စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော် တိုးလာ

By ISP Admin, On

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဧပြီ ၂၀ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ပြည်တွင်းစစ် ပြေးဒုက္ခသည်အရေအတွက် ၂,၆၉၄,၅၆၇ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလ ကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ကာလနှစ်ရပ်ပေါင်း ပြည်တွင်းစစ်ပြေးဒုက္ခသည် သုံးသန်းကျော် ရှိလာပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာများအပါအဝင် တသန်းထက်မနည်းမှာလည်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်များ အဖြစ် ရှိနေပါတယ်။ […]

ရှမ်း-ကယားဒေသ၌ စစ်ကောင်စီ ထိုးစစ် အရှိန်မြှင့် ၊ စစ်အုပ်ချုပ်ရေးအလွန် နှစ်လအတွင်း တိုက်ပွဲဖြစ်မှု သုံးဆကျော် တိုးလာ Data Matters, Analysis,

ရှမ်း-ကယားဒေသ၌ စစ်ကောင်စီ ထိုးစစ် အရှိန်မြှင့် ၊ စစ်အုပ်ချုပ်ရေးအလွန် နှစ်လအတွင်း တိုက်ပွဲဖြစ်မှု သုံးဆကျော် တိုးလာ

By ISP Admin, On

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန်မှာ ခုခံတွန်းလှန်မှု အားကောင်းနေတဲ့ ဒေသတွေထဲက နေရာအများစု ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး ဦးတည်ထိုးစစ်ဆင်မှု လုပ်နေပါတယ်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်း ထန်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုများလာပါတယ်။ […]

နှစ်လခွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ Data Matters, Analysis,

နှစ်လခွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ

By ISP Admin, On

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအကြား နေအိမ်၊ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) ၅၇,၈၀၇ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်နဝါရီ လဝက်အတွင်းမှာပဲ နေအိမ်၊ အဆောက်အအုံပေါင်း ၁၉,၂၃၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ […]