ကိုဗစ်-၁၉ ကူးစက်ကပ်ဘေး မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုနှင့် ပဋိပက္ခအပေါ် တုံ့ပြန်သက်ရောက်မှုများအတွက် မူဝါဒဆိုင်ရာ အကြံပြုချက်များ

By Zaw Htet Oo, On

 မကြာမီက ထုတ်ဝေခဲ့တဲ့ Special Series (No-3) မှာတော့ ကိုဗစ်-၁၉ ရောဂါနဲ့ ပြည်တွင်း ပဋိပက္ခတွေအကြား အခြေအနေတွေကို အလေးပေး ဆွေးနွေးထားပါတယ်။ လက်နက်ကိုင်ပြည်တွင်းပဋိပက္ခနဲ့ ရောဂါကပ်ဘေး အကြား လက်ရှိမြေပြင်အခြေအနေတွေ၊ ဖြစ်တန်ချေတွေကို သုံးသပ်ချက်ဆောင်းပါးများ၊ သက်ဆိုင်ရာပါဝင် ပတ်သတ်သူ အစုအဖွဲ့တွေရဲ့ အမေးအဖြေဆွေးနွေးချက်များ စတာတွေနဲ့ ချဉ်းကပ်စုစည်းထားတာဖြစ်ပါတယ်။ ယခုဖော်ပြမယ့် စာစုမှာတော့ အဆိုပါဆောင်းပါး၊ အမေးအဖြေတွေကတဆင့်ဆွေးနွေးထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပဋိပက္ခများအကြား ထည့်သွင်းစဉ်းစားဖွယ်ရာ မူဝါဒအကြံပြုချက်တွေကို အပိုင်းနှစ်ပိုင်းနဲ့ စုစည်း တင်ပြသွားမှာ ဖြစ်ပါတယ်။ […]

လက်နက်ကိုင် ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်နှင့် ပူးပေါင်းဆောင်ရွက်ရေး Analysis

လက်နက်ကိုင် ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်နှင့် ပူးပေါင်းဆောင်ရွက်ရေး

By Aung Naing Oo, On

နိုင်ငံတကာလေ့လာချက်များအရ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်သောအဖွဲ့များသည် သဘာဝဘေးအန္တရာယ်ကို အခွင့်ကောင်းယူ၍ လည်းကောင်း၊ သဘာဝဘေးအန္တရာယ်အတွင်း ငြိမ်သက်နေမှုများကို အခွင့်ကောင်းယူ၍ လည်းကောင်း၊ တဖက်က တဖက်ကို တိုက်ခိုက်တတ်ပါသည်။ […]

Lဂျာနန်အားမေးမြန်းခြင်း Interview

Lဂျာနန်အားမေးမြန်းခြင်း

By ISP Admin, On

မဟုတ်ရင် Silent Carrier တွေများလာနိုင်ပြီး ပိုပြီးတော့ အန္တရာယ်ရှိလာမယ်။ ပြည်ပအရပ်ရပ် တရုတ်ပြည်ကဖြစ်ဖြစ်၊ မလေးရှားကဖြစ်ဖြစ်၊ ထိုင်းကဖြစ်ဖြစ် ပြန်လာတဲ့ လူတွေ အများကြီးရှိတယ်။ […]

ဦးဦးလှစော အားမေးမြန်းခြင်း

By ISP Admin, On

ရခိုင်က IDPs Camp တွေက ပွင့်ပွင့်လင်းလင်းပြောရရင် အစကတည်းက နိုင်ငံတကာ အဆက်အသွယ်က ပြတ်တောက်နေတယ်။ သူတို့ကို အကူအညီပေးနေတာက ICRC တခုပဲ။ WFP ကနေတဆင့် ပစ္စည်းထောက်ပံ့မှုတွေကို ICRC ပို့ပေးတဲ့ဟာတွေကို ရတယ်။ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကလည်း မရဘူး။ လူကယ်ပြန်ကနေပြီး ပေးတာတွေကလည်း မစို့မပို့လောက်ပဲ၊ သာမန်ပရဟိတအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်ဆိုင်ရာတွေဆီကပဲ နည်းနည်းပါးပါးနဲ့ ရှင်သန်နေရတဲ့ အပိုင်းတွေရှိတယ်။ […]

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခြင်း

By ISP Admin, On

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်တော့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က စီမံချက်  လေးခု ဆွဲပြီး လုပ်ခဲ့တဲ့အကြောင်း ကျနော် ပြောခဲ့ပါတယ်။  တပ်မတော်က ဆွဲထားတဲ့ စီမံချက်  လေးခုအနက် သုံးခုကတော့ တပ်မတော်အတွင်း လုပ်ဆောင်တာတွေနဲ့ ဆိုင်ပါတယ်။ တခုကတော့ အရပ်ဘက်နဲ့ ဆိုင်တာတွေပါ။ […]

