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို ဆက်လက်ရောင်းချထားပါတယ်။ ဒါပေမဲ့ နိုင်ငံအရှေ့ပိုင်းနယ်စပ်ဒေသရဲ့ ဓာတ်အားလိုအပ်ချက်အတွက် လာအို နဲ့ ထိုင်းနိုင်ငံတွေဆီက လျှပ်စစ်ဓါတ်အားကို စျေးကြီးပေး ပြန်လည်တင်သွင်းအသုံးပြုနေတယ်လို့ ဆိုပါတယ်။ ဒီအချက်ကြောင့်ပဲ နယ်စပ်ဒေသတွေမှာ ပြည်ပရောင်းချမှုကို ဦးစားပေးတဲ့ လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကြီး တွေပေါ်ပေါက်လာရပြီး လူမှုပဋိပက္ခတွေ ဖြစ်ပေါ်လာစေပါတယ်။

ဒုတိယအချက်ကတော့ စွမ်းအင်စီမံခန့်ခွဲမှုအတွင်းမှာ ဗဟိုချုပ်ကိုင်မှုပုံစံအားကောင်းနေခြင်းက ကျေးလက်နဲ့ တိုင်းရင်းသားဒေသအကျိုးထက် မြို့ပြနေလူထုအကျိုးအတွက်သာ ဦးတည်နေပြီး အချိုးမညီမျှတဲ့ ခွဲဝေမှုပုံစံ ဖြစ်နေခြင်းကြောင့်လို့ ဆိုပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍစီမံခန့်ခွဲ မှုအခွင့်အာဏာကို အကန့်အသတ်ပမာဏအနည်းငယ်သာ အပ်နှင်းထားတာဖြစ်ပါတယ်။ ကျေးလက်မီးလင်းရေး စီမံကိန်းလုပ်ငန်းတွေကိုလည်း ပြည်နယ်နဲ့တိုင်းဝန်ကြီးဌာနတွေကို သီးသန့်လုပ်ပိုင်ခွင့် ပေးထားတာမျိုး မရှိပါ ဘူး။ အသေးစားဓာတ်အားစီမံကိန်းတွေကို စီမံခန့်ခွဲခွင့် ရပေမယ့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနရဲ့ ရုံးအဖွဲ့တွေ ပြန်လည်ပါဝင်နေတာကြောင့် စွမ်းအင်ခွဲဝေသုံးစွဲမှုပုံစံအထွေထွေကို ပြည်ထောင်စုအဆင့်ကပဲ ထိန်းချုပ်ကွပ်ကဲ နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အထင်ရှားဆုံး ဆိုးကျိုးသက်ရောက်မှုဥပမာက ကယားပြည်နယ်က လောပိတ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းပါ။ စီမံကိန်းက ထွက်ရှိတဲ့ လျှပ်စစ်ဓါတ်အားတွေက ရန်ကုန်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းအတွက် အဓိကပံ့ပိုးပေးနေပြီး နှစ်စဉ်ရရှိတဲ့ အကျိုးအမြတ်တွေကလည်း ဗဟိုအစိုးရထံကို စီးဆင်းပါတယ်။ စီမံကိန်းစတင်ပြီး ဆယ်စုနှစ်ပေါင်းများစွာကြာတဲ့အထိ အနီးအနားက ဒေသခံပြည်သူတွေအဖို့ လျှပ်စစ်မီး သုံးစွဲနိုင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ စွမ်းအင်အရင်းအမြစ်နဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းတို့မှ ပေါ်ပေါက်လာတဲ့     ဆိုးကျိုး သက်ရောက်မှုတွေကို မဖြေရှင်းနိုင်သေးတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ရင်းနှီးမြုပ်နှံမှု အကျိုး ဆက်တွေက ပြည်တွင်းစစ်အတွက် မီးစာဖြစ်လာစေပြီး၊ တိုင်းရင်းသားဒေသတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုတွေကတဆင့် လူမှုရေး၊ စီးပွားရေးဆိုးကျိုးတွေ ဖြစ်လာစေပါ တယ်။ တည်ဆောက်ဆဲနဲ့ တည်ဆောက်ရန်လျာထားတဲ့ လျှပ်စစ်စီမံကိန်းအများစုဟာ ပြည်နယ်တွေ၊ တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထိစပ်နေတဲ့ နေရာတွေရဲ့ အနီးတဝိုက်မှာ ရှိကြပါတယ်။  ထင်ရှားတဲ့ ဥပမာတခုက ၂၀၁၁ ခုနှစ်အတွင်းမှာ ဗန်းမော်ခရိုင်အတွင်း တရုတ်ကျောထောက်နောက်ခံ ပေးထားတဲ့ တာပိန်အမှတ်(၁) ရေအားလျှပ်စစ်စီမံကိန်းအနီးက KIA အဖွဲ့ရဲ့ မဟာဗျူဟာ စခန်းကို တပ်မတော်က သိမ်းပိုက်လိုက်တဲ့နောက် ၁၇ နှစ်ကြာ ထိန်းသိမ်းခဲ့တဲ့ နှစ်ဘက်အပစ်အခတ်ရပ်စဲရေး စာချုပ်ကျိုးပေါက်ခဲ့ရပြီး ပဋိပက္ခကို တကျော့ပြန်လည်လာစေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခင်တည်ဆောက်ခဲ့တဲ့ စီမံကိန်းတွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို သေသေချာချာ ဆန်းစစ်လေ့လာချက်မပြုလုပ်ခဲ့တာကစလို့ တိုင်းရင်းသား ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ မြေယာသိမ်းဆည်းခံရမှုနဲ့ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုတွေ ဖြစ်ပွားစေပြီး လူမှုပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

သုံးသပ်ချက်နှင့် မူဝါဒအကြံပြုချက်များ

မြန်မာနိုင်ငံဗဟိုအစိုးရအတွက် လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍက ကြီးမားတဲ့ ဝင်ငွေအရင်းအမြစ်တခု ဖြစ်ပေမယ့် တိုင်းရင်းသားဒေသတွေရဲ့ ဒေသန္တရဖွံ့ဖြိုးရေးကို ဖော်ဆောင်ပေးနိုင်တဲ့ ယန္တရားတခုအသွင် ရှိမနေသေးကြောင်း စာတမ်းက သုံးသပ်ထားပါတယ်။ ဒီအချက်ကြောင့်ပဲ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေ ဖြစ်ပေါ်လာစေ ပြီး ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် မြို့ပြတွေကို သွားရောက် လုပ်ကိုင်နေကြရပြီး၊ ဒီလို လူမှုရေး၊စီးပွားရေး ဆိုင်ရာ ကွာဟချက်တွေကြောင့် လူမှုပဋိပက္ခတွေ ကြီးမားစေပြီး ငြိမ်းချမ်းရေး အဓွန့်ရှည်ရေးနဲ့ ဝေးကွာစေတယ် လို့ ဆိုပါတယ်။ နိုင်ငံတကာချေးငွေတွေ၊ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုတွေကတဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို လမ်းဖွင့်ပေးဖို့ ကြိုးစားနေပေမယ့် ဆုံးဖြတ်ချက်ချမှတ်ခြင်းနဲ့ စီမံခန့်ခွဲခြင်းကိစ္စတွေမှာ ဗဟိုချုပ်ကိုင်မှု အားကောင်းနေဆဲ ဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။ ဒီလို စွမ်းအင်ကဏ္ဍက ထွက်ပေါ်လာတဲ့ ဆိုးကျိုးသက် ရောက်မှုတွေကို ကျေလည်အောင်မဖြေရှင်းနိုင်ခြင်းအချက်က လက်ရှိပြည်တွင်းစစ်ပဋိပက္ခတွေကို ဆက်လက် တွန်းပို့စေပါတယ်။ ဒါ့အပြင် စွမ်းအင်ကဏ္ဍအတွက် အုပ်ချုပ်ရေး၊ ဥပဒေပြဌာန်းရေး၊ တရားစီရင်ရေးနဲ့ အခွန် ကောက်ခံခွင့် စတဲ့ စွမ်းအင်စီမံခန့်ခွဲမှု အခွင့်အာဏာတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို ဆင့်ကဲအပ်နှင်းသင့်ကြောင်း အခိုင်အမာ သုံးသပ်ဆွေးနွေးချက်တွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ယခုစာတမ်းကတဆင့် စွမ်းအင်ကဏ္ဍအတွင်း ကောင်းမွန်တဲ့အပြောင်းအလဲတွေဖြစ်ဖို့ မူဝါဒ အကြံပြုချက် ၆ ချက်ကို ထည့်သွင်းဆွေးနွေးထားပါတယ်။ ၎င်းတို့ကတော့

(၁)        ပဋိပက္ခဆက်လက် ဖြစ်ပွားနေတဲ့ ပြည်နယ်၊တိုင်းဒေသကြီးတွေက လုပ်ဆောင်နေဆဲ ရေအားလျှပ်စစ်နဲ့ အကြီးစားစီမံကိန်းတွေကို ရပ်ဆိုင်းထားသင့်ပြီး ပဋိပက္ခတွေဖြစ်ပွားခြင်းမရှိစေဖို့ မည်သည့်စီမံကိန်းအသစ်မျိုး ကိုမဆို ဒေသခံလူထုနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ သဘောတူညီမှုဖြင့်သာ စတင်သင့်တယ်။

(၂)        ဖက်ဒရယ်ပြည်ထောင်စုအသစ်မှာ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေကို လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေ ပေးရမယ်။

