By Ashley South, On NCA ငါးနှစ်ခရီး ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (၂၀၁၅-၂၀၂၀)
Post By ISP Admin, On October 15, 2020

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၁ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး တတိယနေ့တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ကို လက်မှတ်ရေးထိုးခဲ့စဉ် (Photo -NRPC)
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အသက်ဝင်ခဲ့သည်မှာ ယနေ့ (အောက်တိုဘာ ၁၅) ရက်တွင် ငါးနှစ် ပြည့်ခဲ့ပြီ ဖြစ်ပါသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု၏ အထင်ကရ ရလဒ်တခုအဖြစ် ပေါ်ပေါက်ခဲ့သည့် NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုကို NLD အစိုးရကလည်း ဆက်လက် သယ်ဆောင်ခဲ့ကြသည်။
သို့သော် NCA ထီးရိပ်အောက်သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ရောက်ရှိလာခြင်း မရှိသေးဘဲ (သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ထက် တိုင်းရင်းလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့ လက်မှတ်ထိုးခဲ့သည့်တိုင်) ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း NCA ကို လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့သာ ရှိခဲ့ပါသည်။ အခြားတဖက်တွင်လည်း NCA ပေးထားချက်အရ ပြုလုပ်ခဲ့သော နိုင်ငံရေး ဆွေးနွေးမှုများ၌ တစ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး NCA လမ်းကြောင်း deadlock ဖြစ်သည့် အခြေအနေတချို့ ပေါ်ပေါက်ခဲ့သည်။ အဆိုပါတစ်ဆို့မှုကို ကျော်လွှားနိုင်ရန် NCA ပြင်ပ လမ်းသစ်ထွင်ခြင်းကို ဖော်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင်မူ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဆက်လက် ဖြစ်ပေါ်ခဲ့ပြီး “၂၀၂၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေး အစီအစဉ်သစ်” အဆိုပြုချက်လည်း ထွက်ပေါ်ခဲ့ပါသည်။ မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်တွင် NCA သည် ပစ်ပယ်မရသေးသော အရေးပါသည့် လုပ်ငန်းစဉ်တခုအဖြစ် ဆက်ရှိနေပါသည်။
ဖော်ပြပါ ပုံပြကားချပ်ကို Download ရယူနိုင်ပါသည်။