ဦးအောင်ဆန်းမြင့်အား မေးမြန်းခြင်း

By ISP Admin, On

ထိုင်းမှာက လမ်းဖွင့်ပြီဆိုရင်တောင် စက်ရုံ အလုပ်ရုံတွေက ပြန်မလုပ်နိုင်သေးတော့ ကျနော်တို့လူတွေ တော်တော်ဒုက္ခရောက်တယ်။ ထိုင်းမှာ စားစရာမရှိ၊ ပြန်စရာမရှိ ဖြစ်နေတယ်။ အဲဒီလူတွေက နယ်စပ်ကနေ ပြန်လာမှာပဲ။ အဲဒီအတွက်လည်း Quarantine Camp တွေကို ကျနော်တို့ အဆင်သင့်လုပ်ထားတယ်။ […]

နိုင်အောင်မငေးအား မေးမြန်းခြင်း

By ISP Admin, On

ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက သုံးပိုင်း ရှိတယ်ဗျ။ ပြည်နယ်အစိုးရနဲ့ ပူးပေါင်း  ဆောင်ရွက်မှုက တပိုင်း၊ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှုက တပိုင်း၊ နောက်ပြီး အစိုးရက ဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေးကော်မတီနဲ့က တပိုင်းပါ။ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘာပဲလုပ်လုပ် ပြည်နယ်အစိုးရ ရဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကတဆင့် သူတို့က အကြောင်းကြားတယ်။ အကောင်အထည်ဖော်မှုတွေ လုပ်ကြတယ်။ […]

ပဒိုစောဆဲပွယ် (KNU) အား မေးမြန်းခြင်း

By ISP Admin, On

ပြန်လာကြမယ်ဆိုရင် ကျနော်တို့ နယ်စပ်ဂိတ်ကို၊ မြဝတီတို့ ဘာတို့လိုက မဝင်ဘဲ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ထိန်းချုပ်နယ်မြေ၊ အဲဒီကဂိတ်တွေကို ဖြတ်ပြီးတော့ လာခဲ့မယ်ဆိုရင် အပြန်အလှန်သတင်းပေးပြီးတော့ ဖလှယ်ကြဖို့၊ လောလောဆယ်တော့ အဲဒီလောက်ပဲ ရှိပါတယ်။ ကျန်တဲ့ စမ်းသပ်ရေးတို့၊ ကုသရေး တို့အပိုင်းတွေမှာက ဒီမှာလည်း မတွေ့သေးတော့ လိုအပ်ရင် လိုအပ်သလိုပဲ ညှိနှိုင်းသွားမယ်ဆိုပြီး ရှိပါတယ်။ […]

ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) အား မေးမြန်းခြင်း

By ISP Admin, On

နိုင်ငံတော်အစိုးရအနေနဲ့ COVID-19 ကာကွယ်ထိန်း ချုပ်ကုသရေးနဲ့ စပ်လျဉ်းပြီး အလှူရှင်များ၊ စေတနာ့ဝန်ထမ်း များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ လူမျိုး၊ ဘာသာခွဲခြားခြင်း၊ နေထိုင်ရာ ဒေသ ခွဲခြားခြင်း မရှိဘဲ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေးမူဝါဒ ( No one left behind Policy) နဲ့ ဆောင်ရွက်နေပါတယ်။ […]

ကိုဗစ်ကပ်ဘေးအတွင်းမှ စစ်ဘေးရှောင်ပြည်သူတို့၏ ဆတိုးဒုက္ခများ

By ISP Admin, On

ပြည်တွင်းစစ်ကြောင့် နှစ်စဉ် ကာကွယ်ရေးအသုံးစရိတ်ကို မြင့်မားစွာသုံးစွဲနေပြီး ကျန်းမာရေးဝန်ထမ်း အင်အားမလုံလောက်မှု၊ အခြေခံအဆောက်အအုံများ မပြည့်စုံမှု ပြဿနာများက ကျန်းမာရေးစနစ်ကို ချည်နဲ့သောစနစ်တခုအဖြစ်သို့ နိမ့်ကျစေသည့်အကြောင်းအရင်းတချက် ဖြစ်လာပါသည်။ […]

ကိုဗစ် – ၁၉ ကူးစက်ကပ်ဘေး နှင့် ပဋိပက္ခအပေါ် အကဲဆတ်သော တုံ့ပြန်မှု

By Aung Thu Nyein, On

နောက်ဆုံးကျင်းပသည့် ၂၀၂၀၊ ဇန်နဝါရီ ၈ ရက် JICM ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး သဘောတူညီချက်များအနက် တချက်မှာ၊ ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၀ ပြည့်နှစ်အလွန်တွင် ဆောင်ရွက်ရမည့် အဆင့်လိုက်လုပ်ငန်းစဉ်များကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ကြိုတင်ညှိနှိုင်းထားခြင်းဖြစ်သည်။ (ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး၏ တွေ့ဆုံမေးမြန်းမှုကို ကြည့်ပါ။) ယခု COVID-19 တိုက်ဖျက်ရေး လုပ်ငန်းစဉ် အွန်လိုင်းအစည်းအဝေးများသည်ပင် အခြားတနည်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖြစ်လည်း အသွင်ပြောင်းသွားနိုင်ပါသေးသည်။ […]