(၃)        အသေးစားနဲ့ အလတ်စား လျှပ်စစ်ဓာတ်အား စက်ရုံများ၊ ရေ၊ နေ၊ လေ နဲ့ ဇီဝလောင်စာ အစရှိတဲ့ ရေရှည်ခံပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ စွမ်းအင်ထုတ်ယူသုံးစွဲခြင်းကို အားပေးမြှင့်တင် သင့်တယ်။

(၄)        ပြည်ပသို့တင်ပို့မယ့်အစား ပြည်တွင်းစွမ်းအင်ဖူလုံရေးကို ပထမဦးစားပေး လုပ်ဆောင်သင့်တယ်။

(၅)       ပြည်နယ်/တိုင်းဒေသကြီးအစိုးရတို့မှာ မိမိတို့ ဧရိယာအတွင်းရှိလျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦးများအပေါ် လျှပ်စစ်စွမ်းအင်စီမံခန့်ခွဲမှုလုပ်ပိုင်ခွင့်များ ရှိသင့်တယ်။ ဒါ့အပြင် ဓာတ်အား စက်ရုံများကို ရင်းနှီးမြှုပ်နှံမှုရင်းနှီးငွေတန်ဖိုးနဲ့ စက်ရုံအရွယ်အစားကိုလိုက်ပြီး ကန့်သတ်ခြင်း မဟုတ်ဘဲ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုဘယ်လောက်ရှိမလဲဆိုတဲ့ အခြေအနေအပေါ်မှာသာ ကန့်သတ် သင့်တယ်။

(၆)       လျှပ်စစ်နဲ့စွမ်းအင်စီမံကိန်းများ တည်ရှိတဲ့ဒေသတွေက ပြည်နယ်/တိုင်းဒေသကြီးအစိုးရများနဲ့ ဆိုးကျိုး ခံစားရတဲ့ လူမှုအသိုင်းအဝိုင်းများအတွက် အစိုးရအဆင့်အားလုံမှာ နည်းစနစ်ကျတဲ့ အကျိုးအမြတ် ခွဲဝေခြင်း ယန္တတရားတစ်ခုကို ထားရှိသင့်တယ် ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ယခုစာတမ်းက မြန်မာ့စွမ်းအင်စီမံခန့်ခွဲမှုပုံစံရဲ့  လူမှုဘဝတွေအပေါ် ပကတိအကျိုး သက်ရောက်မှုအခြေအနေတွေကို အထူးပြုဖော်ပြထားပါတယ်။ မူဝါဒချမှတ်သူတွေအတွက် သတိပြုဆင်ခြင် စရာ အချက်တွေကိုလည်း ဖြည့်စွမ်းပေးထားပါတယ်။ အရင်းအမြစ်ခွဲဝေသုံးစွဲမှုအစီအမံအားနည်းချက်တွေက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၊ လူမှုစီးပွားပဋိပက္ခတွေ အားကောင်းရခြင်းအတွက် ထင်ရှားတဲ့ အကြောင်း တရားတချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်စဉ် တွေအတွင်း စွမ်းအင်စီမံခန့်ခွဲမှုပုံစံက မလွှဲမသေ အကျေအလည်ဆွေးနွေးဖို့ လိုတဲ့ကိစ္စရပ်ဖြစ်တာနဲ့အညီ ယခုသုတေသနစာတမ်းရဲ့ တွေ့ရှိဖော်ပြချက်တွေကတဆင့် ကောင်းမွန်တဲ့ စွမ်းအင်ကဏ္ဍဆိုင်ရာမူဝါဒ အပြောင်း အလဲ ဖြစ်ပေါ်လာရေးအတွက် အထောက်အပံ့ဖြစ်စရာ စဉ်းစားချက်များစွာကို ဖတ်ရှုလေ့လာနိုင်မှာပဲ ဖြစ်ပါ တယ်။

ယခုဖော်ပြပါ “စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ”

သုတေသနစာတမ်းအပြည့်အစုံကို Download ရယူနိုင်ပါသည်။

The post စိန်ခေါ်မှုမြင့်မားနေသည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ (သုတေသနစာတမ်း မိတ်ဆက်) appeared first on ISP Myanmar Peace Desk.

လုံခြုံရေးကဏ္ဍ ပြောင်းလဲရေးအခြေခံမူများနှင့် နိုင်ငံတကာအတွေ့အကြုံများ (စာတမ်းမိတ်ဆက်)
စစ်အာဏာရှင် (သို့မဟုတ်) တပါတီအာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းလာသော နိုင်ငံများအားလုံးတွင် အာဏာပိုင်အဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဗျုရိုကရက်ယန္တရားများသည် ပြည်သူများအပေါ် တာဝန်ခံကြောင်း သေချာစေရန်အတွက် ပွင့်လင်းမြင်သာမှုရှိရန် အရေးကြီးလှသည်။ ထိုကဲ့ သို့သော အဖွဲ့အစည်းများတွင် လုံခြုံရေးကဏ္ဍကို တာဝန်ယူထမ်းဆောင်သော တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အခြားသော လက်နက်ကိုင်တပ်ဖွဲ့များလည်း ပါဝင်ပါသည်။ ၎င်းတို့က ပြည်သူလူထုကို အမှန်တကယ် တာဝန်ခံပြီး လုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ကြောင်းသေချာရန် ပြောင်းလဲလာသော နိုင်ငံရေးစနစ်နှင့်အတူ လုံခြုံရေးကဏ္ဍ၏ လည်ပတ်မှု စနစ်များကိုလည်း ဒီမိုကရေစီနည်းကျ လိုက်ပါပြောင်းလဲရန် လိုအပ်ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပုံဖော်ရန် ကြိုးစားနေသော မြန်မာနိုင်ငံအတွက် လုံခြုံရေးကဏ္ဍကို ရွေးကောက်ခံအစိုးရ၏ ကွပ်ကဲမှုအောက်တွင်ထားရှိ၍ ဒီမိုကရေစီနည်းကျ ပြောင်းလဲနိုင်ရန် အရေးကြီးပါသည်။ သို့မှသာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို အာမခံသည့် နိုင်ငံရေး ပြောင်းလဲမှုကို ဒီမိုကရေစီ နည်းကျဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ လုံခြုံရေးကဏ္ဍပြုပြင် ပြောင်းလဲရေး (security sector reform-SSR)အတွက် လိုအပ်သော မူဝါဒများ၊ နည်းဗျူဟာများနှင့် လက်တွေ့အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သော နိုင်ငံအချို့၏ တွေ့ကြုံခဲ့ရသော စိန်ခေါ်မှုများ၊ ထိုစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားခဲ့ပုံများအား နမူနာအဖြစ် ထည့်သွင်း၍ ရေးသားဖော်ပြထားသော စာတမ်းတစောင်နှင့် မိတ်ဆက်ပေးလိုပါသည်။

“လုံခြုံရေးကဏ္ဍပြောင်းလဲရေး အခြေခံမူများနှင့် နိုင်ငံတကာအတွေ့အကြုံများ” သုတေသနစာတမ်းကို တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ)မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ထုတ်ဝေခဲ့ပါသည်။ အဆိုပါစာတမ်းကို အပိုင်းသုံးပိုင်းခွဲ၍ မိတ်ဆက်တင်ပြလိုပါသည်။

လုံခြုံရေးကဏ္ဍပြောင်းလဲရေး၏ သွင်ပြင်လက္ခဏာများ

သုတေသနစာတမ်း ပထမပိုင်းတွင် လုံခြုံရေးကဏ္ဍပြောင်းလဲရေး၏ သွင်ပြင်လက္ခဏာများ၊ သဘောတရားများနှင့် လုံခြုံရေး ကဏ္ဍကို အရပ်ဘက်မှ ထိန်းကြောင်းခြင်းနှင့် သက်ဆိုင်သော မူဝါဒများ၊ နည်းဗျူဟာများအကြောင်း ရေးသား ဖော်ပြထားသည်။ လုံခြုံရေးကဏ္ဍကို အရပ်ဘက်အုပ်ချုပ်မှုအောက်ထားရှိရေးသည် လုံခြုံရေးကဏ္ဍ ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ အဓိက ဦးတည်ချက်ဖြစ်ကြောင်း ယခုစာတမ်းတွင် ထောက်ပြဆွေးနွေးထားသည်။ ထိုသို့ ပြောင်းလဲရာတွင် အစိုးရဗဟိုပြု သမာရိုးကျလုံခြုံရေး(traditional security)ကိုသာမက လူသားလုံခြုံရေး (human security)ကိုပါ ဗဟိုပြုစဉ်းစားမှသာ ရေရှည်တည်တံ့ပြီး အောင်မြင်သော အပြောင်းအလဲကို ဖော်ဆောင် နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ပဋိပက္ခအလွန်ကာလတွင် လူသားလုံခြုံရေးကိုအာမခံပြီး ရေရှည်တည်တံ့သော အပြောင်းအလဲဖော်ဆောင်နိုင်ရန် ပဋိပက္ခတွင် အဓိကပါဝင်ခဲ့သူများဖြစ်သည့် စစ်တပ်နှင့် အစိုးရမဟုတ်သော လက်နက်ကိုင်တပ်ဖွဲ့တို့ နှစ်ဦး နှစ်ဖက်လုံး လက်ခံနိုင်မည့် တပ်မတော်တရပ်ထူထောင်ကာ ယင်းတပ်မတော်ကို အရပ်သားအစိုးရအုပ်ချုပ်မှု အောက်ထားရှိရေး ဦးစားပေးလုပ်ဆောင်ရန်လိုအပ်ကြောင်း တင်ပြဆွေးနွေးထားသည်။ ထို့အတွက်လည်း လုံခြုံရေးကဏ္ဍပြောင်းလဲရေးနှင့် ပတ်သက်သည့် နှစ်ဖက်သဘောတူညီချက်များကို ငြိမ်းချမ်းရေးသဘောတူစာချုပ်တွင် တပါတည်း ထည့်သွင်း ဆွေးနွေးသဘောတူ အတည်ပြုရန် လိုအပ်ကြောင်း စာတမ်းတွင် အလေးပေး ဖော်ပြထားသည်။

