တန်ဖိုးနှင့် အကျိုးစီးပွားလား၊ နာကျင်မှုအား နှစ်ခြိုက်ခြင်းလား ပြန်လည်သင့်မြတ်ရေးအား Psychoanalysis (စိတ်သရုပ်ခွဲခြင်း) ရှုထောင့်မှ သုံးသပ်ခြင်း

Posted on

Abstract

ဤဆောင်းပါးတွင် လူတို့၏ နိုင်ငံရေးရွေးချယ်မှုကို “ကျေနပ်နှစ်ခြိုက်ခံစားမှု” ဆိုသည့် ရှုထောင့်မှ တင်ပြထားသည်။ လူတို့သည် လက်ရှိကြုံတွေ့နေရသည့် အကြပ်အတည်းများ တိုးတက် အောင်မြင်လာခြင်း မရှိသော်လည်း မိမိတို့ခေါင်းဆောင်၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံရေးဖြစ်စဉ်များကို ဆက်လက်ထောက်ခံအားပေးတတ်ကြသည်။ အကြောင်းမှာ နိုင်ငံရေးရွေးချယ်ရာတွင် လစ်ဗရယ်ဝါဒီများ ပြောသည့် Rational Choice အပေါ် အခြေခံခြင်းမဟုတ်ဘဲ မသိစိတ်ကစေ့ဆော်သည့် ကျေနပ်နှစ်ခြိုက်မှု (Enjoyment) အပေါ် အခြေခံတတ်ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ လူထု၏ နိုင်ငံရေးအာသီသသည် ကျရှုံးခြင်းနှင့် သူတပါးကို နာကျင်စေလိုခြင်း (တနည်း  - နာကျင်ခြင်းကို ခံစားသည့် နိုင်ငံရေးအာသီသ ဖြစ်နေပါက) ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တန်... […]

ငြိမ်းချမ်းရေးအား ကျော်တက်ခြင်း၊ ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား Analysis

ငြိမ်းချမ်းရေးအား ကျော်တက်ခြင်း၊ ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား

Posted on

Photo-MMIdolFB (၁) ဤဆောင်းပါးတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြင်ပ ကိစ္စများဖြစ်သည့် ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတားပြဿနာ ရှုထောင့်များမှ ချဉ်းကပ်ထားသည်။ အခြားသုံးသပ်သူများက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အခင်းအကျင်း၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်၊ ဆွေးနွေးပွဲတွင် ပါဝင်သည့်... […]