By
Pan Su Wai, On
တိုက်ပွဲဖြစ်ပွားမှုများ (ဩဂုတ် တတိယပတ်)
Post By Nyein Ko Ko Soe, On August 19, 2020

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ (ဩဂုတ် တတိယပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မင်းပြားနှင့် အမ်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားဝင်သတင်း ဖော်ပြ ချက်များအရ သိရပါသည်။
တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခဲ့သည့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရ၏ ကြေညာခြင်းခံထားရသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ယခု ရက်သတ္တပတ်အတွင်း တိုက်ပွဲ မဖြစ်ခဲ့သကဲ့သို့ ရှမ်းပြည်နယ်တွင်လည်း တိုက်ပွဲ ဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့ပေ။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု
ဩဂုတ်တတိယပတ်အတွင်း တပ်မတော်နှင့် ULA/AA အဖွဲ့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိခဲ့သော်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ပါသည်။
RFA သတင်းဌာန၏ ဖော်ပြမှုအရ ဩဂုတ် ၁၂ ရက်က အမ်းမြို့နယ်၊ ကုဇုကိုင်းကျေးရွာအုပ်စု ဆင်ဦးတိုက်ကျေး ရွာမှ ဇနီးမောင်နှံနှစ်ဦးမှာ အသီးခူးနေစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရပါသည်။
အဆိုပါဖြစ်ရပ် ဖြစ်ပွားချိန်၌ တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ ရွာအနီးရှိ တပ်မတော်စခန်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားမှုကို ကိုးကား၍ RFA သတင်းတွင် ဖော်ပြခဲ့ပါသည်။
ထို့အပြင် ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက မင်းပြားမြို့နယ် စိတ္တရကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ အသက် (၁၃)နှစ် အရွယ် ကျောင်းသားတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဩဂုတ် ၁၆ ရက်ထုတ် 7 Day Daily သတင်းစာတွင် သတင်းဖော်ပြခဲ့ပါသည်။
စိတ္တရကျေးရွာအနီးရှိ မင်းပုန်းတောင်ပေါ်မှ လက်နက်ကြီးကျည်များ ရွာထဲသို့ ကျလာခဲ့ခြင်းကြောင့် ကျောင်းသားတဦး၊ ကျောင်းဆရာတဦးနှင့် ရွာသားတဦး ဒဏ်ရာရရှိခဲ့ကြောင်း စိတ္တရကျေးရွာမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်သန်းက 7 Day သတင်းစာကို ပြောကြားခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ် ဩဂုတ် တတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။
ဆက်စပ် ဆောင်းပါးများ
By
Pan Su Wai, On
By
Pan Su Wai, On
ထုတ်ပြန်ကြေညာချက်များ (ဩဂုတ် ဒုတိယပတ်)
By
Nyein Ko Ko Soe, On