လုံခြုံရေးကဏ္ဍကို အရပ်ဘက်မှ ထိန်းချုပ်ရာတွင် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်တို့အပြင် အရပ်ဘက်အဖွဲ့အစည်းများမှ ထိန်းချုပ်ရေးအတွက် လိုအပ်သော မူဝါဒနှင့် နည်းဗျူဟာ များကိုလည်း အကြံပြုဖော်ပြထားသည်။ လုံခြုံရေးကဏ္ဍကို ထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် ကောင်းမွန်သော အုပ်ချုပ်မှု(Good governance)၊ ဒီမိုကရက်တစ် အုပ်ချုပ်မှု၊ ထိရောက်သော အုပ်ချုပ်မှုတို့ကို အကောင်အထည်ဖော်ကာ ဖွဲ့စည်းပုံနှင့် ပြဌာန်းဥပဒေတို့က အပ်နှင်းထားသည့် တိကျသော လုပ်ပိုင်ခွင့်အာဏာ ကို အသုးပြု၍ ပွင့်လင်းမြင်သာစွာ ထိန်းချုပ်စီမံရမည်ဟု စာတမ်းတွင် ထောက်ပြထားသည်။ ဥပဒေပြုရေး မဏ္ဍိုင်မှ ထိန်းချုပ်နိုင်ရန်အတွက် လွတ်တော်သည် ပွင့်လင်းမြင်သာ၍ တာဝန်ယူမှု တာဝန်ခံမှု ရှိရန် ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းကျင့်သုံးခြင်းဖြင့် ထိရောက်သော ဥပဒေပြုရေးအဖွဲ့ ဖြစ်လာစေရန် ပြင်ဆင်ရမည် ဖြစ်သည်။ ဥပဒေပြုလွတ်တော်က လုံခြုံရေးကဏ္ဍကို စောင့်ကြည့်ထိန်းချုပ်ရာတွင် လုံခြုံရေးကဏ္ဍ၏ အသုံးစရိတ်များ ပွင့်လင့်မြင်သာမှုရှိစေရန်နှင့် အလေအလွင့်မရှိစေရန် နှစ်စဉ် ရသုံးမှန်းခြေ ငွေစာရင်းများအား လွတ်တော်က စီစစ်အတည်ပြုပေးရန် လိုအပ်ကြောင်း စာတမ်းတွင် ထောက်ပြ အကြံပြုထားသည်။ လုံခြုံရေးကဏ္ဍကို ထိန်းကြောင်းရန်အတွက် လွတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းရန် လိုအပ်ကြောင်းနှင့် ထိုကော်မတီများကို အရည်အသွေးပြည့်ဝ၍ ထိရောက်စွာ လည်ပတ်နိုင်ရန် မည်သို့ ဖွဲ့စည်း လုပ်ဆောင် သင့်ကြောင်း မူဝါဒအကြံပြုချက်များကိုလည်း စာတမ်းတွင် ဖတ်ရှုနိုင်မည်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများ၏ သဘောသဘာဝအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များသည် တခုအပေါ်တခု လွမ်းမိုးချယ်လှယ်ခြင်းမရှိဘဲ အပြန်အလှန်ထိန်းကြောင်းကာ ပွင့်လင်းမြင်သာစွာ လည်ပတ်ရမည်ဖြစ်သည်။

ဤစာတမ်းတွင် တရားစီရင်ရေးမဏ္ဍိုင်က လုံခြုံရေးကဏ္ဍကို စောင့်ကြည့်ထိန်းချုပ်ရာတွင် ချမှတ်ထားသင့်သည့် မူဝါဒများနှင့် လုပ်ပိုင်ခွင့်များအကြောင်းကိုလည်း အသေးစိတ်ရှင်းလင်းဖော်ပြထားသည်။ တရားစီရင်ရေးမဏ္ဍိုင်၏ အခြေခံကျသော လုပ်ငန်းတာဝန်မှာ လုံခြုံရေးဝန်ထမ်း(စစ်တပ်၊ ရဲ စသည်)တို့၏ လုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဌာန်းဥပဒေများကို ဆန့်ကျင်လုပ်ဆောင်ခြင်း၊ ပြည်သူလူထုကို အကြောင်းမဲ့ဖမ်းစီး၊ နှိပ်စက်ခြင်းများပြုလုပ်လာလျှင် အရေးယူ၊ ပြစ်ဒဏ်ချမှတ်ရမှတ်ရခြင်းဖြစ်သည်ဟု စာတမ်းရှင်က ထောက်ပြထားသည်။ လုံခြုံရေးကဏ္ဍကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင်ကြီးသုံးခုမှ စောင့်ကြည့် ထိန်းကွပ်ရုံသာမက အစိုးရယန္တရားများ၏ လွမ်းမိုးမှု ကင်းသော လွတ်လပ်သည့် အရပ်ဘက် အဖွဲ့အစည်းများ ကလည်း ပါဝင်စောင့်ကြည့်ထိန်းကွပ်ရန် အရေးကြီးသည်။ ယခုစာတမ်းတွင် လုံခြုံရေးကဏ္ဍကို စောင့်ကြည့် ထိန်းကွပ်ရန် လွတ်လပ်၍ အမှီအခိုကင်းသော အရပ်ဘက်အဖွဲ့အစည်းများ မည်သို့ဖွဲ့စည်းသင့်ကြောင်း မူဝါဒ အကြံပြုချက်များ ပါဝင်သည်။ အရပ်ဘက်အဖွဲ့အစည်းများသည် ပြည်သူလူထုက အစိုးရအပေါ် မကျေနပ်ချက်များကို တိုင်ကြားနိုင်သည့် နောက်ဆုံးအားကိုးရာ အဖြေရှာစရာနေရာ ဖြစ်သည့်အတွက် အစိုးရအုပ်ချုပ်ရေး ယန္တရားများ၏ လွှမ်းမိုးမှုကင်း၍ ဘဏ္ဍာရေးအရသော်လည်းကောင်း လုပ်ငန်းလည်ပတ်မှုအရသော်လည်းကောင်း လွတ်လပ်စွာ ရပ်တည်နိုင်ရန်အရေးကြီးသည်ဟု စာတမ်းက ထောက်ပြထားသည်။

နိုင်ငံတကာ သတ်မှတ်ချက်စံနှုန်းများနှင့် ဥပမာများ

သုတေသနစာတမ်း ဒုတိယပိုင်းတွင် ပဋိပက္ခလွန်ကာလ၌ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ နိုင်ငံတကာစံနှုန်းများ နှင့် အခြားသောနိုင်ငံများတွင် အမှန်တကယ်တွေ့ကြုံခဲ့ရသော ပဋိပက္ခလွန် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အတွေ့အကြုံများကို ဖော်ပြထားသည်။ ပဋိပက္ခတွင် ပါဝင်ပတ်သက်သော အစိုးရနှင့် အတိုက်အခံ လက်နက်ကိုင်အုပ်စုများကြား နှစ်ဦးနှစ်ဖက်လက်ခံသည့် နှစ်ဦးနှစ်ဖက် ဆွေးနွေးသဘောတူထားသည့် နိုင်ငံရေး သဘောတူစာချုပ်တွင် လုံခြုံရေးကဏ္ဍပြောင်းလဲရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို အသေးစိတ် ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း အလေးပေး ဖော်ပြထားသည်။ နိုင်ငံရေးရှုထောင့်၊ လုံခြုံရေး ရှုထောင့်၊ လူမှုရေးရှုထောင့်တို့မှ ချိန်ဆ၍ လက်နက်ဖြုတ်သိမ်းခြင်း၊ တပ်ဖျက်သိမ်းခြင်း၊ တပ်များ ပြန်လည် ပေါင်းစည်းခြင်း (DDR)ကို လုံခြုံရေးကဏ္ဍပြောင်းလဲရေး(SSR)ကို တပြိုင်နက်လုပ်ဆောင်သင့်သည်။ DDR ကိုသာ ဦးစားပေး လုပ်ဆောင်၍ SSR ကို တပြိုင်နက်လုပ်ဆောင်ရန် ပျက်ကွက်ပါက ပဋိပက္ခအခြေအနေကို ပို၍ပင် ဆိုးဝါးစေနိုင်ကြောင်း နိုင်ငံတကာဥပမာများဖြင့် ထောက်ပြထားသည်။ ထို့ပြင် ပဋိပက္ခလွန်ကာလတွင် SSR ကို ဖော်ဆောင်ရာ၌ ကြုံတွေ့ရတတ်သောအခက်အခဲခြောက်မျိုးကိုလည်း သတိပြုဖွယ်ထည့်သွင်းရေးသားထားသည်။

