ကွဲပြားမှုကြီးမားသော လူ့အဖွဲ့အစည်းများတွင် နိုင်ငံတည်ထောင်ခြင်းနှင့် နိုင်ငံတည်ဆောက်ခြင်း

Posted on

မင်းခင်မောင်ရင် ၁ ■ နိဒါန်း နှစ်ပေါင်း ၇၀ အတွင်းသို့ ချဉ်းလာနေပြီ ဖြစ်သည့်တိုင် နည်းမျိုးစုံသုံး ဖြေရှင်းခဲ့ကြသော်လည်း ပြေလည်သွားခြင်း မရှိသည့် လူမျိုးစုပြဿနာမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖြစ်ထွန်းတိုးတက်မှု အရပ်ရပ်ကို ဟန့်တားနေသော အခြေခံအကျဆုံး ပြဿနာတစ်ရပ် ဖြစ်သည်ဆိုခြင်းအား အများသဘောတူနိုင်မည်ဟု ယုံကြည်ပါသည်။ လူမျိုးစုပြဿနာသည် ပါဝင် ပတ်သက်နေကြသည့် အကျိုးရှင် အုပ်စုများ၊ အထူးသဖြင့် အဆုံးအဖြတ် အင်အားရှိသည့် မြန်မာအာဏာရ အစိုးရများက နည်းမျိုးစုံဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေခဲ့ကြသည့် ကြားမှ ပြေငြိမ်းသွားခြင်း မရှိဘဲ၊ ယနေ့ထက်တိုင် တင်းခံနေသည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ မြန်မာအစိုးရ အဆက်ဆက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပညှိနှိုင်းခြင်း၊ လက်နက်ချစေခြင်း၊ လက်နက်နှ... […]