၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်များအား ဒီမိုကရေစီနှင့်ဖက်ဒရယ် ချောင်းကြည့်ပေါက်မှ ရှုမြင်ခြင်း
By Sai Kyaw Nyunt, On“ကျမတို့ပါတီက ဖက်ဒရယ်ကို အရင်ဦးဆုံး ပြောခဲ့တဲ့ပါတီဖြစ်တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ဖူးလေသည်။ ဤသို့ဆိုလျှင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖက်ဒရယ်မူဝါဒ ဆိုင်ရာများကို မည်မျှထည့်သွင်းကာ ပြင်ဆင်ရန် အဆိုပြုတင်သွင်းခဲ့သည်ကို သုံးသပ်ရန်လို အပ်လာပါသည်။ ဒီမိုကရေစီအသွင်းကူးပြောင်းရေး ကာလ လည်းဖြစ်သည့်အားလျော်စွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်အညီ ဖွဲ့စည်းပုံပြင် ဆင်ရန် မည်သည့် အချက်အလက်များ အဆိုပြုချက်ထားသည်ကိုပါ သုံးသပ်ရပေမည်။ အစိုးရဖြစ်နေသော အာဏာရပါတီဖြစ်သည် မဟုတ်ပါလော။ ပြည်ထောင်စုအတွင်း နေထိုင်သော တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး လိုလားတောင့်တအပ်သော ဖက်ဒ... […]