နိုင်ငံတနိုင်ငံ၏ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရာတွင် ကုလသမဂ္ဂက မည်သည့် အခန်းကဏ္ဍမှ ပါဝင်လေ့ရှိသည် ကိုလည်း စာတမ်းတွင် ရှင်းလင်းပြထားသည်။ ကုလသမဂ္ဂက မိမိဆန္ဒအလျောက် ဝင်ရောက်စွက်ဖက်ခြင်းမပြုရဘဲ အိမ်ရှင်နိုင်ငံက ဖိတ်ခေါ်မှသာ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဝင်ရောက်ကူညီရမည်ဖြစ်သည်။ လုံခြုံရေးကဏ္ဍကို အရပ်ဖက်အုပ်ချုပ်မှုအောက် ထားရှိနိုင်ရန် သေချာစေရေးသည် ကုလသမဂ္ဂမှ ဝင်ရောက်ကူညီရသည့် အဓိက ရည်ရွယ်ချက်ဖြစ်ရမည်ဟု စာတမ်းတွင် ဖော်ပြထားသည်။ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းရေး(SSR)၊ လက်နက် ဖြုတ်သိမ်းခြင်း၊ တပ်ဖျက်သိမ်းခြင်းနှင့် ပြန်လည်ပေါင်းစည်းခြင်း(DDR) တို့နှင့် သက်ဆိုင်သည့် ကုလသမဂ္ဂ၏ အခြေခံမူများ၊ လုပ်ငန်းစဉ်များကို စာတမ်းတွင် လေ့လာနိုင်မည်ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့အစည်းများအကြား SSR ဆိုင်ရာ အလုပ်အဖွဲ့ (The United Nation Inter-agencies SSR Task Force) ၏ ဖွဲ့စည်းလည်ပတ်ပုံနှင့် လုပ်ငန်းတာဝန်များအကြောင်းကိုလည်း ဖော်ပြထားသည်။

လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ နိုင်ငံတကာဥပမာများအနေဖြင့် နီပေါနိုင်ငံနှင့် ဘူရွန်ဒီနိုင်ငံတို့တွင် ပြည်တွင်းပဋိပက္ခအလွန်ကာလ၌ လုံခြုံရေးနှင့်ဆိုင်သော ညှိနှိုင်းပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည့် ဥပမာများကို ဖော်ပြထားသည်။ နီပေါနိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ မောင်းဝစ်(မော်စီတုန်း ဝါဒီ)တို့အကြား ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်သည် ၂၀၀၆ ခုနှစ်တွင် ပြီးပြည့်စုံသော ငြိမ်းချမ်းရေးသဘောတူညီမှု (CPA)ကို ချုပ်ဆို နိုင်ခဲ့ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိပြီးသည်နှင့် အစိုးရနှင့် မော်ဝါဒီတို့အကြား DDR/SSR လုပ်ငန်းစဉ်များ စတင်လုပ်ဆောင်ရန် နှစ်ဖက်လုံးက ဆန္ဒရှိခဲ့ကြသည်။ သို့သော် SSR နှင့် ပတ်သက်၍ ငြိမ်းချမ်းရေးသဘောတူညီချက်တွင် တိကျရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိခဲ့သည့်အတွက် နှစ်ဖက်တပ်များ အကြား အဓိပ္ပါယ်ဖွင့်ဆိုမှုများကွဲလွဲကာ လုပ်ငန်းနှောင့်နှေးခဲ့ရကြောင်း စာတမ်းတွင် ထောက်ပြထားသည်။ သမိုင်းတလျောက် တော်ဝင်မိသားစုနှင့် နီးကပ်စွာရှိခဲ့သော နီပေါတပ်မတော်၌ အရာရှိနေရာများကို ခတ္တိယ (Chetris)နှင့် ထော်ကူရီ (Thakuris) တို့ကသာ ရယူထားခဲ့ပြီး အားလုံးပါဝင်နိုင်မှု အားနည်းခဲ့သည်။ ပဋိပက္ခလွန်ကာလတွင် တပ်မတော်တွင်း အားလုံးပါဝင်နိုင်ရေးနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာ ၂၀၀၇တွင် နီပေါတပ်၏ ကျား-မကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်နှင့် ၂၀၁၄ တွင် အမျိုးသမီးဆိုင်ရာ စစ်ဘက်ဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ခဲ့ပြီး အမျိုးသမီးများနှင့် လူနည်းစုတိုင်းရင်းသားများ ပါဝင်နိုင်ရေးကို ဆောင်ရွက် နိုင်ခဲ့သည်။ လုံခြုံရေးကဏ္ဍကို ဖက်ဒရယ်မှု ပြုသည့်အနေဖြင့် ပြည်နယ်ရဲတပ်ဖွဲ့များ ဖွဲ့စည်းခဲ့သည်။ ထိုဖက်ဒရယ် ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ကို ဗဟိုချုပ်ကိုင်မှု လျော့ချရာ၌ ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြေရှင်းပုံများနှင့် ဖက်ဒရယ်ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံနှင့် အခြေခံမူများကိုလည်း ယခုစာတမ်းတွင် လေ့လာနိုင်မည် ဖြစ်သည်။ နီပေါနိုင်ငံ၏ ပဋိပက္ခအလွန် လုံခြုံရေးကဏ္ဍပြောင်းလဲရန် ကြိုးပမ်းခဲ့မှုများနှင့် ပတ်သက်၍ ဆင်ခြင် ဆန်းစစ်သင့်သော သင်ခန်းစာများကိုလည်း ဖော်ပြထားသည်။

နောက်ထပ် နိုင်ငံတကာဥပမာတခုအနေဖြင့် ဟူတူ-တူစီ လူမျိုးရေးပဋိပက္ခကြောင့် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရသော ဘူရွန်ဒီနိုင်ငံ၏ ပဋိပက္ခလွန်ကာလ လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်သော အတွေ့အကြုံများကို ဖော်ပြထားသည်။ ၂၀၀၀ခုနစ်တွင် တောင်အာဖရိကသမ္မတဟောင်း၏ အကျိုးဆောင်ပေးမှုဖြင့် ရေးထိုးနိုင်ခဲ့သော အာရူရှာသဘောတူညီချက်များ (Arusha Accords)သည် စစ်ပွဲကို ချက်ခြင်းအဆုံးသတ်ပေးနိုင်ခြင်း မရှိခဲ့သော် လည်း စစ်ဘက်ဆိုင်ရာပေါင်းစည်းမှုများအတွက် အသေးစိတ်ထည့်သွင်းစဉ်းစားထားခဲ့သည့်အတွက် အတုယူဖွယ် ဖြစ်ကြောင်း စာတမ်းက ထောက်ပြထားသည်။ ထိုသဘောတူညီချက်တွင် ဘူရွန်ဒီနိုင်ငံ၏ တပ်မတော်ကို တူစီလူမျိုးစုသာ ကြီးစိုးထားခြင်းမရှိစေဘဲ တိုင်းရင်းသားမျှခြေ (ethnic balance)ကို အာမခံနိုင်ရန်အတွက် တူစီလူမျိုးစုတို့ကြားတွင် ရာထူးတာဝန်များကို ၅၀ ရာခိုင်နှုန်းစီခွဲဝေယူရမည်ဟု ပါရှိသည်။ ထို့အပြင် တပ်မတော်နှင့် ရဲတပ်ဖွဲ့သည် နိုင်ငံရေးတွင် မပါဝင်သည့်ကြောင်းနှင့် ရဲတပ်ဖွဲ့သည် လူထုကို ဦးတည်(community-oriented) သင့်ကြောင်းနှင့် အတိတ်က ရာဇဝတ်မှုများ၊ အာဏာသိမ်းမှုများတွင် ပါဝင်ခဲ့သူများကို လုံခြုံရေးတပ်များမှ ထုတ်ပယ်သင့်ကြောင်းစသည့် SSR လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့်အသေးစိတ်အချက်အလက်များ ထည့်သွင်းရေးသားထားသည်မှာ ဘူရွန်ဒီနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို များစွာအထောက်အကူပြုခဲ့ကြောင်း ယခုစာတမ်းက ထောက်ပြဆွေးနွေးထားသည်။

မူဝါဒဆိုင်ရာ အကြံပြုချက်များ

သုတေသန စာတမ်း၏ တတိယပိုင်းတွင် နိုင်ငံတကာ ဥပမာများနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်လေ့လာ၍ ၂၀၁၀ခုနစ် နောက်ပိုင်း အစိုးရအဆက်ဆက်၏ လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲရန်ကြိုးပမ်းမှုများကို သုံးသပ်တင်ပြထားသည်။ ထို့နောက် စာတမ်း၏ နောက်ဆုံးအခန်းတွင် မြန်မာနိုင်ငံ၏ ပဋိပက္ခလွန်ကာလ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်၍ မူဝါဒအကြံပြုချက်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော USDP အစိုးရနှင့် NLD ပါတီ ဦးဆောင်သော အစိုးရလက်ထက်တို့တွင် လုံခြုံရေးကဏ္ဍကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းချက်အချို့ ရှိခဲ့သော် လည်း တိုးတက်ပြောင်းလဲမှုအနည်းငယ်ကိုသာ တွေ့ရပြီး လုံခြုံရေးကဏ္ဍသည် ယခုအချိန်အထိ တပ်မတော်၏ လွမ်းမိုးကြီးစိုးမှုအောက်တွင်သာ ရှိနေဆဲဖြစ်ကြောင်း စာတမ်းတွင် ထောက်ပြထားသည်။ NCA လမ်းကြောင်းဖြင့် သွားနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်လည်း “တခုတည်းသောတပ်မတော်” အကြောင်း ဆွေးနွေးခြင်းနှင့် ပတ်သက်ပြီး တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တင်းမာမှုရှိခဲ့ရာမှစ၍ ယခုအချိန်အထိ လုံခြုံရေးကဏ္ဍနှင့် ပက်သက်၍ ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း ထောက်ပြရေးသားထားသည်။ မူဝါဒ အကြံပြုချက်များအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်ထောင်စုသဘောတူစာချုပ်တွင် SSR ဆိုင်ရာ အခြေခံမူများ ထည့်သွင်းချုပ်ဆိုသွားရန်၊ တပ်ပိုင်းဆိုင်ရာ ပေါင်းစည်းမှုအပြင် ကျယ်ပြန့်သော လုံခြုံရေးဆိုင်ရာ ပေါင်းစည်းမှုနှင့် SSR ကို ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ရန်၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် လူနည်းစုများ၏ လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များကို အကာအကွယ်ပေးနိုင်ရန်အတွက် လုံခြုံရေးကဏ္ဍများတွင် အားလုံးပါဝင်မှု ရရှိရေးကို မြှင့်တင်သွားရန် စသည့် အကြံပြုချက်များ ထည့်သွင်းရေးသားထားပါသည်။

ကာလရှည်ကြာ ပဋိပက္ခဒဏ်ကို ခံစားနေရသော မြန်မာနိုင်ငံအနေဖြင့် အနာဂတ် ဖက်ဒရယ်နိုင်ငံတွင် ပွင့်လင်းမြင်သာ၍ နိုင်ငံသားများအပေါ်တာဝန်ခံမှုရှိသော လုံခြုံရေးစနစ်ကို ဖော်ဆောင်နိုင်ရန် လိုအပ်ပါသည်။ ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ပါဝင်ဆွေးနွေးသူများအနေဖြင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲနိုင်ရေးကို အကဲဆတ်သည့် ကိစ္စ အဖြစ်သတ်မှတ်ကာ ချပ်လှပ်ထားခဲ့ခြင်းမျိုးမရှိစေဘဲ ပြုပြင်ပြောင်းလဲရေးအတွက် ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် အကျိုးဆက်များကို ရှုထောင့်စုံမှ ထည့်သွင်းစဉ်းစားကာ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ မူဝါဒများကို အသေးစိတ်ဆွေးနွေးပြီး သဘောတူချက်ရယူထားရမည်ဖြစ်သည်။ သို့မှသာ အနာဂတ်ဖက်ဒရယ်နိုင်ငံတော်တွင် လုံခြုံရေးကဏ္ဍသည် ဒီမိုကရေစီနည်းကျတင်မြောက်ထားသော အရပ်သား အစိုးရ၏ ကွပ်ကဲမှုအောက်တွင် အားလုံးတန်းတူပါဝင်ခွင့်ရှိ၍ ပွင့်လင်းမြင်သာစွာ လည်ပတ်နိုင်မည် ဖြစ်သည်။

ယခုဖော်ပြပါ “လုံခြုံရေးကဏ္ဍပြောင်းလဲရေး အခြေမူခံများနှင့် နိုင်ငံတကာအတွေ့အကြုံများ” သုတေသနစာတမ်းကို Download ရယူနိုင်ပါသည်။

The post လုံခြုံရေးကဏ္ဍ ပြောင်းလဲရေးအခြေခံမူများနှင့် နိုင်ငံတကာအတွေ့အကြုံများ (စာတမ်းမိတ်ဆက်) appeared first on ISP Myanmar Peace Desk.

Annual Peace & Security Review 2020 နှစ်စဉ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုံးသပ်ချက် – ၂၀၂၀ (အစီရင်ခံစာမိတ်ဆက်)
ယခုနှစ် ဩဂုတ်လအတွင်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဆက်လက်ကျင်းပနိုင်ဖို့ စိုင်းပြင်းနေကြတာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ စားပွဲဝိုင်းပေါ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထပ်ဟပ်စေတဲ့ မြေပြင်အခြေအနေတွေကလည်း ခြုံငုံဆင်ခြင်နိုင်ဖို့ လိုအပ်တဲ့ ညွှန်းကိန်းတွေ ဖြစ်ပါတယ်။ ဥပမာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အားနည်းစေတဲ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေ၊ သဘောထားကွဲလွဲစရာ ဆွေးနွေးမှုအကျပ်အတည်းတွေ စတဲ့အချက်များ ဖြစ်ပါတယ်။

မကြာသေးမီအချိန်ကပဲ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အဖွဲ့က “နှစ်စဉ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုံးသပ်ချက် – ၂၀၂၀” အစီရင်ခံစာကို ထုတ်ဝေခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လုံခြုံရေးကဏ္ဍအတွင်းက အချက်အလက်တွေကို ပြုစုလေ့လာထားတာ ဖြစ်ပါတယ်။ ယခုစာစုမှာတော့ အဆိုပါအစီရင်ခံစာရဲ့ တွေ့ရှိချက်တွေကို ကောက်နုတ်အခြေပြုပြီး လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တစိတ်တပိုင်းကို ဆွေးနွေးဖော်ပြလိုပါတယ်။

(၁) စကားပြောသော ကိန်းဂဏန်းများ

အစီရင်ခံစာရဲ့ ဖော်ပြချက်တွေအရ ၂၀၁၈ ခုနှစ် အတွင်း လက်နက်ကိုင်ထိစပ်မှုဖြစ်စဉ်အကြိမ်ရေက ၆၅၀ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာတော့ တနိုင်ငံလုံးအတိုင်းအတာအရ ၁၂၆၈ ခုထိ မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ထိစပ်မှုဖြစ်စဉ်ဆိုတာက လက်နက်ကိုင်တိုက်ပွဲတွေအပါအဝင် မြေမြုပ်မိုင်း အသုံးပြုတိုက်ခိုက်မှုတွေကို တပါတည်း ထည့်တွက်ထားတာ ဖြစ်ပါတယ်။ AA အဖွဲ့နဲ့ TNLA အဖွဲ့တို့က ၂၀၁၉ ခုနှစ်ရဲ့ လက်နက်ကိုင်ထိစပ်မှုဖြစ်စဉ်တွေအတွင်းမှာ ၈၁ ရာခိုင်နှုန်းအထိ အများဆုံး ပါဝင်နေကြပါတယ်။

တိုက်ပွဲအတွင်းကစစ်သည် ကျဆုံးမှုမှာတော့ ခန့်မှန်းခြေ ၉၃၄ဦး မှ ၁၇၁၁ဦးအထိ ရှိနိုင်တယ်လို့ ထုတ်ပြန်ထား ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုအရေအတွက်က ၁၅၁ ဦးရှိပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုက ၃၈၄ ဦး ရှိတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသတွေက အရပ်သားသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုက ၂၀၁၉ ခုနှစ်အတွက် အများဆုံး ဖြစ်နေတာပါ။

(၂) ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်းများ

အချိန်ကာလကြာမြင့်စွာ တစ်ဆို့ခဲ့ရတဲ့ ၂၀၁၉ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွေအတွင်းမှာ အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဦးတည်ချက်တွေက ဖော်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ပထမဦးတည်ချက်ကတော့ ၂၀၁၈၊ အောက်တိုဘာလကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ KNU နဲ့ RCSS အဖွဲ့တွေနှုတ်ထွက်ပြီးနောက် ရပ်တန့်သွားခဲ့တဲ့ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၈ ရက်မှသာ KNU နဲ့ RCSS အဖွဲ့တွေ ပြန်လည်ပါဝင်တဲ့ JICM အစည်းအဝေးကို ပြန်လည်ကျင်းပနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒုတိယဦးတည်ချက်ဖြစ်တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထအကြိမ် ကျင်းပနိုင်ဖို့ ရည်ရွယ်ချက်ကလည်း ယခုအချိန်မှသာ ကျင်းပဖို့ ပြင်ဆင်နိုင်တာပဲ ဖြစ်ပါတယ်။ တတိယအချက်ကတော့ NCA စာချုပ်လက်မှတ်မထိုးထားရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီနိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ KIA၊ TNLA ၊ MNDAA နဲ့ AA အဖွဲ့တို့အကြား ညီနောင်မဟာမိတ်ဖွဲ့စည်းမှုကလည်း အစိုးရရဲ့ ကြိုးပမ်းမှုအပေါ် စိန်ခေါ်ချက်အသွင်နဲ့ ရှိခဲ့ပါတယ်။ တကယ်တမ်းအခြေအနေမှာလည်း KIA အဖွဲ့ကလွဲရင် ကျန်တဲ့အဖွဲ့တွေက နှစ်ဖက်အပစ်ရပ်ရေးကြိုးပမ်းမှုအပေါ်မှာ စိတ်ဝင်စားမှု နည်းပါးခဲ့တာပဲ ဖြစ်ပါတယ်။

(၃) ငြိမ်းချမ်းရေးဆွေးနွေးမှုယန္တရားအခင်းအကျင်းများ

အစီရင်ခံစာရဲ့ အဆိုအရ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု မူဘောင်ယန္တရားတွေအတွင်းမှာ ဖွဲ့စည်းပုံနဲ့ နည်းပညာပိုင်းဆိုင်ရာ ယိုယွင်းမှုတွေရှိတယ်လို့ ဆိုပါတယ်။ ပထမဆုံးအချက်ကတော့ တင်းမာနေတဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကြောင့် ဖြစ်တယ်လို့ ဆွေးနွေးပါတယ်။ NLD အစိုးရရဲ့ လွှတ်တော်လမ်းကြောင်းအတွင်းက ဖွဲ့စည်းပုံပြင်ဖို့ ကြိုးပမ်းခဲ့တာ မအောင်မြင်ခဲ့တဲ့နောက် အရပ်ဘက်-စစ်ဘက် ဆက်ဆံ ရေးက ဆက်လက်တိုးတက်မှုမရှိဘဲ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေ သက်ရောက်မှု တွေ ရှိလာခဲ့တာပဲဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုယန္တရားအတွင်းမှာ အစိုးရနဲ့ တပ်မတော်တို့အကြား ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့ အခင်းအကျင်းမျိုး ရှိမနေတာကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာက ဆွေးနွေးပါတယ်။ ဆိုလိုတာက အရပ်ဘက် ကိုယ်စားပြု၊ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က NRPC မှာ ပါဝင်ပေမယ့် တပ်မတော်ဘက်က ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လို ပုဂ္ဂိုလ်မျိုး မပါဝင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

