မြောက်ပိုင်း သုံးဖွဲ့ကြေညာချက်က ငြိမ်းချမ်းရေးကို နာလန်ထစေနိုင်မလား

Posted on

မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ် ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ထဲမှာ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ရဲ့ အနေအထားထူးခြားမှုရှိတာကြောင့် နောက်ဆုံးအခြေအနေတွေအရ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဒီသုံးဖွဲ့က စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန်ရှိကြောင်း ထုတ်ပြန်ခဲ့တာဟာ ထူးခြားပြီး သိသာ ထင်ရှားတဲ့ သတင်းကောင်း ဖြစ်လာပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ကလည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ကို ကြိုဆိုခဲ့ပြီး နှစ်ဖက်အပစ်ရပ် သဘောတူညီချက် (Bilateral ceasefire agreement) လက်မှတ်ထိုးဖို့၊ နိုင်ငံရေးနည်းအရဆွေးနွေးဖို့ ဆက်လက် ညှိနှိုင်းပူးပေါင်းသွားမယ်လို့ ကြေညာချက် ပြန်ထုတ်ခဲ့ပါတယ်။ မြောက်... […]

နေပြည်တော် ထိပ်သီးဆွေးနွေးပွဲမှ မည်သည့် ရလဒ်မျိုး မျှော်လင့်နိုင်မည်နည်း Analysis

နေပြည်တော် ထိပ်သီးဆွေးနွေးပွဲမှ မည်သည့် ရလဒ်မျိုး မျှော်လင့်နိုင်မည်နည်း

Posted on

မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်မှာ အခက်အခဲ အကျပ်အတည်းများဖြင့် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည်။ ထိုအခြေအနေမှ ရုန်းထွက်နိုင်ရန် အသစ် ဖန်တီးလိုက်သော လမ်းစတခု အဖြစ် ခေါင်းဆောင်များ၏ ထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည် ဖြစ်သည်။ မူလက ပုပ္ပါးတွင် ပြုလုပ်မည်ဟု သတင်းကြီးနေရာမှ ယခု နေပြည်တော်၌ပင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ နေပြည်တော် ထိပ်သီး ဆွေးန... […]