ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု

By ISP Admin, On

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပေါ်ပေါက်ခဲ့သည်မှာ ခြောက်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာပင် အကျပ်ဆိုက်မှု deadlock ဖြစ်ခဲ့သော ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် (စာချုပ်အဖြစ် မည်ကာမတ္တ ကျန်နေသေးသော်လည်း) NCA အကောင်အထည်ဖော်ရေး တရားဝင်လုပ်ငန်းစဉ်အားလုံး ရပ်တန့်နေပြီဖြစ်သည်။ ထို့ကြောင့် NCA ကို အခြေခံသောလုပ်ငန်းစဉ်နှင့် NCA အပေါ် အခြေမပြုသော ပဋိပက္ခနှင့် ငြိမ်းချမ်းရေး အလားအလာများကို ပြန်လည်သုံးသပ်ရန် အဓိကမေးခွန်းများ ထွက်ပေါ်လာပါသည်။ […]