တတိယအချက်ကတော့ NRPC ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဆောင်နေရတဲ့ ငြိမ်းချမ်းရေးကော်မရှင်က မူဝါဒလမ်းညွှန်ချက်တွေနဲ့အညီ လုပ်ပိုင်ခွင့် အပ်နှင်းခံထားရတာမဟုတ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါ တယ်။ နောက်ဆုံးအချက်ကတော့ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွင်းမှာ ပညာရှင်တွေရဲ့ ပံ့ပိုးပါဝင်နိုင်မှု အားကောင်းစွာ ရှိမနေခြင်းကြောင့်လို့ ဆွေးနွေးထားပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ၂၀၁၉ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေက ပိုမိုတင်းမာလာခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်တွေအတွင်းမှာလည်း အကျပ်အတည်းတွေများစွာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ နှစ်စပိုင်းကစလို့ ကိုဗစ်-၁၉ ရဲ့ စိန်ခေါ်ချက်အသစ်တွေနဲ့ ရင်ဆိုင်နေရပေမယ့် တဖက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့ စိုင်းပြင်းနေချိန်လည်းဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေး၊ တင်းမာဆဲ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွေအကြား အကျေအလည် ဆွေးနွေးအဖြေရှာစရာ အကြောင်းအရာတွေရှိနေတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ် အရှိန်အဟုန် ကျမသွားအောင် သက်ဆိုင်ရာ အစုအဖွဲ့တွေအကြား ဂရုပြုဖို့လိုအပ်နေပါတယ်။

“နှစ်စဉ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုံးသပ်ချက် – ၂၀၂၀” အစီရင်ခံစာကို ရယူလိုပါက ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အဖွဲ့ ဝက်ဘ်ဆိုက်စာမျက်နှာတွင် Download ရယူနိုင်ပါသည်။

The post Annual Peace & Security Review 2020 နှစ်စဉ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုံးသပ်ချက် – ၂၀၂၀ (အစီရင်ခံစာမိတ်ဆက်) appeared first on ISP Myanmar Peace Desk.

ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့်အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ (သုတေသနစာတမ်းမိတ်ဆက်)
မြန်မာအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ကျေကျေလည်လည်ဆွေးနွေးဖို့ လိုအပ်တဲ့ကဏ္ဍများစွာ ရှိပါတယ်။ အဲဒီကဏ္ဍတွေထဲမှာ အရေးပါတဲ့တခုက လုံခြုံရေးကဏ္ဍပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း  နိုင်ငံရေးဖြစ်စဉ်အပေါ် လုံခြုံရေးကဏ္ဍရဲ့ သက်ရောက်လွှမ်းမိုးနိုင်မှုက ထင်ရှားပါတယ်။ ပဋိပက္ခတွေရဲ့အလွန် လုံခြုံရေးကဏ္ဍအပြောင်းအလဲကို ရည်မျှော်စဉ်းစားကြတဲ့အခါ ပါဝင်တဲ့အစုအဖွဲ့တွေ အကြား ဖြစ်တန်ချေရှိတဲ့ ရည်မှန်းချက်တွေ ဖော်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ယခုစာစုမှာ အဆိုပါ ဖြစ်တန်ချေရှိတဲ့ စဉ်းစားချက်တွေ အပေါ်  ဦးတည်လေ့လာထားတဲ့ သုတေသနစာတမ်းကို မိတ်ဆက်ဖော်ပြမှာ ဖြစ်ပါတယ်။

Myanmar Institute for Peace and Security(MIPS) က ရေးသားပြုစုတဲ့ “ ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ” သုတေသန စာတမ်းက မြန်မာနိုင်ငံ လုံခြုံရေးကဏ္ဍရဲ့ အလားအလာ၊ဖြစ်တန်ချေတွေအပေါ် လေ့လာထားတာပဲ ဖြစ်ပါတယ်။

စာတမ်းရဲ့ အဓိကလားရာ

မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်စနစ်ကူးပြောင်းရေးဖြစ်စဉ်မှာ  လုံခြုံရေးကဏ္ဍအပေါ် ချိန်ထိုး သုံးသပ်နိုင်ဖို့အတွက် နိုင်ငံတကာက ဖက်ဒရယ်နိုင်ငံ (၅)နိုင်ငံရဲ့ လုံခြုံရေးကဏ္ဍ ဖွဲ့စည်းတည်ဆောက်ပုံများကို စာတမ်းမှ‌ လေ့လာတင်ပြထားပါတယ်။ သုတေသနစာတမ်းမှာ ရွေးချယ်‌လေ့လာထားတဲ့ ဖက်ဒရယ်နိုင်ငံ တွေက အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ အဆိုပါနိုင်ငံတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းပုံနဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို နှိုင်းယှဉ်ဆွေးနွေးရာ မှာ အထူးပြုလေ့လာခဲ့တဲ့  အစိတ်အပိုင်း နှစ်ခုရှိပါတယ်။ ပထမအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အာဏာများဖြစ်ပြီး၊ ဒုတိယအချက်ကတော့ လွှတ်တော်က ပြဋ္ဌာန်းပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်နိုင်ငံ (၅)နိုင်ငံရဲ့ အဆိုပါ လုပ်ပိုင်ခွင့်အာဏာအသီးသီးကို စုစည်းတင်ပြပြီးတဲ့နောက် အနာဂတ်မြန်မာနိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍအပြောင်းအလဲမှာ ထည့်သွင်းစဉ်းစား သင့်တဲ့ အကြောင်းအရာတွေအပေါ် သုံးသပ်ချက်တွေကို ဖတ်ရှုကြ ရမှာပဲ ဖြစ်ပါတယ်။

လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားပုံများ

ဒီအပိုင်းမှာ သုတေသနစာတမ်းကတဆင့် လေ့လာတင်ပြထားတဲ့ ဖက်ဒရယ်နိုင်ငံတွေရဲ့ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများအကြောင်းကို အကျဉ်း ဆွေးနွေးမိတ်ဆက်မှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေအရ လက်နက်ကိုင် တပ်ဖွဲ့များ အားလုံးရဲ့ ကာကွယ်ရေးဦးစီးချုပ် (Commander-in-Chief)က ရွေးကောက်တင်မြှောက်ခံ သမ္မတ ဖြစ်ပါတယ်။ အမေရိကန်ရဲ့  အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အားကောင်းစေတဲ့အချက်က စစ်ဘက် ဆိုင်ရာ ကဏ္ဍအသီးသီးမှာ သမ္မတကအဆိုပြုပြီး၊ အထက်လွှတ်တော်ရဲ့  အတည်ပြုချက်နဲ့အညီ အရပ်သား အရာရှိများ ပါဝင်နေခြင်းကြောင့် ဖြစ်တယ်လို့ စာတမ်းက‌ ထောက်ပြဆွေးနွေးပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရပ်သားသမ္မတက ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံ အရပ်သားကာကွယ်ရေးဝန်ကြီး လက်အောက်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ကမ်းခြေစောင့်တပ်များကို ထားရှိပြီး သမ္မတက ဝင်ရောက်စွက်ဖက်မှု မပြုနိုင်တာပဲ ဖြစ်ပါတယ်။

နီပေါနိုင်ငံရဲ့ သမ္မတကလည်း လက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်သေနာပတိချုပ်ဖြစ်ပေမယ့် စီမံခန့်ခွဲမှုတွေမှာ ပါဝင်စွက်ဖက်မှုမပြုတာကို တွေ့ရပါတယ်။ ဆွစ်ဇာလန်နိုင်ငံကတော့ ကန်တွန်(၂၆) ခုနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်နိုင်ငံ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံဥပဒေက ကန့်သတ်ထားတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ မှအပ သက်ဆိုင်ရာ ကန်တွန်အစိုးရတွေက သူတို့နဲ့ သက်ဆိုင်တဲ့ နယ်မြေအတွင်း လုံခြုံရေးလုပ်ငန်းတွေ ကို လွတ်လပ်စွာ လုပ်နိုင်တာပဲ ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံမှာတော့ သမ္မတက လက်နက်ကိုင် တပ်ဖွဲ့များအားလုံးရဲ့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း တပ်ပိုင်းဆိုင်ရာကို စီမံ ကိုင်တွယ်တာ က စစ်ဦးစီးချုပ်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံခြုံရေးကဏ္ဍအတွက် စဉ်းစားချက်များ

