ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်စဉ်နှင့်မျှခြေ ကနဦး အဆိုပြုချက်များ
Posted on၂၀၁၀ ပြည့်နှစ် နိုင်ငံရေးဖြေလျော့မှု နောက်ပိုင်း ထူးခြားချက် တစ်ခုကတော့ ၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းခဲ့ချိန်ကစလို့ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု ပြိုကွဲခွဲထွက်ရေး ထပ်တူပြုထားတဲ့ အမြင်ဟာ အားနည်းသွားတာပါပဲ။ ဖက်ဒရယ်ဟာ နိုင်ငံရေးအရ တားမြစ်ချက် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်ကို ဘယ်လို အနက်ကောက်မလဲ ဆိုတာကတော့ အင်အားစု အသီးသီးကြားမှာ အငြင်းအခုန် ဝိဝါဒပွားစရာ ဖြစ်နေဆဲပါ။ အားရစရာ တစ်ခုကတော့ ဝိဝါဒတွေကို ဘက်စုံဆွေးနွေးစရာ ပလက်ဖောင်း “စင်” အဖြစ် ၂၁ ရာစုပင်လုံ ညီလာခံ၊ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းဝေးလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအချင်းချင်း ဆွေးနွေးတဲ့ ညီလာခံ၊ တစ်တိုင်းပြည်လုံးက အရပ်ဘက် အဖွဲ့အစည်းတွေ စုပေါင်းဆွေးနွေးတဲ့ဖိုရမ် စသဖြင့် ဆုံချက်သဘော ဖြစ်စေ၊ အပ... […]