ကောင်းမွန်သော သယံဇာတ စီမံအုပ်ချုပ်မှု – မြန်မာ့ငြိမ်းချမ်းရေးအတွက် သန္ဓေလော

Posted on

မော်ထွန်း ၁ လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်နှင့် ဖွားဖက်တော် ဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်မှာပင် လက်နက်ကိုင်ပဋိပက္ခ အမျိုးမျိုးအောက်သို့ မြန်မာနိုင်ငံ သက်ဆင်းသွားခဲ့ပြီး အမျိုးသား တန်းတူမှုသည် လက်နက်ကိုင် တော်လှန်ရေး၏ ဘူမိနက်သန် အကြောင်းတရားတစ်ခု ဖြစ်ခဲ့သည်။ ထို့အတူ လက်ညှိုးထိုးမလွဲ ရောင်းစားစရာ ဖြစ်သော တွင်းထွက် သယံဇာတများ၊ ကျွန်းတောများနှင့် နေပြောက်မထိုး၊ မိုးမခ သစ်တောအုပ်ကြီးများကလည်း ပဋိပက္ခအတွက် ရေရှည်ရှင်သန်စေသော အကြောင်းချင်းရာများ ဖြစ်လာခဲ့ပါသည်။ တိုင်းရင်းသား လက်နက်ကိုင်များ၏ အဓိက တောင်းဆိုချက်ဖြစ်သည့် အမျိုးသား တန်းတူညီမျှရေးသည် လွတ်လွပ်ရေး ရပြီးနောက် အစိုးရအဆက်ဆက်၏ တိုင်းပြည်သယံဇာတများအပေါ် ကောင်းမွန်စွာ စီမံခန့်ခွဲမှု မရှိနိုင်ခဲ့ခြင်းအောက်၌ နာကျည်းစရာ ဖိနှ... […]