ဖက်ဒရယ်နိုင်ငံ (၅)နိုင်ငံရဲ့ လုံခြုံရေးကဏ္ဍ စုဖွဲ့မှုများအကြောင်းကို ဝေဝေဆာဆာ တင်ပြပြီးနောက် အနာဂတ် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့  တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ထည့်သွင်းစဉ်းစားသင့်တဲ့ မူဘောင်တွေအပေါ် ဆွေးနွေးထားချက်တွေကို ဆက်လက်ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့နိုင်ငံတွေမှာ အခြေခံအားဖြင့် နိုင်ငံတော်အစိုးအရအဖွဲ့ရဲ့ အထွတ် အထိပ်ဖြစ်သူ သမ္မတက တပ်မတော်ရဲ့ စစ်သေနာပတိချုပ်ဖြစ်နေတဲ့အချက်ဟာ ထည့်သွင်းစဉ်းစားစရာ ဖြစ်ပါတယ်။ အရပ်သား ကွပ်ကဲမှုအောက်မှာ တပ်မတော်ထားရှိခြင်းဆိုတဲ့  အယူဝါဒက တပ်မတော်ဆိုင်ရာ ကိစ္စအဝဝမှာ အရပ်သားသမ္မတက အကြွင်းမဲ့အာဏာ ရှိရမည်ဆိုတဲ့ အယူဝါဒနဲ့ ကျင့်စဉ်မဟုတ်ကြောင်း စာတမ်းက ဆွေးနွေးပါတယ်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ရာမှာလည်း ကာကွယ်ရေးကဏ္ဍမှာ  အရပ်ဘက်ခေါင်းဆောင်တွေ၊ ကျွမ်းကျင်သူတွေကို ခန့်အပ်တဲ့ အလေ့အထက ရွေးချယ်စရာ ဖြစ်ကြောင်း ဆွေးနွေးထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တည်ရှိမှုကို အသွင်ပြောင်းရာမှာလည်း ပြည်နယ်တွေကို အခြေခံတဲ့ ပြည်နယ်အမျိုးသား အစောင့်တပ်များအဖြစ် စုဖွဲ့မှုက စဉ်းစားစရာဖြစ်ကြောင်းကိုလည်း ဆွေးနွေးထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍ အပြောင်းအလဲအတွက် ထည့်သွင်းစဉ်းစားသင့်တဲ့အသေးစိတ်အချက်အလက်တွေကိုလည်း စာတမ်းမှ ချိန်ထိုးလေ့လာနိုင်မှာ ပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ယခုသုတေသနစာတမ်းရဲ့ ရှာဖွေတွေ့ရှိချက်တွေ၊ ဖြစ်တန်ချေရှိတဲ့ မူဝါဒ အကြံ ပေးချက်တွေ၊ သို့မဟုတ် ပိုမိုပြီးပြည့်စုံတဲ့ မူဝါဒ အကြံပေးချက်တွေကို လက်တွေ့နိုင်ငံရေးဖြစ်စဉ်မှာ အကောင်အထည် ဖော်နိုင်ဖို့ရာအတွက် ပါဝင်တဲ့ အစုအဖွဲ့တွေအကြား အကျေအညက် ဆွေးနွေးအဖြေရှာ နိုင်ဖို့လိုပါတယ်။ ဒီနေရာမှာ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ယှဉ်ထိုးဆင်ခြင်စရာ အချက်တချက် ရှိပါတယ်။ စာတမ်းရဲ့ မူဝါဒအကြံပေးချက်အများစုက လုံခြုံရေးကဏ္ဍရဲ့ လုပ်ပိုင်ခွင့်အာဏာကို အရပ်သားအစိုးရ လက်ထဲ ပိုမိုထားရှိနိုင်ရေးကို ဦးတည်ပါတယ်။ ဒီအချက် ဖော်ဆောင်နိုင်ဖို့အတွက် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ရန် လိုပါတယ်။ယခု မြန်မာနိုင်ငံရဲ့ လွှတ်တော်လမ်းကြောင်းမှတဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးပမ်းမှုက တစ်ဆို့မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ကောင်းမွန် အောင်ကြိုးပမ်းတဲ့အခါ ကျေလည်စွာ ဆွေးနွေးသင့်တဲ့ အချက်တွေကို ဒီစာတမ်းမှတဆင့် သုံးသပ်နိုင်ပါတယ်။ တနည်းအားဖြင့် အကဲဆတ်တဲ့၊ နိုင်ငံရေးဖြစ်စဉ်အပေါ် သက်ရောက်မှုကြီးမားတဲ့ လုံခြုံရေးကဏ္ဍအပြောင်းအလဲ ကို ဖော်ဆောင်ကြတဲ့အခါ ဖက်ဒရယ်နိုင်ငံတွေရဲ့ ဘုံတူညီချက်တွေ၊ မတူညီ ချက်တွေကို ချဉ်းကပ်ဆွေးနွေး ထားတဲ့ ယခုသုတေသနစာတမ်းရဲ့ တွေ့ရှိချက်တွေက ဆက်လက် လေ့လာစရာနယ်ပယ်တခု ဖြစ်လာပါတယ်။

ယခုဖော်ပြပါ “ ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့်အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ” သုတေသနစာတမ်းကို Download ရယူနိုင်ပါသည်။

The post ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့်အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ (သုတေသနစာတမ်းမိတ်ဆက်) appeared first on ISP Myanmar Peace Desk.

နှစ် ၂၀ ထိုခရီး (အစီရင်ခံစာမိတ်ဆက်)
မြန်မာနိုင်ငံဟာ လက်ရှိမှာ Covid-19 ကမ္ဘာ့ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဒဏ်ကို တကမ္ဘာလုံးနဲ့အတူ ဖြတ် ကျော်နေရချိန်ဖြစ်ပါတယ်။ လိုအပ်တဲ့ကျန်းမာရေးအစီအမံတွေအရ နေ့စဉ်ပုံမှန်သွားလာခြင်းတွေကို လျော့ချပြီး တတ်နိုင်သမျှ အိမ်ထဲမှာပဲနေနေကြရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကိုယ်တဦးတည်းရဲ့ ကျန်းမာရေး အတွက် သာမက လူ့အသိုက်အမြုံအတွက်ပါ လုံခြုံမှုရှိစေဖို့ ပုံမှန်လှုပ်ရှားသွားလာမှုတွေကို ရပ်တန့်ပြီး အိမ်မှာ နေခြင်း အလေ့အထကို အခြေပြုရင်း ရုတ်ချည်း အပြောင်းအလဲလုပ်ကြရတဲ့အခါ အဆင်မပြေမှု၊ စိန်ခေါ်မှုတွေ ရှိလာ ကြပါတယ်။ တခါ အိမ်မဟုတ်တဲ့ ပြင်ပရပ်ဝန်းထဲ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပုံမှန်ထိတွေ့ဆက်ဆံရတဲ့ အခင်းအကျင်းပါ ပြောင်းလဲသွားတဲ့အခါ လူမှုစီးပွားဘ၀တွေအပေါ်လည်း သက်ရောက်မှုရှိလာပြီး စိတ်ပိုင်း ဆိုင်ရာ အဆင်မပြေမှုတွေကိုလည်း အနည်းနဲ့အများ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အင်တာနက်၊ ဆိုရှယ်မီဒီယာ စတဲ့ နည်းပညာ အကူအညီတွေအပြင် မိသားစုတွင်း ချစ်ကြည်ရင်းနှီးမှုတွေကြောင့် အခက်အခဲကျော်ဖြတ်မှုကို ကောင်းစွာ လုပ်ဆောင်နိုင်ကြပါသေးတယ်။ တနေ့လုပ်မှ တနေ့စားရတဲ့ လက်လုပ်လက်စား အခြေခံလူတန်းစား တွေအတွက်တော့  ခက်ခဲမှုက ကြီးနေဦးမှာပါပဲ။

တကယ်တော့ ကမ္ဘာမှာ ဒီကပ်ရောဂါကြီး မဖြစ်ခင် လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အခု အခြေအနေ ထက် များစွာ နိမ့်ကျဆိုးရွားပြီး၊ လှောင်ပိတ်မှုတွေ ခံစားခဲ့ရတဲ့ ကပ်ဘေးသဏ္ဍာန် ခေတ်ဆိုးကြီးဒဏ် ခံခဲ့ရတဲ့ လူ ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံမှာ ရှိခဲ့ပါတယ်။ သူတို့ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ဒီမိုကရေစီရရှိရေးအတွက် အာဏာ ရှင်စနစ်ကို တွန်းလှန်ခဲ့တာကြောင့် စစ်အာဏာရှင်အစိုးရ အဆက်ဆက် မတရားဖမ်း ဆီးနှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေပဲ ဖြစ်ပါတယ်။ မတရားတဲ့ ဥပဒေပုဒ်မတွေနဲ့ နှစ်ကာလများစွာ ထောင်သွင်း အကျဉ်းချခံရ၊ တချို့ဆိုရင် အကျဉ်းထောင်တွေထဲမှာ လူမသိသူမသိ အသက်ဆုံးခဲ့ရ၊ သူတို့တွေ့နဲ့ နှိုင်းယှဉ်ကြည့်ရင် အခုလိုမျိုး ကိုယ့်အသိစိတ်နဲ့ကိုယ် အပြင်မထွက်ဘဲ အိမ်ထဲကနေ ကပ်ဘေးကြီးကို ရင်ဆိုင်နေကြတဲ့ အခြေအနေဟာ ခက်ခဲ တယ်လို့ မဆိုနိုင်သေးပါဘူး။

ဒီတပတ်မှာ မိတ်ဆက်ပေးချင်တာက စစ်အာဏာရှင်အစိုးရလက်ထက်မှာ ထောင်သွင်းအကျဉ်းချခံခဲ့ရ တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နည်းလမ်းပေါင်းစုံနဲ့ ကူညီခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း(AAPP) က ရေးသား ထုတ်ဝေခဲ့တဲ့ အစီရင်ခံစာအကြောင်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှာ AAPP အဖွဲ့ရဲ့ သက်တမ်းဟာ အနှစ် (၂၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ကပ်ဘေးကြုံတွေ့နေရတဲ့ အချိန်ဖြစ်တာကြောင့် AAPP ရဲ့ နှစ် ၂၀ ပြည့်ပွဲကို သိုက်သိုက်မြိုက်မြိုက် မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ “နှစ် ၂၀ ထိုခရီး” ဆိုတဲ့ အစီရင်ခံစာ တစောင်ကိုတော့ ဖြန့်ချိခဲ့ပါတယ်။ အဲဒါကို အခု မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

အစီရင်ခံစာကို မိတ်ဆက်ခြင်း မရေးခင် အယူအဆပိုင်း ဆိုင်ရာ စဉ်းစားချက်တခုကို ဦးစွာဆွေး နွေးလို ပါတယ်။ ကမ္ဘာ့ကုလသမ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်က ၁၉၉၄ ခုနှစ်မှာ Human Development Report ဆိုတဲ့ အစီရင်ခံစာ တစောင်ထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီအစီရင်ခံစာမှာ လုံခြုံရေးကဏ္ဍကို ရှုမြင်တဲ့အခါ အလေးဂရုပြု ထည့်သွင်းစဉ်းစားရမယ့် လူသားလုံခြုံရေးကဏ္ဍ (Human Security)ကို တွင်တွင်ကျယ်ကျယ် ဆွေးနွေးထားတာ ဖြစ်ပါတယ်။ လူသားလုံခြုံရေးကဏ္ဍမှာ အခြေခံအားဖြင့် အချက် ၇ ချက် ပါဝင်ပြီး နိုင်ငံရေးအရလုံခြုံမှု (Political Security) ကလည်း တခုအပါအဝင်ဖြစ်ပါတယ်။  နိုင်ငံတနိုင်ငံရဲ့ Political Security အားကောင်းခြင်း၊ မကောင်း ခြင်းကို တိုင်းတာတဲ့အခါ နိုင်ငံရေး ဖြစ်စဉ်မှာ ပြည်သူတွေက ဘယ်လောက်ထိ လုံခြုံစွာ၊ အန္တရာယ်ကင်းစွာ ပါဝင် နိုင်ကြသလဲဆိုတဲ့ အချက်နဲ့ ဝေဖန်ပိုင်းခြားနိုင်ပါတယ်။ မြန်မာနိုင်ငံက ခေတ်အဆက်ဆက် ပြည်သူတွေရဲ့ နိုင်ငံ​ရေးအရလုံခြုံမှုက ဘယ်အနေအထားမှာ ရှိနေသလဲဆိုတဲ့ မေးခွန်းက ဆင်ခြင်စရာဖြစ်လာပါတယ်။ ယခုအပိုင်းက တော့ အဆိုပါမေးခွန်းအပေါ် တစုံတရာ ချဉ်းကပ်အဖြေရှာနိုင်မယ့် အစီရင်ခံစာကို ဆက်လက်ဆွေးနွေးပါမယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ရေးသားပြုစုတဲ့ “နှစ် ၂၀ ထိုခရီး” အစီရင်ခံစာက မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်အဆက်ဆက် နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ လုံခြုံမှုအပေါ်သက်ရောက်မှုတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ် အကူးအပြောင်းတခု ဖြစ်တဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ လူထုလှုပ်ရှားမှုတွေအပြီးမှာ နိုင်ငံရေးအကျဉ်းသားပေါင်းများစွာ ပေါ်ပေါက်လာခဲ့ရပါတယ်။ ဖိနှိပ်ချုပ်ခြယ်မှုများစွာခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကို ကူညီဆောင်ရွက်နိုင်ဖို့  ၂၀၀၀ ခုနှစ်အစောပိုင်းမှာ AAPPအဖွဲ့ကို စတင် ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။ ဒီအစီ အရင်ခံစာက အဆိုပါကာလတွေက အစပြုလို့ ယခုလက်ရှိ အချိန်အထိ သူတို့ဖြတ်သန်းခဲ့ရပုံတွေကို စုစည်း တင်ပြထားတာပဲ ဖြစ်ပါတယ်။ ပြည်ပရောက်အဖွဲ့တခုအဖြစ် ဖြတ်သန်းမှု၊ မြန်မာနိုင်ငံအတွင်း လှုပ်ရှား ဆောင်ရွက်မှုစတဲ့ အကြောင်းအရာ တွေအပေါ်မှာ မှတ်တမ်းမှတ်ရာများ၊စာတမ်းများနဲ့တကွ ဖော်ပြထား ချက်တွေကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ အစီရင်ခံစာရဲ့ အဓိကတွေ့ရှိချက်တွေက မြန်မာနိုင်ငံ Political Security ကဏ္ဍကို လေ့လာရာမှာ သတိပြုဖွယ် အချက်တွေ ဖြစ်လာပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်

AAPP အဖွဲ့ရဲ့ ပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နဝတ/ နအဖခေတ်) လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်ခဲ့တဲ့ အကျဉ်းသားစုစုပေါင်း (၁၁၇,၈၃၆) ဦးအနက်မှာ နိုင်ငံရေးအကျဉ်းသား (၅၈၉) ဦးပဲ ပါဝင်ခဲ့တာ သတိပြုစရာ တခု ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသား (၁,၁၄၈) ဦး လွတ်မြောက်လာခဲ့ပါတယ်။ NLD အစိုးရကို အာဏာလွှဲပြောင်းတဲ့အချိန် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၇ ဦးသာ ကျန်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာတော့ နိုင်ငံရေး အကျဉ်းသား (၃၄၈) ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ ဆက်လက်ပြီး AAPP အဖွဲ့ရဲ့ ဖော်ပြချက်အရ ယခုအချိန်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီး၊ ထိန်းသိမ်းခံရသူ၊ ထောင်ပြင်ပမှ တရားရင်ဆိုင် နေရသူ အရေအတွက်ဟာ စုစုပေါင်း (၆၄၂) ဦး ခန့်ရှိနေကြောင်း ဖော်ပြထားပါတယ်။ ဒီနေရာမှာ ဆက်စပ် စဉ်းစားစရာအချက်က ဒီမိုကရေစီစနစ်ရဲ့ စံချိန်စံနှုန်းတွေကို ပြည့်ပြည့်ဝဝလက်ခံကျင့်သုံးကြတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေကြသလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများရဲ့ လူမှုဘဝများ

AAPPအဖွဲ့ရဲ့ ဆောင်ရွက်မှုများစွာအနက် တခုက  လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း များရဲ့  စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ ထောက်ပံ့ရေး အစီအစဉ်ဖြစ်ပါတယ်။ အကျဉ်းထောင်တွေအတွင်း  နှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ ရှိနေနိုင် ပါတယ်။ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားမှုကောင်းကောင်းပေးဖို့ပျက်ကွက်ခဲ့ရင် နိုင်ငံရဲ့အမျိုးသား ရင်ကြား စေ့ရေးကဏ္ဍကို အနှောင့်အယှက်ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် AAPP ရဲ့ လုပ်ငန်းစဉ်တွေအတွင်းမှာ အဆိုပါ စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ်ကို ထည့်သွင်းဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

အနာဂတ်အတွက် ရည်မျှော်ချက်များ

နိုင်ငံတနိုင်ငံရဲ့  အုပ်ချုပ်ရေးစနစ်တခုမှ တခုသို့ အသွင်ကူးပြောင်းရေးကို ကြိုးပမ်းကြတဲ့အခါ လူ့အဖွဲ့ အစည်းအတွင်း စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ နစ်နာခဲ့တဲ့အစုအဖွဲ့တွေရှိနေနိုင်ပါတယ်။ ဒီအခါမှာ ၎င်းတို့နဲ့ ထိုက်တန်တဲ့တရားမျှတမှုကို ရရှိဖော်ဆောင်ပေးနိုင်ဖို့ အမှန်တကယ်လိုအပ်ပါတယ်။ ဒါကို အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု (Transitional Justice) ရယ်လို့ သတ်မှတ်နိုင်ပါတယ်။ AAPP အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေထဲမှာ အဆိုပါနစ်နာသူအစုအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့အချက်အလက်တွေကို စုဆောင်းပြုစုခြင်းလုပ်ငန်းစဉ် ပါဝင်ပါတယ်။ အမှန်တရားကို ပြန်လည်ရှာဖွေတဲ့အခါမှာ အချက်အလက်စုဆောင်းခြင်း(Documentation) က အရေးကြီးတာကြောင့် ဖြစ်ပါတယ်။

အချုပ်အားဖြင့် ယခုအစီအရင်ခံစာက နှစ်ပေါင်း ၂၀ အတွင်း AAPP အဖွဲ့ရဲ့ လှုပ်ရှားမှုများ၊ လုပ်ငန်းစဉ် များ၊ ထွက်ရှိခဲ့တဲ့ အစီရင်ခံစာစစ်တမ်းများနဲ့ အနာဂတ်အတွက် ရည်မျှော်ချက်များကို ထည့်သွင်းရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် ကဏ္ဍပေါင်းစုံ အထူးသဖြင့် နိုင်ငံရေးကဏ္ဍမှာ ပြည်သူတွေရဲ့ ပါဝင်မှု အားကောင်းဖို့လိုအပ်ပါတယ်။ဒီလိုပြည်သူတွေ နိုင်ငံရေးဖြစ်စဉ်အတွင်း ပါဝင်တဲ့အခါ မှာလည်း လုံခြုံမှုရှိတဲ့အခင်းအကျင်းရှိဖို့ လိုအပ်ပါတယ်။ တဆက်တည်းမှာပဲ အသွင်ကူးပြောင်းရေးကာလ အတွင်း နစ်နာခဲ့ရသူတွေ၊ ဖယ်ကြဉ်ခံရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကောင်းမွန်စွာ ကုစားနိုင်ဖို့လိုတယ်ဆိုတဲ့ အချက်က အလေးဂရုပြုစရာပါ။မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု ဖော်ဆောင်နိုင်ရေး၊ လူသားလုံခြုံရေးကဏ္ဍ ပိုမိုအားကောင်းလာရေး စတဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ  ဒီစာတမ်းရဲ့ တွေ့ရှိချက်တွေက ဆက်လက်လေ့လာစရာနယ်ပယ်တွေ ဖြစ်လာ ပါတယ်။

ယခုဖော်ပြပါ “ နှစ် ၂၀ ထိုခရီး” အစီရင်ခံစာကို Download ရယူနိုင်ပါသည်။

The post နှစ် ၂၀ ထိုခရီး (အစီရင်ခံစာမိတ်ဆက်) appeared first on ISP Myanmar Peace Desk.